“ရန်ကုန်တိုင်း လွှတ်တော်ထဲက မြို့သစ်စီမံကိန်း အသံများ”
၁။ "ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်
တစ်ဦးကို အစိုးရဘက်တွင် ထည့်သွင်းခြင်းသည်
သဘာဝ မကျခြင်းကြောင့် လွှတ်တော်ကန့်ကွက်"
ရန်ကုန်မြို့သစ်စီမံကိန်းအား စတင်ရန် မသင့်သေးကြောင်းနှင့်
ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်တွင် ထည့်သွင်း
ခြင်းသည် သဘာဝ မကျခြင်းကြောင့် လွှတ်တော်အနေဖြင့်
ကန့်ကွက်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း
ဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း နှင့်ပတ်သက်၍
မတ်လ ၂၃ ရက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
ဆွေးနွေးပြောကြားခဲ့သည်။
“ရန်ကုန်မြို့သစ် စီမံကိန်းကို ၁- ၄-၂၀၁၇ မှာ လုပ်ငန်း
စတင်မယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးအပိုင်းကရော၊
စနစ်တကျ Business Plan ရေးဆွဲထားတာ မရှိသေးတဲ့
အတွက် မစတင်သင့်သေးပါဘူး၊
ကျွန်မတို့ကို စီမံကိန်းဝန်ကြီးက တင်ပြထားတာ ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က ၅၁ ရာခိုင်နှုန်းယူပြီး
သက်ဆိုင်ရာ ၀န်ကြီးများက တာဝန်ခံပါမယ်လို့ ပြောထား
ပါတယ်။
အစိုးရဘက်က ပြည်သူ့ဘဏ္ဍာငွေ များနဲ့ ရင်းနှီးမြှုပ်နှံမှုကို
ဦးဆောင်ပြီး ဆောင်ရွက်ပေးမယ်ဆိုလို့ ယုံကြည်ပါတယ်။
သို့သော် အစိုးရ၀န်ကြီးများ စီးပွားရေး မလုပ်တတ်မှာဆိုးလို့
ဆိုပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်ခြမ်းမှာ
ထည့်ဖို့ စဉ်းစားနေတာကတော့ သဘာဝမကျသလို
ဖြစ်လည်း မဖြစ်သင့်ပါဘူး။
ဒါကိုတော့ လွှတ်တော်အနေနဲ့ ကန့်ကွက်ပါတယ်၊
အစိုးရက စီးပွားရေး မလုပ်တတ်ရင် ရင်းနှီးမြှုပ်နှံမှုမှာ
ဝင်ရောက်မလုပ်ကိုင်ပါနဲ့။ ဆုံးရှုံးသွားရင်
ဒါပြည်သူ့ငွေတွေပါ” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ထို့အတူ မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ယခင်အစိုးရနှင့်
သဘောတူညီချက် ယူထားသည့် လုပ်ငန်းရှင် သုံးဦးသည်
လည်း မည်သည့် အခန်းကဏ္ဍတွင် ပါဝင်မည်ကို လွှတ်တော်
ကို အသိပေးရန် တောင်းဆိုကြောင်းလည်း ဒေါ်စန္ဒာမင်းက
ပြောကြားခဲ့သည်။
စီမံကိန်းဥပဒေကြမ်း၏ အခန်း ၂ ရည်မှန်းချက်များတွင် ဖော်ပြ
ထားသည့် တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း
များသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထား
သော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာ ဆောင်ရွက်
ရမည်ဟု ဖော်ပြထားသည့်အတိုင်း အမှန်တကယ် ပြည့်စုံ
ခိုင်မာမှုရှိမှသာ ရန်ကုန်မြို့သစ် စီမံကိန်းကြီးအား
လွှတ်တော်သို့ တင်ပြဆောင်ရွက်ကြရန် ဒေါ်စန္ဒာမင်းက
ဆွေးနွေးခဲ့သည်။
(ဇော်မင်းထွန်း)
***
၂။ "ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း၌ ပြည်သူများ၏
ဘဏ္ဍာငွေဖြင့် ရင်းနှီးမြှုပ်နှံမည့်အစိုးရဘက်အခြမ်း ၅၁ ရာခိုင်နှုန်း
တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်
ပါဝင်မည်ဆိုခြင်းကို လက်မခံနိုင်ကြောင်း
လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး"
ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း၌ ပြည်သူများ၏
ဘဏ္ဍာငွေဖြင့် ရင်းနှီးမြှုပ်နှံမည့် အစိုးရဘက်ခြမ်း ၅၁ ရာခိုင်နှုန်း
တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်
အဖြစ် ပါဝင်မည်ဆိုခြင်းကို လက်မခံနိုင်ကြောင်း မတ် ၂၃ ရက်
က ပြုလုပ်သည် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့
တွင် ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ
ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။
“စီးပွားရေးလုပ်ငန်းလုပ်မယ်လို့ စဉ်းစားထားရင် ရန်ကုန်တိုင်း
အစိုးရအဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူကြီးတွေက စီးပွားရေး
သဘောတရားကိုလည်း နားလည်ရမယ်။
နိုင်ငံရေး သဘောတရားကိုလည်း နားလည်ရမယ်။
Political Economy ကိုလည်း နားလည်တဲ့အခါမှ ရင်းနှီးမြှုပ်နှံမှု
လုပ်သင့်တယ်လို့ သုံးသပ်သင့်ပါတယ်။
မလုပ်တတ်မှာစိုးလို့ အစိုးရဘက်အခြမ်းမှာ စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်က ကူလုပ်ပေးမယ်ဆိုရင် လက်မခံနိုင်ပါဘူး။
လုပ်ချင်တယ်ဆိုရင် အဲဒီစီးပွားရေး လုပ်ငန်းရှင်က ၄၉ ရာခိုင်နှုန်း
ဘက်ကို သွားမယ်ဆိုရင် လက်ခံနိုင်ပါတယ်” ဟု
ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ
ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထ
ပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် ၂၀၁၇-၂၀၁၈
ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း
ဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်
ခြောက်ဦးက ဆွေးနွေးခဲ့ကြသည်။
“အခုကတော့ ဒေသန္တရစီမံကိန်းမှာ စာရွက်ကလေးတစ်ရွက်
တည်း ထည့်ပြီးတော့ ဒါတွေလုပ်မယ်။
ကိုရီးယားနိုင်ငံကဂန်နမ် ပုံစံအတိုင်းလုပ်မယ်ဆိုပြီး ဒီလိုပဲ
တင်ပြသွားတာတွေကို လက်ခံလို့မရပါဘူး။
စီမံကိန်းက သေးသေးလေးလည်း မဟုတ်ပါဘူး။
ဘီလျံနဲ့ချီပြီး လုပ်မယ့်စီမံကိန်းဆိုရင်တော့ လွှတ်တော်ကို
တင်ပြဖို့ လိုအပ်တယ်လို့ ဆွေးနွေးတာပါ။
ပြည်သူလူထုကို အကျိုးဘယ်လောက် ရှိ မရှိ၊ တွက်ခြေကိုက်မှု
ရှိ မရှိဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေမှာ
ဆွေးနွေးခွင့် ရှိပါတယ်။
ဒေသန္တရစီမံကိန်းနဲ့ မရောထွေးဘဲ သီးခြားစီ ပြန်လည်တင်ပြ
ပေးပါလို့ တခြားကိုယ် စားလှယ်တွေက တင်ပြသွားတာပါ”
ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒမင်းက ပြောကြားသည်။
- ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်
ဖော်ရာတွင် အနောက်တောင်မြို့သစ်စီမံကိန်း ကြည့်မြင်တိုင်
တစ်ဖက်ကမ်းမှ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင်မှစပြီး
မြို့နယ်သုံးမြို့နယ်နှင့်စပြီး အကောင်အထည်ဖော်ရာတွင်
၆၄ ဘီလျံကို ယခုမြို့ သစ်စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရဘက်အခြမ်း ရင်းနှီးမြှုပ်နှံရန် ထည့်သွင်းမည်ဖြစ်ကြောင်း ၊
- ရန်ကုန်မြို့သစ်စီမံကိန်းကို ဖော်ဆောင်ရာတွင် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရက ၅၁ ရာခိုင်နှုန်း၊
- ၄၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်းကဖွဲ့စည်းထားသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
ပါဝင်သော MCD ဆိုသည့် အဖွဲ့က ပါဝင်မည်ဖြစ်ကြောင်း
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက
ဆက်လက်ပြောကြားသည်။
“ဒီလို ရာခိုင်နှုန်းတွေ ခွဲထားပြီးရင် ၅၁ ရာခိုင်နှုန်းဘက်ကနေ
ဘယ်သူတွေက တာဝန်ခံပြီးလုပ်မှာလဲလို့ ၀န်ကြီးကို မေးထား
ပါတယ်။
စီမံကိန်းဝန်ကြီးအနေနဲ့ လွှတ်တော်အတွင်းမှာ မဟုတ်ပေမယ့်
လွှတ်တော်ပြင်ပမှာ ပြောထားတာရှိပါတယ်။
ဒါကိုတိုင်းဒေသကြီး အစိုးရဘက်မှာရှိတဲ့ ၀န်ကြီးငါးပါးကနေ
တာဝန်ခံပြီးဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တိုင်းဒေသ
ကြီးရဲ့ ၀န်ကြီးတွေက တာဝန်ခံပြီး ပါတယ်ဆိုတာ
သဘာဝကျပါတယ်။ သဘောတူတယ်။
ဒါပေမဲ့ ဟိုဘက် ၄၉ရာခိုင်နှုန်းကို ဆက်ပြီးတော့ စုံစမ်းကြည့်
ပါတယ်။ ပြောထားတာကတော့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ အသင်းမှာအဖွဲ့ဝင် ၂၀၀၀ ကျော် ရှိတယ်လို့
ပြောပါတယ်။ သူတို့တွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။
လွှတ်တော်မှာ တင်ပြဖို့အတွက် လက်ရှိအခြေအနေကို
စုံစမ်းပါတယ်။ တည်ထောင်သူ ၂၆ ဦးရရှိနေပါပြီ။ နောက်ထပ်
သုံးဦးလောက်က အဖွဲ့ဝင်အဖြစ်နဲ့ ပါတယ်လို့ပြောတယ်” ဟု
၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါကုမ္ပဏီ
- Yangon Metropolitan Development Public Co., Ltd
သည် အများပိုင်အနေဖြင့် ဖော်ဆောင်ရန် ရည်မှန်းထားသော်
လည်း လက်ရှိအခြေအနေတွင် ပုဂ္ဂလိက အဆင့်သာ
ရှိသေးကြောင်း၊
- ရှယ်ယာရောင်းချခွင့် မရှိသေးကြောင်း၊
- အဆိုပါကုမ္ပဏီ တည်ထောင်သူများအနေဖြင့် တစ်ဦးလျှင်
ကျပ်သိန်းတစ်ထောင်မှ သိန်းသုံးထောင်ခန့်အထိ ထည့်ဝင်မည်
ဖြစ်ကြောင်း၊
- အများပိုင်ကုမ္ပဏီအနေဖြင့် လုပ်ဆောင်မည်ဆိုပါက
ဘဏ်လုပ်ငန်းများလည်း ပါဝင်လာမည်ဟု မျှော်လင့်ရကြောင်း
၎င်းက ပြောကြားသည်။
“၅၁ ရာခိုင်နှုန်း အစိုးရဘက်အခြမ်းမှာ လုပ်ငန်းရှင်တစ်ယောက်
က ပါဝင်ပေးမယ်။ ဘာလို့လဲဆိုတော့ တိုင်းဒေသကြီး အစိုးရ
ဝန်ကြီးတွေက စီးပွားရေးမလုပ်တတ်မှာစိုးလို့ ဆိုတာပေါ့။
ကျွန်မတို့က လက်မခံဘူး။
ဝန်ကြီးတွေ မလုပ်တတ်ရင်လည်း နဂိုကတည်းက
ခေတ်အဆက်အဆက်မှာ အစိုးရက စီးပွားရေး လုပ်ငန်းလုပ်ခဲ့
လို့ အရှုံးတွေတွေ့ခဲ့ရတာတွေ၊
ယနေ့ ပြည်ထောင်စုမှာ ဆွေးနွေးနေတဲ့ စက်ရုံပါ ပိတ်ရမယ့်
အခြေအနေမျိုး နောက်ဆုံးမှာ တွေ့နေရတယ်။
အစိုးရအနေနဲ့ စီးပွားရေး လုပ်ငန်းတွေလုပ်ငန်းတွေ လုပ်ပိုင်ခွင့်
ရှိပါတယ်။ အကျိုးတူပူးပေါင်းတာပဲ လုပ်လုပ် ဘယ်လိုပုံစံနဲ့
လုပ်လုပ်လုပ်ပိုင်ခွင့် ရှိပါတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါ်စန္ဒာမင်းက ပြောကြားသည်။
(ထက်ရှိုင်း၊ ဆန်းထူးအောင်)
credit - The Ladies News & Eleven Media Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment