Saturday, November 5, 2016

“လေ့လာစရာ အခွန်ဆိုင်ရာ သတင်းများ”

“လေ့လာစရာ အခွန်ဆိုင်ရာ သတင်းများ”

၁။ "၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လုံးရရှိတဲ့
အမြတ်တွေကို ကိုယ်တိုင်အခွန်တွက်ချက်ပြီး
ထမ်းဆောင်ရမည်"

သည် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိက လုပ်ငန်း
တွေက တစ်နှစ်လုံးရရှိတဲ့အမြတ်တွေကို ကိုယ်တိုင်အခွန်
တွက်ချက်ပြီး အခွန်ထမ်းဆောင်ရမယ်လို့ ပြည်တွင်းအခွန်များ
ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

အခွန်ထမ်းကိုယ်တိုင်အခွန်တွက်ချက်ရတဲ့ SAS စနစ်နဲ့
အခွန်ကောက်ခံတာကို လာမယ့် ဧပြီနဲ့ မေလမှာ ကောက်ခံမှာ
ဖြစ်ပါတယ်။ ပုဂ္ဂလိကကုမ္မဏီတွေကို သည်အခွန် စနစ်နဲ့
ပေးဆောင်ဖို့အတွက် သည်ဘဏ္ဍာနှစ်အတွင်းရရှိတဲ့
ဝင်ငွေတွေအကုန်လုံးကို ကိုယ်တိုင်တွက်ချက်ပြီး ကိုယ်တိုင်
အခွန်ဘယ်လောက်ဆောင်မယ်ဆိုတာတင်ပြပြီး  
လာမယ့်ဧပြီနဲ့ မေလမှာ ပေးဆောင်ရမှာပါ။

သည်အခွန်ထမ်းကိုယ်တိုင်တွက်ချက်တဲ့ SAS စနစ်ကို
ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၄ ခုနှစ် ကစပြီး
အခွန်အများဆုံးထမ်းဆောင်တဲ့ ကုမ္မဏီ ၅၀ဝ နဲ့
စတင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ သည်နှစ်မှာတော့
အခွန်အများဆုံးထမ်းဆောင်တဲ့ ကုမ္မဏီ ၁၀ဝ၀ ကျော်ကို
စတင်ကောက်ခံမှာဖြစ်ပါတယ်။ နောက်ပိုင်းကုမ္မဏီ
အားလုံးကို အခွန်ထမ်း ကိုယ်တိုင်တွက်ချက်တဲ့
SAS စနစ်ကျင့်သုံးမှာပါ။

SAS စနစ်
-----------

* အခွန်ထမ်းကိုယ်တိုင်တွက်ချက်တဲ့  
Self Assessment System (SAS) စနစ်က အခွန်
အမျိုးအစားအသစ်မဟုတ်ဘဲ အခွန်ထမ်းကပေးဆောင်ရန်
တာဝန်ရှိတဲ့အခွန်ပမာဏကို ကိုယ်တိုင်တွက်ချက်ပြီး
ပေးတာဖြစ်ပါတယ်။ *

သည်နှစ်အတွက်အခွန် ဘယ်လောက်ပေး ဆောင်မယ်
ဆိုတာကို အခွန်ကြေညာလွှာမှာဖော်ပြပြီး
ပြည်တွင်းအခွန်များဦးစီးဌာနကို တင်ပြရမှာပါ။

အခွန်ဘယ်လောက်ပေးဆောင်မယ်ဆိုတဲ့ ကြေညာလွှာ
အတိုင်းအခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။

လက်ရှိကုမ္မဏီတော်တော်များများကို ကောက်ခံနေတဲ့
အခွန်ရုံးက စည်းကြပ်တဲ့ OSA   စနစ်က အခွန်ဝန်ထမ်း
ကနေ ဘယ်ကုမ္မဏီက ဘယ်လောက်ပေးဆောင်ရမယ်
ဆိုတာ တွက်ချက်ပြီး အခွန်ကောက်ခံတာဖြစ်ပါတယ်။

သည်စနစ်က နိုင်ငံတကာမှာလည်း အသုံးမပြုတော့ဘဲ
အခွန်တွက်ချက်တာတွေလည်း မှားယွင်းနိုင်တာကြောင့်      
ကိုယ်တိုင်အခွန်ထမ်းတဲ့စနစ်၊ အခွန်ထမ်းကိုယ်တိုင်
တွက်ချက်တဲ့ SAS စနစ်ကိုပြောင်းလဲဖို့ ဆောင်ရွက်
နေတာပါ။

အခွန်ထမ်းကိုယ်တိုင်တွက်ချက်တဲ့ SAS စနစ်
အကောင်အထည်ဖော်ဖို့ ၊IMF ၊   ကမ္ဘာ့ဘဏ်စတဲ့
အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးတာဖြစ်ပြီး
ပြည်ပနိုင်ငံအခွန်ဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့
ဝန်ထမ်းတွေကိုလည်း ခေါ်ယူခန့်ထားပါတယ်။

* အခွန်ထမ်းကိုယ်တိုင်တွက်ချက်တဲ့ ဆအဆ စနစ်က
ကိုယ်တိုင်အခွန်စည်းကြပ်ရတာဖြစ်ပေမဲ့ အခွန်ရှောင်တာ၊
အခွန်လျော့နည်းပြီးဆောင်တာ မဖြစ်အောင် ကုမ္မဏီ
တွေကို စည်းမျဉ်းစည်းကမ်းချက်တွေသတ်မှတ်ထားပြီး  
သည်စည်းမျဉ်းနဲ့မကိုက်ညီတဲ့ ကုမ္မဏီတွေကို
အခွန်ရုံးကသွားရောက်စစ်ဆေးမှာဖြစ်ပါတယ်။ *

အခွန်ရှောင်တာ၊ လျော့နည်းပြီးဆောင်တာတွေ့ရှိရင်
ပေးဆောင်ရမယ့်အခွန်အပြင်ဒဏ်ကြေးပါပေးဆောင်
ရမှာပါ။ ကုမ္မဏီတစ်ခုကို ငါးနှစ်အတွင်းအနည်းဆုံး
တစ်ကြိမ်အခွန်ဝန်ထမ်းတွေက စစ်ဆေးမှာဖြစ်ပါတယ်။

အခွန်ဥပဒေမှာလည်း အခွန်တိမ်းရှောင်တာတွေနဲ့
ပတ်သက်ပြီးဒဏ်ငွေတွေအပြင် ထောင်ဒဏ်နဲ့ပါ
အရေးယူဖို့ရှိတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

(ပို့ပို့၊ ပြည့်ဖြိုး)

***

၂။ "ယခုအစိုးရသစ်လက်ထက်တွင် အခွန်ရှောင်မှုများကို
သတိပေးရုံသာမက ဥပဒေအရ အရေးယူမည်ဟုဆို"

လက်ရှိအစိုးရ၀င်ငွေသည် အခွန်တစ်ခုတည်းပေါ်တွင်
အဓိကထားခြင်းကြောင့် အခွန်တိမ်းရှောင်မှုများ ပြုလုပ်ပါက
အရေးယူမည်ဟု ပြည်တွင်းအခွန် များဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

အခွန်တိမ်းရှောင်သူများကို ယခင်အစိုးရလက်ထက်က
ခေါ်ယူသတိပေးဒဏ်ရိုက်မှုများသာ ပြုလုပ်သော်လည်း
ယခုအစိုးရ လက်ထက်၌ ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်
လုပ်ငန်းခွန်ဥပဒေများနှင့် အရေးယူမှုပြုလုပ်မည်ဟု
ဆိုသည်။

ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေများဖြင့်
အရေး ယူမည်ဆိုပါက ပြစ်ဒဏ်၏ အ ခြေအနေပေါ်
မူတည်၍ ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ငွေဒဏ်
တပ်ရိုက်မည်ဟု သိရသည်။

အခွန်ရှောင်သူများကို ဥပဒေအရ အရေးယူမှုများပြုလုပ်
နိုင်ရန် ပြည်ထောင်စုရှေ့နေချုပ် ရုံး၊ ပြည်ထဲရေးဝန်ကြီး
ဌာန၊ တရားလွှတ်တော်တို့မှ တာဝန်ရှိ သူများနှင့်
ဆွေးနွေးနေသည်ဟု ဆိုသည်။

‘‘အခွန်ရှောင်တာကို အရေးယူမှုနည်းလမ်းအပြင်
တခြားဘာရှိသေးလဲ၊ ဘာကြောင့်အခွန်ရှောင်တာလဲ
ဆိုတာတွေကိုလည်း တစ်ချိန်တည်းအဖြေရှာဖို့ လိုတယ်’’
ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက
ပြောကြားသည်။

အခွန်စနစ်သည် ရေရှည် တည်တံ့ပြီး ကျယ်ကျယ်ပြန့်ပြန့်
ကောက်ယူနိုင်သည့် အခွန်စနစ်မျိုးဖြစ်ရန် လိုအပ်ပြီး
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိသည့် လုပ်ငန်းများ၊
ပြည်သူများ၏ ကျန်းမာရေး၊ ယဉ်ကျေးမှုကို ထိခိုက်သည့်
လုပ်ငန်းများတွင် အခွန်နှုန်းထားပမာဏ တိုးမြှင့်ကောက်ခံ
သင့်သည်ဟု ဒေါက်တာအောင်ကိုကိုကဆိုသည်။

အခွန်စနစ်တကျကောက်ခံ ခြင်းသည် ငွေကြေးဖောင်းပွမှုကို
လျှော့ချနိုင်သည်သာမက နိုင်ငံ တော်တွင် လုပ်ဆောင်မည့်
စီမံကိန်းများအတွက် လိုအပ်နေသော  ဘဏ္ဍာရန်ပုံငွေ
ပြည့်မီစွာရ ရှိအောင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း
ဦးမင်းထွဋ်က ပြောသည်။

ထို့အပြင် နိုင်ငံအတွင်း ဆင်းရဲချမ်းသာငွေကြေးကွာခြားမှု
ကိုလည်း လျော့နည်းစေမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်အခွန်အများဆုံးထမ်းဆောင်သည့်
လုပ်ငန်းများ၌ ဘဏ်လုပ်ငန်းများသည် အများဆုံးဖြစ်သည်။

(ပြည်သိမ်း)

***

၃။ "ဝင်ငွေနည်းသူတွေ အိမ်၊ ခြံ၊ မြေ၊ ကား ဝယ်ယူရာမှာ
အခွန်နှုန်းသက်သာနိုင်"

* ၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ
ဝင်ငွေနည်းသူ (တစ်နှစ်ကို ၄၈သိန်း အောက်လျှော့သူ)
တွေအနေနဲ့ လစာဝင်ငွေခွန်ကျသင့်မှာ မဟုတ်ဘဲ
အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ *

" * တချို့က ငါတိုက အခွန်ဆောင်စရာမလိုဘူး၊
တစ်နှစ် ၄၈သိန်းမှ မရတာဆိုပြီးနေကြတယ် ၊ အမှန်က
အခွန်မဆောင်ရပေမဲ့ (ဝ ရာခိုင်နှုန်း) အခွန်ထမ်းပြည်သူ
အဖြစ်နဲ့ ဝင်ငွေရလမ်းကို အခွန်ရုံးမှာလာတင်ထားရင်
ရတဲ့ဝင်ငွေကို ငွေဖြူအဖြစ် သတ်မှတ်ပေးမှာဖြစ်လို့
ကားတို့အိမ်တို့ဝယ်တဲ့အခါဆောင်ရတဲ့
အခွန်စည်းကြပ်နှုန်းသက်သာသွားတာပေါ့ * " လို့
ပြည်တွင်းအခွန်ဦးစီးဌာနက
ညွန်ကြားရေးမှူးက ပြောပါတယ်။

တစ်နှစ်တာ စုစုပေါင်း ဝင်ငွေ ၄၈သိန်းအောက်ရရှိသူတွေ
အနေနဲ့ အခွန်စည်းကြပ်နှုန်း ( ဝ ရာခိုင်နှုန်း ) နဲ့
အခွန်မကျသင့်တဲ့ (အခွန်ထမ်း) သူတွေဖြစ်ပြီး သူတို့
တင်ပြလာတဲ့ ဝင်ငွေအပေါ် ငွေဖြူအဖြစ် သတ်မှတ်ပေးမှာ
ဖြစ်တယ်လို့ သိရပါတယ်။

ဝင်ငွေကို အခွန်မဆောင်ရပေမဲ့ တရားဝင်ရရှိထားတဲ့ဝင်ငွေ
ဖြစ်တဲ့အတွက် ငွေဖြူအဖြစ် သတ်မှတ်ထားပြီး အိမ်ခြံမြေ
ကား စတာတွေ ဝယ်ယူရာမှာ ပေးဆောင်ရမယ့်အခွန်နှုန်း
သက်သာစေမှာဖြစ်တယ်လို့ဆိုပါတယ်။

၂၀၁၆ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပြဠာန်း
ခဲ့တဲ့ အခွန်ကောက်ဥပဒေအရ အိမ်ခြံမြေကားဝယ်ယူမှု
တွေမှာ အခွန်နှုန်း ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း
အထိ ကျသင့်မှာဖြစ်ပါတယ်။

* ၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ
အခွန်ထမ်းဆောင်ရပေမယ့် အခွန်မဆောင်ရသူတွေ၊
ဝင်ငွေရလမ်းကို မတင်ပြနိုင်သူတွေသာ အခွန်ပိုမိုကျသင့်မှာ
ဖြစ်ပြီး သာမန်အခွန်ထမ်းပြည်သူတွေအတွက် ထိခိုက်မှု
မရှိနိုင်ဘူး * လို့ သိရပါတယ်။

ကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းလစာ စာရင်းတွေကို
မြို့နယ်အခွန်ရုံးကို ပေးပို့ပြီး အခွန်မကျသင့်သူ၊
အခွန်ကျသင့်သူဆိုပြီး အခွန်ရုံးကနေ သတ်မှတ်ပေးမှာ
ဖြစ်ပါတယ်။

* အခွန်မကျသင့်သူ (တစ်နှစ်ကို ၄၈သိန်း အောက်လျှော့သူ)
တွေအနေနဲ့ အခွန်မဆောင်ရသော်လည်းမိမိတို့ဝင်ငွေအပေါ်
ဝင်ငွေရလမ်းတင်ပြထားတဲ့အတွက် ငွေဖြူအဖြစ် သတ်မှတ်
ပေးမှာဖြစ်လို့ ဝင်ငွေခွန်စည်းကြပ်မှုသက်သာစေမှာ
ဖြစ်တယ် * လို့နေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာနက
သိရပါတယ်။

credit - Kumudra Journal / 7day Daily
& The Modern

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment