"ရန်ကုန်မြို့သစ်စီမံကိန်း တကယ် စတော့မယ်တဲ့"
ရန်ကုန်မြို့သစ် စတင်နိုင်ရေးအတွက် စီမံကိန်း
ခြောက်ခုရဲ့ ကနဦးဒီဇိုင်းအတွက် တရုတ်ကုမ္ဗဏီနဲ့
လက်မှတ်ထိုးတော့မယ်ဆိုတဲ့သတင်းဟာ
ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် လူတွေရဲ့စိတ်ဝင်စားမှု
ကို ပြန်လည် လှုပ်နှိုးလိုက်ပါတယ်။
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ဗဏီ (NYDC)
အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက
“ရန်ကုန်မြို့သစ်စီမံကိန်း စတင်နိုင်ဖို့ ဒေါ်လာ ၁.၆
ဘီလျံ တန်ဖိုးရှိ စီမံကိန်း ခြောက်ခုရဲ့ ကနဦးဒီဇိုင်း
အတွက် တရုတ် CCCC ကုမ္ဗဏီနဲ့ အောက်တိုဘာလ
အတွင်း လက်မှတ်ရေးထိုးမယ်” လို့ စက်တင်ဘာ ၂၃
ရက်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာပြုလုပ်တဲ့
ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်တဲ့ နည်းပညာပိုင်း
ဆိုင်ရာ နှီးနှော ဖလှယ်ပွဲမှာ ပြောကြားပါတယ်။
အဲသည်စီမံကိန်း ခြောက်ခုဟာ မြို့သစ်အကောင်
အထည် ဖော်ရေး အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး
၂၀၂၀ ဒီဇင်ဘာနဲ့ ၂၀၂၁ ဇန်နဝါရီမှာ စီမံကိန်းတွေ
ပြီးစီးနိုင်ဖို့ စတင်လုပ်ကိုင်ရတာ ဖြစ်တယ်လို့လည်း
ဆိုတယ်။
ဘယ်လိုစီမံထား
။။။။။။။။။။။။။။။။။။
Sandhi Governance Institute ရဲ့တည်ထောင်သူ
ဦးခိုင် ဝင်းက
“ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ်
ဖို့ တရုတ် CCCC ကုမ္ဗဏီနဲ့ ရန်ကုန် တိုင်းအစိုးရတို့
ပဏာမ မူဘောင် သဘောတူညီမှုစာချုပ်
(framework agreement) ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က
လက်မှတ်ရေးထိုး ခဲ့တာဖြစ်တယ်၊
ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင် ဘီစီဒီအေဆိုတဲ့ အဖွဲ့ဖွဲ့ပြီး
မြို့သစ်တွေ တည်တယ်၊
အဲဒီအဖွဲ့ကိုတော့ ဖိလစ်ပိုင်လွှတ်တော်ကနေ ဥပဒေ
ပြဋ္ဌာန်းပြီး အခွင့်အာဏာပေးတယ်၊
တစ်ချိန်တုန်းက ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန်
က ဖိလစ်ပိုင်မှာ စစ် စခန်းကြီး တွေ တည်ဆောက်
ခဲ့တယ်၊
အရှေ့ တောင် အာရှမှာ အဲဒီစစ်ပွဲကြီးတွေ မရှိတော့တဲ့
အခါ စစ်စခန်းကြီးတွေ ကျန်နေခဲ့တယ်၊
ဘီစီဒီအေ အဖွဲ့က အဲဒီစစ်စခန်းတွေကို မြို့သစ်တွေ
အဖြစ် ပြောင်းလဲဖို့ စီမံကိန်းချ ဆောင်ရွက်ပါ တယ်၊
မြို့သစ်တွေ အကောင်အထည်ဖော်တဲ့ ဘီစီဒီအေကို
ကုမ္ဗဏီလို့ မခေါ်ဘူး၊ အသော်ရတီလို့ပဲ ခေါ် တယ်၊
မြေယာတွေကို စီမံခန့်ခွဲဖို့ အာဏာရှိသွားတယ်၊
ရန်ကုန် မြို့သစ်စီမံကိန်းမှာလဲ အဲဒီစီမံကိန်းကို
အကောင်အထည် ဖော်ဖို့ ရန် ကုန်တိုင်းအစိုးရက
ကျပ် ၁၀ဘီ လျံအသုံးပြုကာ NYDC လို့ ခေါ် တဲ့
ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးအများပိုင်ကုမ္ဗဏီကို
ထူ ထောင်ပါတယ်” လို့ ဆိုတယ်။
သူက နိုင်ငံတကာမှာ အဲသည်လို မြို့သစ်စီမံကိန်း
ဖော် ဆောင်တဲ့ အဖွဲ့အစည်းတွေဟာ လမ်းသစ်တွေ
ဖောက်တယ်။ နှစ် ထပ်လမ်းတွေ ဖောက်တယ်။
အထပ်မြင့်အိမ်ရာတွေ ဖော်ဆောင် နိုင်ဖို့ မြေယာတွေ
ကို စီမံခန့်ခွဲနိုင် တဲ့ အသော်ရတီ (အခွင့်အာဏာ)
ရှိကြတယ်။
NYDC မှာလည်း အဲ သည်လို အခွင့်အာဏာတွေ
ရှိပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။
လက်ရှိမှာ မြေယာတွေကို မူလပိုင်ရှင်တွေက လှူတယ်
လို့ ပြောတယ်။ မူလပိုင်ရှင်ကို ၂၀ ရာခိုင်နှုန်း ပြန်ပေး
မယ်လို့ စီစဉ် တယ်။
အဲဒါကတော့
ဥပမာ ရထားလမ်းဖောက်တဲ့စီမံကိန်းတစ်ခုမှာ
ရထားလမ်းဘေးက မြေကွက်တွေဟာ အလိုလိုတန်ဖိုး
တက်သွားတယ်။
အဲသည်လမ်းဘေးမှာ အိမ်ရာစီမံကိန်းလာလုပ်မယ်
ဆိုရင် အဲသည်မြေတွေက ပိုပြီး တန်ဖိုးတက်သွားတယ်။
အဲဒါကြောင့် စီမံကိန်းတစ်ခုလုပ်ရင် ပြည်သူ ဘဏ္ဍာ
ထဲကချည်း အကုန်အကျခံ ရတာမျိုး မဟုတ်ဘူး။
အဲသည် ရထားလမ်းဖောက်တဲ့ကုန်ကျ စရိတ်ကို
အကျိုးခံစားခွင့်ရကြတဲ့ လမ်းဘေးဝဲယာက
အဆောက်အ အုံဆောက်လုပ်တဲ့လုပ်ငန်းရှင်တွေ ကို
ရာခိုင်နှုန်းနဲ့ ထည့်ဝင်စေပါတယ်။
အခုလည်း အဲဒါနဲ့ခပ်ဆင်ဆင် တူပါတယ်။
လယ်ယာမြေကို မြို့မြေအဖြစ် ပြောင်းပေးလိုက်တဲ့
အခါ တန်ဖိုးကလည်း မြင့်သွားပါ တယ်။
ပုံစံ ၇ နဲ့ လယ်ယာမြေအဖြစ် တန်ဖိုး သိပ်မရှိပါဘူး။
ဥပမာ အရင်က ကျပ် ၁၅ သိန်းလောက် တန်တဲ့
လယ်မြေဟာ ကျပ်သိန်း ၅ဝဝ၊ သိန်း ၆ဝဝ အထိ
တန်ဖိုးမြင့် လာမယ်။
အဲသည်အတွက် ၈၀ ရာ ခိုင်နှုန်းလောက်အထိ စွန့်လွှတ်
လိုက်ရတဲ့မြေရှင်တွေဟာ ၂၀ ရာ ခိုင်နှုန်း ပြန်လည်
ပိုင်ဆိုင်ခွင့်ရှိတဲ့ အတွက်လည်း ခံစားခွင့်က မြင့် မား
နေပါသေးတယ်။
ဥပဒေ ကြောင်းအရ အဲသည်မြေတွေကို
နိုင်ငံခြားကုမ္ဗဏီနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါ
NYDC အနေနဲ့ စီမံခန့်ခွဲနိုင်ခွင့်ရှိ မရှိဆိုတာကလည်း
ရှုပ်ထွေးနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
အဓိက ကတော့ ပြည်သူ့လွှတ်တော်အနေနဲ့ မြို့သစ်
စီမံကိန်းဖော်ဆောင်တဲ့ အဖွဲ့ကို မြေယာတွေ စီမံ
ခန့်ခွဲနိုင်တဲ့ အာဏာမျိုး ပွင့်လင်းမြင်သာစွာနဲ့
ပေးအပ်ထားရမှာလို့ ဆိုတယ်။
၁၉၅၀ ကုမ္ဗဏီဥပဒေမှာကလည်း သမ္မတရဲ့ခွင့်ပြုချက်
ရှိမှ ကုမ္ဗဏီက တရားဝင်ပါတယ်။ NYDC ဟာ
တရားဝင်ကုမ္ဗဏီ တစ်ခုဖြစ်နေပြီလားဆိုတာကလည်း
မေးခွန်းထုတ်စရာဖြစ်နေတယ်။
အဲဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးက
အဆို တင်သွင်းပြီး စီမံကိန်းအကောင်အထည်
ဖော်မယ့်အဖွဲ့ကို အတည်ပြု ပေးတာ၊ သမ္ဗတကိုယ်တိုင်
က ခွင့်ပြုချက်ပေးတာတွေ ဆောင်ရွက် ပေးလိုက်ရင်
NYDC အနေနဲ့ အခွင့်အာဏာရှိတဲ့အဖွဲ့အစည်းအဖြစ်
ရပ်တည်ပြီး ကြီးမားတဲ့စီမံကိန်းအတွက် နိုင်ငံခြားကုမ္ဗဏီ
နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ရေရှည်မှာ ခိုင်မာတဲ့
အဖွဲ့အဖြစ် ရပ်တည်သွားနိုင်မယ်လို့ အကြံပြုသူတွေ
လည်း ရှိတယ်။
ပွင့်လင်းမြင်သာ
။။။။။။။။။။။။။။။။။။
စီမံကိန်းတွေမှာ အစိုးရအနေနဲ့ ပါဝင်လုပ်ဆောင်မယ်
ဆိုရင်လည်း ပထမအချက်က ပွင့်လင်း မြင်သာမှု
ရှိရမယ်။
ဒုတိယအချက် က ဘာရည်ရွယ်ချက်နဲ့လုပ်တာလည်း
ဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား
ဖော်ပြ နိုင်ရမယ်။
တတိယအချက်က တော့ နိုင်ငံရေးအရ ဝင်ရောက်
စွက်ဖက်မှုမရှိ ရပါဘူး။
ဥပမာအနေနဲ့ အိန္ဒိယလေကြောင်းလိုင်းကို
သင်ခန်းစာယူသင့်ပါတယ်။
အိန္ဒိယ ပို့ဆက်ဝန်ကြီးက လေကြောင်းလိုင်းက
စီအီးအိုကို လေယာဉ်သစ် ၁၀ စင်းဝယ်ဖို့
တိုက်တွန်းပါတယ်။
စီအီးအိုက လေယာဉ်သစ်တွေ မလိုအပ်ဘဲ
ဝယ်လိုက်ရင် အရှုံး ပေါ်တော့မယ်ဆိုတာကို သူ့ရဲ့
လုပ်ငန်းကျွမ်းကျင်မှုအရ သိနေပါ တယ်။
ဒါပေမဲ့ သူ့အထက်ဝန်ကြီးရဲ့အမိန့်ကို လွန်ဆန်လို့
လည်း မရတဲ့အတွက် ဝယ်လိုက်ရတယ်။
လေကြောင်းလိုင်းလည်း ခွက်ခွက် လန်အောင်
ရှုံးပါတယ်။
မလေးရှားနိုင်ငံကို ပြန်ကြည့်ရင်လည်း သူတို့နိုင်ငံရဲ့
ပုံရိပ်မြင့်မားရေးအတွက် ကေအယ်လ်စီစီ(ပီထရိုနပ်)
မျှော်စင်ကို တည်ဆောက်တယ်။
ဝန်ကြီးချုပ်ရဲ့ အိပ်မက်အရဆိုပြီး ကွာလာလမ်ပူမြို့နဲ့
ကီလို ၂၀ အ ကွာမှာ ပူထရာဂျာရာမြို့သစ်ကို
တည်ဆောက်တယ်။
အယ်လ် အာရ်တီ မိုးပျံရထားလမ်းတွေ၊
မြေ အောက်ရထားလမ်းစီမံကိန်းတွေ တစ်ပြိုင်တည်း
တည်ဆောက်တဲ့ အခါ ရင်းနှီးမြှုပ်နှံတဲ့ပမာဏက
လို အပ်တာထက် ပိုမြင့်မားသွားပြီး မလေးရှားစီးပွားရေး
ထိုးကျသွားတဲ့ အတွေ့အကြုံလည်း ရှိခဲ့ဖူးပါ တယ်။
အဲဒါကြောင့် စီမံကိန်းတွေကို အကောင်အထည်
ဖော်တဲ့နေရာမှာ နိုင်ငံတကာအတွေ့အကြုံ တွေနဲ့
ချိန်ထိုးပြီး ရင်းနှီးမြှုပ်နှံတဲ့ ပမာဏက ထိန်းညှိ
ဆောင်ရွက်ဖို့ လည်း လိုအပ်တယ်လို့ စီးပွားရေး
ပညာရှင်အချို့က သုံးသပ်ပါတယ်။
စီမံကိန်းခြောက်ခု
။။။။။။။။။။။။။။။။။။။။
“လက်ရှိ အကောင်အထည် ဖော်မယ့် စီမံကိန်းခြောက်ခု
ဟာ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အခြေခံဖြစ်တယ်၊
အဲဒါမရှိရင် ဘာ မှ စလို့ မရဘူး” လို့
ဦးသိမ်းဝေက ပြောတယ်။
အဲသည်စီမံကိန်းတွေဟာ
- ကြည့်မြင်တိုင်ကနေ ရန်ကုန်မြို့သစ်ကို
ဆက်သွယ်မယ့်ခြောက် လမ်းသွားတံတား၊
- လက်ရှိတည် ဆောက်ထားတဲ့နှစ်လမ်းသွား
လှိုင်သာယာမြစ်ကူးတံတားကို ပြင်ဆင်တည်ဆောက်
မယ့် လေးလမ်း သွားတံတားစီမံကိန်း၊
- ၁၆ မိုင်ရှိတဲ့ မြို့သစ်အဝင်အထွက်လမ်းမတွေ
တည်ဆောက်တဲ့စီမံကိန်း၊
- ရွာတွေ ကို စုစည်းပေးမယ့်ဧက ၄၂ဝဝ ကျော်ရှိ
ရွာမြို့ငါးခု၊
- ဧက ၃၂ဝဝ ရှိ စက်မှုဇုန်မြေနေရာမှာ အခြေခံ
အဆောက်အအုံတွေ တည်ဆောက်ပေးတဲ့စီမံကိန်း၊
- ရေသန့် စက်ရုံနဲ့ ရေဆိုးစွန့်ထုတ်တဲ့စနစ်တွေ
တည်ဆောက်တဲ့ စီမံကိန်းတွေ ပါဝင်ပါတယ်။
လက်မှတ်ရေးထိုးပြီး တရုတ် ကုမ္ဗဏီက ကနဦး
စီမံကိန်းဒီဇိုင်း တွေ ရေးဆွဲပြီးတာနဲ့ ယှဉ်ပြိုင်မယ့်
ကုမ္ဗဏီတွေကို အဆင့်ဆင့်တင်ဒါ ခေါ်ယူမှာဖြစ်တယ်။
အောင်မြင်တဲ့ ကုမ္ဗဏီတွေနဲ့ လာမယ့်ဒီဇင်ဘာ မှာ
အဲသည်စီမံကိန်းတွေကို စတင် မှာပါ။
ရန်ကုန်မြို့သစ်စီမံကိန်းဟာ အလုပ်အကိုင်သစ်
နှစ်သန်း ဖန်တီးနိုင်ဖို့ အလုပ်သမား ၂ဝဝဝ စီ
ထားနိုင်မယ့် စက်ရုံ ၁၈ဝဝ လိုအပ်တယ်လို့ ဆိုတယ်။
“ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်ဖို့ငွေမရှိပေမဲ့
ချေးငွေ ပေးမယ့်သူ အများကြီးရှိပါတယ်၊
ဒါပေမဲ့ သားစဉ်မြေးဆက်ပြန်ဆပ် ရမှာဖြစ်လို့ ချေးယူမှာ
မဟုတ်ဘဲ အဲဒီစီမံကိန်းကို PPP+ စနစ်နဲ့
ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်” လို့
ဦးသိမ်းဝေက ပြောပါတယ်။
(အောင်ထွန်းဦး)
credit - Kumudra
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0