Sunday, April 2, 2017

“ရန်ကုန်နှင့် ငလျင် အန္တရာယ် (၂)”

“ရန်ကုန်နှင့် ငလျင် အန္တရာယ် (၂)”

၁။ "ရန်ကုန်တွင် ငလျင်အန္တရာယ် အချိန်ပြည့် သတိပြုရန်
လိုကြောင်း မြေငလျင်ကော်မတီ သတိပေး"

အင်အားပြင်းငလျင် လှုပ်နိုင်ခြေရှိသည့် စစ်ကိုင်းပြတ်ရွေ့နှင့်
ဒေးဒရဲပြတ်ရွေ့ကြောင့် ရန်ကုန်မြို့တွင် ငလျင်အန္တရာယ်
အချိန်ပြည့် သတိပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံမြေငလျင်
ကော်မတီက သတိပေးသည်။

မတ်လ ၁၃ ရက် ညက တိုက်ကြီးမြို့ကို ဗဟိုပြု၍လှုပ်သော
ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့် အင်အား
အသင့်အတင့်ရှိ ငလျင်၏အရှိန်ကြောင့် ရန်ကုန်မြို့ခံလူထု
စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

တိုက်ကြီးမြို့တွင်လှုပ်သော ငလျင်မှာ ပဲခူးတိုင်း ဒေသကြီး
အနောက်ပိုင်းရှိ တိုက်ကြီးပြတ်ရွေ့ကြောင့်ဖြစ်ပြီး ရန်ကုန်မြို့
ကို အဓိကခြိမ်းခြောက်နေသည်မှာ စစ်ကိုင်းပြတ်ရွေ့၊
ပဲခူးအပိုင်းနှင့် ဒေးဒရဲပြတ်ရွေ့ဖြစ်ကြောင်း မြန်မာနိုင်ငံ
မြေငလျင်ကော်မတီက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီဝင် ဘူမိဗေဒပညာရှင်
ဒေါက်တာကျော်ထွန်းက
‘‘တိုက်ကြီးပြတ်ရွေ့လှုပ်တာက ရန်ကုန်မှာပါ သိသိသာသာ
သက်ရောက်မှုဖြစ်တယ်။ လှုပ်ဖို့စိုးရိမ်နေရတဲ့ စစ်ကိုင်း
ပြတ်ရွေ့၊ ပဲခူးအပိုင်းသာအင်အားပြင်း လှုပ်ခဲ့ရင် အလွန်
အန္တရာယ်များတယ်။ ဒါကြောင့် အခု အချိန်က ငလျင်
အန္တရာယ်ကို အထူးသတိထားဖို့ လိုတယ်’’ဟု ပြောသည်။

- စစ်ကိုင်းပြတ်ရွေ့၊ ပဲခူးအပိုင်းသည် ရစ်ခ်ျတာစကေး ၇
အထက် လှုပ်နိုင်ပြီး
- ဒေးဒရဲပြတ်ရွေ့ သည် ရစ်ခ်ျတာစကေး ၆ အထက်
လှုပ်နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက
သတိပေး သည်။

စစ်ကိုင်းပြတ်ရွေ့၊ ပဲခူးအပိုင်းသည် ၁၉၃၀ က အင်အားပြင်း
ငလျင် နောက်ဆုံးလှုပ်ခဲ့သောကြောင့် ပြတ်ရွေ့များ၏ သဘာဝ
အရ အင်အားပြင်းငလျင်နောက် တစ်ကြိမ် လှုပ်နိုင်ခြေရှိသည်
ကို ပညာရှင်များက သတိပေးသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကြားတွင်
တည်ရှိနေသော ဒေးဒရဲပြတ်ရွေ့မှာ လည်း အင်အားပြင်း
ငလျင်အဖြစ် ၁၉၇၅ က နောက်ဆုံးလှုပ်ခဲ့၍ နောက်တစ်ကြိမ်
လှုပ်ခတ်မည်ကို စိုးရိမ်စရာဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်
ဒေါ်လှလှအောင်က ပြော သည်။

ဒေးဒရဲပြတ်ရွေ့သည် ၂၀၁၆ အတွင်းက ရစ်ခ်ျတာစကေး
၎ နှင့်၅ ခန့် သုံးကြိမ်ထက်မနည်းလှုပ်ခဲ့ပြီး ယင်းငလျင်အရှိန်
ကြောင့် ရန်ကုန်မြို့တွင်ပါ ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသည်။

တိုက်ကြီးမြို့တွင် မတ်လ ၁၃ ရက်က ရစ်ခ်ျတာစကေး
၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး နောက်ပိုင်းတွင် အင်အား
အနည်းငယ်ရှိသော ငလျင်များဆက်လက် လှုပ်နေပြီး
အဆောက်အအုံအချို့ နံရံအက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် လူနှစ်ဦး သေဆုံးပြီး ၂၉ ဦး
ဒဏ်ရာရရှိခဲ့ သည်။

(အောင်သစ်လွင်)

***

၂။ "အရေအတွက် ထက် အရည်အသွေးက စကား
ပြောလာပါပြီ"

မဟာရန်ကုန်မြို့ရဲ့ မြို့တွင်းခြောက်မြို့နယ်နဲ့ ဆပ်စပ်လျက်ရှိတဲ့
မြို့နယ်တွေ ကန်ထရိုက်တိုက်တွေ ဆိုရင် မမြင်ချင်မှ အဆုံး
နှစ်ပေါင်းနှစ်ဆယ် ကာလ အတွင်းမှာ ခပ်စိပ်စိပ် ဆောက်ခဲ့
ကြပါတယ်၊ တစ်ချို့လမ်းတွေဆိုရင် လမ်းရဲ့ဘယ်ညာ နှစ်ဖက်
စလုံးမှာ ကန်ထရိုက်တိုက်တွေ နေရာယူထားပြီး မြေနေရာ
လွတ်မကျန်အောင်အထိကို ဆောက်ခဲ့ကြပါတယ်။

သေသေချာချာ စေ့စေ့ စပ်စပ် နဲ့ တိုက်တွေကို ကြည့်မယ်ဆိုရင်
တစ်ချို့တိုက်တွေဟာ တစ်တိုက်ကို တစ်တိုက် မီလီမီတာ
အနည်းငယ် သို့မဟုတ် ခြောက်လက်မလောက်ထိကို
အမြင်အာရုံနဲ့ စိတ်မှန်းနဲ့ကို ခန့်မှန်းတိုင်းတာနိုင်တဲ့ အထိ
အနည်းငယ်ယိုင်နဲ့ နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ၊ ၂၀၁၀ ခုနှစ်မှာ ကန်ထရိုက်တိုက်တွေ အင်နဲ့
အားနဲ့ ရန်ကုန်မြို့ အနှံ့မှာ ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပြီး
၁၉၉၀ ခုနှစ်ဝန်းကျင်က ဆောက်ခဲ့ကြတဲ့ တိုက်တွေ ဆိုရင်
အခုဆို နှစ်ပေါင်း ၂၅ နှစ် ငွေရတု တိုင်အောင် သက်တမ်း
ရင့်လာနေပါပြီ။

ကုန်လွန်ခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာတော့
ရန်ကုန်မြိုရဲ့ လူနေ ထူထပ်သည့်မြိ့နယ် အချို့မှာ အထပ်မြင့်
တိုက်တွေ ယိုင်နဲ့ တိမ်းစောင်းလာတာတွေ ၊ အစိတ်အပိုင်း
တွေ ပြိုကျလာတဲ့ ဖြစ်ရပ်တွေကြောင့်လည်း အရင်လို
တိုက်ခန်းဖြစ်ရုံ ပြီးရုံ မဟုတ်တော့ဘဲ ၀ယ်ယူသူတွေကလည်း
အဆောက်အအုံရဲ့ကြံ့ခိုင်မှု တွေအပြင် ကိုယ်ဝယ်မယ့်
တိုက်ကို ဆောက်လုပ်ထားတဲ့ ဆောက်လုပ်ရေး ကုမ္မဏီတွေ
နာမည်ပျက်ရှိ မရှိ ဆိုတာကိုပါ ကြည့်ပြီးမှ ၀ယ်ယူလာတဲ့
အထိ ပြောင်းလဲလို့လာခဲ့ပါပြီ။

တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်အတွင်းက ဆောက်လုပ်
ထားတာ ၁၅ နှစ်သက်တမ်းရှိ ခြောက်ထပ်တိုက်တစ်လုံးရဲ့
အပေါ်ဆုံးထပ်မှ နေကာအမိုးပိုင်း ပြိုကျခဲ့တယ့် ဖြစ်စဉ်တွေ
အပြင် ၂၀၁၂ ခုနှစ် အတွင်းကလည်း အလုံမြို့နယ်တွင်
သက်တမ်း ခြောက်နှစ်ရှိ ရှစ်ထပ်ပါ ကန်ထရိုက်တိုက်၏
နောက်ဘေးခြမ်း အက်ကွဲ တိမ်းစောင်းခဲ့ခြင်း၊
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လေးထပ်တိုက် အတွင်း
လှေကား ပြိုကျခဲ့ခြင်းအပါအ၀င် သုံးနှစ်တာကာလ အတွင်း
ရန်ကုန်မြို့တွင်းမြို့နယ်များတွင် သက်တမ်းနုကန်ထရိုက်တိုက်
များ၏ အစိတ်အပိုင်းအချို့ပြိုကျခြင်း၊ နံရံအက်ကွဲခြင်းနှင့်
တိမ်းစောင်းခြင်း ပြသနာတွေကို လူမှုကွန်ယက်တွေ ဖြစ်တဲ့
Facebook လိုနေရာမျိုးတွေမှာ ခပ်စိပ်စိပ် မြင်လာရတဲ့
အတွက်ကြောင့်လည်း ကိုယ်ဝယ်ပြီးရေရှည်နေမယ့် တိုက်
တွေ ရဲ့ အရည်အသွေးကို မေးခွန်းထုတ်လာနေကြတာ
မဆန်းတော့တဲ့ လူသဘာဝ ဖြစ်ပါတယ်။

အခုနောက်ပိုင်းနှစ်တွေ မှာ ခပ်စိပ်စိပ် ငလျင်လှုပ်ခတ်မှုတွေက
ရန်ကုန်က တိုက်ခန်းနေပြည်သူတွေကိုထိခိုက်မှု မရှိခဲ့ပေမယ့်
လည်း ကိုယ်နေမယ့် တိုက် ၊ ကိုယ့်အသက်အန္တရယ် လုံခြုံ
စိတ်ချရမှု အတွက် တော်အိရော်အိ တိုက်ကို ဈေးပေါချောင်
ကောင်းရရုံ သက်သက်လောက်နဲ့ တော့ ၀ယ်ဖို့ ရာခိုင်နှုန်း
နည်းသွားမှာ ဖြစ်တဲ့ အပြင် တစ်နေကုန် လုပ်ငန်းခွင်
ပေါင်းစုံမှာ ပင်ပန်းနွမ်းနွယ်ခဲ့ရပြီး ညဘက်ကျောချစရာ
နေရာလေးကိုတော့ အေးအေးချမ်းချမ်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်
လုံခြုံမှု အပြည့်နဲ့ အိပ်စက်ချင်ကြမှာ လူသားတိုင်းရဲ့
လိုလားချက်ဖြစ်တာ မြေကြီးလက်ခတ်မလွှဲ
သေချာပါတယ်။

တိုက်တွေ ရွဲ့စောင်းလာလို့ အောက်ခြေမှာ အိမ်ရှင် အချင်းချင်း
ညှိနှိုင်းပြီး လျော်ကြေးငွေပေးပြီး ကျေအေးလိုက်တဲ့ အမှုအခင်း
တွေ ရှိသလို ၊ တစ်ဖက်ကပေးမယ့် လျော်ကြေးကို မကျေနပ်
လို့ လျော်ကြေးငွေ လက်မခံဘဲ တရားစွဲဆိုထားတဲ့အမှုအခင်း
တွေကလည်း ရန်ကုန်ရှေ့နေအသိုင်းအ၀ိုင်း နဲ့ အိမ်ခြံမြေ
လောကမှာ သိပ်မထူးတော့ တဲ့ ဇတ်လမ်းတစ်ခု လိုအထိ
ဖြစ်လာပါတယ်။

အဆင်ပြေသလို ပုံမှန် ဖောင်ဒေးရှင်းတူးပြီး ကုန်ကျစရိတ်
သက်သာအောင် အလျင်အမြန်စာချုပ်ချုပ်ပြီး ဆောက်ခဲ့ကြတဲ့
တိုက်တွေ ၊ စေတနာနည်းတဲ့ ကန်ထရိုက်တာ အချို့ ကိုယ့်
အတွက် အမြတ်ငွေ ပိုမိုကျန်အောင်လို့ ထည့်ရမယ့် ပစ္စည်း
တွေကို မထည့်ဘဲ ခိုထားတာ ၊ ဘိလပ်မြေ အချိုးအစားကို
လျော့ချပြီး ရောစပ် ဆောက်လုပ်ခဲ့တဲ့ အကျိုးဆက်တွေ အပြင်
စစ်ဆေးရမယ့် တာဝန်ရှိ ဌာနအချို့ရဲ့ ဂတိတရား ကင်းလွတ်မှု
မရှိတဲ့ အားနည်းချက်တွေကြောင့် ဆယ်စုနှစ် နှစ်ခု တောင်
သက်တမ်းမရှိသေးတဲ့ တိုက်အချို့ စောင်းတာ ရွဲ့တာ ၊ ပြိုကျ
တာတွေ ဖြစ်လာတာဟာ တိုက်ခန်းနေ ရန်ကုန်လူထု
အတွက်ကတော့ သိပ်မထူးတော့တဲ့
သတင်းတစ်ပုဒ်လိုတောင် ဖြစ်နေပါပြီ။

အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးအခွင့်အလမ်း
များ ပေါ်ထွတ်လာတဲ့ မဟာရန်ကုန်မြို့တော်ကြီးမှာတော့
အိမ်ခြံမြေ ဈေးနှုန်းတွေ ဆယ်စုနှစ်နှစ်ခု အတွင်းမှာ အဆ
ပေါင်းများစွာ ခုန်တက်လာသလို မိုးမျှော်တိုက်တွေ ၊ အထပ်မြင့်
တိုက်တွေ ၊ သိန်းထောင်ပေါင်းများစွာ တန်တဲ့ အခန်းကျယ်တွေ
ပါတဲ့ ကွန်ဒိုကြီးတွေ ဟောတစ်လုံး ဟောတလုံးဆိုသလို
ရန်ကုန်အနှံ့မှာ ပေါ်ထွတ်လာခဲ့ပါပြီ။

အရောင်းအ၀ယ် မကောင်းလို့ ၀ယ်လက် မရှိပါဘူး ဆိုတဲ့
ယနေ့ အချိန်မှာတောင်မှ ရန်ကုန်ရဲ့ ကောင်းကင်ထက်မှာ
နေရာယူနိုင်ဖို့ အတွက် အပြိုင်အဆိုင် ဆောက်လုပ်နေကြတဲ့
တာဝါကရိန်း အစီအရီ ၊ ထိုးထိုးထောင်ထောင် နဲ့ အဆောက်
အအုံတွေကလည်း အရပ်လေးမျက်နှာ မလွဲဖြစ်တဲ့ အတွက်
အနာဂတ် တိုက်ခန်းတွေရဲ့ ဈေးကွက်အခြေအနေကို
သာမာန်လူတစ်ယောက်တောင် ခန့်မှန်းလို့ ရလာပါပြီ။

ခါတော်မှီ ဆောက်လုပ်ရေး ကုမ္မဏီတွေ ၊ ကန်ထရိုက်တာ
အမည်ခံ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတဲ့ လူပုဂိုလ်တွေလည်း
ဆောက်လုပ်ရေး လောကမှာ သူဌေးဘွဲ့ခံပြီး ၀င်တိုး လုပ်ကြတဲ့
အတွက် ရန်ကုန်မြို့လယ် မဆိုထားနဲ့ ရန်ကုန်မြို့ပြင် ဆင်ခြေဖုံး
က မြို့နယ် ရပ်ကွက်တွေ အထဲမှာတောင် မြေပိုင်ရှင်တွေကို
ကန်ထရိုက်တိုက်ဆောက်ဖို့ အတွက် မက်လောက်စရာ
မက်လုံးတွေနဲ့ ဆွဲဆောင်ခဲ့ကြသလို ၊ အချိုးကျ ရမယ့်
အခန်းအရေအတွက် တိုးပေးတာတွေ ၊ အလိုက်ငွေပမာဏ
အများကြီး ပိုပေးတာတွေ လုပ်လာခဲ့တဲ့ အတွက် တစ်သက်လုံး
ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်လာတဲ့ အတွေ့အကြုံ
များတဲ့ ကုမ္မဏီတွေ ၊ ၀ါရင့် ကျွမ်းကျင်တဲ့ ကန်ထရိုက်တာကြီး
တွေ ဘေးထွတ်ထိုင်ပြီး လက်ပိုက်ကြည့်နေရတဲ့ အခြေအနေ
တွေ ၁၉၉၀ နဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ပိုပြီးများလာပါပြီ။

ကိုယ့်အတွက်ကျန်အောင် အလျင်အမြန် ဆောက်ကြတဲ့
အတွက် အလုပ်သမားခတွေ ၊ တစ်ခြားပေးရကမ်းရတဲ့ ကုန်ကျ
စရိတ်တွေ လျော့သွားပေမယ့်လည်း ဆောက်လုပ်ရေး
လုပ်ငန်းသုံး ပစ္စည်းတွေရဲ့ သဘောတရားအရ အခုချက်ခြင်း
ဘိလပ်မြေလောင်း ၊ အခုချက်ခြင်း လူနေလို့ မရဘဲ အသား
သေအောင် အချိန်ကာလ တစ်ခု အထိ ထားရတာ
ဆောက်လုပ်ရေး လုပ်ငန်း အတွေ့အကြုံရှိသူတိုင်း သိကြတဲ့
လုပ်ငန်းလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။

ဆောက်လုပ်ရမယ့် အချိန်တွေကို ချုံ့ပြီး အမြန်ဆောက်ခဲ့တာ
တွေ ၊ ထည့်ရမယ့် ပစ္စည်းတွေကို လျှော့ပြီး ခေတ်အဆက်ဆက်
မှာ ဆောက်လုပ်ခဲ့ကြတာ တွေရဲ့ အကျိုးဆက်ကြောင့်
ဆယ်စုနှစ် တစ်ခုကျော်ကျော် သက်တမ်းရှိတဲ့ တိုက်တွေ
ယိုင်တာ ၊ အက်ကွဲလာတာ ၊ အခြမ်းလိုက်ပြိုဆင်းလာတာတွေ
ဖြစ်လာကြပါတယ်။

ပြသနာဖြစ်လာပြီဆိုမှာ အဲဒိအချိန်က ဆောက်ခဲ့တဲ့
ကန်ထရိုက်တာတွေ ၊ ကုမ္နဏီတွေ ရှိခဲ့ရင် နည်းနည်းပါးပါး
စကားပြောပြီး ပြင်ခိုင်းဖို့ ဖိအားပေးနိုင်ကြပေမယ့် မြန်မာပြည်က
ခါတော်မီ ကန်ထရိုက်တာတွေ ၊ ကုမ္မဏီတွေကတော့
တိုက်ဆောက်ပြီးတာနဲ့ ကုမ္မဏီ မရှိတော့တာတွေ ၊ ကန်ထရိုက်
ဘယ်သူမှန်း မသိကြတော့တာတွေ အများကြီးကြားရမြင်ရ
ဖြစ်လာတဲ့ အတွက် တိုက်ခန်းဝယ်သူတွေ အခုနောက်ပိုင်း
ကိုယ်ဝယ်မယ့် တိုက်ရဲ့ အရည်အသွေးကို ကြည့်လာတာ
မထူးဆန်းပါဘူး ။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အဆောက်အအုံ တစ်ခု
အရည်အသွေးပိုင်းနဲ့ ပြသနာတက်လာပြီဆိုရင် နေထိုင်တဲ့
သူတွေက ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေး ကုမ္မဏီကို တရားစွဲ
တာတွေ ၊ နစ်နာကြေး ဒေါ်လာသန်းနဲ့ တရားရုံးတွေက တဆင့်
တောင်းတာတွေ ၊ အာဏာပိုင်အဖွဲ့အစည်းတွေကို တိုင်တန်း
တာတွေ ရှိပေမယ့်လည်း မြန်မာလူ့ဘောင် အသိုင်းအ၀ိုင်းမှာ
တော့ အဲလိုအလေ့အထတွေ မကြားမိသလောက်ပါဘဲ။
ရှိကောင်းရှိနိုင်ပေမယ့် အင်မတန်းနည်းတဲ့ လူနည်းစုလောက်
ကဘဲ လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင် လူဦးရေတိုးပွားလာသည် နှင့်အမျှ အိမ်ရာ
လိုအပ်ချက်မြင့်မားလာသည့် အတွက်ဆောက်လုပ်ရေးလောက
သို့ အလွယ်တကူဝင်ရောက်လာသူများ ရှိလာတဲ့ အတွက်
ကြောင့်လည်း မလိုလားအပ်သည့် အားနည်းချက်ရှိသည့်
လုပ်ရပ်များ၊ လုပ်ငန်းများဖြစ်လာတာ ဖြစ်တယ်ဆိုတဲ့
အကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ
ကလည်း သုံးသပ်ထားကြပါတယ်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ စာရင်းဇယားများအရ
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်းရန်ကုန်မြို့တွင် အိမ်ရာ
ယူနစ်ပေါင်း ၃၆,၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်တဲ့ အတွက်
ကြောင့်လည်းတစ်နှစ်လျှင် အိမ်ရာ ယူနစ် ၇,၂၀၀ ခန့် ပျမ်းမျှ
ဖော်ထုတ်နိုင်ခဲ့တဲ့ သဘောရှိပါတယ်။ အဲဒိအထဲကမှ
၇၀ ရာခိုင် နှုန်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များက ဖော်ထုတ်
ဆောက်လုပ်ခဲ့ခြင်းဖြစ်ပေမယ့်လည်း အမှန်တကယ် အိမ်ရာ
လိုအပ်ချက်ကတော့ တစ်နှစ်မှာ ၇၅၀၀၀ လောက်ရှိတယ်လို့
ဆောက်လုပ်ရေး အသင်းကလည်း ခန့်မှန်းထားတဲ့ အတွက်
ဈေးကွက်လိုအပ်ချက် ရှိနေတဲ့ လုပ်ငန်းစားကျက်
တစ်ခုဖြစ်လာပါတယ်။

ပြိုင်ဆိုင်မှု တွေပြင်းထန်တဲ့ ယနေ့ အချိန်အခါမှာ တစ်ဖက်
ကလည်း နည်းပညာ ဖွံ့ဖြိုးလာလို့ ဆောက်လုပ်တဲ့ နည်းစနစ်
တွေ တိုးတက်လာနေသလို တိုက်ခန်းဝယ်ယူသူတွေဘက်
ကလည်း စိတ်အေးလက်အေးနဲ့ လုံလုံခြုံခြုံ တိုက်ခန်းလေး
တစ်ခုရဖို့ အတွက် တိုက်ခန်းတွေရဲ့ အရည်အသွေး ၊
ဆောက်တဲ့ ကုမ္မဏီတွေရဲ့ နောက်ကြောင်းရာဇ၀င်တွေကို
အခုနောက်ပိုင်းစုံစမ်းပြီးမှ ၀ယ်လာတဲ့ အထိ ဈေးကွက် က
ပြောင်းလာပြီဖြစ်ပါတယ်။

အရည်အသွေးကောင်းကောင်း ၊ စံချိန်စံညွှန်မီမီ နဲ့
ဆောက်ထားတဲ့ တိုက်တွေ ၊ ဒီတိုက်တွေကို ဆောက်လုပ်
ကြတဲ့ ကျွမ်းကျင် ဆောက်လုပ်ရေး ကုမ္မဏီတွေနဲ့
ကန်ထရိုက်တာတွေကသာ ရေရှည်ဈေးကွက်မှာ အောင်ပွဲခံနိုင်
မှာ ဖြစ်ပါကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြ
ပါတယ်။

(ကိုချစ်ခင်)

credit - 7day Daily & iMyanmar House

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment