Sunday, August 5, 2018

“မြို့သစ်စီမံကိန်းအပေါ် သမ္မတ၏ မှတ်ချက်များ”

“မြို့သစ်စီမံကိန်းအပေါ် သမ္မတ၏ မှတ်ချက်များ”

၁။ "ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့်
မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်
အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ သေချာစိစစ်ပြီးမှ
ဆောင်ရွက်ရန် သမ္မတဦးဝင်းမြင့် ပြောကြား"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် မြို့သစ်စီမံကိန်း
များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမှန်
တကယ်လိုအပ်မှု ရှိ၊ မရှိ သေချာစိစစ်ပြီးမှ ဆောင်ရွက်ရန်
သမ္မတဦးဝင်းမြင့်က ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်း
အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်
ကိုယ်စားလှယ်များနှင့် တွေဆုံစဉ် မှာကြားခဲ့ကြောင်း
ပန်းဘဲတန်းမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က
ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
ရာတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး
စသည့် မဏ္ဍိုင်ကြီးသုံးရပ်ကို အဓိကထား ဆွေးနွေး
မှာကြားခဲ့ကြောင်း သိရသည်။

ဦးသန်းနိုင်ဦးက
“တိုင်းအစိုးရက လုပ်မယ့်စီမံကိန်းတွေနဲ့ ပတ်သက်လို့
အထူးသဖြင့် သူပြောသွားတာကတော့ မြို့သစ်စီမံကိန်း
လို ကိစ္စမျိုးဆိုရင် သေချာအလေးထားပြီးတော့
တကယ်လိုအပ်ချက်ရှိတယ်ဆိုရင်တော့ အလေးထားပြီး
ဆောင်ရွက်ဖို့ပြောသွားတယ်။
နောက်တစ်ခုက တကယ်ကိုပဲ လိုအပ်နေပြီလား။
မြို့သစ်တွေဖော်ထုတ်ပြီးတော့ အဲဒီမြို့သစ်တွေက
လမ်းတွေတံတားတွေ ပြည့်ပြည့်စုံစုံဖြစ်ပြီးလား အိမ်ရာ
တွေ ပြည့်ပြီလား။
တချို့က ဒီဘက်ကမြို့သစ်၊ တစ်ဖက်မှာ လယ်ကွင်း
ဒါမျိုးတွေဖြစ်ပြီးတော့ ဖရိုဖရဲနဲ့ အဟောသိကံဖြစ်သွားမှာမျိုး
သမ္မတကြီးက မလိုလားတဲ့ပုံစံမျိုးပြောသွားပါတယ်။
တကယ်လို့ လိုအပ်တယ်ဆိုရင် သေသေချာချာစိစစ်ပြီး
တော့မှ ဆောင်ရွက်ဖို့ကိစ္စတွေကို သမ္မတကြီးက
အလေးပေး ပြောသွားပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတအနေဖြင့် မြို့သစ်များတည်ပြီး
လူမရှိသူမရှိဖြစ်နေမည့် အခြေအနေကို စိုးရိမ်ကြောင်း
လည်း ထည့်သွင်းပြောကြားသွားသည်ဟု ဒဂုံမဲဆန္ဒနယ်
အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက မီဒီယာများကို ပြောကြားသည်။

“နောက်တစ်ခါ မြို့သစ်စီမံကိန်းတွေပေါ့။
မေးခွန်းပြန်ထုတ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တင်ပြပြီးတဲ့အခါမှာ
ယခင် တည်ဆောက်ပြီးသား မြို့သစ်တွေမှာတောင်
လူများ နေထိုင်မှုမရှိသေးဘဲနဲ့ မြို့သစ်ကို ဖော်မလား။
ဟိုဘက်မှာလည်း မြို့သစ်က ဖော်လိုက်တဲ့အခါမှာ
ဟိုဟာလည်း လူမရှိ၊ အရင်ဖော်တဲ့နေရာမှာလည်း လူမရှိ၊
ခြောက်တီး ခြောက်ကပ်ဖြစ်နေမယ်။
ဒါတွေကိုတော့ သတိထားပြီးတော့ စီမံဆောင်ရွက်ပါ
ဆိုတဲ့ဟာကို လမ်းညွန်သွားတယ်။
ဝန်ကြီးချုပ်ကြီး တင်ပြတဲ့အခါမှာ မြို့သစ်စီမံကိန်းကိုပဲ
သူ ဦးတည်ပြောပါတယ်။
အခုရှိတဲ့ မြို့ဟောင်းတွေမှာရော လူတွေနေပါလားလို့
မေးသွားတယ်။
လူမရှိ သူမရှိနဲ့ မြို့သစ်တွေတည်ပြီး လူမရှိသူမရှိနဲ့
ခြောက်တီးခြောက်ကပ်ဖြစ်နေမှာကို စိုးရိမ်တယ်။
မင်းတို့ အဲဒါတွေ ကြည့်ပြီးတော့ စီမံပါဦးလို့
ပြောသွားတယ်”  ဟု ဦးကျော်ဇေယျက
ပြောကြားသည်။

မြို့သစ်စီမံကိန်းသည် ဗဟိုခွာစနစ်အရ အကောင်အထည်
ဖော်ရမည်မှန်သော်လည်း ရေရှည်စီမံကိန်းဖြစ်သည့်
အတွက် လွှတ်တော်၏ ဆုံးဖြတ်ချက်ကိုအတည်ပြုရယူပြီး
မှသာ ဆက်လုပ်စေချင်ကြောင်း ဦးကျော်ဇေယျက ၎င်း၏
အမြင်ကိုလည်း ထည့်သွင်းပြောကြားသွားသည်။

“မြို့သစ် စီမံကိန်းကတော့ အန်ကယ်ရဲ့ တစ်ဦးချင်း
အနေအထားကတော့ မြို့သစ်စီမံကိန်းဟာ အကောင်
အထည်ဖော်ရမှာ မှန်တယ်။
မြို့တော်ဝန်ကြီးလည်း ရှင်းပြတယ်။ဗဟိုခွာစနစ်ပေါ့လေ။
မြို့ထဲမှာ ကျပ်နေတာတွေကို လူထုကို အပြင်ဆွဲထုတ်
တာ။ အဲဒါတွေကတော့ သူကတော့ သူ့အမြင်နဲ့ ပြော
သွားတာပေါ့။
အန်ကယ်တို့ကတော့ မြို့သစ် စီမံကိန်းဟာ
Long Time Plan ကြီးပဲ။  ရှေရည် Plan ကြီး။
သူတို့ ကုမ္ပဏီအနေနဲ့လည်း လေ့လာနေတယ်။
အသေးစိတ် မသိသေးဘူး။ အသေးစိတ် သူတို့ လေ့လာ
နေတာတွေကို အန်ကယ်တို့ကို ပြန်တင်ပြပါ။
တင်ပြပါမှ အန်ကယ်တို့ လွှတ်တော်ကနေ ဆုံးဖြတ်မယ်။
ဆုံးဖြတ်ပြီးတော့ အတည်ပြုချက်ရယူပြီးမှ ဆက်လုပ်
စေချင်တယ်။
အန်ကယ့်အမြင်ကတော့ လောလောဆယ်မှာ မလုပ်
စေချင်ပါဘူး။ အန်ကယ်အနေနဲ့ ဒါဟာ ရေရှည်စီမံကိန်း
ကြီးဖြစ်တဲ့အတွက် နိုင်ငံ့အနေအထားကလည်း မြို့သစ်
မလိုသေးဘူးလေ။ အန်ကယ့် အမြင်ပြောတာပါ။
ဒါတော့ လွှတ်တော်ကနေ ပြန်ပြီးတော့ ၀ိုင်းဝန်းဆုံးဖြတ်
ရမယ့်ဟာပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

*****

၂။ "မြို့သစ်စီမံကိန်းအစား ရှိပြီးသား မြို့များကိုဖွံ့ဖြိုးအောင်
လုပ်ရန် သမ္မတပြောကြား"

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖေါ်မည့်
မြို့သစ်စီမံကိန်းများအစားရှိပြီးသားမြို့များကိုပြန်လည်
ဖွံ့ဖြိုးအောင်လုပ်ရန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို
သမ္မတဦးဝင်းမြင့်က မှတ်ချက်ပြုခဲ့ကြောင်း တွေ့ဆုံပွဲသို့
တက်ရောက်ခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
က ပြောသည်။

ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမတွင်နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်နှင့်ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင်
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မြို့သစ်စီမံကိန်း
အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့်ပတ်သက်၍
သမ္မတထံရှင်းလင်းတင်ပြရာတွင်ယခုကဲ့သို့မှတ်ချက်ပြု
ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြို့သစ်စီမံကိန်းတွေထက် ရှိပြီးသားမြို့တွေကို
တိုးတက်အောင်လုပ်ဖို့ သမ္မတကြီးက ပြောသွားတယ်။
ရှိနေပြီး သားမြို့ဟောင်းတွေကို ဖွံ့ဖြိုးရေးအတွက်
ဦးစားပေးလုပ်ဖို့ကို ပြောသွားတဲ့ သဘောပါပဲ။
နောက်တခုကတော့နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လစာ
မလုံလောက်တာကို သဘောပေါက်တယ်။
အဲ့ဒီအခက်အခဲတွေကို သည်းခံပြီးတော့မှ ပြည်သူတွေရဲ့
အခက်အခဲကိုကူညီဆောင်ရွက်ပေးဖို့လည်းပြော
သွားတယ်” ဟုတွေ့ဆုံပွဲသို့တက်ရောက်ခဲ့ သည့်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမဲဆန္ဒနယ် အမှတ် (၁)
မှ ဦးရန်ရှင်းကပြောသည်။

ထိုပြင် ဌာနဆိုင်ရာများအတွက် ယာဉ်လိုအပ်ချက်များကို
နိုင်ငံပိုင် သိမ်းဆည်းထားသည့် အထဲမှ အသုံးပြု၍ ရသည်
များကို ပြန်လည်အသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဟုလည်း
သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း
ဦးရန်ရှင်းကပြောသည်။

မြေဧက နှစ်သောင်းပေါ်တွင် အမေရိကန် ဒေါ်လာ
၁ ဒဿမ ၅ ဘီလီယံကုန်ကျမည့်ရန်ကုန်မြို့သစ်စီမံကိန်း
သည်ရန်ကုန်တိုင်းဒေသကြီးအနောက်တောင်ပိုင်းတွင်
အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဖြစ်ပြီးလက်ရှိတွင်
စီမံကိန်းအပိုင်း(၁)အဆင့်ကိုအကောင်အထည်ဖော်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေသည်။

(ကျော်သက်အောင်)

credit - Eleven Media Group
& The Standard Time Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment