Tuesday, July 17, 2018

“၀ယ်သူ့ဈေးကွက် ဖြစ်လာခြင်း”

“၀ယ်သူ့ဈေးကွက် ဖြစ်လာခြင်း”

၁။ "၀ယ်သူအကြိုက်ဖြစ်လာသောအိမ်ခြံမြေဈေးကွက်"

ယခင်က ဈေးကွက်တွင် တိုက်ခန်းများသည်
ဆောက်လုပ်သူနှင့်ရောင်းချသူစိတ်သဘော အတိုင်းသာ
ဈေးကွက်တင်ရောင်းချမှုများပြားခဲ့သော်လည်း ယခုအခါ
ဝယ်သူ့အကြိုက်ကို ဦးစားပေးသည့်ပုံစံသို့ ပြောင်းလဲလာ
ကြောင်း ဈေးကွက်အတွင်းရှိ သတင်း ရင်းမြစ်များထံမှ
သိရှိရသည်။

အနံပေ ၂၀ ရှိသော မြေကွက် ကို အရပ်အခေါ် ရင်ခွဲပုံစံ
နှစ်ခန်းတွဲ အထပ်မြင့်များ ဆောက်လုပ်မှု၊ ယခင် ကာလ
က များပြားခဲ့သော်လည်း ယခုအခါ ထိုတိုက်ခန်းများမှာ
ဈေးကွက်မတွင်ကျယ် တော့ဟုလည်း ဆိုကြသည်။

၂၀၁၄ နိုဝင်ဘာမှ စတင်ကာ ဆောက်လုပ်ရေးဈေးကွက်
အေးစက်လာ ခဲ့ပြီးနောက် စီးပွားရေးဆိုင်ရာ တုံ့ဆိုင်း
စေခဲ့သော်လည်း ကောင်းကွက်အနေဖြင့် ယခုအခါ
ဝယ်သူများ၏ လိုလားချက်က ဈေးကွက်တွင် အသာစီး
ရလာခြင်းဖြစ် သည်။

ဥပဒေစည်းမျဉ်းစည်းကမ်းများထက် ဈေးကွက်လိုလား
ချက်နှင့် ပိုမိုလိုက် လျောညီထွေဖြစ်စေရန် လုပ်ထုံးများ
ကို ပင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက် မှ
ဦးဆောင်ဦးရွက်ပြုကာ ပြောင်းလဲလာ သည်များ
ရှိနေသည်။

ယင်းတို့အနက် ဘဏ်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်
များပေါင်းကာ အရစ်ကျစနစ်ဖြင့် ရောင်းသည့်ပုံစံသည်
ဥပမာကောင်းတစ်ခု ဖြစ်ပါသည်။

လက်ရှိအိမ်ခြံမြေအရောင်းဈေးကွက်အတွင်း ကျယ်ဝန်း
သော တိုက် န်းများသာ အရောင်းအ၀ယ်ကောင်းမွန်နေ
ကြောင်း အိမ်ခြံမြေအကျိုးဆောင်များ က ပြောသည်။

တိုက်ခန်းအရောင်းဈေးကွက် အတွင်းတွင် ၀ယ်လိုအား
ထက် ရောင်းလို အား များပြားနေသည့်အတွက် ၀ယ်ယူ
လိုသူများအနေဖြင့် ရွေးချယ်မှုများ ပိုမို ပြုလုပ်လာကြပြီး
နောက် အခန်းကျယ်ဝန်းသော တိုက်ခန်းများကိုသာ ပိုမို
ရွေးချယ် ၀ယ်ယူလာကြခြင်းဖြစ်ကြောင်း အာရှ
ဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ
ဦးရန်အောင်က ပြောသည်။

“တိုက်ခန်းဝယ်ယူလိုသူတွေက ရွေးချယ်မှုတွေ ပိုမို
ပြုလုပ်လာနိုင်ကြပါ ပြီ။ အခန်းအကျယ်အ၀န်းသာမက
နေရာ ကောင်းမွန်တာတွေ၊ ရေ၊မီးအဆင်သင့် ပါတာတွေ၊
အရစ်ကျစနစ်နဲ့ ပေးချေနိုင် တာတွေ၊ အတိုးနှုန်းသက်သာ
တာတွေကို ပါ ၀ယ်ယူသူတွေက ရွေးချယ်ဝယ်ယူလာ
ကြပါတယ်” ဟုလည်း ၎င်းကပြောသည်။

တိုက်ခန်းဈေးကွက်တွင် ယခင် က နေထိုင်ရန်ထက်
ရင်းနှီးမြှုပ်နှံသည့် သဘောဖြင့် ၀ယ်ယူသူများပြားခဲ့သော်
လည်း ယခုအခါ ပြောင်းပြန်ဖြစ်သွားပြီ ဟုလည်း
သိရသည်။

“အရင်တုန်းက တိုက်ခန်းတွေကို ဈေးကစားဖို့ ပြန်ငှား
စားဖို့ စတဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေအတွက် ၀ယ်ယူသူ
တွေရှိခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ တော့ မြေဈေး
တည်ငြိမ်နေတာကြောင့် နေထိုင်ဖို့အတွက် ၀ယ်ယူလို
သူတွေပဲ များလာကြပါပြီ။
နေထိုင်ဖို့ပဲ ၀ယ်ယူလိုကြတော့ တိုက်ခန်းဈေးနှုန်းကွာခြား
တာထက် အကျယ်အ၀န်းကို ပိုပြီး ဦးစားပေးကြည့် လာ
ကြပါတယ်” ဟု ဦးရန်အောင်က မှတ်ချက်ပေးသည်။

ဥပမာအားဖြင့်ဆိုလျှင် ဈေးကွက် တစ်ခုလုံးအနေဖြင့်
တိုက်ခန်းအရောင်း အ၀ယ်ထိုင်းနေသော်လည်း
တောင်ဥက္ကလာပမြို့နယ်တွင်မူ ဈေးကွက်ပြန်ကောင်း
လာနေပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း ပေ ၂၀ မြေတွင်
ဆောက်ထားသည့် ရင်ခွဲတိုက်များမဟုတ်ခြင်းကြောင့်
လည်း အ ကြောင်းရင်းတစ်ခုဖြစ်သည်ဟု အိမ်ခြံမြေ
အကျိုးဆောင်တို့က ဆိုသည်။

ဦးရန်အောင်၏ အဆိုအရ မြောက်ဒဂုံတွင်လည်း
တန်ဖိုးမြင့် ကွန်ဒို တိုက်ခန်းမဟုတ်သော်လည်း
စတုရန်းပေ ၁,၀၀၀ ခန့်ကျယ်ဝန်းသော တိုက်ခန်းကျယ်
များ ဆောက်လုပ်မှုများပြားလာနေပြီး အရောင်းဈေးကွက်
လည်း ကောင်းမွန်နေ ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်တွင် တိုက် ခန်းဝယ်ယူနေထိုင်သူ
တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက တိုက်ခန်းဝယ်ယူရာတွင်
ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ခြင်းနှင့် တိုက်ခန်းအကျယ်အ၀န်း
ကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း ပြောသည်။

“မိသားစုအကုန်လုံး နေ့ဘက် အလုပ်သွားမယ့်သူတွေ
မဟုတ်ဘဲ အိမ်မှာ ပဲ နေထိုင်မယ့် မိသားစုဝင်တွေလည်း
ရှိ လို့ သူတို့ နေ့ရော၊ ညရော နေရမယ့်နေ ရာဆိုတော့
မွန်းကျပ်စရာကောင်းလွန်းလှတဲ့ တိုက်ခန်းကျဉ်းကျဉ်း
လေးထက် ဈေးသင့်တဲ့နေရာက ကျယ်ဝန်းတဲ့ တိုက်ခန်း
ကို ရွေးချယ်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်” ဟု
သူကဆိုသည်။

“အလုပ်လုပ်နေသူတစ်ဦးအတွက် မြို့လယ်ကောင်မြို့
တွေက သွားရလာရ ပိုအဆင်ပြေမယ့် မိသားစုဝင်တွေ
အတွက် တော့ မြို့လယ်ကောင်က အပေါ်ထပ် တိုက်ခန်း
ကျဉ်းလေးထက် မြို့စွန်က ပထမထပ် တိုက်ခန်းကျယ်က
နေထိုင်ဖို့ ပိုအဆင်ပြေရုံမက ဈေးနှုန်းလည်း ပိုမို
သက်သာပါတယ်” ဟုလည်း ၎င်းက မှတ် ချက်ပြုသည်။

မြတ်မင်းဆောက်လုပ်ရေးလုပ် ငန်းမှ ဒါရိုက်တာ
ဦးအောင်မင်းက ဆောက် လုပ်ရေးကဏ္ဍတွင် ၀ယ်ယူလို
သူကို ဦးစား ပေးရသည့် ဈေးကွက်ဖြစ်လာပြီဖြစ်သည့်
အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့်
ဝယ်ယူလိုသူများ လိုချင်သည့် ပုံစံမျိုးကိုသာ ပိုမို
ဆောက်လုပ်လာရ ကြောင်း ပြောသည်။

“နေထိုင်သူတွေ အဆင်ပြေစေဖို့ အဆောက်အအုံ
ဆောက်ကတည်းက တိုက်ခန်းအကျယ်အ၀န်းတွေ၊
အတွင်းပိုင်း အခန်းဖွဲ့စည်းမှုတွေ၊ အလှဆင်တာ တွေကို
ပါ ထည့်သွင်းစဉ်းစားပေးလာကြ ပါပြီ။
အရင်က ကွန်ဒိုတိုက်ခန်းတွေသာ အဲဒီလိုဆောက်လုပ်
ပေး ပေမယ့် အခုတော့ သာမန်အခန်းကျယ်တိုက်ခန်းတွေ
ကိုလည်း ကွန်ဒိုတိုက်ခန်းတွေလိုပဲ အခန်းဖွဲ့စည်းပုံ နဲ့
အတွင်းအပြင် အလှဆင်ဒီဇိုင်းတွေကို ပါ ဆောင်ရွက်ပေး
လာကြပါပြီ” ဟု ဦးအောင် မင်းက ပြောသည်။

တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်လိုအား ရှိနေသည်
မှန်သော်လည်း ထိုဝယ်သူများသည် ဈေးကွက်၏
အစိတ် အပိုင်းတစ်ခုကိုသာ ကိုယ်စားပြုပြီး တန်ဖိုး မြင့်
ကွန်ဒိုခန်းများ မ၀ယ်နိုင်သော်လည်း ဈေးနှုန်းထက်
အခန်းအကျယ်နှင့် ပတ်ဝန်းကျင်ကိုကြည့်ကာ ၀ယ်ယူသူ
များလည်း ရှိလာပြီဟု ဈေးကွက်သတင်းရင်းမြစ် အချို့
က ဆိုကြသည်။

(မယ်တင်)

**********

၂။ "ဈေးတန်သည့် တိုက်ခန်းများ ရှာဖွေဝယ်ယူရန်
အချိန်အခါကောင်းဖြစ်နေ"

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ၀ယ်ရောင်းဈေးကွက်
အနေဖြင့် အရောင်းအ၀ယ်များ နည်းပါးနေသေးသည့်
အခြေအနေရှိသော်လည်း အိမ်ရာအခန်းလိုအပ်ချက်များ
ကြီးမြင့်နေဆဲဖြစ်သည့် ရန်ကုန်မြို့ပြ အိမ်ရာပိုင်ဆိုင်မှု၊
လူနေမှုနှင့် လူဦးရေအချိုးအစားများအရ အိမ်ခန်း
လိုအပ်ချက်များမှာ အမြဲရှိနေပြီး ၀ယ်ရောင်းများ အားလျော့
သွားခြင်းမှ လွဲ၍ အမှန်တကယ်ဝယ်လက်များအတွက်
အိမ်ရာတိုက်ခန်းများ ရှာဖွေငှားရမ်းခြင်း၊၀ယ်ယူခြင်းများမှာ
မြို့နယ်အလိုက် ပုံမှန်အရောင်းအ၀ယ်ဖြစ်မှုများရှိနေဆဲ
ဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များ
က ပြောကြားသည်။

“အ၀ယ်အတွက် စုံစမ်းကြတာတွေရှိပါတယ်။
တချို့ရောင်းမယ့်တိုက်ခန်းတွေဆိုရင်တော်တော်လေး
ဈေးတန်တာတွေ့ရတယ် ။
ဒါတောင်မှ တချို့ဝယ်လိုတွေက ဈေးပိုတန်တာ ထပ်လိုချင်
တာမျိုးလည်း တွေ့ရတယ် ။
မြို့ထဲဘက်တွေလည်း ဈေးချရောင်းလာကြတာတွေ
တွေ့ရပါတယ်။
လမ်းမတော် မော်တင်ဘက်မှာပဲ အရင်လကသိန်း ၈၀၀
လောက်ခေါ်တဲ့အခန်းက ၇၀၀ ကျော်ကျော်နဲ့ ခုတစ်ပတ်ထဲ
အရောင်းအ၀ယ်ဖြစ်တယ်။
ပြီးတော့ စမ်းချောင်းမြို့နယ်ထဲမှာလည်း ခုရက်ပိုင်း
အရောင်းအ၀ယ်ဖြစ်တာရှိပါတယ်။
နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့အထိ ညှိုနှိုင်းပေးပြီး ဖြစ်သွား
ပါတယ်။
အလုံဘက်တွေမှာလည်း ဈေးတန်တဲ့ အခန်းတွေ
အရောင်းခေါ်တာတွေရှိပါတယ်။
အ၀ယ်အတွက်စုံစမ်းကြတာတွေလည်း လာပါတယ်။
တော်တော်များများလိုက်ပြပေးဖြစ်တယ်” ဟု
စမ်းချောင်းမြို့နယ်၊ ဗားဂရာလမ်းမပေါ်ရှိ
Estate Myanmar Enterprise အိမ်ခြံမြေ အကျိုးဆောင်
ကုမ္မဏီရုံးခွဲမှ Sale Executive တာဝန်ခံ
မအက်စတာက ပြောကြားသည်။

ရန်ကုန်အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက် အခြေအနေမှာ
ဝယ်ရောင်းများမှ ရင်းနှီး မြှုပ်နှံမှုများအတွက် ၀ယ်ယူဈေး
ကစားမှုများ ဈေးကွက်အတွင်း လျော့ပါးသွားသည့်အတွက်
အရောင်းအ၀ယ်ဈေးကွက် ကောင်းသော နေရာများ
ဈေးခုန်တတ်ခြင်း ဈေးကစားခြင်းများ နည်းပါး
လာလျက်ရှိသည်။

ပြန်လည်ရောင်းချလိုသည့် ဈေးကွက် ရောင်းလိုအား
အနေဖြင့်မူ ဈေးကောင်းစဉ်အခါ ၀ယ်ယူထားသူများ၏
ရောင်းချလိုသည့် အိမ်ခန်းများနှင့် ဈေးကွက်အေးနေ
သောကြောင့်အမြန်ပြန်လည် ငွေဖော် ဈေးချရောင်းလိုသူ
များပါ အရောင်းခေါ်ဆိုလာသည့်အတွက် အမှန်တကယ်
အိမ်ရာတိုက်ခန်း လိုအပ်ချက်အတွက် ရှာဖွေသည့်
ဝယ်လိုများ အတွက်လည်း တန်ဖိုးအတန်အသင့်ဖြင့်
တိုက်ခန်းနေရာကောင်းများရှာဖွေ ၀ယ်ယူရန် အချိန်အခါ
ကောင်းတစ်ခုပင်ဖြစ်သည်။

(Property Media Team)

credit - iMyanmarHouse com
& Property com mm

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment