Thursday, September 10, 2015
"လယ်ယာ ဥယျာဉ်ခြံမြေများ ရောင်းချပိုင်ခွင့်"
"လယ်ယာ ဥယျာဉ်ခြံမြေများ ရောင်းချပိုင်ခွင့်"
လယ်ယာမြေ၊ ဥယျာဉ်ခြံ မြေများကို ဝယ်လျှင်
တရားဝင် ပိုင် ဆိုင်ခွင့်ရပါသလားဟု မေးမြန်း ဆွေးနွေး
လာသဖြင့် ဤဆောင်းပါး ကို
ဗဟုသုတအဖြစ်ရေးသားလိုက် ပါသည်။
ပထမဦးစွာ လယ်ယာမြေ ဥပဒေအရ လယ်ယာမြေဆိုသည့်
စကားရပ်တွင် မည်သည့် မြေအ မျိုးအစားများပါဝင်သည်ကို
သိ ထားရန်လိုပေသည်။
"လယ်ယာမြေ"
========
၂ဝ၁၂ ခုနှစ် လယ်ယာ မြေ ဥပဒေပုဒ်မ ၃ (က) တွင်
လယ်ယာမြေဆိုသည်မှာ လယ် မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊
တောင် ယာမြေ၊ နှစ်ရှည်ပင် စိုက် ပျိုးသော မြေ၊ ဓနိမြေ၊
ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊
ဟင်းသီး ဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံ မြေဟုသော်
လည်းကောင်း၊
မြေနု ကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကို
ဆို သည်ဟု ပြဋ္ဌာန်းထားပေသည်။
ထို့ကြောင့် လယ်ယာမြေ တွင် ဥယျာဉ်ခြံမြေများလည်း
ပါဝင်ကြောင်း တွေ့ရမည်ဖြစ်သည်။
တစ်ဆက်တည်း လယ်ယာ မြေဥပဒေပုဒ်မ ၃ (က)၌
လယ် ယာမြေဟူသော စကားရပ်တွင်
မြို့ နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အ တွင်းရှိ လူနေအိမ်ရာများ၊
ဘာသာ ရေးအဆောက်အအုံနှင့် ပရဝုဏ်များ၊
အများပိုင်ဆိုင်၍ စိုက်ပျိုးရေး အတွက် အသုံး မပြုသော
မြေ များ မပါဝင်ဟု ပြဋ္ဌာန်းထားသည်။
"ရောင်း ဝယ် လွှဲပြောင်းပိုင်ခွင့်"
================
ယခင်ပြဋ္ဌာန်းထားသော
၁၉၅၃ ခုနှစ် လယ်မြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေအရ
လယ် သမားများ လယ်လုပ်ပိုင်ခွင့်ရှိ သော် လည်း
ယင်းဥပဒေ ပုဒ်မ -၄ အရ လယ်ယာမြေကို
ရောင်း ဝယ်ခြင်းလွှဲပြောင်းခြင်းမပြုရဟု
ပိတ်ပင်ပြဋ္ဌာန်းထားသည်။
သို့သော်ယခင် လယ်ယာ မြေဥပဒေများကို ရုပ်သိမ်းပြီး
အသစ်ပြဋ္ဌာန်းလိုက်သည့်
၂ဝ၁၂ ခု နှစ် လယ်ယာမြေဥပဒေတွင်
လယ်ယာမြေ လုပ်ပိုင်ခွင့် အပါအ ဝင် လယ်ယာမြေများကို
ရောင်း ဝယ်လွှဲပြောင်းခွင့် ရရှိလာပေ သည်။
၂ဝ၁၂ ခုနှစ် လယ်ယာ မြေ ဥပဒေ ပုဒ်မ-၉ (က)တွင်
လယ်ယာမြေလုပ်ပိုင်ခွင့်ရသူ သည် လယ်ယာမြေကို
လက်ရှိ ထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင် ခွင့်
ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ် ထွက်လာသည့် အကျိုးအမြတ်ကို
ခံစားခွင့်ရှိကြောင်း ပြဋ္ဌာန်းထား သည်။
ထိုပြင်ယင်း ဥပဒေ ပုဒ်မ ၉ (ခ) ၌
လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည်
လယ်ယာမြေကို အား လုံးဖြစ်စေ၊
တစ်စိတ်တစ်ပိုင်းဖြစ် စေ လုပ်ပိုင်ခွင့်အား သတ်မှတ် သော
စည်းကမ်းချက်များနှင့် အညီ
ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှား ရမ်းခွင့်၊ လဲလှယ်ခွင့်၊
ပေးကမ်းခွင့် များကို ဆောင်ရွက်ပိုင်ခွင့်ရှိ ကြောင်း
ဖော်ပြထားပေသည်။
ထိုသို့ လယ်ယာမြေလုပ်ပိုင်ခွင့်အပါအဝင်
လယ်ယာမြေကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းဖြင့်
လွှဲပြောင်းလျှင်
လယ် ယာမြေ နည်းဥပဒေ ပုဒ်မ- ၂၄ (က)အရ
လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းလက်ခံသူတို့သည်
လယ် ယာမြေတည်ရှိသည့် သက်ဆိုင် ရာ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ရှေ့ မှောက်၌
တံဆိပ်ခေါင်းခွန်ထမ်း ဆောင်၍
စာချုပ်ချုပ်ဆို ရမည်ဖြစ် သည်။
ထို့နောက် အဆိုပါ စာ ချုပ်ကို
လယ်ယာမြေဥပဒေ ပုဒ်မ- ၁၂ (ဂ)နှင့်
လယ်ယာမြေနည်း ဥပဒေ ပုဒ်မ ၂၄ (ခ)တို့အရ
စာ ချုပ်ချုပ်ဆိုသည့်နေ့မှစ၍ ရက် ပေါင်း ၁၂ဝ အတွင်း
ကြေးတိုင်းနှင့် မြေစာရင်း ဦးစီးဌာနတွင်
မှတ်ပုံတင်ရမည်ဖြစ်သည်။
သို့မှသာ ဥပဒေနှင့်အညီ တရားဝင်လွှဲပြောင်းရယူပြီး ဖြစ်ကာ
လယ်ယာမြေနည်းဥပဒေပုဒ်မ- ၂၅(က)အရ၊
လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ကို
ပြောင်းလဲရ ယူသွားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လယ်ယာမြေများကိုဝယ်ယူပါက
လယ်ယာမြေ ဥပဒေနှင့် လယ်ယာမြေနည်းဥပဒေတို့နှင့်အညီ
ကြေး တိုင်းနှင့် မြေစာရင်း ဦးစီးဌာနတွင် မှတ်ပုံ တင် စာချုပ်
ချုပ်ဆိုမှသာ တရား ဝင်အတည်ဖြစ်မည်ဖြစ်ကြောင်း
အထူးသတိပြုသင့်ပေသည်။
"နိုင်ငံခြားသားများအား ရောင်းချ ခွင့်မရှိခြင်း"
=======================
လယ်ယာမြေ ဥပဒေ ပုဒ် မ-၁၄တွင်
လယ်ယာမြေလုပ်ပိုင် ခွင့် ရရှိသူသည်
လယ်ယာမြေလုပ် ပိုင်ခွင့်အားလုံးကို ဖြစ်စေ၊
တစ်စိတ် တစ်ပိုင်းကို ဖြစ်စေ၊
နိုင်ငံတော် အ စိုးရ၏ ခွင့်ပြုချက်မရရှိဘဲ
မည် သည့်နိုင်ငံခြားသား သိုမဟုတ် နိုင်ငံခြားသားပါဝင်သည့်
အဖွဲ့အ စည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်း၊
လဲလှယ်ခြင်း၊ ပေးကမ်းခြင်း မပြုရဟုတားမြစ်
ပြဋ္ဌာန်းထားပေသည်။
ထို့ကြောင့် လယ်ယာမြေ များကို နိုင်ငံခြားသားသို့
ရောင်းချ ခွင့်မရှိကြောင်း တွေ့ရမည်ဖြစ် သည်။
"မှုခင်းဖြစ်နေသောလယ်ယာမြေ များရောင်းခွင့်မရှိခြင်း"
=============================
ယခင်လယ်ယာမြေ ဥပ ဒေများတွင်
လယ်ယာမြေနှင့်စပ် လျဉ်းသည့် အမှုအခင်းများကို
တရားရုံးများတွင် စီရင်ပိုင်ခွင့်မရှိ ကြောင်း
ပိတ်ပင်ပြဋ္ဌာန်းထားပေ သည်။
သို့ရာတွင် ယခုပြဋ္ဌာန်းသည့်
၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေတွင် ပုဒ်မ- ၉ (ဂ)၌
လယ် ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက် ခံခြင်းနှင့် စပ်လျဉ်း၍
အငြင်းပွားမှု များ ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ
သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ကို
ခံယူ နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသ ဖြင့်
လယ်ယာမြေမှုခင်းများကို တရားရုံးများတွင် တရားစွဲဆိုခွင့်
ရရှိမည်ဖြစ်ပေသည်။
ဤတွင် လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၂ (ည)၌
လယ်ယာ မြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အ ငြင်းပွားမှု
ဖြစ်ပေါ်နေသော ကာလ အတွင်း လယ်ယာမြေကို ရောင်းချခြင်း၊
ပေါင်နှံခြား၊ ငှားရမ်းခြင်း၊ လဲ လှယ်ခြင်း သို့မဟုတ်
ပေးကမ်း ခြင်း မပြုရဟု ပြဋ္ဌာန်းထားပေ သည်။
ထို့ကြောင့်အမှုအခင်း ဖြစ် နေသော လယ်ယာမြေများကို
အမှုအခင်းရှိမှန်းမသိဘဲ ဝယ်ယူမိပါက နစ်နာဆုံးရှုံးနိုင်သဖြင့်
ဥယျဉ်ခြံ မြေ၊ လယ်ယာမြေများကို ဝယ်ယူ မည်ဆိုပါက
သေချာစုံစမ်း၍ ဝယ် သူသင့်ပေသည်။
"မြို့မြေစာရင်းတွင် ပါဝင်လာခြင်း"
==================
လယ်ယာမြေလက်ဝယ် ရရှိပြီး လယ်ယာမြေ
လုပ်ပိုင်ခွင့်ရ ရှိသူသည် လယ်ယာစိုက်ပျိုးခြင်း မှမရှိတော့ဘဲ
အဆောက်အအုံ များ ဆောက် လုပ်နေထိုင်ကြရာမှ
ရွာမြေအဖြစ်ရောက်ရှိနေသော လယ်ယာမြေများလည်း
ရှိတတ် ပေသည်။
လယ်ယာမြေဥပဒေ ပုဒ်မ ၁၇ (င)အရ၊
ကျေးလက်ဒေသများ နှင့် မြို့ပြဒေသများတွင်
တိုးတက် လျက်ရှိသော လူဦးရေနှင့် တိုးပွား လာသော
အိမ်ထောင်စုများအ တွက် အိမ်ရာတည်ဆောက်ရန်
လိုအပ်ချက်အရ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့၏
အတည်ပြု ချက်ရရှိထားသော (လ.န.၃၉) ပုံစံ
ထုတ်ပေးထားသည့် တရား ဝင်လူနေရပ်ကွက်အတွင်းရှိ
လယ် ယာမြေကွက်များလည်း ရှိပေ သည်။
ထို့ကြောင့် ဝယ်ယူသူများ အနေဖြင့် လူနေရပ်ကွက်အတွင်း
ရှိ နေသော လယ်ယာမြေများနှင့် ပတ်သက်၍
(လ.န) ပုံစံရ ပြီး သော မြေကွက်များကို
တရားဝင် ဝယ်ယူသင့်ပေသည်။
အချုပ်အားဖြင့်ဆိုသော်
လယ်ယာမြေဥပဒေအရ လယ် ယာမြေများကို ရောင်းချပိုင်ခွင့်၊
ဝယ်ပိုင်ခြင်း၊ လွှဲပြောင်းပေးပိုင်ခွင့် ရရှိပြီး ဖြစ် သဖြင့်
လယ်ယာမြေ ဥပဒေနှင့်အညီ မှတ်ပုံတင်စာ ချုပ် ချုပ်ဆို
ဝယ်ယူသင့်ကြောင်း အကြံ ပြုရေးသားလိုက်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
credit - Zay Gwet Journal.
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment