Sunday, April 2, 2017

“ချေးငွေအကူအညီများဖြင့် လည်ပတ်တော့မည့် စီမံကိန်းများ”

“ချေးငွေအကူအညီများဖြင့် လည်ပတ်တော့မည့် စီမံကိန်းများ”

၁။ "ဒလ တံတားတည်ဆောက်ရေး စီမံကိန်းအား
၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်"

ဒလတံတားတည်ဆောက်ရေး စီမံကိန်းအား ၂၀၁၇ ခုနှစ်
ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း 
ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။

ဒလတံတား စီမံကိန်းတည်ဆောက်ရေးအတွက်
- ပထမအကြိမ် မြေယာလျော်ကြေးငွေကို ၂၀၁၆ခုနှစ်
ဖေဖော်ဝါရီ ၁၇ ရက်က ငွေကျပ် သိန်းပေါင်းတစ်သောင်း
အား လည်းကောင်း၊
ကျန်ရှိ နေအိမ်သုံးလုံးအတွက် ငွေကျပ်သိန်း ၃၉၇ . ၉၄သိန်း
ကို လည်းကောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊
- ၂၀၁၇ခုနှစ် မတ်လ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့တို့တွင်
တံတားဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်း
များ အား အပြီးသတ်မြေယာလျော်ကြေး၊ မြေငှားထောက်ပံ့
ကြေးအဖြစ် ငွေကျပ် ၄၂၁၄ . ၉၄သိန်း ပေးအပ်ခဲ့ပြီး အဆိုပါ
တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် နစ်နာကြေး
ထောက်ပံ့ငွေ စုစုပေါင်း ၁၄၆၈၂ . ၈၈သိန်း ပေးအပ်ခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။

ဒလ တံတားကို သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီး
အဖြစ် မကြာခင် စတင်တည်ဆောက်မည်ဖြစ်ကာ အရှည်ပေ
အားဖြင့် ပင်မတံတားအရှည် ၁၉၃၆ပေ နှင့် တံတားအရှည်
စုစုပေါင်း ၆၁၄၃ပေ ရှိမည်ဖြစ်သည်။

တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်းလွတ်စွာ
သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ်
အကျယ် ၅၂၅ပေ ထားရှိ ဆောက်လုပ်သွားမည်ဖြစ်ကာ
ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်း၊

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို
ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan)
ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿ      မ ၈၃၃ သန်း၊
ပြည်တွင်းရန်ပုံငွေ ၃၀ ဒဿ      မ  ၃၄၁ သန်း စုစုပေါင်းကုန်ကျငွေ
အမေရိကန်ဒေါ်လာ ၁၆၈ ဒဿ      မ ၁၇၄သန်း ကုန်ကျမည်
ဖြစ်ပြီး၊ ကိုရီးယား ထုတ်ကုန် သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ
၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်ရေးထိုးခဲ့ပြီး
စီမံကိန်းကာလမှာ (၅)နှစ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင်
အပြီးတည်ဆောက်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်း
အတွက် ကိုရီးယားသမ္မတနိုင်ငံ Soosoog Co.Ltd
ခေါင်းဆောင်သော J.V အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး
စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း
သိရသည်။

ဒလတံတားတည်ဆောက်ရာတွင် ဒလမြို့နယ်အတွက်
ရေချိုပိုက်လိုင်းများပါ တပါတည်း ထည့်သွင်း တည်ဆောက်မည်
ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

***

၂။ "ဟံသာဝတီ လေဆိပ်ကို ၂ဝ၂၁-၂ဝ၂၂ ခုနှစ် အပြီး
တည်ဆောက်သွားမည်ဟု ဆို"

နိုင်ငံတကာအဆင့်မီ ဟံသာဝတီလေဆိပ်ကို ၂ဝ၂၁- ၂ဝ၂၂
ခုနှစ် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်က ပြောသည်။

မတ် ၇ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင်
ဟံသာဝတီလေဆိပ် တည်ဆောက်ရေးအစီအစဉ်အပေါ်
သတင်း မီဒီယာများ၏မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း  
ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ချေးငွေရရှိရေး အဆိုပြုထားကာချေးငွေ
ရမှတည်ဆောက်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်က ပြောသည်။

''ဟံသာဝတီလေဆိပ်ဆောက်မယ်ဆိုတာတောင် လောလောဆယ်
ဂျပန်နိုင်ငံရဲ့ ချေးငွေရမှ ဆောက်ရမှာလေ။ ဂျပန်နိုင်ငံရဲ့ ချေးငွေရဖို့
အဆိုပြုထားတုန်းပဲရှိသေးတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက
ပြောသည်။

နိုင်ငံတကာအဆင့်မီ ဟံသာဝတီလေဆိပ် တည်ဆောက်ရေး
စီမံကိန်းကို ယခင်အစိုးရလက်ထက်က ဆောက်လုပ်ရန်တင်ဒါ
ခေါ်ခဲ့ပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံမှကုမ္ပဏီတို့က အမေရိကန်
ဒေါ်လာ တစ်ဘီလီယံစိုက် ထုတ်ဆောင်ရွက်ရန်နှင့် ထပ်မံ
လိုအပ်ငွေကို အစိုးရကချေးငွေဖြင့် ထည့်ဝင်ဆောက်လုပ်ရေး
အတွက် ဂျပန်နိုင်ငံမှချေးငွေ ရယူရန် တင်ပြထားခြင်းဖြစ်ပြီး
အဆိုပါချေးငွေရရှိမှ စီမံကိန်းလုပ်နိုင်မည်ဟု
ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်တည်ရှိပြီး
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသွား
ဝင်ရောက်မှု များပြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပခရီးသည်
တိုးတက်မှုနှုန်းမြင့်မား နေပြီး ပြည်ပခရီးသည်ဝင်ရောက်မှု
၁ဝ သန်း ကျော်လာပါက ဝင်ဆံ့မှုခံနိုင်ရည်ရှိတော့မည်
မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက
ထပ်လောင်းပြောသည်။

ထို့ကြောင့် ဟံသာဝတီလေဆိပ်တည်ဆောက်မှုနှေးနေပါက
ဝင်ထွက်သွားလာမှု အဆင်ပြေစေရန် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်ကို တိုးချဲ့မှုများပြုလုပ်နေကြောင်း
ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

(M ဘွယ်)

***

၃။ "ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးဖို့ ဂျပန်က ချေးငွေပေးမည်"

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းတွေကို ကူညီဖို့အတွက်
ဂျပန်နိုင်ငံက အတိုးနည်းချေးငွေ ကူညီမယ်လို့ မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဌ
ဦးသာဌေးက ပြောပါတယ် ။

ပြည်တွင်းဘဏ်တွေက ချေးငွေအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း
ကောက်ခံတာကြောင့် ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ယူတာ ၊
ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ခက်ခဲနေပါတယ်။
သည်အခြေအနေကို ဖြေရှင်းနိုင်ဖို့ ဂျပန်နိုင်ငံက အတိုးနည်း
ချေးငွေပေးဖို့ စီစဉ်နေတာဖြစ်ပါတယ် ။

Housing Financial Support အစီအစဉ်နဲ့ ဂျပန်နိုင်ငံက
ချေးငွေ ယန်း ၁၅ ဘီလျံပေးဖို့ စီစဉ်နေတာဖြစ်ပြီး သည်ချေးငွေ
ကို လာမယ့်နှစ်လောက် ရရှိမှာဖြစ်တယ်လို့ သိရပါတယ် ။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ
ဦးသာဌေးက
"ဂျပန်ချေးငွေရရှိဖို့ လူကြီးတွေနဲ့ သဘောတူထားတာရှိပါတယ် ၊
ဝင်ငွေနည်ြး ပည်သူတွေကို အတိုးနည်းနည်းနဲ့ပေါ့ ၊ အခုခေတ်
၁၃ ကျပ်နဲ့က မခံနိုင်ဘူး" လို့ ပြောပါတယ် ။

ပြည်တွင်းက ဘဏ်တွေရဲ့ ချေးငွေပေါ်ကောက်ခံတဲ့
ဘဏ်တိုးနှုန်း ၁၃ ရာ ခိုင်နှုန်းကို လျှော့ဖို့အတွက် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက
ဒုတိယသမ္မတ ဦးဆောင်တဲ့ ဝန်ကြီးများနဲ့ စီးပွားရေး လုပ်ငန်းရှင်
များ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ဘဏ်က
တိုက်ခန်း ဝယ်ယူမယ့်သူတွေအတွက် ဘဏ်ချေးငွေလျှော့ချဖို့
စီစဉ်နေတယ်လို့ CHDB ဘဏ်က လက်ထောက်မန်နေဂျာ
ဦးဟိန်းဝေနောင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ က
ပြောကြားထားပါတယ် ။

လက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တိုက်ခန်း
ဝယ်ယူသူတွေကို ၁၀ နှစ်အထိ တစ်နှစ်အတိုး ၁၂ ရာခိုင်နှုန်းနဲ့
ချေးပေးနေသလို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း
တစ်နှစ်ကို အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ ငွေထုတ်
ချေးပေးနေပါတယ် ။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ဘဏ်
ကို အစိုးရ ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စီးပွားရေး
လုပ်ငန်းရှင်တွေနဲ့ ၂၀၁၃ ခုနှစ် က ဖွဲ့စည်းခဲ့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငွေချေးတာ ၊
ဘဏ်အရစ်ကျ စနစ်နဲ့ တိုက်ခန်း ရောင်းချတာတွေကို
ဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ။

credit - Xinhua Myanmar / Yangon Media Group
& The Modern

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment