Sunday, October 7, 2018

“ချီတက်ဆဲ ရန်ကုန်မြို့သစ်စီမံကိန်း”


“ချီတက်ဆဲ ရန်ကုန်မြို့သစ်စီမံကိန်း”

၁။ "ရန်ကုန်မြို့သစ်စီမံကိန်း Urban Master Plan
ရေးဆွဲရန် AECOM Singapore ကုမ္ပဏီကိုရွေးချယ်
လိုက်ပြီး လာမည့်နှစ်လအတွင်း ပထမအဆင့်
ထွက်မည်"

ရန်ကုန်မြို့သစ်စီမံကိန်း Urban Master Plan
ရေးဆွဲရန် AECOM Singapore ကုမ္ပဏီကို ရွေးချယ်
လိုက်ပြီဖြစ်ပြီး လာမည့်နှစ်လအတွင်း ပထမအဆင့်
ထွက်ရန်မျှော်မှန်းထား ကြောင်း NYDC ၏
ဒုတိယဥက္ကဋ္ဌ ဦးသိမ်းဝေကပြောသည်။

"ကျွန်တော်တို့အနေနဲ့
urban master planning and design ရေးဆွဲခြင်းကို
အခုစတင်တော့မှာဖြစ်ပြီး လာမယ့် နှစ်လအတွင်းမှာ
ပထမအဆင့်ထွက်လာဖို့မျှော်လင့်ပါတယ်"
ဟု ဦးသိမ်း ဝေက ပြောသည်။

ရန်ကုန်မြို့သစ်အတွက် Urban Master Plan
ရေးဆွဲရန် ဇူလိုင်လအတွင်း EOI ခေါ်ယူခဲ့ရာ
အဖွဲ့အစည်းပေါင်း ၁၄ခုမှ EOI ကိုတင်သွင်းခဲ့ကြောင်း
သိရသည်။

ယင်းတို့ အတွင်းမှ အရည်အချင်းနှင့်အတွေ့အကြုံ
အပေါ်မူတည်ပြီး ဆန်ခါတင်ခြောက်ဖွဲ့ကို တိကျခိုင်မာ
သော အကဲဖြတ်မှုများ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး
Urban Master Plan ရေးဆွဲခွင့်အတွက်
AECOM Singapore ကို ရွေးချယ်ခဲ့ကြောင်း
သိရသည်။

မြို့သစ်စီမံကိန်းကို အကောင်အ ထည်ဖော်ရာတွင်
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးအတွက်
လမ်းညွှန်ချက်အ နေဖြင့် ရပ်တည်သွားမည့် လူမှု-စီးပွား
ပင်မစီမံချက်ကိုလည်း ရေးဆွဲခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအ တွက် ရန်ကုန်မြို့သစ်
ဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက် (NYDC) ကို ဖွဲ့စည်းခဲ့ပြီး
အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းခန့်ပေါ်ထွန်း
လာစေမည့် စီးပွားရေးနယ်မြေတစ်ရပ်ကို အဆင့်(၁)
အဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင် အနောက်ဘက်
ကမ်းရှိ ဧက ၂၀၀၀၀ ခန့်တွင် တာဝန်ယူဆောင်ရွက်
နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်၏အဓိကခံယူချက်သည်
လုံခြုံစိတ်ချရခြင်း၊
သတင်းအချက်အလက် နည်း ပညာများပြည့်ဝခြင်း၊
သန့်ရှင်းသာယာလှပခြင်း အစရှိသည့် အင်္ဂါရပ်တို့ဖြင့်
ပြည့်စုံသည့် မြို့ဖြစ်လာရန် မျှော်မှန်းထားကြောင်း
သိရသည်။

အဆင့်(၁) လုပ်ဆောင်မှုတွင်
- ရွာငါးရွာ၊
- မြို့သစ်သို့ သွားလာနိုင်ရန် အတွက် တံတားနှစ်စင်း၊
- ၂၆ ကီလိုမီတာ အရှည်ပင်မလမ်းကြောင်းများ၊
- ၁၀ စတု ရန်းကီလိုမီတာ ကျယ်ဝန်းသည့် စက်မှုဇုန်
နယ်မြေ၊
- လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုနှင့် ဖြန့်ဖြူးရေး
အဆောက်အအုံများ (၂၂၃ မဂ္ဂါဝပ်)၊
- ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများပါဝင်မည်
ဖြစ်ကြောင်း သိရသည်။

*****

၂။ "ရန်ကုန်မြို့သစ် စတင်နိုင်ရေး ဒေါ်လာ ၁ ဒသမ ၆
ဘီလီယံတန် စီမံကိန်းခြောက်ခု၏ ကနဦးဒီဇိုင်းအတွက်
တရုတ်ကုမ္ပဏီနှင့် လက်မှတ်ထိုးမည်ဟုဆို"

ရန်ကုန်မြို့ သစ်စီမံကိန်း စတင်နိုင်ရန် ဒေါ်လာ
၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ စီမံကိန်းခြောက်ခု၏
ကနဦး ဒီဇိုင်းအတွက် တရုတ် CCCC ကုမ္ပဏီနှင့်
အောက်တို ဘာအတွင်း လက်မှတ်ရေးထိုးမည်ဟု
ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (NYDC)
အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

ထိုစီမံကိန်းခြောက်ခုသည် မြို့သစ်အကောင်အထည်
ဖော်ရေး အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး
၂၀၂၀ ဒီဇင်ဘာနှင့် ၂၀၂၁ ဇန်နဝါရီတွင် စီမံကိန်းများ
ပြီးစီးနိုင်ရန် စတင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။

‘‘ဒီခြောက်ခုက အခြေခံ၊အဲဒါမရှိလို့ မရဘူး။
မရှိရင် ဘာမှ စလို့ မရဘူး’’ ဟု ဦးသိမ်းဝေက
ပြောသည်။

အဆိုပါ စီမံကိန်းများတွင်
- ကြည့်မြင်တိုင်မှ ရန်ကုန်မြို့သစ် သို့ ဆက်သွယ်မည့်
ခြောက်လမ်းသွား တံတား၊
- လှိုင်သာယာမှ ဆက်သွယ်ထားသည့် နှစ်လမ်းသွား
တံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်း၊
- ၂၆ ကီလိုမီ တာ (၁၆ မိုင်)ရှိသည့် မြို့သစ်
လမ်းမကြီးများ၊
- ရွာများ စုစည်း ပေးမည့် ဧက ၄,၂၀၀ ကျော်ရှိ မည့်
ရွာမြို့ငါးခု၊
- ဧက ၃,၂၀၀ ရှိ စက်မှုဇုန်မြေနေရာ၊
- ရေသန့်နှင့် ရေဆိုးစနစ်များ ပါဝင်မည်ဖြစ် သည်။

လက်မှတ်ရေးထိုးပြီးပါက တရုတ် CCCC ကုမ္ပဏီက
ကနဦး စီမံကိန်း ဒီဇိုင်းများရေးဆွဲပေးရ မည်ဖြစ်သည်။
ဒီဇိုင်းရရှိပါက NYDC Challenge စနစ်အရ ယှဉ်ပြိုင်
နိုင်မည့် ကုမ္ပဏီများကို နိုဝင်ဘာတွင် ဖိတ်ခေါ်မည်
ဖြစ်ပြီး ဒီဇင်ဘာတွင် ထိုစီမံကိန်းများ စတင်
တည်ဆောက်နိုင်ရန်ဖြစ်သည်ဟု ဦးသိမ်းဝေက
ပြောသည်။

NYDC Challenge ဆိုသည်မှာ စီမံကိန်းများကို
ကုမ္ပဏီတစ်ခုက ကုန်ကျစရိတ်နှင့် ဒီဇိုင်းများ စတင်
ရေးဆွဲတွက်ချက်ပေးရသည်။

ဒီဇိုင်းနှင့် ကုန်ကျစရိတ်ထွက်လာ ပါက ဈေးနှုန်းကို
အခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ယင်းတို့အနက်မှ ဈေးနှုန်းအနည်းဆုံးကုမ္ပဏီက
ထိုဒီဇိုင်းအတိုင်း ဆောက်လုပ်ပေးရသည်။

မူလ ဒီဇိုင်းရေးဆွဲသည့် ကုမ္ပဏီက ဆောက်လုပ်ခွင့်
အောင်မြင်ခြင်း မရှိပါက ဆောက်လုပ်ခွင့်အောင်မြင်
သည့် ကုမ္ပဏီက ဒီဇိုင်းခကို မူလကုမ္ပဏီသို့
ပေးရမည်ဖြစ်သည်။

မြို့သစ်စီမံကိန်းတွင် အလုပ်အကိုင်အသစ် နှစ်သန်း
ဖန်တီးရန် အလုပ်သမား ၂,၀၀၀ စီခန့်ထားနိုင်မည့်
စက်ရုံ ၁,၀၀၀ လိုအပ်သည်ဟု ဆိုသည်။

ထို့အပြင် မြို့သစ်တွင် လျှပ်စစ်ဓာတ်အားကို
နိုင်ငံတော် မဟာဓာတ်အားလိုင်းမှ အသုံးပြုမည်
မဟုတ်ဘဲ ကိုယ်ပိုင်ဓာတ်အားပေး စက်ရုံများဖြင့်
အသုံးပြုမည်ဟု ဦးသိမ်းဝေက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို လေ့လာ
ဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်း
အစိုးရတို့ ပဏာမမူဘောင်သဘောတူညီမှုစာချုပ်
(Framework Agreement) ကို ဧပြီ ၃၀ ရက်က
လက်မှတ်ရေး ထိုးခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက ၂၀,၀၀၀ ကျော်တွင်
ပထမအဆင့် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး
စင်ကာပူ နိုင်ငံထက် နှစ်ဆကျယ်ဝန်းမည် ဟု
တိုင်းအစိုးရက ဆိုထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အ ကောင်အထည်ဖော်ရန်
တိုင်း အစိုးရက ကျပ် ၁၀ ဘီလီယံအသုံးပြုကာ
NYDC ကုမ္ပဏီကို ထူထောင်ပြီး လုပ်ငန်းရှင်
ဦးသိမ်းဝေ အား ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့်
အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

(ထွန်းထွန်းမင်း)

credit - Pyi Myanmar & 7day Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment