“အိမ်ခြံမြေနှင့်ပတ်သက်သည့် အခွန်ဆိုင်ရာ သတင်းများ”
၁။ "ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ဥပဒေ
လွှတ်တော်တင်နိုင်ရေး စီစဉ်နေဟုဆို"
အိမ်မြေတိုက်ခန်းများ ၀ယ်ယူရင်းနှီးမြှုပ်နှံပြီး ဈေးကစားမှုများ
တားဆီးနိုင်ရေး ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ခံမည့်ဥပဒေ
ကို ရေးဆွဲထားပြီး လာမည့်လွှတ်တော်သို့တင်နိုင်ရန်
စီစဉ်နေကြောင်း သတင်းရရှိသည်။
အိမ်မြေတိုက်ခန်းများ ဈေး ကစားပြီး ဈေးနှုန်းဖောင်းပွမှုကို
လျှော့ချနိုင်ရန် ရည်ရွယ်ကာ အ ဆိုပါဥပဒေကို ဥပဒေရေးရာ
နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်ဥက္ကဋ္ဌ က တွန်းအားပေးရေးဆွဲစေခြင်း
ဖြစ်သည်ဟု ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ မန္တလေးတိုင်း
ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကပြောသည်။
* မြန်မာနိုင်ငံတွင် အစိုးရစီမံကိန်းများကို အကြောင်းပြုပြီး
အိမ်မြေတိုက်ခန်းများကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဈေးနှုန်း
ကစားကာ အရောင်းအ၀ယ်ပြုလုပ်ခြင်းကြောင့်
အရှေ့တောင် အာရှတွင် မြေဈေးအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့
ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောကြားသည်။ *
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင်လည်း
နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၏ တောင်းဆိုမှုသည်
လျှပ်စစ်ကဏ္ဍ ပြီးလျှင် မြေဈေးကြီးမှုက အဓိက ပြဿနာ
တစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှု
လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
၂၀၀၇ ကစတင်၍ ၀င်ငွေရလမ်း မဖော်ပြနိုင်လျှင်
အခွန် ၁၅ ရာခိုင်နှုန်းပေးဆောင်ပါက တရားဝင်အိမ်ခြံမြေ
ရောင်းဝယ်ခွင့်ပေးသည့် ဖြေလျှော့မှုကြောင့် မြန်မာနိုင်ငံ
အိမ်ခြံမြေဈေး တစ်ဟုန်ထိုး မြင့်တက်ခဲ့ပြီး စီးပွားရေး
လုပ်ငန်းများ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် အခက်အခဲဖြစ်ခဲ့
ရသည်ဟု လှိုင်သာယာစက်မှုဇုန်မှ ထုတ်ကုန် လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။
ယခင် အစိုးရလက်ထက်ကလည်းအိမ်မြေဈေးနှုန်းကြီးမား
လာမှု လျော့ကျစေရန် အခွန် အကောက်ဥပဒေများဖြင့်
ကြိုးစားခဲ့သည်။
အိမ်ခြံမြေနှင့်ပတ်သက် ၍ ရောင်းဝယ်ရာတွင် ပေးဆောင်
ရသည့် ၀င်ငွေခွန်ကို နှစ်စဉ် နှုန်းထားပြောင်းလဲကောက်ခံ
ခြင်း၊ မြို့နယ်များအလိုက် အိမ်မြေ တိုက်ခန်းဈေးနှုန်း
သတ်မှတ်ချက်များ ထုတ်ပြန်ခြင်းတို့ ပြုလုပ်သည်။
ထို့အပြင် တရုတ်နိုင်ငံမှ တရားမ၀င်ငွေစီးဆင်းမှုကိုလည်း
တရုတ်အစိုးရက ထိန်းလိုက်ခြင်းကြောင့် အိမ်မြေ
ရောင်းဝယ်ခြင်းဖြင့် ဈေးကစားမှုသည် ၂၀၁၄ မှ စတင်
လျော့ကျခဲ့သည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က
ဆိုသည်။
‘‘ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် ရောင်းသူတွေ အရမ်းများလာမယ်။
ဈေးနှုန်းတွေလည်း ထပ်ကျလာနိုင်တယ်’’ဟု
မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ
မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးကပြောကြားသည်။
* ဥပဒေစတင်ပြဋ္ဌာန်းချိန်တွင် အိမ်ခြံမြေဈေးကွက်သည်
ရောင်းလိုအားများခြင်းကြောင့် ပြန်လည် လှုပ်ခတ်လာနိုင်ပြီး
နောက်ပိုင်းတွင် ပေါ်ပင်စီးပွားရေးအခြေအနေမျိုးမှ
တည်ငြိမ်သည့်ဈေးကွက် တစ်ခုဖြစ်လာနိုင်သည် * ဟု
ဦးသန်းဦးက ခန့်မှန်းပြောသည်။
ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ခံမှုသည် နိုင်ငံခြား
တိုင်းပြည်များတွင် လူတစ်ဦးကနေထိုင်ရန် အိမ်တစ်လုံး
ထက်ပိုမို ပိုင်ဆိုင်ပါက ကောက်ခံသည့် အခွန်မျိုးဖြစ်
ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကပြောသည်။
လက်ရှိတွင် တန်ဖိုးကြီး အိမ်မြေများအပါအ၀င် အိမ်ခြံမြေ၌
ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေး အင်အား ချမ်းသာသူများ
သာ အများစုဖြစ်နေခြင်းကြောင့် အစိုးရအနေဖြင့် ဥပဒေ
ကို အတိအကျ အကောင်အထည်ဖော်နိုင်မည့် အခြေအနေ
ကိုလည်း စီးပွားရေး လုပ်ငန်းရှင်အချို့က
မျှော်လင့်နေကြသည်။
(ပြည်သိမ်း)
***
၂။ "တန်ဖိုးနည်းအိမ်ရာများ အရောင်းအဝယ်ပြုရာတွင်
အခွန်ကင်းလွတ်ခွင့်ပြုမည်"
တန်ဖိုးနည်းအိမ်ရာများ အရောင်းအဝယ် ပြုလုပ်ရာ၌
ဝယ်သူဘက်က ပေးဆောင်ရသည့် အိမ်ခြံမြေအခွန်ကို
ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်
များ အသင်းချုပ် (UMFCCI) ၌ ပြုလုပ်သည့် နိုင်ငံတော်
ဒုသမ္မတ (၁) က ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေး လုပ်ငန်းရှင်
များ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် ဝန်ကြီးဦးကျော်ဝင်းက
ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အခွန်ကင်းလွတ်ခွင့်ရမည့် တန်ဖိုးနည်းအိမ်ရာဟု
ဆိုရာတွင် စတုရန်းပေ ၆၀၀ အောက် တိုက်ခန်းများဖြစ်ပြီး၊
တန်ဖိုးငွေ ပမာဏအားဖြင့် ကျပ်သိန်း ၁၅၀ ဝန်းကျင်ဖြင့်
ရောင်းချသည့် တိုက်ခန်းများဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ
ဦးသာဌေးက ပြောသည်။
“တန်ဖိုးနည်း အိမ်ရာတွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်းများ အသင်းက
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းကို ဖြေလျော့ပေးဖို့ တောင်းဆိုခဲ့တာ
ဖြစ်တယ်” ဟု ဦးသာဌေးက ဆိုသည်။
* တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရာတွင် အခွန်ကင်းလွတ်
ပြုလုပ်သွားမည် ဖြစ်သော်လည်း အိမ်အရောင်းအဝယ်
ပြုလုပ်ရန် စာချုပ်ချုပ်ဆိုရာ၌ ပိုင်ဆိုင်ခွင့်အတွက်
ပေးဆောင်ရသည့် တံဆိပ်ခေါင်းအခွန်ကို ဆက်လက်
ကောက်ခံသွားမည်ဟု သိရသည်။ *
လက်ရှိကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းများက
ပေးဆောင်နေရသည့် အခွန်ပမာဏ များပြားနေပြီး
ကျပ်သိန်း ၁,၀၀၀ ခန့် ရှိသည့် တိုက်ခန်းတခန်း ဝယ်ယူရာ
တွင် ပေးဆောင်ရသည့် အခွန်တန်ဖိုးမှာ တိုက်ခန်း
တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသည့်အတွက်
ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။
“အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးနေတဲ့အချိန်မှာ
ဒီလိုအခွန်ကောက်ခံတာတွေက ဝန်ထုတ်ဝန်ပိုး ဖြစ်နေ
တယ်။ အခွန်ကြောင့် မဝယ်နိုင်ကြတော့ မရောင်းရဘူး။
မရောင်းရတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း
မဆောက်နိုင်တော့ဘူး။ ဆောက်လုပ်ရေး လုပ်ငန်းသုံး
ပစ္စည်ရောင်းသူတွေလည်း မရောင်းရတော့ဘူး”ဟု
ဦးသာဌေးက ပြောသည်။
တန်ဖိုးနည်း အိမ်ရာများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ အသင်းက ဆောက်လုပ်သွားရန် အစီအစဉ်
ရှိကြောင်း၊ ထိုသို့ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ
စီမံကိန်းအတွက် အစိုးရထံမှ မြေတောင်းခံထားပြီး၊
ဘဏ်ချေးငွေဖြင့် တည်ဆောက်ရန် စီစဉ်ထားကြောင်းနှင့်
အိမ်ရာများကို တပေပတ်လည်လျှင် ကျပ် ၂၃,၀၀၀ ခန့်ဖြင့်
ရောင်ချပေးမည်ဟု သိရသည်။
(မေစိုးစံ)
credit - 7day Daily & Irrawaddy Publishing Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment