Sunday, August 21, 2016

"ငလျှင်ဒဏ်ခံနိုင်သော အဆောက်အဦးဆိုတာ"

"ငလျှင်ဒဏ်ခံနိုင်သော အဆောက်အဦးဆိုတာ"

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအတွင်းရှိ နိုင်ငံများဖြစ်တဲ့ 
မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့်အင်ဒိုနီးရှား နိုင်ငံ စသောသဘာဝ
ဘေးအန္တရယ်ကြီးမားသော (၃) နိုင်ငံစာရင်း ထဲမှာပါဝင်တဲ့     
နိုင်ငံတစ်ခုဖြစ်ပါ တယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာငလျှင်ရပ်ဝန်းကြီး နှစ်ခုအနက်မှတစ်ခု
ဖြစ်သော အယ်လပိုက်ငလျှင်ရပ်ဝန်းတွင် တည်ရှိနေတဲ့နိုင်ငံ
တစ်ခုလည်းဖြစ်တယ်လို့သတင်းများအရသိရပါတယ်။ 

ထိုသို့ငလျှင် ဘေးအန္တရယ်ရှိသောနေရာဒေသများတွင်
နေထိုင်ကြသူများ ဖြစ်တဲ့အတွက် နေထိုင်ရာ အဆောက်အဦး
များကို ငလျှင်ဒဏ်ခံနိုင်အောင်စနစ်တကျ
ဆောက်လုပ်သင့်ပါတယ်။

* အကယ်၍ သင့်အနေနဲ့ အိမ်ရာအသစ် ဆောက်လုပ်ရန်နှင့်
အဆောက်အဦးများ ပြန်လည်ဝယ်ယူနေထိုင်ရာတွင်
ငလျှင်ဒဏ်ခံနိုင် သောအဆောက်အဦး ဟုတ်မဟုတ်သိရှိရန်
အတွက် * အောက်ပါအချက်များကအထောက်အကူ
ဖြစ်စေမှာဖြစ်ပါတယ်။

(၁) မည်သူဆောက်လုပ်ထားခဲ့တဲ့အဆောက်အဦးလဲ။

အင်ဂျင်နီယာ သို့မဟုတ် ဗိသုကာပညာရှင်တို့ဆောက်လုပ်တဲ့
အိမ်ရာ အဆောက်အဦးများက Building Code (သို့)
Structural Code များကိုသိရှိလိုက်နာဆောက်လုပ်နိုင်တာမို့
အိမ်ပိုင်ရှင် (သို့) ရိုးရိုးလက်သမားများ ဆောက်လုပ်ထားတဲ့
အိမ်များထက် ငလျှင်ဒဏ်ကိုပိုမိုခံနိုင်ရည်ရှိ့မှာဖြစ်ပါတယ်။

(၂) အဆောက်အဦးသက်တမ်းကဘယ်လောက်ကြာပြီလဲ။

၁၉၉၂ ခုနှစ်နောက်ပိုင်းမှာဆောက်လုပ်တဲ့အိမ်တစ်လုံးဟာ
ငလျှင်ဒဏ်ခံနိုင်ရန်ပိုမိုကောင်းမွန်သော စနစ်များဖြင့်
ဆောက်လုပ်ထားနိုင်တဲ့အဆောက်အဦးများဖြစ်နိုင်ပါတယ်။

အကြောင်းကတော့ ၁၉၉၂ ခုနှစ်နောက်ပိုင်းကာလများမှာ
ငလျှင်ဒဏ်ခံနိုင်သည့်ပိုမိုကောင်းမွန်သော စနစ်များကို
ဆောက်လုပ်ရေး Code များအတွင်းထပ်မံ
ထည့်သွင်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။

(၃) ငလျှင်ဒဏ် (သို့) အခြားသဘာဝဘေးအန္တရယ်တစ်ခုခု
ခံရဘူးသောအဆောက်အဦးလား

ယခင်ကာလများတုန်းက သဘာဝဘေးအန္တရယ်ဒဏ်ကြောင့်
ထိခိုင်ပျက်စီးပြီး စနစ်တကျပြန်လည်ပြင်ဆင်ထား တဲ့
အိမ်ရာအဆောက်အဦး များကအခြားသော စနစ်တကျ
ဆောက်လုပ်ထားခြင်း မရှိသောအဆောက်အဦးများထက်
ပိုမိုခိုင်ခန့်မှာဖြစ်ပါတယ်။

အကြောင်းကတော့ပျက်စီးသွားသောအစိတ်အပိုင်းများကို
ခံနိုင်ရည်ရှိပြီးမှန်ကန်သောပစ္စည်းများဖြင့်အစားထိုး
လဲလှယ်ပြီး အခြားအစိတ်အပိုင်းများရဲ့ကြံခိုင်မှုကိုပါစစ်ဆေး
ပြုပြင်မိခြင်းကြောင့် ဖြစ်ပါတယ်။

(၄) အဆောက်အဦး ဒီဇိုင်း

ပုံမှန်အိမ်တစ်လုံးအတွက်တော့ Symmetrical ၊ rectangular
နှင့် box-type စတဲ့အမျိုးအစားဟာ အခြားပုံမှန်မဟုတ်သော
အဆောက်အဦးဒီဇိုင်းများထက် ငလျှင်ဒဏ်ကို ပိုမို
ခံနိုင်ရည်ရှိပါတယ်။

အဆောက်အဦးတစ်လုံးရဲ့ ဖွဲ့စည်းမှုပုံစံဟာ မြေပြင်လှုပ်ခတ်
နေချိန်များမှာ အဆောက်အဦးရဲ့လှုပ်ရှားမှုအနေအထား
အတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။

အကယ်၍ ပုံမှန်ဒီဇိုင်းများမှခွဲထွက် ဆောက်လုပ်ထားတဲ့
အဆောက်အဦးများကတော့ မြေပြင်လှုပ်ရှားနေချိန်မှာ
အဘက်ဘက်သို့လိုက်ပါ လှုပ်ရှားပြီး နောက်ဆုံးမှာ
အခြေအနေဆိုးတစ်ခုဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။

(၅) ထပ်မံတိုးချဲ့ဆောက်လုပ်ခြင်း၊ အထပ်တိုး ဆောက်လုပ်ခြင်း
ရှိပါသလား။

မိမိအိမ်က ထပ်မံတိုးချဲ့ထားခြင်း၊ အထပ်တိုးဆောက်လုပ်ထား
ခြင်းဆိုတာကလည်း သိရှိရမည့်အ ကြောင်းအရာဖြစ်ဖြစ်ပါတယ်။
ထို့သို့ထက်မံတိုးချဲ့ဆောက်လုပ်ထားသောအဆောက်အဦး
များဟာ နည်းစနစ် မမှန်ကန်ပါက ပိုမိုပျက်စီးလွယ်တဲ့
အတွက်ကြောင့်ဖြစ်ပါတယ်။

(၆) အိမ်နံရံများရဲ့ထုထည်က ၆ လက်မအထူရှိသလား
(၁၅၀မီလီမီတာ) ။

နံရံထုထည် (၆) လက်မရှိ တဲ့နံရံများကထုထည် (၄) လက်မသာ
ရှိတဲ့နံရံများထက်ပိုမိုစိတ်ချရမှာ ဖြစ် ပါတယ်။

(၇) နံရံများအတွင်းထည့်ထားသောသံချောင်းများရဲ့
အတိုင်းအတာနှင့်အကွာအဝေး

ထို့အတူပဲနံရံများအတွင်းထည့်သွင်းထားသော သံချောင်းများရဲ့
အတိုင်းအတာနှင့်အကွာအဝေးတို့က လည်း အဆောက်အဦး
များရဲ့ ခံနိုင်ရည်ကောင်းမွန်ခြင်းအတွက်အရေးကြီးသော
အစိတ်အပိုင်းများ ဖြစ်ပါတယ်။ 

(၈) အထောက်မရှိသော နံရံကျယ်ကြီးများ

နောက်တစ်ချက်ကတော့အဆောက်အဦးရဲ့ နံရံအကာများ
ဖြစ်ပါတယ်။ ၃ မီတာထက်ပိုရှည်သောနံရံများဟာ ငလျှင်လှုပ်
ဒဏ်ကြောင့်ပြိုလဲကျနိုင်တာမို့ ထိုကဲ့သို့သော နံရံများကို
အထောက်အပံ့များထည့် သွင်း တည်ဆောက်ခြင်းက
ပိုမိုစိတ်ချရမှာဖြစ်ပါတယ်။  

(၉) အဆောက်အဦးရဲ့ မြင့်မိုရ်ပိတ် များကိုဘာတွေနဲ့
ကာရံထားပါသလဲ ။

နောက်တစ်ချက်ကမြန်မာပြည်ကအဆောက်အဦးအများစုဟာ
(အေ) ပုံစံခေါင်မိုးများဖြစ်ပြီး ခေါင်မိုးနှင့်အကာများ
ကြားနေရာများတွင်ကာထားသော အကာများဟာ
အပေါ့စားအကာများသာဖြစ်သင့်ပါတယ်။

အကယ်၍ အလေး ချိန်ရှိတဲ့အကာများဖြင့်ကာရံမည်ဆိုပါ
ကလည်း အခြားခိုင်မာမှုရှိတဲ့တိုင်နှင့်နံရံများနှင့်ခိုင်မာစွာ
တွဲကပ် ဆောက်လုပ်သင့်ပါတယ်။

ထိုသို့သောအဆောက်အဦးအမျိုးအစားများထက်
flat အမျိုးအစားအမိုးများ နဲ့အိမ် အမျိုးအ စားများက
ပိုမိုလုံခြုံမှာဖြစ်ပါတယ်။

(၁၀) အဆောက်အဦးရဲ့ ဖောင်ဒေးရှင်းအမျိုးအစားက ဘာလဲ ။

သံချောင်းများထည့်သွင်းပြုလုပ်ထားတဲ့ ဖောင်ဒေးရှင်းများက
ကျောက်တုံးနှင့် ကွန်ကရစ်သီးသန့်ဖောင်ဒေးရှင်းများထက်
ငလျှင်ဒဏ်ကိုပိုမိုခံနိုင်ရည်ရှိတာကြောင့် အဆောက်အဦးများရဲ့
ဖောင်ဒေးရှင်းများကလည်း အဆောက်အဦးတစ်ခုရဲ့
ငလျှင်ဒဏ်ခံနိုင်ရည်အတွက်အဓိကအရေးကြီးတဲ့
အချက်ဖြစ်ပါတယ်။ 

(၁၁) အဆောက်အဦးဆောက်လုပ်ထားတဲ့ အောက်ခံမြေ
အမျိုးအစားက ဘယ်လိုမြေအမျိုးအစားလဲ ။

နောက်တစ်ချက်ကတော့ အဆောက်အဦးဆောက်လုပ်ထားတဲ့
အောက်ခံမြေသား အပျော့အမာဖြစ်ပါ တယ်။

မြေပျော့များပေါ်မှာဆောက်လုပ်ထားတဲ့အဆောက်အဦး
များထက် မြေမားများပေါ်မှာဆောက် လုပ်ထားတဲ့
အဆောက်အဦးများက ငလျှင်ဒဏ်ကိုပိုမိုခံနိုင်မှာ
ဖြစ်ပါတယ်။

(House)

credit - House com mm

No comments:

Post a Comment