"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ အကျိုးများ"
မည်သည့်လုပ်ငန်းမဆို အကျိုးနှင့်အပြစ် ဟူ၍ရှိသည်။
နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်း၏အကျိုးများကို
ရယူလို၍ ဖိတ်ခေါ်ခြင်းဖြစ်သည့်အတွက် အကျိုးကိုသာ
အပေါင်းလက္ခဏာရှုထောင့် အကောင်းမြင်ဝါဒ နှင့်
သုံးသပ်လိုသည်။
အပြစ်ဟူသော အနှုတ် လက္ခဏာ အဆိုးမြင်ဘက်ကို
ချဲ့ထွင်ပြောရန် မသင့်ပါ။ နိုင်ငံခြားမှ လာရောက်ရင်းနှီး
မြှုပ်နှံ သူတို့သည်လည်း မိမိတို့ အကျိုးအမြတ်ရရှိ ရေး
အတွက်သာ အဓိကထားလာရောက်လုပ်ကိုင်ခြင်းဖြစ်၍
အကျိုးကို ထိခိုက်စေမည့် အပြစ် ဟူသမျှ ရှောင်ရှား
ကြမည်သာဖြစ်သည်။
Transnational Corporation စသော နိုင်ငံတကာသို့
သွားရောက်ရင်းနှီးလုပ်ကိုင်သော လုပ်ငန်းရှင်ဟူသရွေ့
သည် နိုင်ငံတကာ၏ စီးပွားရေး လုပ်နည်းစနစ်ကို
နားလည်တတ်ကျွမ်းသူများပီပီ ဥပဒေကို ချိုးဖောက်လုပ်
ကိုင်မည့်သူများ မဟုတ်၊ နိုင်ငံတကာတွင် ရရှိပြီးသော
ဂုဏ်သိက္ခာကို အထိအခိုက်ခံမည်မဟုတ်သော ကြောင့်
ပြစ်မှုကျူးလွန်လေ့ရှိမည်မဟုတ်ချေ။
ထိုသို့သွားရောက်လုပ်ကိုင်သည့် နိုင်ငံအသီး သီးတွင်
ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ
ချမှတ်ပေးထားသည့် အပြင် ထိုနိုင်ငံတွင် ရာဇဝတ်မှု၊
တရားမမှု နှင့် အခြားပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
စသောတည်ဆဲဥပဒေများရှိပြီးဖြစ်၍ အပြစ် လုပ်လျှင်၊
ဥပဒေဖောက်လျှင် အရေးယူအပြစ် ပေးခံရမည်သာ
ဖြစ်သည်။
ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအကြောင်းကို
အပြစ်ပိုင်းဆိုင်ရာ မပြောလိုပါ။ အကျိုးရှိမည့်အချက်များ
ကိုသာ ပြောမည်ဖြစ်ပါသည်။
ဦးစွာပထမသိထားရန်မှာ နိုင်ငံခြားမှ လုပ်ငန်းရှင်များ
ဘာကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလို
ကြသနည်းဟူသောအချက်ကို ရှင်းလင်းစွာ
သဘောပေါက်ရန် လိုသည်။ ထို့နောက်မှ မိမိတို့ဘက်မှ
ဘာအကျိုး ကို မျှော်ကိုး၍ ဖိတ်ခေါ်သည်ကို တွေးတော
ရယူရန်ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး
လုပ်ငန်းရှင်များဟူသည် ကမ္ဘာ ပေါ်ရှိ အခြားနိုင်ငံများစွာ
တွင်လည်း သွား ရောက်ရင်းနှီးမြှုပ်နှံ၍ စီးပွားရေး
လုပ်ကိုင်နေ သူများသာ ဖြစ်ပါမည်။
စီးပွားရေးလုပ်ကိုင်သူ များသည် ပို၍အကွက် အကွင်း
ကောင်းသော၊ ပို၍အမြတ်အစွန်းရနိုင်သော ဒေသ၊ နိုင်ငံ
များသို့သာ စီးပွားရေးလုပ်ငန်း သွားရောက်ချဲ့ထွင်
လုပ်ကိုင်ကြမည်ဖြစ်သည်။
အကျိုးအမြတ်မရ ရှိနိုင်သောနေရာသို့ မည်သည့်
စီးပွားရေးလုပ် ငန်းရှင်ကမျှ သွားရောက်ရင်းနှီး လုပ်ကိုင်
မည် မဟုတ်ပေ။ အဘက်ဘက်က တွက်ချက်ပြီး ရေရှည်
လုပ်ကိုင်ရန် အခြေအနေကောင်းမှ၊ အရင်းကြေကာလ
တိုပြီး မြန်မှ၊ စီးပွားရေး တွက်ခြေကိုက်မှသာ မြန်မာနိုင်ငံ
သို့ နိုင်ငံခြား မှ လုပ်ငန်းရှင်ကြီးများ လာရောက်ရင်းနှီး
မြှုပ်နှံ လုပ်ကိုင်ကြမည်ဖြစ်သည်ကို ရှင်းလင်းစွာ
သိမြင်ပြီးဖြစ်ရပါမည်။
ဤသို့သိထားပြီးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ
လာရောက်လုပ်ကိုင်ချင်အောင်၊ လုပ်ကိုင်နိုင်အောင်
အခင်းအကျင်းများ ခင်းကျင်း ပေးတတ်မည်ဖြစ်သည်။
လာရောက်လုပ်ကိုင်ရန် လွယ်ကူအောင်၊ လာလုပ်လို့
ကောင်းအောင်၊ တာရှည်လုပ်ရန် အဆင်ပြေအောင်
အဘက် ဘက်က ပြည့်စုံသည့် လုပ်ကွင်းလုပ်ကွက်များ
စီစဉ်ဖော်ဆောင်ပေးရန် လိုအပ်သည်။
ဤသို့ လုပ်ပေးခြင်းသည် လိုသည်ထက်ပို၍ မျက်နှာသာ
ပေးခြင်းလည်းမဟုတ်၊ ပို၍အလိုလိုက်ခြင်း လည်းမဟုတ်၊
အခြေခံလိုအပ်ချက်ကို ပီပြင်စွာ ဖြည့်ဆည်းပေးရုံသာ
ဖြစ်သည်။
အရေးကြီးသည်မှာ မဆလခေတ်က၊ ယခင်ခေတ်က
ရှုမြင်မှားခဲ့သလို နိုင်ငံခြားသား များ လာရောက်လုပ်ကိုင်
သည်ကို မိမိတိုင်းပြည်မှ သယံဇာတများ လာရောက်၍
အမြတ်ကြီး စားယူသွားသည်၊ ကုပ်သွေးစုပ်သွားသည်ဟု
မမြင်သင့်တော့။
အကျိုးတူပူးပေါင်းဆောင်ရွက်နေသော စီးပွားရေးမိတ်ဖက်
ကောင်းများ ဖြစ်သည်ဟုသာ သဘောထား(Mind Set)
ကောင်းကောင်းနှင့် ခံယူတတ်ရန် လိုသည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် လက်ဝါးကြီးအုပ်၊ အမြတ်
ထုတ်၍ အခွင့်ထူးခံလုပ်ခွင့်ရသော ခရိုနီစီးပွားရေးခေတ်က
ကြီးပွားချမ်းသာခဲ့သော ပြည်တွင်းလုပ်ငန်းရှင်ကြီးများသည်
နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သူများနှင့် လွတ်လပ်စွာ
ယှဉ်ပြိုင်လုပ်ကိုင်ရမည်ကို စိုးရိမ်တိုင်း နိုင်ငံ ခြားမှလာ
လုပ်မည့်သူတို့ကို နည်းမျိုးစုံနှင့် ဟန့် တားသည့်
လှုံ့ဆော်ချက်အသံနှင့် ပြုမူချက် ဟန်များကို ယနေ့ခေတ်
လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိသူများနှင့် လွတ်လပ်စွာ
ပူးပေါင်း ဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ
နားမယောင်ရန် အလွန်အရေးကြီးသည်။
ဤသို့သော ဆူးငြောင့်ခလုတ် အတားအဆီးများကို
ခပ်ပေါ့ပေါ့ထားခဲ့သောကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဥပဒေ အကြိမ်ကြိမ်ဆွဲရ၊ အကြိမ်ကြိမ်
ထုတ်ရ၊ ထုတ်သလောက် အဆင်မပြေရ၊ အဆင်မပြေ
သည် နှင့် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူ များ
ပြူတစ်ပြူတစ်နှင့် စောင့်ကြည့်ခဲ့ရ၊ ဝင် လာသင့်သလောက်
ဝင်မလာဘဲ အလွန်နှေး ကွေးနည်းပါးရ စသဖြင့် မဖြစ်သင့်
သည်များ ဖြစ်နေသည့်အကြောင်းရင်းကို
သင်ခန်းစာ ယူသင့်ပေသည်။
အမှန်မှာ နိုင်ငံခြားသားများနှင့် နိုင်ငံ ခြားမှ လာရောက်
ရင်းနှီးလုပ်ကိုင်လိုသူများကို ကလန်လိုက်၊ ကန်လိုက်၊
ဟန့်တားနိုင်သလောက် ဟန့်တားလိုက် စသောလုပ်ရပ်များ
မရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများပြုလုပ်ရုံမက
လာချင်အောင်၊ လာရောက်ရင်းနှီးလုပ် ကိုင်ချင်အောင်
သူတို့အတွက် စင်္ကြန်ကောင်း များ ဖန်တီးပေးခြင်း၊
လမ်းကြောင်းကောင်း ကောင်းများ ဖောက်ပေးခြင်း၊
ချောမောသော အခင်းများ ခင်းပေးခြင်းကို ပြုရပေမည်။
၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက် တွင် အသစ်
ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်
၂ဝ၁၇ ခုနှစ် မတ် ၃ဝ ရက်တွင်မှ ထွက်ရှိခဲ့သော နည်း
ဥပဒေများသည် ယခင်ကနှင့်စာလျှင် ပိုမိုကောင်းမွန်သော
စင်္ကြန် များ ခင်းပေးခဲ့ခြင်းဟု ဆိုနိုင်သည်။
ထို့ပြင် လာရောက်လုပ်ကိုင်သူများအတွက် ဇုန်သုံး ဇုန်ခွဲ၍
ဦးစားပေးဆောင်ရွက်ပေးခြင်း၊ ကြီး ကျယ်သောလုပ်ငန်း
ကြီးများသာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်၍
ခွင့်ပြုချက် ယူရန်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ငါးသန်း
အထိ ကျပ်ငွေ သိန်း ၆ဝဝဝဝ အထိသာ လုပ်ကိုင်မည့်
လုပ်ငန်းများကို ပြည်နယ်၊ တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှု
ကော်မတီကိုသာ တင်ပြ အတည်ပြုချက်ရယူ၍
လုပ်ကိုင်ခွင့်ပြုခြင်း စသော ထူးခြားသည့်အစီအမံသစ်များ
ချမှတ် ၍ လာလုပ်သူများ လွယ်ကူအောင်
စီစဉ်ပေး ထားသည်။
ဒီကြားထဲ အချို့အနှုတ်လက္ခဏာဆောင်သူများက
ပြောသည်။ နိုင်ငံခြားသားကို ဤမျှ မျက်နှာသာပေး၍
လာလုပ်စေခြင်းမှာ မြန်မာ နိုင်ငံအတွက် မည်မျှအကျိုးရှိ၍
နည်းဟူ၏။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျှင်
မြန်မာနိုင်ငံက ရရှိမည့်အကျိုးကျေးဇူး များမှာ များလည်း
များသည်။ အရေးလည်း ကြီးသည်။ ဤအကျိုးများကို
စီးပွားရေးသမား နှင့် ပြည်သူအများ သိရှိအောင်
ဟောပြောပွဲများ ကျင်းပခြင်း၊ သင်တန်းများဖွင့်၍ သင်ခြင်း၊
ဖိုရမ်များ ကျင်းပခြင်းသာမက တာဝန်ရှိသူ များ၊ ကျွမ်းကျင်
သူများနှင့် မကြာခဏ လူတွေ့ မေးမြန်း၍ ရုပ်သံမှ
ထုတ်လွှင့်ပေးရန် လိုသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေရန် လိုသည်။
*****
"အကျိုးများ"
(၁) သယံဇာတပစ္စည်းများကို အကျိုးရှိစွာ ထုတ်ယူနိုင်ခြင်း
သယံဇာတပစ္စည်း ပေါကြွယ်ဝပါသည် ဆိုသော မြန်မာနိုင်ငံ
တွင် ထိုသယံဇာတများ ကို အဆင့်ရှိရှိ မထုတ်မသုံးတတ်၍
လေလွင့် ဆုံးရှုံးမှုကြီးစွာရှိခဲ့သည်။
ခဲမဖြူ၊ သံဖြူ၊ သွပ်၊ ဘော်၊ ဝူးဖရမ်းများကို အင်္ဂလိပ်တို့
ထုတ်ယူခဲ့ရာမှ မြန်မာတို့လက်ထက် တိမ်ကောလာခဲ့သည်။
ကျောက်စိမ်း၊ ပတ္တမြား၊ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့
များကို ကုန်ကြမ်းအဆင့်သာ ထုတ်ယူပြီး
Finished Products/Value Added အဆင့် မလုပ်နိုင်ခဲ့၍
များစွာဆုံးရှုံး ခဲ့သည်။
သဘာဝသယံဇာတများကို ကုန်ချော ထုတ်လုပ်သည်အထိ
အကြီးစားစက်ရုံများတည်ထောင်ဆောင်ရွက်ရန် နိုင်ငံခြားမှ
လာ ရောက်ရင်းနှီးလုပ်ကိုင်မှသာဖြစ်နိုင်၍ အကျိုး
ပိုရပေမည်။
(၂) ပြည်ပပို့ကုန်များ ပို၍အဆင့်မြင့်၊ ပို၍ များစွာတင်ပို့နိုင်ခြင်း
ယနေ့ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်လုပ် ငန်းကို
Export Oriented အဆင့် စက်မှုလုပ်ငန်းကြီးများ မလုပ်နိုင်၍
ပြည်ပပို့ကုန် တန်ဖိုး အလွန်နည်းသည်။
သွင်းရန်တန်ဖိုးထက်နည်း၍ Balance of Payment တွင်
အမြဲအရှုံးပြသည်။
နိုင်ငံခြားမှ အလုံးအရင်း နှင့် ထုတ်ကုန်စက်ရုံများ လာရောက်
လုပ်ကိုင် မှ ပို့ကုန်တန်ဖိုး တက်လာမည်။
(၃) သွင်းကုန်တန်ဖိုး လျှော့ချနိုင်ခြင်း
ပြည်ပမှ လူသုံး၊ အိမ်သုံး၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်း
ထုတ်လုပ်သည့် စက်ရုံကြီးများ လာရောက်လုပ်ကိုင်ပါမှ
ယနေ့ မြန်မာနိုင်ငံသည် ပြည်ပမှတင်သွင်းသောတန်ဖိုး များ
လျော့ကျနိုင်မည်။
အရှိန်ရလာလျှင် Import Substitution ခေါ်သွင်းကုန်
အစားထိုးစက်ရုံများကြောင့် Balance of Trade တွင်
အသာစီးရလာမည်။
ရေရှည်တွင် ထို စက်ရုံများက ထုတ်လုပ်သောပစ္စည်းများ
ပြည်ပ သို့ တင်ပို့လာနိုင်မည်။
(၄) ဂျီဒီပီ တိုးတက်လာခြင်း
နိုင်ငံခြားမှ စက်ရုံအလုပ်ရုံများကြောင့် ကုန်ထုတ်လုပ်ငန်း၊
ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်
လာပြီး ပြည်တွင်း စုစုပေါင်းထုတ်ကုန်(ဝန်ဆောင်မှု) တန်ဖိုး
ဂျီဒီပီတိုးတက်လာမည်။
(၅) ဘတ်ဂျက်လိုငွေ လျော့နည်းကျဆင်း လာခြင်း
Balance of Payment ပြည်ပငွေပေး ငွေယူလက်ကျန်
ရှင်းတမ်းတွင် အမြတ်ရလာ သောအခါ နိုင်ငံတော်ဘဏ္ဍာငွေ
တိုးတက် လာပြီး ဘတ်ဂျက်လိုငွေ လျော့နည်းကျဆင်း
လာမည်။
(၆) ငွေကြေးဖောင်းပွမှု ကျဆင်းလာခြင်း
ဘတ်ဂျက်လိုငွေ နည်းလာခြင်းကြောင့် ငွေစက္ကူအသစ်
ရိုက်ထုတ်ရန် မလိုတော့ဘဲ ငွေ ကြေးဖောင်းပွမှု ကျဆင်း
လာမည်။
ငွေလဲလှယ် နှုန်းတွင် မြန်မာကျပ်ငွေတန်ဖိုး တက်လာမည်။
(၇) ကုန်ဈေးနှုန်း ကျဆင်းလာခြင်း
ငွေကြေးဖောင်းပွမှုကျပြီး ပြည်ပသွင်းကုန်တန်ဖိုးကျသဖြင့်
ကုန်ဈေးနှုန်းကျပြီး အသုံး စရိတ်၊ ထုတ်ကုန်အရင်းအနှီးတို့
ကျဆင်းလျော့ နည်းမည်။
(၈) ဆင်းရဲနွမ်းပါးမှု ကျဆင်းလာခြင်း
ပြည်တွင်း၌ စက်ရုံကြီးများမှ ထုတ်လုပ်အားကောင်း၍
GDP တက်လာပြီး ထုတ်ကုန်ပစ္စည်းပေါများကာ Supply
ရောင်းလိုအား တက်လာသောအခါ ဝယ်လိုအားကို
ပြည့်မီမည်။
အသုံးစရိတ်ထွက်ငွေ လျော့ကျလာသောအခါ ဝင်ငွေက
လောက်င လာမည်။ ဝင်ငွေဖြင့် လုံလောက်အောင်
သုံးစွဲနိုင်လျှင် ဆင်းရဲမှုနှုန်း ကျဆင်းလာမည်။
(၉) အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်း
ပြည်သူအများ နိုင်ငံခြားက ရင်းနှီးလုပ် ကိုင်သောစက်ရုံများ
တွင် အလုပ်အကိုင်များ ရရှိမည်။
(၁ဝ) နည်းပညာများ မြင့်တက်ခြင်း၊
ခေတ်သစ်စက်ကိရိယာများ သုံးတတ်ခြင်း
နိုင်ငံခြားမှလာလုပ်သော နည်းပညာ များရရှိပြီး ပြည်ပမှ
လာလုပ်သည့် ခေတ်သစ် စက်ကိရိယာများ သုံးတတ်
လာမည်။
(၁၁) လူ့စွမ်းအားအရင်းအမြစ် မြင့်တက်လာခြင်း
လူတို့၏ အရည်အချင်းနှင့် စွမ်းအားများ မြင့်တက်လာပြီး
လူနေမှုအဆင့်အတန်းပါ မြင့်တက်လာပေမည်။
credit - Yangon Media Group
**********
“မှတ်ချက်”
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်း
ဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
*****
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment