“ရန်ကုန် ဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲ”
၁။ "စည်ပင်ပိုင်ဆိုင်ခန်းများကို အမွေဆိုင်ပစ္စည်း
ကဲ့သို့ သဘောထားနေခြင်းအပေါ် ကိုင်တွယ်မည်ဟု
ဦးဖြိုးမင်းသိန်းသတိပေး"
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပိုင်
ဈေး များတွင် ဖွင့်လှစ်လုပ်ကိုင်နေ သည့် ဆိုင်ခန်းများ၌
ငှားသူနှင့် ငှားရမ်းသူအကြား အချိန်မရွေး စာချုပ်ပျက်
ပြယ်နိုင်ပြီး အမွေဆိုင် ပစ္စည်းကဲ့သို့ သဘောထားနေခြင်း
များအပေါ် ကိုင်တွယ်ရန်ရှိသည် ဟု ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။
အဆိုပါဆိုင်ခန်းများတွင် ဖွင့်လှစ် ရောင်းချနေသူများသည်
ယင်းဆိုင်ခန်းကို ၎င်းတို့ပိုင်ဆိုင်သည်ဟု သဘောထား
နေခြင်းများမှာ လွဲမှားနေသည်ဟု သြဂုတ် ၂၄ ရက်က
တိုင်းအစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာဆောင်ရွက်မှု
အခြေအနေများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
‘‘စာချုပ်ပျက်ပြယ်သွားရင် အငှားက ရပ်ဆိုင်းလိုက်လို့
ရပါ တယ်။
ဒီဥစ္စာကအမွေဆိုင်ပစ္စည်း လိုဖြစ်နေတာကိုက ဥပဒေ
လုပ်ထုံး လုပ်နည်းနဲ့အညီ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ဒီဥစ္စာကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့
အညီ ကျွန်တော်တို့ ကိုင်တွယ်ဖို့ရှိပါတယ်’’ ဟု
ဦးဖြိုးမင်းသိန်းကပြောသည်။
ထို့အပြင် စည်ပင်ပိုင်ဈေး အများစု၏ ဈေးဝင်းဆိုင်ခန်းများ
သည် စည်ကားမှုမရှိဘဲ ဈေးအပြင်ဘက် နေရာများတွင်
သာ အ ရောင်းအဝယ် ဖြစ်နေခြင်းအပေါ် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့က ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
ထိုသို့စည်ကားမှုနည်းကာ ဈေးအင်္ဂါရပ်နှင့် ကိုက်ညီခြင်း
မရှိသော ဈေးများကို ပုဂ္ဂလိကနှင့်အ ကျိုးတူပူးပေါင်း၍
အဆင့်မြှင့်တင်မည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ
လက်အောက်တွင် ဖွင့်လှစ်ထားသည့် ဈေး ၁၈၀ ခန့်
ရှိကြောင်း ဈေးများဌာန ထုတ်ပြန်ချက်စာရင်းများ၌
ဖော်ပြထားသည်။
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြုလုပ်ပြီးပါက
ယင်းဈေး ၏ စီမံခန့်ခွဲမှုများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်
ပြုရန်ရှိသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် လမ်းဘေးဈေးသည်များကြောင့် လမ်းသွား၊
လမ်းလာများနှင့် ယာဉ်များအခက်အခဲ ရှိနေခြင်းများ
အပေါ် ဆက်လက်ဖြေရှင်းဆောင်ရွက်မည်ဖြစ်ပြီး
ယင်းဈေးသည်များ ထံမှ တရားမဝင် အခွန်အခ
ကောက်ယူနေသူများကိုလည်း ဖော်ထုတ်အရေးယူမည်
ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။
‘‘လမ်းမတွေဟာ အများ ပြည်သူ လမ်းလျှောက်ဖို့နဲ့
ကားတွေမောင်းဖို့ဖြစ်ပါတယ်။
ဒီနေရာတွေမှာ စည်းကမ်းမဲ့ဆောင်ရွက်နေသူအားလုံး
ကိုလည်း ဥပဒေနဲ့အညီ ကျွန်တော်တို့ဆောင်ရွက်ပါမယ်’’
ဟု ၎င်းကပြောသည်။
(မိုးမင်း၊ ထွန်းထွန်းမင်း)
*****
၂။ "ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်အား
ရန်ကုန်မြို့တော် စည်ပင်သာယာရေး လက်အောက်သို့
လွှဲပြောင်းမည်"
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်အား ရန်ကုန်
မြို့တော် စည်ပင်သာယာရေး လက်အောက်သို့ လွှဲပြောင်း
မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ကျွန်တော်တို့ ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ခုရှိပါတယ်။
ဒါက မြို့တော်စည်ပင်သာယာကို လွှဲပြောင်းပြီး
တိုင်းဒေသကြီးကနေ အဆင့်မြှင့်တင်ရေး ကဏ္ဍတွေကို
ကျွန်တော်တို့ ကြိုးပမ်းဖို့ ဆောင်ရွက်နေပါတယ်” ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
စက်မှုဇုန်မြေကွက်များတွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိ
သည့် မြေကွက်လပ်များနှင့် ပတ်သက်ပြီးစက်ရုံအလုပ်ရုံ
လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကွက်လပ်ဖြစ်နေ
သည့် မြေကွက်ပိုင်ရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်
ဆောင်ရွက်နေကြောင်း သိရသည်။
“စက်မှုဇုန်တွေမှာ မြေကွက်အလွတ် အများကြီးတော့
မရှိတော့ပါဘူး။
ကျန်ရှိနေသေးတဲ့ နေရာတွေကို ရှင်းလင်းဖို့ ဆက်လက်
ဆောင်ရွက်သွားမယ်။
စက်မှုဇုန်တွေကို အဆင့်မြှင့်တင်တဲ့ နေရာမှာလည်း
သင့်တင့်မျှတတဲ့ ၀န်ဆောင်မှုစရိတ်ကိုယူပြီး စက်မှုဇုန်
တွေကို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာ
ဖြစ်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြင်ဆင်
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု
ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ
စိတ်ဝင်စားမှုရှိနေကြောင်း၊
သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား မြေပေးနိုင်မှု
နှင့် ၀န်ဆောင်မှုပေးနိုင်သည့် အခြေအနေမျိုးကို ဖန်တီး
တည်ဆောက်ရန် အတွက် စက်မှုဇုန်အသစ်နှင့် မြို့ပြ
စီမံကိန်းအသစ်များ တည်ဆောက်ပြီး မြေကိုသင့်တင့်
မျှတသည့်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပြင်ဆင်
နေကြောင်း ၎င်းကပြောကြားသည်။
“ဒီအခြေအနေတွေကတော့ ဒဂုံအရှေ့ဘက်မှာ ပြင်ဆင်
နေတာတွေရှိတယ်။
ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ပြင်ဆင်နေတာတွေ
ရှိပါတယ်။
ဒီအပြင် ရေကြောင်းပို့ဆောင်ရေးအရ ကုန်စည်စီးဆင်းမှု
တွေ လုပ်နိုင်ဖို့ Dry Port တွေလုပ်နိုင်ဖို့ Dry Port တွေ
တည်ဆောက်ပေးဖို့အတွက် ကြိုးစားနေပါတယ်” ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
စက်မှုဇုန်များတွင် မြေရယူထားသူများ အနေဖြင့် ဥပဒေ
လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းလုပ်ကိုင်ရန် အဆောက်
အအုံများ တည်ဆောက်ရမည် ဖြစ်ကြောင်း၊
လုပ်ကိုင်ခြင်း မရှိပါက ပြန်လည်သိမ်းယူရမည်ဟု
ပါရှိကြောင်း၊
သို့သော် မြေရယူထားသူ အချို့သည် လုပ်ငန်း
လုပ်ကိုင်ခြင်း မရှိသူများလည်းရှိကြောင်း၊
လုပ်ငန်းလုပ်ကိုင်သူနှင့် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသူများ
ကိုလည်း ပြန်လည်စိစစ်ထားကြောင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“အခုအချိန်အခါမှာ မြေကွက်လပ် တော်တော်များများမှာ
ဆောက်ကြတယ်။ အနည်းငယ် ကျန်နေသေးတယ်။
အဲဒီသူတွေကို ဆက်သွယ်ဖို့ အခက်အခဲ ရှိနေတယ်။
ဒီအတွက် စက်မှုဇုန်တွေ အတွင်းမှာရှိတဲ့ မြေကွက်
တွေကို၊ အမှန်အတိုင်းပြောရင်တော့ တကယ်ရင်းနှီး
မြှုပ်နှံလိုသူတွေ လက်ထဲမှာ ဒီမြေကွက်တွေက ရှိမယ်
ဆိုရင် ပိုအကျိုးရှိနိုင်တယ်။
မလုပ်လို့ ဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုရင်
သိမ်းဆည်းတာတွေ လုပ်လို့ရနိုင်တယ်။ မြေကွက်ကို
အကောင်အထည် ဖော်ရမှာပဲဖြစ်တယ်။ သိမ်းဖို့ဆိုတာ
ထက် လုပ်ဖို့ကို ကျွန်တော်တို့ ဦးတည်တာဖြစ်တယ်။
လုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ တိုးတက်မှု ပိုဖြစ်နိုင်
ပါတယ်” ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
(ဆန်းထူးအောင်)
*****
၃။ "ကျူးကျော်များ ၇ သောင်း၊ ၁ သိန်းပေးရုံဖြင့်
တိုက်ခန်းပေါ်ရောက်နိုင်ရေး ဆောင်ရွက်နေ"
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ ကျူးကျော်နေထိုင်သူတွေ
အနေနဲ့ ငွေကျပ် ၇ သောင်း ၊ ၁ သိန်းပေးရုံနဲ့ တိုက်ခန်း
ပေါ်ရောက်နိုင်အောင် ဆောင်ရွက်နေတယ်လို့
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောပါတယ်။
ဒီဈေးနှုန်းနဲ့ ရောင်းမယ့် အစီအစဉ်ကိုလည်း မြေပြင်က
ကျူးကျော်နေထိုင်သူတွေကို မေးမြန်းပြီးမှ ဆောင်ရွက်
နေတာလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
“သူတို့ကို ကျနော်မေးပြီးပါပြီ ၇ သောင်း ၁ သိန်းလောက်
ဆိုရင် သူတို့ပေးနိုင်ပါတယ်။
သူတို့ကို နှစ်ရှည်ချေးငွေနဲ့ ဒီအိမ်တွေကို ဆောက်ပေး
နိုင်မလား။ ဒါသူတို့ဘက်က လိုချင်မှာ။
သူတို့လည်း ဒီရေဗွက်ရေအိုင်ထဲက ကျူးကျော်ဘ၀က
သူတို့လွတ်ချင်ပါတယ်။
ကျနော်တို့က လည်း လုပ်ပေးချင်ပါတယ်။
ဒါပေမယ့် ဒီရင်းနှီးမြှုပ်နှံမှုကို လာလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု
ကြီးကြီးကို ကျနော်တို့ ညှိနှိုင်းနေပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒါဟာ နှစ်ရှည်ချေးငွေ တခုနဲ့
အနှစ် ၃၀ လောက် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။”
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး လက်ရှိမှာ လာရောက်ရင်းနှီး
မြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ဆွေးနွေးပြီး
ဆောက်လုပ်မယ့် မြေနေရာကို အစိုးရက ရှာဖွေနေတယ်
လို့ ဆိုပါတယ်။
တိုက်ခန်း တသိန်းခွဲလောက်ပါတဲ့ ဒီ စီမံကိန်းမှာနေထိုင်
ရမဲ့ သူတွေအနေနဲ့ အမှန်တကယ် ကျူးကျော်နေထိုင်သူ
ဟုတ်၊ မဟုတ်ကိုလည်း အစိုးရအဖွဲ့က စိစစ်နေတယ်လို့
ပြောပါတယ်။
တိုင်းအစိုးရအနေနဲ့ ကျူးကျော်တွေကို စာရင်းကောက်လို့
စမတ်ကတ်တွေ ထုတ်ပေး ထားပြီး စာရင်းအရ ကတ်ပြား
ထုတ်ယူထားသူ ၁ သိန်းခွဲလောက်မှာ လူဦးရေ ၄ သိန်း
လောက် ပါနေတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
(ပြည့်ဘုန်းအောင်)
credit - 7day Daily / Eleven Media Group
& DVB
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
The best casino sites with the best mobile app for iOS and Android
ReplyDeleteCasino 안양 출장마사지 reviews and bonuses from The Top 원주 출장샵 Sites with 문경 출장샵 Best Mobile App for 원주 출장안마 iOS and Android · WildCard · Casino.ag · Café Casino · Red Dog Casino · 서산 출장샵 LeoVegas.