Sunday, November 15, 2015

“မြေငှားဂရန်ထုတ်ပေးသည့်သတင်းများ အကြောင်းတစေ့တစောင်း”


“မြေငှားဂရန်ထုတ်ပေးသည့်သတင်းများ အကြောင်း
တစေ့တစောင်း”


(အနယ်နယ် အရပ်ရပ်
ဂရန်ထုတ်ပေးသည့်သတင်းများနှင့် အတူ
မည်သို့သော အခြေအနေ၊
မည်သည့် အနေအထား၊
မည်သည့် ပုံစံတွင် ဂရန်ထုတ်ပေးတတ်သည်ကို
မိတ်ဆွေများ တစ်စုတဝေးတည်း
ဖတ်ရှုလေ့လာနိုင်ဖို့ရန် 
လက်လှမ်းမီသမျှ စုစည်းပြီး
တင်ပေးလိုက်ပါသည်။

မည်သို့ပင်ဆိုစေ
ဆောက်ဖြစ်မှကျောင်းဒကာ၊
ပေးသူရှိမှ ယူခွင့်ရှိမယ် ဆိုတဲ့
စကားလေးတွေကိုတော့
နှလုံးသွင်းထားဖို့ လိုမယ်နော် … ။)

*****

၁။ "မြို့ဧရိယာအတွင်းပါဝင်ပြီး လူနေထိုင်သည့်
လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်၍
မြေဂရန်ထုတ်ပေးမည်"

မြို့ဧရိယာအတွင်းပါဝင်ပြီး သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်း
မရှိတော့ဘဲ နှစ်ကာလကြာရှည်စွာ လူနေထိုင်သည့်
လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်ကာ
မြေဂရန်များထုတ်ပေးမည် ဖြစ်ကြောင်း
မန္တလေးတိုင်းအစိုးရ အဖွဲ့ ဘဏ္ဍာရေးဝန်ကြီး
ဒေါက်တာ မြင့်ကြူက ပြောသည်။

မန္တလေးတိုင်းမှ   မြို့နယ်အားလုံးရှိ  မြို့ဧရိယာအတွင်း
ကျရောက်နေသော လယ်ယာမြေများကို မြို့မြေအဖြစ်
သတ်မှတ် ပေးကာ မြေငှားဂရန်များ ထုတ် ပေးနိုင်ရန်
၂၀၁၃ ဇူလိုင်မှ စတင်ကာ စီစဉ်နေခြင်းဖြစ်သည်ဟု
ဒေါက်တာမြင့်ကြူကဆိုသည်။

လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်ကာ
မြေဂရန် ထုတ်ပေးနိုင်ရန် ကနဦးအဆင့်အဖြစ်
မြန်မာနိုင်ငံနယ်မြေသတ်မှတ် ချက် ဥပဒေအရ
သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်နယ်နိမိတ် ဧရိယာ
သတ်မှတ်တိုင်းတာမည် ဖြစ်သည်။

ထိုသို့တိုင်းတာသတ် မှတ်ပြီးနောက်
*** မြို့နယ်ဧရိယာအတွင်းပါဝင်နေပြီး
သီးနှံစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိတော့ဘဲ
နေအိမ်အဆောက်အအုံဆောက်လုပ်ထားသည့်
လယ်ယာမြေများကို မြို့မြေအဖြစ် သတ်မှတ်ပေးကာ
မြေဂရန်ထုတ်ပေးမည် *** ဟု ဆို သည်။

လက်ရှိတွင် မြို့နယ်နိမိတ်တိုင်းတာသတ်မှတ်ရန်
မန္တလေးတိုင်းရှိ ကျောက်ဆည်မြို့အပါအ၀င် ၂၃ မြို့နယ်တွင်
- သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများအား
နယ်နိမိတ်သတ်မှတ်ရေးအရာရှိအဖြစ် လည်းကောင်း၊
- လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန
မြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိအဖြစ်
လည်းကောင်း
ပြီးခဲ့သည့် ဇူလိုင်မှစတင်ကာ လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြန်
ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု ဒေါက်တာ မြင့်ကြူကပြောသည်။

*** ကျေးလက်နေပြည်သူများ ပိုင်ဆိုင်သည့်
အိမ်ခြံမြေကွက်များကိုပင် မြေငှားဂရန်ထုတ်ပေးနိုင်ရန်
စီစဉ်နေပြီဖြစ်၍
မြို့ပေါ်ကျရောက်နေသည့် လယ်ယာမြေများကိုလည်း
မြေဂရန်ထုတ်ပေးနိုင်ရန် စီစဉ်ခြင်းဖြစ်သည် *** ဟု
ဒေါက်တာ မြင့်ကြူက ပြောသည်။

ထိုသို့မြေပေါ်ရှိ လယ်ယာ မြေများကို မြေဂရန်ထုတ်ပေးမည့်
အစီအစဉ်သည် အိမ်ခြံမြေ ဈေးကွက်အပေါ် ကြီးမားသည့်
ရိုက်ခတ်မှုရှိလာနိုင်သည်ဟု မန္တလေးမြို့ခံ
အိမ်ခြံမြေအကျိုး ဆောင်များက ခန့်မှန်းသည်။

လက်ရှိအခြေအနေအရလည်း မြို့နှင့်ထိစပ်နေသည့်
လယ်ယာမြေများ ဈေးနှုန်းမြင့်တက်လာနိုင်ပြီး
လယ်ယာမြေ၀ယ်ယူစုဆောင်းထားသည့် စီးပွားရေးသမားများ
အကျိုးအမြတ်ကြီးနိုင်သည်ဟု အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။

‘‘ဒီသတင်းမထွက်ခင်က တည်းက စီးပွားရေးသမားတွေက
လယ်ယာမြေတွေကို ၀ယ်ရင်း ထားကြတယ်။
မြို့မြေကို ၀ယ်ရင် အခွန်ဆောင်ရမယ်။
လယ်ယာ မြေကို ၀ယ်ရင် အခွန်ဆောင်စရာ မလိုဘူး။
အဲဒါကြောင့် လယ်မြေ ၀ယ်စုကြတာ။
အခုလို မြို့ပေါ်က လယ်ယာမြေတွေ ဂရန်ထုတ်ပေး မယ်ဆို
ရင်တော့ မြေစုထားတဲ့သူ တွေအကျိုးအမြတ်များနိုင်တယ်’’ဟု
မန္တလေးမြို့ ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ
ဦးနေလင်းအောင်က ပြောသည်။

မန္တလေးမြို့ဝန်းကျင်ရှိ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး၊
မတ္တ ရာ၊ ကျောက်ဆည်စသည့်မြို့နယ် များတွင် မြို့ဧရိယာနှင့်
ဆက်စပ် နေသည့် လယ်ယာမြေအများအ ပြားရှိပြီး
ယင်းလယ်ယာမြေများကို ဒေသခံတောင်သူများ ပိုင်ဆိုင်မှု
မရှိတော့ဘဲ စီးပွားရေးသမားများက ၀ယ်ယူထားကြပြီး
ဖြစ်သည်ဟု ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

(မောင်တာ)

******

၂။ "တစ်မြို့နယ်လျှင် တစ်ရွာနှုန်း မြေငှားဂရန် ချထားပြီ"

သမ္မတ ဦးသိန်းစိန်၏ တနိုင်ငံလုံးရှိ ကျေးရွာများကို
မြေငှားဂရန် လုပ်ဆောင်ပေးရမည် ဆိုသည့် လမ်းညွှန်ချက်အရ
တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင်
တမြို့နယ်လျှင် ရွာတရွာနှုန်း ရွေးချယ်ကာ
ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာသည့် မြေငှားဂရန်များ
ပေးအပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

ကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်မှု အထောက်အထား
ရရှိနိုင်ရန်အတွက် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများတွင်
အောက်တိုဘာလ အတွင်း၌ မြေငှားဂရမ်များ ပေးအပ်လျက်
ရှိသကဲ့သို့ အခြားတိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း
လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက
ပြောသည်။

အိမ်ဝင်းအတွင်း ဆောက်လုပ်ထားသည့်
အဆောက်အဦ ခိုင်မာမှုအပေါ် မူတည်၍ ၁၀ နှစ်ဂရန်နှင့်
နှစ် ၃၀ ဂရန်ဟူ၍ မြေငှား ဂရန် အမျိုးအစား ၂ မျိုး ခွဲခြား
သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း
ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှုး ဦးမြင့်နိုင်က
ဧရာဝတီသို့ ပြောသည်။

ဦးမြင့်နိုင်က
“ *** အခုပေးတဲ့ မြေငှားဂရန်က မူလရွာမြေကိုပဲပေးတာ
ဖြစ်ပါတယ်။ လယ်မြေတွေအပေါ် တိုးချဲ့ထားတဲ့
ရွာမြေတွေကိုတော့ မပေးပါဘူး။ ***
မြေငှား ဂရန်သက်တမ်းကုန်ဖို့ ၃ လလိုရင် သက်တမ်းတိုး
ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

*** ၁၀ နှစ် ဂရန်အား နှစ် ၃၀ ဂရန်အဖြစ် ပြောင်းလဲလိုပါက
အဆောက်အဦ ခိုင်မာအောင် ဆောက်လုပ်ပြီး
နောက်တကြိမ် သက်တမ်း တိုးချိန်တွင် ပြောင်းလဲ
လျှောက်ထားနိုင်ကြောင်း ***
ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြားသည်။

ကျေးရွာများအား မြေငှားဂရန် ပေးအပ်ရာတွင် တစ်ဧကလျှင်
တသိန်းနှုန်း တန်ဖိုးသက်မှတ်ကာ တနှစ်လျှင် ခြောက်ရာခိုင်နှုန်း
အခွန်ဆောင်ရမည်ဖြစ်သောကြောင့်
အိမ်ဝင်းမှာ တစ်ဧကကျယ်လျှင် ၆၀၀၀ ကျပ်၊
ဧက တဝက် ကျယ်လျှင် ၃၀၀၀ ကျပ် စသည်ဖြင့်
မြေအကျယ်အဝန်းကို လိုက်၍ အခွန်ဆောင်ရမည် ဖြစ်သည်ဟု
သိရသည်။

*** အနိမ့်ဆုံး အိမ်ခြေ ၁၀၀ ရှိခြင်း၊
မြေပိုင်ဆိုင်မှု အရှုပ်အရှင်း ကင်းခြင်း၊
လမ်းပန်း ဆက်သွယ်ရေးကောင်းခြင်း၊
ရွာ၏ တည်ဆောက်ပုံ နေရာ အနေအထား ကောင်းခြင်း
စသည့် စံနှုန်းများအပေါ် မူတည်၍
တမြို့နယ်လျှင် တရွာနှုန်းစံပြကျေးရွာအဖြစ် ရွေးချယ်ကာ
မြေငှား ဂရန်များ စတင်လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ***
ကျန်ရှိသောရွာများအတွက် မြေငှားဂရန်များ ဆက်လက်
လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကြေးတိုင်နှင့် မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦးက
“အခြားကျေးရွာတွေကိုလည်း ဆက်လုပ်ပေးမှာပါ။
လုပ်ငန်းစဉ် များပြားတဲ့အတွက် အချိန်ကာလကတော့ နှစ်နဲ့ချီ
ကြာနိုင်ပါတယ်။ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရင်တော့
မြန်ပါတယ်”ဟု ဆိုသည်။

လူနေထိုင်ခွင့်အတွက် မြေငှားဂရန်၊ စက်မှုလုပ်ငန်းသုံး မြေငှားဂရန်၊
သာသနာ့ လုပ်ငန်းသုံး မြေငှားဂရန် စသည်ဖြင့် မြေငှားဂရန် ၇ မျိုး
ရှိသည့်အနက် ယခုပေးသည့် မြေငှားဂရန် အမျိုးအစားမှာ
လူနေထိုင်ခွင့်ပေးသည့် မြေငှားဂရန် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကူး၊ တံတားဦး၊
အမရပူရနှင့် ပုသိမ်ကြီးစသည့် မြို့များမှ စံပြကျေးရွာများအား
မြေငှားဂရန် ပေးအပ်သည့် အခမ်းအနားများကို
အောက်တိုဘာလအတွင်း အဆိုပါ ကျေးရွာများ၌
ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

ဖိုးစမ်းချောင်း(ဧရာဝတီ)

*****

၃။ "မြို့နယ်လေးခုရှိ စည်ပင်မြေပေါ်တွင် ၁၂ နှစ်နှင့်အထက်
ကျူးကျော်နေထိုင်သူများကို ဂရန်ထုတ်ပေးမည်ဟုဆို"

ရန်ကုန်မြို့ မြို့နယ်လေးခုရှိ စည်ပင်ပိုင်မြေများပေါ်တွင် ၁၂ နှစ်နှင့်
အထက် ကျူးကျော်နေထိုင် သူများကို ဂရန်များထုတ်ပေးရန်
စိစစ်နေကြောင်း သတင်းရရှိသည်။

သာကေတ၊ ဒေါပုံ၊ တောင် ဥက္ကလာပနှင့် မြောက်ဥက္ကလာပ
မြို့နယ်များတွင် နေထိုင်သည့် ကျူးကျော်များကို
ဂရန်ထုတ်ပေး မည်ဖြစ်ကြောင်း၊
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက
စက်တင်ဘာ ၁၆ ရက်၌ ခေါ်ယူတွေ့ဆုံပြီး ဂရန်ထုတ်ပေး ရန်
သတ်မှတ်ချက်နှင့်ညီသည့် ကျူးကျော်များကို စိစစ်ရန်
ညွှန် ကြားထားကြောင်း သာကေတ မြို့နယ်စည်ပင်သာယာရေး
ကော် မတီဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။

‘‘ *** စည်ပင်ပိုင်မြေနေရာမှာ
ကျူးကျော်ထားတာလည်း ဖြစ်ရ မယ်။
တခြားဌာနမြေတို့၊ ကျောင်း မြေ၊ သာသနာ့မြေတွေမှာ
နေတဲ့သူဆိုရင် ပေးလို့မရဘူး။
၁၂ နှစ် အထက်နေတဲ့သူ ဟုတ်၊ မဟုတ်ကို
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဆေးမယ်။
ရေ၊ မီး လျှပ်စစ် စတဲ့ အခွန်တွေ ဆောင်ထားတဲ့
ပြေစာတွေ ကြည့်မယ်။
သန်းခေါင် စာရင်းရှိရင်တော့ ရဖို့ ပိုသေချာ တယ် *** ’’ဟု
၎င်းက ပြောသည်။

- တစ်နေရာတည်းတွင် အ နည်းဆုံး ၁၂ နှစ်နေထိုင်ခြင်း၊
- ပုဂ္ဂ လိကပိုင်နှင့် စည်ပင်မဟုတ်သည့် အခြားဌာနပိုင်မြေတွင်
ကျူးကျော်မှုမဟုတ်ခြင်း၊
- လမ်းအကျယ် အ နည်းဆုံး ၈ ပေရှိသည့်နေရာဖြစ် ခြင်း၊
- ဌာနတစ်ခုခုကို အခွန်ဆောင် ထားသည့် အထောက်အထား
ရှိ ခြင်း စသည့်အချက် ၁၉ ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ
မြို့နယ်အုပ်ချုပ် ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်
မြို့နယ်စည်ပင်သာယာဌာန တို့ ပူးပေါင်းစိစစ်နေကြောင်း
ဦး အောင်အောင်က ပြောသည်။

အထက်ပါ အချက်များနှင့် ကိုက်ညီသည့် ကျူးကျော်များစာရင်းကို
မကြာမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့
တင်ပြရမည်ဖြစ်ပြီး ကော်မတီက လာမည့်နိုဝင်ဘာလလယ်တွင် 
ဂရန် ထုတ်ပေးရန် စီစဉ်ထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်
စည်ပင် သာယာရေးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

နောက်ပိုင်းတွင် အခြားမြို့ နယ်များ၌လည်း သတ်မှတ်ချက်နှင့်
ညီသည့် ကျူးကျော်များကို ဂရန်ထုတ်ပေးရန် ဆောင်ရွက်မည်
ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

သို့သော် သတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်ကျူးကျော်များ
နည်းပါးနေပြီး သာကေတမြို့နယ် တစ်ခုလုံးတွင်
သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျူးအိမ်ထောင်စု
၁၀၀ ကျော်သာရှိကြောင်း သိရသည်။

*** ဂရန်ထုတ်ပေးမည့်မြေကွက် အကျယ်အဝန်းမှာ
အနည်းဆုံး ပေ ၂၀×၆၀ နှင့် ပေ ၄၀×၆၀ ဖြစ်ကြောင်း၊
အဆိုပါအကျယ်အဝန်း တွင် တစ်ဦးတည်းနေထိုင်နိုင်ခြင်း
မရှိလျှင် ဘေးချင်းကပ်နှစ်ဦး၊ သုံး ဦး စုပေါင်း၍လည်း
ဂရန်လျှောက်ထားနိုင်ကြောင်း ***
ဦးအောင်အောင်က ပြောသည်။

နောက်ဆုံးခန့်မှန်းကောက် ယူထားသည့်အချက်အလက်အရ
ရန်ကုန်မြို့တွင် ကျူးကျော်အိမ် ထောင်စုပေါင်း
ငါးသောင်းခန့်ရှိ မည်ဟု ရန်ကုန်မြို့တော်
စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်သည်။

(ထက်မြက်)

credit - 7day daily &
The Irrawaddy (Burmese Version)

No comments:

Post a Comment