“စံချိန်တင် ဒေါ်လာဈေး၏ နောက်ကွယ်”
၁။ "ဒေါ်လာဈေးကစားမှု အစိုးရစိစစ်နေပြီ"
လက်ရှိဒေါ်လာဈေးဆက်တိုက်မြင့်တက်နေတာတွေဟာ
ပြည်ပအခြေအနေထက် ပြည်တွင်းဈေးကစားနေသူတွေ
ကြောင့်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေတာကြောင့်
သည်ကိစ္စကို အစိုးရအနေနဲ့  စိစစ်နေပြီလို့ သိရပါတယ်။
ပြည်ပကုန်သွယ်ရေးအခြေအနေတွေကြောင့်မေလ
ကတည်းကတက်လာတဲ့ဒေါ်လာဈေးက
၁၆ဝဝကျော်သွားခဲ့ပါပြီ။
အခုလို ဒေါ်လာဈေးတွေဆက်တိုက်မြင့်တက်နေတာ
ဟာ ကမ္ဘာ့ ကုန်သွယ်ရေးအခြေအနေတွေကြောင့်လို့
ဆိုပေမယ့် မြန်မာနိုင်ငံရဲ့အခြေအနေကတော့ တစ်ခြား
နိုင်ငံတွေရဲ့ မြင့်တက်မှုနှုန်းထက်ပိုမိုနေပါတယ်။
ဒါဟာ ငွေဈေးကစားသူတွေကြောင့်လို့ ငွေကြေး
ဈေးကွက်ကလုပ်ငန်းရှင်တွေကသုံးသပ်နေကြပါတယ်။
နိုင်ငံတော် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ
ဦးဇော်ဌေးက
"အရင်တုန်းကလိုမျိုးဆိုရင် တစ်ခါတည်းဆွဲစိလိုက်
တာပေါ့နော် အဲဒါဆိုရင် ငြိမ်သွားတယ်။
ဒီလိုတော့ အခု လုပ်လည်းမလုပ်ဘူး။
လုပ်လည်း မလုပ်ချင်ဘူး။
သို့ သော် ဒီ သွားနေတဲ့ many Transition ကို
ရအောင် လုပ်နေတယ်။
ဝယ်တဲ့သူတွေ ဘာ့ကြောင့်ဝယ်လဲ။
ဘယ်နေရာမှာသုံးလဲ။ဘယ်သူတွေက ဝယ်လဲ။
ရောင်းတဲ့သူတွေက ဘာ့ကြောင့် လဲ။
ဘယ်ကနေရတဲ့ပိုက်ဆံလဲ။
ဝယ်တဲ့သူကလည်း ဥပမာ မြန်မာငွေနဲ့ အစိမ်းတွေ
ပြန်ဝယ်တယ်။မြန်မာငွေက တရားဝင်ငွေလား ငွေမဲ
တွေလား။ဘယ်ကရတဲ့ပိုက်ဆံတွေလည်း။
ဒါမျိုးပေါ့နော်။တိတိကျကျကျွန်တော်တို့ ဖြစ်အောင်
လုပ်နေတယ်။
အဲဒါပြီးရင်တော့ ကျွန်တော်တို့ သင့်တော်တဲ့ action
ကတော့ သူ့ ဟာနဲ့ သူထွက်လာပါလိမ့်မယ်"
လို့ ပြောပါတယ်။
မေလလောက်ကစပြီးဒေါ်လာဈေးတွေကမ္ဘာ့ဈေးကွက်
မှာသိသိသာသာမြင့်တက်ခဲ့တယ်။ ပြည်တွင်းဈေးကွက်
မှာ ဇွန်လကစပြီး သုံးလအတွင်း လအလိုက်ဖြစ်ပေါ်
ခဲ့တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေက
ဇွန်လမှာ ၁၄၀၀ ကျပ်ခန့် ၊
ဇူလိုင်လမှာ ၁၄၄၀ ကျပ်ခန့် နဲ့ 
သြဂုတ်လမှာ ၁၅၇၀ ကျပ်အထိ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
စက်တင်ဘာလထဲမှာတော့ ၁၆၀၀ ကျပ်ပတ်ချာလည်
အထိရောက်ရှိခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာဒေါ်လာဈေး တက်တာကြောင့်
ကုန်သွယ်ရေးဦးစီးဌာနကနေ ပိတ်ထားတဲ့ Re-export
လိုင်စင်ထုတ်ပေးခြင်းကိစ္စမှာ ပိတ်ပြီးတဲ့အထိ
Re-export အများအပြားရယူထားတဲ့သူတွေက ပါမစ်
တွေရောင်းချနေတယ်ဆိုတဲ့ကိစ္စကိုလည်း ဘာ့ကြောင့်
သည်လိုဖြစ်တယ်ဆိုတာကို အစိုးရအနေနဲ့ စိစစ်သွား
မယ်လို့ သိရပါတယ်။
ဦးဇော်ဌေးက
"Re-export ပိတ်တဲ့အချိန်မှာ export ပါမစ်တွေ
အများကြီးယူထားတယ်ဆိုတဲ့ဟာ။
ပြီးတော့ ပါမစ်ပြန်ရောင်းစားတယ်ဆိုတဲ့ ဟာတွေလည်း
သတင်းတွေကြားရတယ်။
ဒါပေမယ့် ဒါတွေက ပြောကြားချက်တွေပဲဖြစ်တယ်။
ဒါတွေ confirm ဖြစ်ဖို့ ကွင်းဆင်းစစ်ဖို့ ကြိုးစားနေတယ်။
confirmation ရပြီဆိုရင်တော့ ရတဲ့အချက်အလက်
ပေါ့နော်။
တကယ့်လက်တွေ့ အနေအထားက ဘယ်လိုဆိုတာ
သိမှ ကျွန်တော်တို့ က လုပ်လို့ ရမှာ" လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးနဲ့ အပြိုင်
ရွှေဈေး၊စက်သုံးဆီဈေးနဲ့ အခြားအခြေခံစားသောက်ကုန်
တွေလည်း မြင့်တက်နေပြီး ရွှေဈေးဆိုရင်
ကျပ် ၁၀၄၀၀၀၀ ကျော်ခန့် ရောက်ရှိနေပြီဖြစ်ပါတယ်။
(မာရီခိုင်)
*****
၂။ "ဒေါ်လာဈေး ထိုးတက်နေခြင်းမှာ လောင်းကစား
ဆန်ဆန် ဈေးကစားမှုများကြောင့် ဟုဆို"
ပြည်တွင်းငွေကြေး လဲလှယ်ရေးဈေးကွက်တွင် ဒေါ်လာ
ဈေးမှာ သန်းနှင့်ချီ၍ လောင်းကစားဆန်ဆန် ဈေးကစား
မှုများ ရှိနေသဖြင့် ဒေါ်လာဈေး ထိုးတက်နေခြင်းဖြစ်
ကြောင်း နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်အတွင်းမှ
စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဒေါ်လာဈေးမှာ ၁ ဒေါ်လာလျှင် ကျပ် ၁၆၂၀
ကျော်ထိ မြင့်တက်နေပြီး အချိန်ပိုင်း၊ မိနစ်ပိုင်းအတွင်း
အပြောင်းအလဲများ ဖြစ်နေကြောင်း၊
မြန်မာနိုင်ငံတော် အစိုးရ ဗဟိုဘဏ်အနေဖြင့်လည်း
ဈေးကွက်တွင် ညို၍ မရဖြစ်နေကြောင်း မြန်မာ ကျပ်ငွေ
နှင့် နိုင်ငံခြားငွေ လဲလှယ်သူများ က ပြောသည်။
နိုင်ငံခြားငွေ ရောင်းဝယ်သူ ဦးခင်မောင်ဝင်း က
“ကျရင်လည်းဇွတ်ကျတယ်။
အခုကတော့ လောင်းကစားဆန်ဆန် သွားနေတော့
အတက်ပဲ သွားနေတယ်။
ဥပမာ Money changer ကို ဗန်းပြပြီးတော့ ကစားနေ
တဲ့သူတွေလည်း အများကြီးပဲ။ ဒါမျိုးတွေ ရှိတယ်။
တနေ့ကို (ဒေါ်လာ) သန်းနဲ့ချီပြီးတော့ ဈေးကွက်မှာ
ဝင်ကစားနေကြတယ်။ အကွာအဝေးကို ညနေကျရင်
အလျှော်အစားလုပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စီးပွားရေး ပညာရှင် ဦးမင်းခင် က
“ဒီတရားမဝင် ငွေကြေးသက်ရောက်မှုက မြန်မာပြည်မ
ောတော်တော်ကြီးတယ်။
တရားမဝင် စီးပွားရေး ကဏ္ဍပေါ့။
ဒါကလည်း အရွယ်အစား ဘယ်လောက်ကြီးတယ်
ဆိုတာ ဘယ်သူမှ အတိအကျမသိဘူး။
အဲတော့ တရားဝင်စီးပွားရေးနဲ့ ဆတူလောက်ရှိလား။
ပိုကြီးလား ပြောရခက်တယ်”ဟု ရှင်းပြသည်။
နိုင်ငံခြား ငွေဈေးကွက်လေ့လာသူ ဦးစန်းဝင်းကတော့
ဈေးကွက်အတွင်း၌ အမြင့်ဆုံးဆိုသည့် စံချိန်တင်ဈေး
သို့ ရောက်ရှိနေသော်လည်း လောလောဆယ်တွင်
လေနှင့် အရောင်းအဝယ်ပြုလုပ်မှုများ များနေသည်ဟု
ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေးနှုန်းမြင့်တက်မှု
မှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယဉ်လျှင် ၈၀ ရာခိုင်နှုန်း
ခန့် ဖောင်းပွမှု ရှိလာကြောင်း ဒေါ်လာရောင်းဝယ်ရေး
လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်း က
“ကျနော်တို့ ပြည်သူတွေ အပါအဝင် ငွေရှိတဲ့သူတွေက
ဒေါ်လာ ဝယ်ယူ စုဆောင်း တာပေါ့။
အမှန်တော့ ဒေါ်လာ ဝယ်ချင်တဲ့သူတွေက ပြန်ရောင်း
ချင်ရင်တောင် ၃၊ ၄ သိန်းရောင်းဖို့ မလွယ်ဘူး ။
ဒါကြောင့် ဝယ်ယူ စုဆောင်းတဲ့ လူတွေရှိတယ်။
ဒီလူတွေကြောင့် ဖြစ်သင့်တဲ့ ဈေးထက် ပိုပြီးတက်
လာတယ်။ ကျနော်တို့ အမှန်တော့ ဒေါ်လာဈေး
ဒီလောက်တော့ တက်ဖို့ မလွယ်ဘူး” ဟု ပြောသည်။
ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဈေးကစားကြခြင်းမှာ
မှောင်ခိုဈေးကွက် ပေါ်လာပြီး နောက်ပိုင်းတွင် ဖြစ်လာ
ခြင်းဖြစ်ကြောင်း၊ ဒေါ်လာဈေး တက်လာခြင်းသည်
တိုင်းပြည် စီးပွားရေးအပေါ် ရိုက်ခတ်လာကြောင်း
စီးပွားရေးပညာရှင် ဦးမင်းခင် က ပြောသည်။
ဦးမင်းခင် က
“ဒေါ်လာဈေးမြင့်တက်တာက ဘာကိုရိုက်ခတ်လဲ
ဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးလှုပ်ရှားမှု ရှိသင့်
သလောက် ရှိနေတယ်ဆိုတာပြတယ်။
အခုတက်တာက ပြည်တွင်းဈေးကွက် လူပ်ရှားမှုကြောင့်
ဖြစ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့်
အမျိုးသားစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ
တွင် စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာဝန်ကြီးများ၊ ဗဟိုဘဏ်
ဒုဥက္ကဋ္ဌ အစရှိသည့် တာဝန်ရှိသူများ ပါဝင်ပြီး
ထိုကော်မတီက ရန်ကုန်တိုင်းရှိ ငွေကြေးအရောင်းအဝယ်
ပြုလုပ်နေသောသူများကို ခေါ်ယူ တွေ့ဆုံထားသည်။
ဒေါက်တာ စိုးထွန်းကတော့ လက်ရှိကြုံတွေ့နေရသည့်
ဒေါ်လာဈေးပြဿနာ ရင်းမြစ်ကို အဖြေရှာနိုင်ရေး၊
အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်မှ ယွမ်ငွေကို
မြန်မာနိုင်ငံ အတွင်း ဒေါ်လာအဖြစ် ပြန်ဝင်နေသည့်
အခြေအနေအပါအဝင် အချက် ၇ ချက်ကို အမျိုးသား
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီထံ
တင်ပြထားပြီး လာမည့် အပတ်တွင် ကော်မတီဘက်မှ
အကြောင်းပြန်လာလိမ့်မည်ဟုဆိုသည်။
ဒေါက်တာစိုးထွန်း က
“ငွေကြေးနဲ့ ပတ်သက်တဲ့ ဈေးကွက်မရှိဘူး။
မရှိတော့ ဗဟိုဘဏ်က သတ်မှတ်တာ ဈေးတမျိုး၊
အပြင်မှာ ဈေးတခု ဖြစ်နေတယ်။
ဒါနဲ့ ပတ်သက်ပြီးတော့ တရားဝင်ဈေးကွက် ဖြစ်လာဖို့
တင်ပြထားတယ်”ဟု ပြောသည်။
ပြည်တွင်း၌ ငွေကြေးဝယ်ယူသူများကို ဗဟိုဘဏ်မှလည်း
တွေ့ဆုံလိုကြောင်း ပြောကြားထားသည်ဟုလည်း
ဒေါက်တာ စိုးထွန်းက ပြောသည်။
ဒေါ်လာဈေး တက်နေသည့် အခြေအနေနှင့် ပတ်သက်၍
အစိုးရအနေဖြင့် အများပြည်သူများ၏ အကြံဉာဏ်များ
ယူပြီး ယခုထက်ပို၍ ကြိုးစား လုပ်ဆောင် သင့်ကြောင်း၊
ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှ လုပ်ဆောင်ရမည့်
အချက်များလည်းရှိကြောင်း၊
တရားမဝင် လုပ်ကိုင် နေသည်များကိုလည်း တရားဝင်
အဖြစ် ပြောင်းလဲ လုပ်ကိုင်လာနိုင်စေရန် ဆောင်ရွက်
ပေးသင့်ကြောင်း စီးပွားရေး ပညာရှင် ဦးမင်းခင် က
ပြောသည်။
(မျိုးပပစန်း)
credit - Kumudra &
Irrawaddy Publishing Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0