Saturday, September 1, 2018

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှ”


“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ
တွေ့ဆုံပွဲမှ”

၁။ "သယံဇာတရောင်းပြီး ငွေမရှာချင်သောကြောင့် အခွန်
ကောက်ခံခြင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပြောကြား"

နိုင်ငံတစ်နိုင်ငံအနေဖြင့် သိက္ခာရှိရှိ ရပ်တည်နိုင်ရန်
အစိုးရအနေဖြင့် အခွန်ကောက်ခံနေခြင်းသည် တိုင်းပြည်
၏ သယံဇာတများကို ရောင်းပြီး ငွေမရှာချင်သောကြောင့်
ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“မျှတအောင်လို့ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားပြီး
တော့ လုပ်ပါမယ်။ ပေးတဲ့လူတွေရောပေါ့နော်။
ပေးတဲ့လူတွေအတွက်လည်း မျှမျှတတ ဖြစ်အောင်လို့၊
အစိုးရအတွက်လည်း မျှမျှတတ ဖြစ်အောင်လို့၊
အစိုးရ အတွက်ဆိုတာ အစိုးရဟာ နိုင်ငံ့အတွက် သုံးဖို့
ငွေလို လို့ပါ။
ဒီအခွန်အကောက်တွေ မရှိဘဲနဲ့ ကျွန်မတို့နိုင်ငံရဲ့ သယံ
ဇာတပစ္စည်းတွေကို ရောင်းချပြီးတော့ ငွေရှာတဲ့ကိစ္စမျိုး
ကျွန်မတို့ မလုပ်ချင်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်က ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်များ၊ သာမန်ပြည်သူများတို့ထံမှ
ချွေးနှဲစာများကို ဖြတ်ယူခြင်းမဟုတ်ပဲ ပြည်သူများ အတွက်
ပြန်လည်သုံးစွဲရန်သာဖြစ်သည်ဟု ထည့်သွင်းပြောကြား
ခဲ့သေးသည်။

သြဂုတ်လ ၂၇ ရက်နေ့၊ နေပြည်တော်ရှိ မြန်မာ
အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပ
ပြုလုပ်သော စီးပွားရေုးလုပ်ငန်းရှင်များနှင့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံသည့်ပွဲတွင် မြန်မာနိုင်ငံ၊
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ
ဦးဝင်းရှိန်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

ဦးဝင်းရှိန်က ဆောက်လုပ်ရေး တိုက်ခန်းများ ကဏ္ဍတွင်
ပြည်တွင်းမှ ၀ယ်ယူသူများ ၊ နိုင်ငံခြားမှ ၀ယ်ယူသူများ
အပေါ်တွင် အခွန်နှုန်းများကို ဖြေလျော့ပေးရန်နှင့် အခွန်
နှုန်းသတ်မှတ်ရာတွင် သက်ဆိုင်ရာဌာနများနှင့်
လုပ်ငန်းရှင်များ သေချာစွာဆွေးနွေးပြီးမှ လုပ်ဆောင်
ပေးရန် တောင်းဆိုမေးမြန်းခဲ့သည်။

“၂၀၁၆ ခုနှစ်မှာ အခြေပစ္စည်းကရတဲ့ အခွန်အခ
လိုင်းတားလိုက်ပါ။ ပေါင်းထားပါ။
ဒုတိယ ၂၀၁၇ ခုနှစ်မှာ အခြေပစ္စည်းက ရတဲ့တိုက်ခန်း
တွေက ရတဲ့ငွေ၊ အခွန်အခရတဲ့ငွေ လိုင်းတားလိုက်ပါ။
၂၀၁၈ ခုနှစ်မှာ ရမယ့် အခွန်အခငွေ လိုင်းတားလိုက်ပါ။
ကျွန်တော်တို့ အခွန်နှုန်းတွေအတွက် လျှော့ပြီးမှ
၂၀၁၉ ခုနှစ်မှာ အကယ်၍ များ ၁၈ ထက်ကို ကျသွားမယ်
ဆိုရင် လိုအပ်တဲ့ဘဏ္ဍာငွေအားလုံးကို ကျွန်တော်တို့
ဒီ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်အသင်း
ဥက္ကဋ္ဌတစ်ယောက်အနေနဲ့တာဝန်ယူပြီးတော့
ကျွန်တော်တို့ အားလုံးစုပေါင်းပြီးတော့ ဖြည့်တင်းပြီးတာ့
လျော်ပါမယ်” ဟု ဦးဝင်းရှိန်က မေးမြန်းရာတွင်
ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့
ရန်နှင့် ရေရှည်ခိုင်မာနိုင်ရန်အတွက် နိုင်ငံ အသုံးစရိတ်
အတွက် လုံလောက်သည့် အခွန်အကောက်ပမာဏများ
ရရှိရန်လိုအပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအားလုံးက
ဝိုင်းဝန်းပြီးကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က
“ဘယ်နိုင်ငံမှာမှ အခွန်တွေက အသေသတ်မှတ်ထားတယ်
လို့ မရှိပါဘူး။
အချိန်ကာလအားလျော်စွာ လိုရင် လိုအပ်သလို ပြောင်းလဲ
ရတာဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့လည်း ဒါကို ခေါင်းထဲမှာ ထားပါမယ်။
အထူးသဖြင့် နိုင်ငံတော် ရှုံးခဲ့လို့ရှိရင် အားလုံးပြန်ဆပ်မယ်
ဆိုတော့လည်း ကျွန်မတို့ ဒီဟာကို လျော့လျော့ပေါ့ပေါ့နဲ့
စဉ်းစားပေးဖို့ ကြိုးစားပါမယ်” ဟု ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းစီးပွားရေး၊ ဒေါ်လာဈေး
အတက်အကျအပါအ၀င် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ
မေးမြန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ ထိပ်တန်း
စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

(အောင်မြတ်သူ)

*****

၂။ “အိမ်ခြံမြေ ၊ကွန်ဒို ၊တိုက်ခန်းတွေအပေါ် အခွန်လျော့
ပေးလို့ လက်ရှိရတာထက်ပိုမရပါက လိုတဲ့အခွန်ငွေကို
ကိုယ်ပိုင်ငွေမှစိုက်ဖြည့်ပေးမယ်လို့ တက်လမ်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်က အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့
လောင်းကြေးထပ်”

မရွေ့မပြောင်းနိုင်သောအခြေပစ္စည်းအပေါ်တိုးမြှင့်ကောက်
ခံနေလို့ရရှိတဲ့အခွန်ငွေပမာဏထက် အခွန်နှုန်းလျော့ချ
ကောက်ခံရင်ရရှိငွေပိုများလာမှာမို့အစိုးရအနေနဲ့ ယင်းအခွန်
နှုန်းကိုလျော့ပေါ့ပေးဖို့ တက်လမ်းဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးရှိန်ဝင်းက သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ ရင်းပြီးအာမ
ခံကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြတောင်းဆို
ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ 
စီးပွားရေးလုပ်ငန်းရှင်များတွေ့ ဆုံပွဲမှာ အခြေပစ္စည်း
(အိမ်ခြံမြေအပါအဝင်မရွှေ့မပြောင်းနိုင်သောပစ္စည်း)အပေါ်
လက်ရှိကောက်ခံနေတဲ့နှုန်းထားတွေလျှော့ပေးလိုက်တဲ့
အတွက် ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး
နိုင်ငံတော်ရဲ့ အခွန်ရရှိမှုလျော့နည်းသွားရင်သူ့ရဲ့
ပိုင်ဆိုင်မှုနဲ့စိုက်ထုတ်ပေးမယ်ဆိုပြီး လောင်းကြေးထပ်
တင်ပြသွားပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ
ဥက္ကဌ ဦးရှိန်ဝင်းက
”ကျွန်တော့်အနေနဲ့ ပြောတာက မျဉ်းတာလိုက်ပါ။
၂၀၁၆ ခုနှစ်မှာ အိမ်နဲ့ အခြေပစ္စည်းနဲ့ ပတ်သက်ပြီးတော့
ရတဲ့ငွေအားလုံးကို မျဉ်းတားလိုက်ပါ၊
၂၀၁၇ ခုနှစ်အိမ်နဲ့ အခြေပစ္စည်းကရောင်းတာတွေကို
မျဉ်းတာလိုက်၊
၂၀၁၈ ခုနှစ်မှာ အခုရတဲ့ အခွန်အခတွေ မျဉ်းတာလိုက်ပါ။
ကျွန်တော်တို့ ကွန်ဒိုမီနီယံ Law ထွက်လာပြီ
လုပ်ငန်းရှင်တွေအတွက် ဝယ်ခွန်တွေကို လျော့ပေါ့ပေးမှ
သာလျှင် ကျွန်တော်တို့ ကလည်း ဝယ်နိုင်မှာဖြစ်ပါတယ်။
ဝယ်နိုင်ဖို့ အတွက်လည်းနိုင်ငံသားတွေဝယ်ဖို့ အတွက်
လည်း မျှတတဲ့အခွန်နှုန်းထားနဲ့ မက်လုံးပေးပြီးတော့
စိတ်ဝင်စားတဲ့ အခွန်နှုန်းဖြစ်ဖို့ လိုပါတယ်။
တို့စိတို့ စိလေး လျှော့လို့ လည်း အဆင်ပြေမှာ
မဟုတ်ပါဘူး။
ကျွန်တော်တို့ ကွန်ဒိုမီနီယံတိုက်ခန်းရောင်းတဲ့နေရာမှာ
ကျွန်တော်တို့ က ရောင်းလိုအားနဲ့ ဝယ်လိုအားရှိပါတယ်။
ဝယ်လိုအားမရှိဘူးဆိုရင် ရောင်းတဲ့လူကဘာမှ
ဆောက်လုပ်နိုင်မှာမဟုတ်ပါဘူး။
ကွန်ဒိုမီနီယံနဲ့ ပတ်သက်ပြီးတော့ ကွန်ဒိုမီနီယံ Law ပဲ
ကျန်ခဲ့ပြီးတော့ ကွန်ဒိုမီနီယံတိုက်ခန်း ဆိုတာလည်း
ပေါ်လာမှာမဟုတ်ပါဘူး`လို့ ပြောပါတယ်။

သူကဆက်ပြီး
"ဒါ့ကြောင့် ဒီနေ့ အမေ (ဒေါ်အောင်ဆန်းစုကြည်)Open
မှာပြောတဲ့ ကျွန်တော်တို့ မှာရှိတဲ့ လက်တွေ့ ခံစားနေ
ရတဲ့ကိစ္စအားလုံးနဲ့  တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့
အခွန်နှုန်းလျော့ချဖို့ ကိစ္စကို ကျွန်တော်တို့ ရဲရဲဝင့်ဝင့်နဲ့ 
ကျွန်တော်တို့ အသင်းအနေနဲ့ ရော ၊ဥက္ကဌတစ်ယောက်
အနေနဲ့ ရော ဒါကို တာဝန်ယူပြီးတော့
ဒါကို အလောင်းအစားဒီနေ့ လုပ်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ လျော်မှာပါ။
နိုင်ငံတော်အတွက်လျော်တာ ကျွန်တော်တို့ အတွက် ဘာမှ
နိုင်ငံအတွက် လျော်ရတာပဲ ပြည်သူအတွက်လျော်ရတာပဲ
ကျွန်တော်တို့ဘာမှ နှမြှောခြင်းလည်းမရှိဘူး တွန့် တိုခြင်း
လည်းမရှိပါဘူး" လို့ ပြောပါတယ်။

အသင်းအနေနဲ့မဟုတ်ရင်လည်း သူပိုင်တဲ့စည်းစိမ်တွေနဲ့
စိုက်လျော်ပါမယ်လို့လည်းဦးရှိန်ဝင်းကဆိုပါတယ်။

နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ကတော့ ဥက္ကဌ ဦးရှိန်ဝင်းရဲ့ 
တင်ပြချက်နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အခွန်အခတွေ
ကောက်ရတာဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကြောင့်
ကောက်ခံနေရတာဖြစ်ကြောင်း ပြန်လည်ပြောဆိုသလို
ဥက္ကဌရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း
"မှတ်ထားမယ်နော်" လို့ ပြောဆိုသွားပါတယ်။

လက်ရှိထွက်ပေါ်လာပြီဖြစ်တဲ့ ကွန်ဒိုမီနီယံဥပဒေကတော့
နိုင်ငံတော်အနေနဲ့  ၅ နှစ်နဲ့ ၉ လကြာအောင်အချိန်ယူပြီး
ရေးဆွဲခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

(မာရီခိုင်)

*****

၃။ "ဒေါ်လာဈေးအတက်အကျတွင် မြန်မာနိုင်ငံ၏ စီးပွားရေး
တောင့်တင်းခိုင်မာမှုမရှိ၍ ဂယက်ရိုက်နေဟု အတိုင်ပင်ခံ
ပုဂ္ဂိုလ်ပြောကြား"

ဒေါ်လာဈေးအတက်အကျတွင် မြန်မာနိုင်ငံ၏စီးပွားရေး
တောင့်တင်းခိုင်မာမှုမရှိ၍ ဂယက်ရိုက်နေခြင်း ဖြစ်ကြောင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
က ပြောကြားသည်။

"ဒေါ်လာဈေးအတက်အကျဖြစ်ခြင်းအကြောင်းအရင်း
ကတော့ ပြင်ပကနေစတာပါ။
ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးတောင့်တင်းခိုင်မာမှုက
ရှိသလောက်မရှိတဲ့ အခါကျတော့ ပိုပြီးတော့ ကျွန်မတို့
အပေါ်မှာ ဂယက်ရိုက် တာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒါတွေမဖြစ်အောင်အားလုံးဝိုင်းပြီးကြိုးစားဖို့
လည်းလိုပါတယ်" ဟု
ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

သြဂုတ်လ ၂၇ရက်က နေပြည်တော်ရှိ MICC (1)တွင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်း ရှင်များ
ဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ အမေရိကန်ဒေါ်လာနှင့်
ပြည်တွင်းကျပ်ငွေလဲလှယ်နှုန်းသည် အတက်အကျမြန်ဆန်
နေလျှင် စီးပွားရေးကို အင်မတန်ထိခိုက်စေမှာဖြစ်ကြောင်း
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆွေးနွေးခဲ့သည်။

"Exchange Rate အပေါ်မှာလည်းသုံးသပ်ပါတယ်။
သုံးသပ်တဲ့နေရာမှာ ကျွန်တော်တို့အသင်းသားတွေပေါ့။
အ ထူးသဖြင့် Importer Exporter Investor တွေပေါ့။
အားလုံးဖိတ်ခေါ်ပြီးတော့ဆွေးနွေးတဲ့အခါမှာ ဒီလို
Exchange Rate နဲ့ပတ်သက်ပြီး အတက်အကျကြမ်းတဲ့
အခါမှာ စီးပွားရေးကို အင်မတန်ထိခိုက်မှာဖြစ်တဲ့အတွက်
ကျွန်တော်တို့ အချက် ၄ချက်ကို ဆွေးနွေးရရှိပါတယ်" ဟု
ဦးဇော်မင်းဝင်း ကပြောသည်။

ယခုကဲ့သို့ ဒေါ်လာဈေးမြင့်တက်လာမှုအတွက်
ရေရှည်လုပ်ဆောင်သွားရမည့်အချက်များရှိသကဲ့သို့
ကာလလတ်၊ ကာလတို လုပ်ဆောင်ရမည့် အချက်များ
ကိုလည်း ဆွေးနွေးဆောင်ရွက်မှုများ လုပ်ဆောင်
နေကြောင်း သိရသည်။

ထို့ပြင်ကမ္ဘာပေါ်၌ ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း
မြင့်တက်မှုသည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု များ
ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးဆက်အောင် ကပြောသည်။

"ရေရှည်ပြုပြင်ပြောင်းလဲရမယ့်အချက်တွေလည်း
တော်တော်များပါတယ်။
ဒေါ်လာ Demand တွေ အရမ်းတက် လာပြီးတော့
တက်တဲ့ကိစ္စပေါ့။
အဲဒီထဲမှာ Exportတွေ တိုးတက်အောင်လုပ်ရမှာပါတယ်။
နောက်ပြီး Import Substitution တွေပါတယ်။
နောက်ပြီး Investment တွေတိုးတက်ရမှာပါတယ်။
ဒါကရေရှည်ကို တစ်စိုက်မတ် မတ်လုပ်သွားရမယ့်အချက်
တွေဖြစ်ပါတယ်။
ရေရှည်လုပ်ရမယ့်အချက်တွေအပြင် ရေတိုလုပ်ရမယ့်
အချက်တွေ ကော နောက်ပြီး ကာလလတ် လုပ်ရမယ့်
အချက်အလက်တွေကောအများကြီး ဆွေးနွေးခဲ့ပါတယ်"
ဟု ဦးဆက်အောင် ကပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကဲ့သို့ မက်ခရိုစီးပွားရေး
အားနည်းနေသေးသည့် နိုင်ငံများတွင် ဒေါ်လာဈေး
မြင့်တက်မှု၏ ရိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားရကြောင်း
အဆိုပါတွေ့ဆုံပွဲမှ သိရသည်။

(မိုးမြင့်ဇော်)

credit - Mizzima Burmese & Kumudra News

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment