"ဘဏ်ချေးငွေနဲ့ ဝေးနေရသူများ"
မဝတ်မှုန်(အမည်လွှဲ) က ဆေးကုမဏီတစ်ခုက အရောင်း
တာဝန်ခံတစ်ဦးပါ။အသက်က ၂၇နှစ်ဝန်းကျင် ဖြစ်ပါတယ်။
အရောင်းတာဝန်ခံဆိုတော့ လက်အောက်က ဝန်ထမ်းတွေရဲ့
အရောင်းစာရင်းတွေ ကိုင်ရပါတယ်။ဘယ်ဆိုင်မှာ ပစ္စည်းတွေ
ဘယ်လောက်ပို့ထားတယ်။ ငွေကောက်ဖို့ ဘယ်လောက်
ကျန်လဲ ဆိုတာကအစ သူသိထားရတာပါ။
ခင်မင်မှုသဘောအရ ငွေကြေး အဆင်မပြေတဲ့ အချို့ဆိုင်တွေ
ကို အခြားနာမည်တစ်ခုနဲ့ ဘောက်ချာ ဖွင့်ပြီး ပစ္စည်းထုတ်ပေး
တဲ့အလုပ်ကို သူလုပ်ခဲ့မိလိုက်တယ်။သည်လို ပုံစံမျိုးနဲ့
သူလှည့်ပေးတဲ့ဆိုင်ပေါင်း ရှစ်ဆိုင်နီးပါး ရှိခဲ့တယ်။
ကုမဏီတစ်ခုက ဆိုင်တစ်ဆိုင်ကို ပစ္စည်းချပေးမယ်ဆိုရင်
သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်းပဲ ပေးရတယ်။
သတ်မှတ်ထားတဲ့ ငွေကြေးမပေးနိုင်ရင်ပစ္စည်းထပ်မထုတ်
ပေးပါဘူး။
ကုမဏီက အထက်အရာရှိက စာရင်းစစ်တဲ့အချိန်မှာ
နာမည်လွှဲနဲ့ ရောင်းထားတဲ့ဆိုင်အတွက် ငွေကြေးကို
တောင်းပေမဲ့ မပေးနိုင်တာကြောင့် သူ့ကိုယ်ပိုင်ငွေနဲ့
စိုက်သွင်းရမယ့် အခြေအနေဖြစ်လာတယ်။ မပေးနိုင်ရင်
အလွဲသုံးစားမှုနဲ့နာမည်ပျက် ရမယ်။ မဝတ်မှုန် အရေးပေါ်
ငွေကြေးလိုအပ်လာတယ်။
သုံးရက်အတွင်း စိုက်သွင်းရမှာကြောင့် ငွေကျပ် သိန်း ၃၀
ကို မိတ် ဆွေစ်ဦးဆီက အရေးပေါ် ချေးရ ပါတယ်။
အပေါင်ပစ္စည်းပေးဖို့ အဆင်မပြေတာကြောင့် အလွတ်သဘော
၁၀ တိုးနဲ့ချေးလိုက်ရတယ်။ သိန်း ၃၀ အတွက် အတိုးက
တစ်လကို ကျပ် သုံးသိန်းပါ။
မဝတ်မှုန်လိုပဲ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ လူအတော်များများ
ဟာ အတိုးနှုန်းသက်သာတဲ့ ဘဏ်ချေးငွေနဲ့ အလှမ်းကွာနေတာ
ကြောင့် အတိုးနွံနစ်နေကြပါတယ်။
မဝတ်မှုန်က သူရတဲ့လစာထက်များတဲ့အတိုးငွေကို ဆပ်ရင်းနဲ့
အတိုးပေါ်အတိုးဆင့်နဲ့ လုံးချာလည်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က
တင်ခဲ့တဲ့ အကြွေးဟာ အခုဆို သိန်း ၇၀ ဖြစ်သွားပါတယ်။
သည်ငွေကို အခြားသူတစ်ယောက်ဆီက ထပ်ဆင့်ချေးပြီး
ပြန် ဆပ်ရတဲ့အချိန်မှာ စာချုပ်စာတမ်းနဲ့ ချေးခဲ့ရပါတယ်။
မိခင်ဖြစ်သူက မဝတ်မှုန် တင်နေတဲ့အကြွေးကိုဆပ်ဖို့ နည်းလမ်း
ရှာပါတယ်။ သူ့အမေနဲ့သူ့အဒေါ် နှစ်ဦး ပိုင်ဆိုင်တဲ့အိမ်ကို
အတိုးသက်သာစွာနဲ့ ဘဏ်မှာ ပေါင်နှံဖို့ပါ။
မလွယ်ပါလား
။။။။။။။။။။။။။။။။။
ဘဏ်မှာ ငွေချေးဖို့ဆိုတာကလည်း အဆင့်ဆင့် ဆောင်ရွက်ရတော့
ထင်သလောက် မလွယ်ပါဘူး။ အိမ်ပေါင်မယ်ဆိုရင် အမည်ပေါက်
သူ ကိုယ်တိုင်ချေးငွေလျှောက်ရမှာ၊ မဝတ်မှုန် နာမည်နဲ့ပြောင်းရင်
သိန်း ၃၀ နီးပါး ကုန်ကျမယ့်အရေးကြောင့် နီးစပ်ရာ ပြင်ပကပဲ
အတိုး အများအပြားပေးပြီး ချေးငှားလိုက် ရပါတယ်။
မဝတ်မှုန်က
“တစ်လကို နှစ် ကျပ်အောက်ရတဲ့ချေးငွေရဖို့ဆိုရင် အချိန်က
သုံးလလောက်ကြာ တယ်၊
အိမ်ကိုလာကြည့်ပြီး ဈေးဖြတ်ရတဲ့သူကို ပေးရ၊
ရုံး အဆင့်ဆင့်က ထောက်ခံချက်ယူရတဲ့အချိန် တအားကြာတော့
ဒီလိုပဲ အပြင်က မတန်တဲ့နှုန်းတွေနဲ့ချေးနေရတာ ပါပဲ˘လို့
သူ့အဖြစ်ကို ပြောပါတယ်။
ဘဏ်မှာ အိမ်ဂရန်အပေါင်ထားမယ်ဆိုရင် သတ်မှတ်ထားတဲ့
စည်းကမ်းချက်နဲ့ညီရင် ချေးလို့ရနိုင် ပါတယ်။
တစ်လမှာ ကျပ် ၁ဝဝ ကို အတိုးနှုန်း တစ်ကျပ်ကျော်ပဲ ကျသင့်
တာကြောင့် သက်သာပေမဲ့ စည်းကမ်းချက်များတဲ့အတွက်
သိပ် မလုပ်ကြဘူးလို့ ဆိုပါတယ်။
ဘဏ်မှာ အိမ်အပေါင်ထားရင် လက်ရှိပေါက်ဈေးထက်နှိမ်ပြီး
ဖြတ်တာ၊ ပေါက်ဈေးနဲ့တန်တဲ့ချေးငွေရဖို့ အဆင့်ဆင့် ငွေကြေး
ပေးကမ်းရတာတွေ ရှိနေတာဟာ ပေါင်နှံသူတွေ အတွက်
စိတ်ပျက်စေတယ်လို့ ပေါင် နှံဖို့ကြိုးစားခဲ့ဖူးသူအချို့က
ဆိုပါ တယ်။
ဘဏ်မှာ အတိုးနှုန်းသက်သာတဲ့ ချေးငွေရရှိဖို့ အဆင့်ဆင့်
ဆောင်ရွက်ရတာကြောင့် အထောက်အ ထား ပြည့်စုံနေသူ
တွေပင် လျှောက်ဖို့ရာ စိတ်ပျက်သွားကြတာတွေရှိနေတယ်လို့
မိတ္ထီလာစီးပွားရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာ တင်ဝင်း
က ဆိုပါတယ်။
သူက
“သူတို့အပေါင်ခံပစ္စည်းနဲ့ ထိုက်တန်တဲ့ချေးငွေကို ကုန်ကျစရိတ်
နည်းနည်းနဲ့ ရတာဆို တော် သေးတယ်၊
ဒီလိုအဆင့်ရောက်ဖို့ အရင် လိုသေးတယ်၊
တချို့ အက်စ် အမ်အီးတွေဆို မြေလဲပိုင်တယ်၊
ဒီလိုလူတွေကို ချေးငွေလျင်လျင်မြန် မြန်လုပ်ပေးဖို့ ဖြေလျှော့ပေးဖို့
လိုတာလေ” လို့ ပြောပါတယ်။
အလှမ်းကွာ
။။။။။။။။။။။။။
မြန်မာနိုင်ငံရဲ့လူဦးရေ ၁၆ သန်း ကျော်ဟာ ဘဏ်လုပ်ငန်းတွေနဲ့
လက်လှမ်းမမီတာကြောင့် အတိုး နှုန်းအများအပြားပေးပြီး
ပြင်ပမှာ ချေးယူနေရတယ်လို့ မတ်လ အတွင်းထုတ်ပြန်တဲ့
ငွေရေးကြေးရေး လက်လှမ်းမီရေးဆောင်ရွက်ရေး စီမံကိန်း
(JICA)မှာ ဖော်ပြထားပါ တယ်။
သည်စီမံကိန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
ကုလသမဂ္ဂငွေကြေးနဲ့ ရင်းနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့၊
နဲ့ ဗြိတိန်တို့က ပူးပေါင်းဆောင်ရွက်ပါတယ်။
မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေကို ပြည်သူတွေ လက်လှမ်းမီစေဖို့
ဆောင်ရွက် တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ စီမံ ကိန်းကို ၂၀၁၅ ခုနှစ်
ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရေးဆွဲထားတာ ဖြစ်ပါတယ်။
သည်အဖွဲ့ကောက်ယူထားတဲ့ သူတွေထဲမှာ
- ကိုယ်တိုင်စိုက်ပျိုးတဲ့ လယ်သမားအုပ်စု၊
- တရားဝင်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ အုပ်စု၊
- မှတ်ပုံမတင်ထားတဲ့ ကိုယ်ပိုင်လုပ်ငန်း အုပ်စု၊
- ပုံမှန်ဝင်ငွေရှိတဲ့ ဝန်ထမ်းအုပ်စု၊
- ပုံမှန်ဝင်ငွေမရှိတဲ့လယ်လုပ်သားနဲ့ ပျံကျအုပ်စုတွေ ဖြစ်ပါတယ်။
အများအားဖြင့် ပြင်ပမှာ ငွေ ချေးရင် အပေါင်ပစ္စည်းမပါရင်
အနည်းဆုံး ၁၀ တိုးကနေ ၃၀ တိုးအထိ ပေးရပါတယ်။
ဒါတောင် နေ့ပြန်တိုး၊တစ်ပတ်တိုးနဲ့ ကာလအနည်းငယ်ချေးပြီး
အတိုးငွေ အများအပြား ပေးရင်း ရပ်တည်နေရတဲ့သူတွေ
အ များအပြားရှိနေတာပါ။
အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်းနဲ့ မြေပိုင်ဆိုင်တဲ့စာချုပ်ရှိသူတွေ
တောင် အတိုးနှုန်း ခုနစ်ကျပ် အထိ ပေးပြီး ချေးယူနေရတယ်လို့
မေး မြန်းမှုတွေအရ သိရပါတယ်။
ရွှေရှိရင် ပြင်ပမှာ သုံးကျပ်တိုး ကနေ ငါးကျပ်တိုးအထိ အပေါင်
ထားပြီး ချေးယူရတယ်လို့ ဆိုပါ တယ်။
အခြားပစ္စည်းတွေ ပေါင်မယ်ဆိုရင် ပေါက်ဈေးတန်ဖိုးထက်
ဈေးနှိမ် ဖြတ်ပါတယ်။
အစိုးရရုံးတစ်ရုံးမှာ အကြီးတန်း စာရေးမတစ်ဦးဖြစ်တဲ့
အသက် ၄၅ နှစ်အရွယ် ဒေါ်မြမြဆိုရင် အိမ်မြေပိုင်ဆိုင်မှုပုံစံ
၁၀၅ ရှိတယ်။ဂရန်မရှိတာကြောင့် ဘဏ်မှာ အတိုးသက်သာစွာ
ချေးနေတဲ့ ချေးငွေ ချေးလို့ မရပါဘူး။
ဒေါ်မြမြရဲ့သားဖြစ်သူ မောင်းနှင်လာတဲ့ဆိုင်ကယ်က
လမ်း လျှောက်လာသူကို တိုက်မိတာကြောင့် ငွေကြေးလျော်ရတဲ့
အချိန်မှာ လက်ထဲမရှိလို့ အိမ်ပုံစံ ၁၀၅ စာ ချုပ်ပေးပြီး
ကျပ်၁ဝသိန်းကို တစ်လ အတိုး ရှစ်ကျပ်ပေးပြီး ချေးထားရတာပါ။
အတိုးပေါ်အတိုးဆင့်ယူထားရတဲ့ ငွေအပြင် လက်ရှိအချိန် သူ့မှာ
အကြွေးဆပ်စရာ သိန်း၂ဝ အထိတင်နေပြီး ဆပ်ဖို့နည်းလမ်းရှာ
မရသေးဘူးလို့ ရင်ဖွင့်ပါတယ်။
ခက်ခဲတယ်
။။။။။။။။။။။။။
ဒေါ်မြမြဟာ မုဆိုးမပါ။ သားနှစ်ဦးနဲ့ သမီးတစ်ယောက်ရှိပါတယ်။
သမီးဖြစ်သူက စူပါမားကက်တစ်ခုမှာ အရောင်းစာရေးမပါ။
ကျောင်းတက်နေတဲ့အရွယ် နှစ်ဦးရှိတယ်။ သားအမိနှစ်ယောက်
ရှာဖွေရတဲ့ ငွေဟာ စားစရိတ်တောင် မလောက်ငလို့ ငွေကြေး
လိုအပ်တိုင်း ပြင်ပမှာ အတိုးနဲ့ ချေးရင်းက သုံးနှစ်အတွင်း
သိန်း ၂ဝအထိ အကြွေးတင်သွားရတာပါ။
ဒေါ်မြမြက
“ရုံးမှာစုတဲ့ ငွေစုငွေချေးကလဲ ရှိတဲ့အကြွေးဆပ်ဖို့
နေနေသာသာ လိုတာဝယ်တာတောင် မလောက်ဘူး၊
အိမ်ဂရန်လေးလုပ်ပြီး ဘဏ်မှာပေါင်မယ်ဆိုတော့လဲ
အိမ်နာမည်က ကျွန်မအမေနာမည်၊ အမေ့နာမည် ကနေ
ပြောင်းမယ်ဆိုတော့လဲ ငွေက သိန်း၂ဝနီးပါး ကုန်မယ်
ဆိုတော့ ရင်ပူနေတာ၊ သက်သာတဲ့အတိုးနှုန်းလေးနဲ့ချေးခွင့်ရဖို့
မျှော်လင့်နေရတယ်၊ အခုတော့ ကြွေးတွေသာ ထပ်တင်
သွားတယ်၊ နည်းလမ်းကရှာမရသေးဘူး”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အသေးစား၊ အလတ်စားလုပ်ငန်းလုပ်ကိုင်
နေသူ အများစုလည်း လုပ်ငန်းအတွက် အတိုးနှုန်းသက်သာတဲ့
ချေးငွေရဖို့ အ ခက်အခဲရှိနေသေးတယ်လို့ လုပ်ငန်း ရှင်အချို့
က ပြောပြပါတယ်။
မြန်မာနိုင်ငံကို JICA အပါအဝင် ဥရောပနိုင်ငံတွေက အတိုးနှုန်း
သက်သာတဲ့ ချေးငွေကို ချေးပေးနေတာ၊ ချေးဖို့ ကမ်းလှမ်း
နေတာတွေ ရှိပေမဲ့ တကယ်လိုအပ်နေသူတွေ လက်ထဲကို
မရောက်ကြဘူးလို့ လှိုင်သာယာရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ
ဦးအေးသောင်းက ဆိုပါတယ်။
သူက
'မြန်မာပြည်ရဲ့ ဘဏ်ဥပဒေတွေက ဒီစာရွက်ရှိမှ ဟိုစာရွက်ရှိမှ၊
ထောက်ခံစာရှိမှ ဟိုလိုင်စင်ရှိမှ ဒီလိုင်စင်ရှိမှဆိုတော့
သတ်မှတ်ချက်တွေ အရမ်းများနေတယ်၊ တကယ်ရသင့်သူတွေ
လက်ထဲ ရောက်မလာဘူး၊ ကြိုးနီစနစ်တွေများနေသေးတယ်”
လို့ သူ့အမြင် ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ
တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) က
လွှတ် တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက
“ရပ်ကွက်၊ကျေးရွာများအတွင်း နေ့သွင်း၊လသွင်း၊အပတ်စဉ်သွင်း
စနစ်ဖြင့် ပြုလုပ်နေသော ငွေချးအဖွဲ့အ စည်းများဟာ
တရားဝင်လိုင်စင်ခွင့် ပြုမိန့်များဖြင့် ပြုလုပ်နေခြင်း ဟုတ်၊မဟုတ်
နဲ့ ခွင့်ပြုထားသော ငွေချေး လုပ်ငန်းအရေအတွက်နဲ့ ဘယ်လို
စည်းကမ်းများနဲ့အညီပြုလုပ်နေ တယ်ဆိုတာ သိလိုကြောင်း”
မေးမြန်းခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားငွေရေးကြေးရေး
လုပ်ငန်းကြီးကြပ်မှု ကော်မတီက အသေးစားငွေရေးကြေးရေး
လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုထားတဲ့ အဖွဲ့အစည်း ၈၆ဖွဲ့
ရှိပြီး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၈၄ ဖွဲ့ ရှိတယ်
လို့ သိရပါတယ်။
ဝန်ဆောင်မှုများ
။။။။။။။။။။။။။။။။။။
၂၀၁ရခုနှစ်၊ဒီဇင်ဘာလစာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီး
တစ်ခုလုံးမှာ အသင်းသားဦးရေ စုစုပေါင်း ၁,၁၅၄,၅၂၉ ဦးနဲ့
ချေးငွေလက်ကျန် စုစုပေါင်း ကျပ် ၂၁၅ .၄၆၁ ဘီလျံနဲ့
အခြေခံလူတန်းစားများရဲ့ ငွေကြေးအရင်းအနှီးလိုအပ်ချက်များကို
ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။
အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်နေတဲ့အဖွဲ့အစည်း
တွေဟာ ပြည်ထောင်စုလွှတ် တော်မှာ ပြဋ္ဌာန်းခဲ့တဲ့ အသေးစား
ငွေရေးကြေးရေး လုပ်ငန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊
လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြုလုပ်ဆောင်ရွက်နေသော
အဖွဲ့အစည်းများ ဖြစ်ပြီး
စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူ ရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊
ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ ဟူ၍ ကဏ္ဍကြီး
ငါးရပ်ပေါ်မှာ အခြေခံပြီး ချေးငွေများထုတ်ချေး ပေးနေကြောင်း
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဦးမြင့်သောင်းက ရှင်းပြပါ တယ်။
သူက
“ချေးငွေများမှာ အခြေခံ လူတန်းစားများရဲ့ ဆင်းရဲမှုလျှော့ချရန်နဲ့
လူမှုစီးပွားဘဝမြင့်မားတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အပေါင်
ပစ္စည်းရယူခြင်း မရှိဘဲ နေ့စဉ် ဆပ်၊ အပတ်စဉ် ဆပ်၊
လစဉ် ဆပ်တို့ နဲ့ လက်ကျန်ငွေအပေါ် အတိုးနှုန်း တစ်လလျှင်
၂ . ၅ရာခိုင်နှုန်းနဲ့ ချေး နေတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ကိုင်နေ
သူကို အတိုးနှုန်းသက်သက်သာသာနဲ့ ချေးငွေရဖို့ အစိုးရက
ဦးဆောင်အကောင်အထည်ဖော်နေပေမဲ့ ပြည်သူအများစုအတွက်
ခက်ခဲနေတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်လို့ ဝေဖန်မှုတွေ
လည်း ရှိနေပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က မြန်မာနိုင်ငံသားများဘဏ်ကိုချေးငွေ
ချပေးကာ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက်
တစ်နှစ်အတိုးနှုန်း ၈ . ၅ ရာခိုင်နှုန်းနဲ့ ချေးဖို့ ပြင်ဆင်နေတယ်
လို့ သိရပါတယ်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနဲ့
အစိုးရပူးပေါင်းပြီး အသေး စား၊ အလတ်စား လုပ်ငန်းရှင်တွေကို
ပြည်တွင်းပုဂ္ဂလိကဘဏ် ခြောက်ခု က တစ်ဆင့် ကျပ် ဘီလျံ ၃၀
ထုတ် ချေးပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လိုပါပြီ
။။။။။။။။
ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက
“ဖြေလျှော့သင့်တာ ဖြေလျှော့ပေးဖို့ လိုနေတာပါ၊
ခု တော့ နီးစပ်ရာတွေပဲ ရသွားနေတယ်၊ မြန်မာပြည်ရဲ့ဘဏ်စနစ်
အားကောင်းဖို့လိုတယ်၊ ပေးချင်နေတဲ့ နိုင်ငံတွေက ပေးချင်နေတဲ့
အချိန်မှာ ဖြေလျှော့ပေးရင် တကယ်လုပ်နေသူတွေအတွက်
ရောင်နီလေး တစ်ခု သန်းပြီ ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူတွေထဲမှာ နာမည်အမည်
ပေါက်အိမ်ဂရန်ပိုင်ဆိုင်မှုထက် အရောင်းအဝယ်စာချုပ်တွေနဲ့
မိဘ က သားသမီးကို လွှဲပြောင်းပေးတဲ့ သက်သေခံစာချုပ်တွေ
ရှိသူတွေသာ များနေတယ်လို့ သိရပါတယ်။
လက်ရှိပြောင်းလဲလိုက်တဲ့ အခွန်နှုန်းက အိမ်ခြံမြေဝယ်ယူရာမှာ
ဝင်ငွေမဖော်ပြနိုင်ရင် ဝယ်ယူတဲ့တန်ဖိုးအလိုက် ၁၅ရာခိုင်နှုန်း
ကနေ ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လက်ရှိအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ ငြိမ်သက်နေလို့
အိမ်ပိုင်သူတချို့တောင် စီးပွားရေးအတွက် အိမ်ရောင်းဖို့ထက်
အတိုးနှုန်းသက်သာတဲ့ ပေါင်နှံဖို့ကိုသာ စဉ်းစားနေကြတယ်လို့
ဆိုပါတယ်။
ငွေရေးကြေးရေး လက်လှမ်းမီရေး ဆောင်ရွက်ရေး စီမံကိန်း
(MAP) မှာ ဖော်ပြထားတဲ့ အချက်တွေအရ တရားဝင်
ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူတွေရဲ့ ၇၄ ရာခိုင်နှုန်း ဟာ
ဘဏ်နဲ့ အသေးစားလုပ်ငန်း တွေကနေ ချေးငွေ မရဘူးလို့
ဆိုပါတယ်။
အစိုးရဝန်ထမ်းတွေနဲ့ ကုမဏီ ဝန်ထမ်း ၂၆ ရာခိုင်နှုန်းကတော့
သူတို့အတွက် ဘဏ်လုပ်ငန်းတွေ အသုံးပြုနိုင်အောင်
ဆောင်ရွက်ပေးသင့်ကြောင်း ပြောဆိုထားတယ်လို့
ဆိုပါတယ်။
ပုံမှန်ဝင်ငွေမရှိတဲ့ လယ်လုပ်သားတွေနဲ့ ပျံကျလုပ်သား
၂၇ ရာခိုင်နှုန်းက ပြင်ပမှာ အတိုးကြီးမြင့်စွာ ချေးယူနေရတယ်လို့
MAP စီမံကိန်းမှာ ပါရှိပါတယ်။
မဝတ်မှုန်ကတော့ အကြွေးကိစ္စတွေကြောင့် အလုပ်ကနေ
ထွက်လိုက်ရတယ်။ သူတင်နေတဲ့ အ ကြွေးသိန်း ရဝ အတွက်
အတိုးမပေးနိုင်တော့တာကြောင့် လက်ရှိအချိန်မှာ
တရားရင်ဆိုင်နေရပါတယ်။
ငွေပေးချေးထားသူဘက်က ကျပ် သိန်း ၂ဝဝ အထိ ရလိုကြောင်း
တရားမကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ တရားရင်ဆိုင်နေရပါပြီ။
ရှေ့နေငှားရမ်းငွေဟာ ကျပ် ၁၀သိန်း ပေးရပြီး သည်အတွက်
ငွေလည်း နီးစပ်ရာ ဆွေမျိုးတွေဆီက အတိုးနဲ့ ချေးနေရ
ပါတယ်။
မဝတ်မှုန်က
"ကျွန်မအမေ ကိုယ်တိုင် သူပိုင်တဲ့ အိမ်စာချုပ်ပြပြီး ငွေချေး
တာတောင် အတိုးနှုန်းနည်းနည်းနဲ့ မရခဲ့ဘူး၊ ပိုင်ဆိုင်မှုစာချုပ်နဲ့
လွယ်လွယ်ကူကူ ချေးလို့ရတဲ့စနစ်သာရှိရင် ဒီလောက်အထိ
ဒုက္ခရောက်မှာ မဟုတ်ဘူး၊အခုတော့ ကြွေးသံသရာကမရုန်းနိုင်
တဲ့အပြင် တရားပါ ရင်ဆိုင်နေရပြီ”လို့ ပြောပါတယ်။
(အေးအေးအောင်)
credit - Kumudra
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment