“ရွှေအခွန်နှင့် အိမ်ခြံမြေ”
၁။ "တန်ဖိုးမြင့် အခွန်တံဆိပ်ခေါင်းများ ထုတ်မည်"
ရွှေထည်လက်ဝတ်ရတနာများကို ဧပြီလမှစ၍
အခွန်ကောက်မည်ဖြစ်ရာ ယင်းအတွက် တန်ဖိုးမြင့်
တံဆိပ်ခေါင်းများ ဖြစ်သည့် ကျပ်ငါးထောင်တန်နှင့်
တစ်သောင်းတန်များကို ထုတ်မည်ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးမင်းထွဋ်က ပြောကြားသည်။
“အခွန်စကောက်မယ့် ဧပြီလ ၁ ရက်နေ့အမီ ထုတ်နိုင်မှာ
မဟုတ်ဘူး။ ဧပြီလအတွင်း သုံးနိုင်အောင်တော့ ထုတ်မယ်။
ဘယ်လောက်ပမာဏ ထုတ်မယ်ဆိုတာတော့ မပြောနိုင်
သေးဘူး။ တံဆိပ်ခေါင်းတွေ မရခင် အချိန်အထိတော့
အရင်နည်းအတိုင်းပဲ အခွန်ကောက်မယ်” ဟု
၎င်းက ဆိုသည်။
တန်ဖိုးမြင့် တံဆိပ်ခေါင်း ထုတ်လုပ်မှသာ
ရွှေအရောင်းအဝယ်အတွက် အဆင်ပြေနိုင်မည်ဖြစ်ပြီး
ရိုးရိုးတံဆိပ်ခေါင်းများ အသုံးပြုပါက ပမာဏအနည်းငယ်
ဝယ်ယူသူများအတွက် အဆင်ပြေနိုင်သော်လည်း
ဘောက်ချာတွင် တံဆိပ်ခေါင်းများ ရာနှင့်ချီ ကပ်ရမည်
ဖြစ်ကာ အခွန်တွက်ချက်ရာတွင်လည်း အမှားများ ဖြစ်နိုင်
ကြောင်း ရွှေလုပ်ငန်းရှင် ဦးဌေးလွင်က ပြောကြားသည်။
ရွှေအခွန်မှာ ယခင်ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ထွက်ရှိပြီး
ကတည်းက ဝယ်ယူသူများက မဆောင်သော်လည်း
လုပ်ငန်းရှင်များက ပေးဆောင်ရကြောင်း၊
၂၀၁၇ ခုနှစ် အခွန်အကောက် ဥပဒေတွင် ရွှေနှင့် လက်ဝတ်
ရတနာများမှာ အခွန်ဆောင်ရမည် ဟူသည့် အပိုဒ်တစ်ပိုဒ်
သီးသန့်ထည့်လိုက်သောကြောင့် ဝယ်ယူသူများက
တိုက်ရိုက်ပေးဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက
ရှင်းပြသည်။
ဧပြီလ ၁ ရက်နေ့မှစ၍ ရွှေထည်လက်ဝတ်ရတနာများ
အပေါ်တွင် အခွန်တစ်ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး
အခေါက်ရွှေတုံးများအပေါ်တွင် အခွန်ငါးရာခိုင်နှုန်း
ကောက်မည် ဖြစ်သည်။
***
၂။ "ရွှေအခွန်ကြောင့် ရွှေဈေးကွက်ကငွေ အိမ်ခြံမြေကို
စီးဝင်လာနိုင်"
ဧပြီလမှာစပြီး ရွှေဝယ်မှုအပေါ်မှာ အခွန်ကောက်ခံမှာဖြစ်လို့
အမြင့်ဈေးနဲ့သွက်နေတဲ့ ရွှေဈေးကွက် လေးလံလာနိုင်ပြီး
ရွှေဈေးကွက်ကငွေတချို့ အိမ်ခြံမြေကဏ္ဍထဲ စီးဝင်လာနိုင်
တယ်လို့ ပြည်တွင်း အိမ်ခြံမြေလုပ်ငန်းရှင်တွေက
သုံးသပ်ကြ ပါတယ်။
မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္မဏီက ဦးသန်းဦးက
"အဓိကတော့ အဲဒီလိုအခွန်တွေကောက်လိုက်ရင်
ရွှေအရောင်းအဝယ်ကကျသွားနိုင် တယ်လေ၊
ဘာဖြစ်လို့လဲဆိုတော့ အခွန်ကောက်လာပြီဆိုတော့
အရောင်းအဝယ် ကတော့ လေးသွားမှာပဲလေ၊
ရွှေဝယ်ဖို့အတွက်က နည်းနည်းတုံ့ ဆိုင်းသွားလိမ့်မယ်၊
ဈေးတက်လို့ရှိရင်တော့ဝယ်ထားတဲ့ သူတွေက ပြန်ရောင်း
တာရှိလိမ့်မယ်၊ ပြည်တွင်းရွှေဈေးကမာနေတာ၊
အခုအချိန်ကတော့ ရွှေဈေးကွက်လဲ လေးတယ်၊
အိမ်ခြံမြေဈေးကွက်လဲလေးပါတယ်၊ရွှေမှာကထုတ်ရောင်း
တဲ့ပမာဏ များရင်တော့ပေါ်လာတဲ့ ငွေတွေက အိမ်ခြံမြေ
ဈေးကွက်ထဲနည်းနည်းပါးပါးဝင်လာမယ်၊ အများကြီးတော့
မဟုတ်ဘူး" လို့ ပြောပါတယ်။
အခုလည်း ရွှေကတက်ဈေးနဲ့ပဲရှိနေပြီး ပြည်တွင်း ရွှေဈေးက
တစ်ကျပ်သားကို ကျပ် ၉၀၁,၆၀ဝ မှာရှိနေပြီး ကမ္ဘာ့ရွှေဈေး
ကလည်း တစ်အောင်စကို ၁၂၄၄.၅၀ ဒေါ်လာမှာရှိနေ
ပါတယ်။ ဒေါ်လာဈေးကလည်းမကျဘဲ တစ်ဒေါ်လာကို
၁၃၆၁ ကျပ်ရှိနေတာကြောင့် မြန်မာရွှေဈေးကွက်
အတက်ဘက်ကို ဦးတည်နေပြီး ဝယ်ယူထားတဲ့သူတွေက
ဈေးအမြင့်နဲ့ပြန်ရောင်းချနိုင်ခြေရှိနေပါတယ်။
ရွှေဈေးကွက်အခွန်ကောက်ခံတာကြောင့် ဈေးကွက်လေးပြီး
အိမ်ခြံမြေဈေးကွက်အပေါ်အကျိုးသက်ရောက်မှုတော့
ကြီးကြီးမားမား မဖြစ်ပေါ်နိုင်ဘူးလို့ အိမ်ခြံမြေ လုပ်ငန်း
လုပ်ကိုင်သူ တချို့ကလည်း ပြောပါတယ်။
မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္မဏီက ဦးသန်းဦးက
"လက်ရှိအနေ အထားအရ အိမ်ခြံမြေဈေးကွက်ကလဲ
နဂိုကတည်းကအေးနေတော့ ဒီနှစ်လဲလက်ရှိ နှုန်းထား
အတိုင်းဆိုရင်တော့ ဒီနှစ်လဲလေးနေမယ့် သဘောလို့
မှန်းဆထားကြတယ်၊ သိပ်တော့လဲ ထူးထူးခြားခြားသက်ရောက်
မှုတော့မရှိနိုင်ပါဘူး၊ ရွှေဈေးကွက်ကော အိမ်ခြံမြေဈေးကွက်ပါ
လေးနေဦးမှာပဲ" လို့ ရှင်းပြပါတယ်။
အိမ်ခြံမြေဈေးကွက် နာလန်မထူနိုင်သေးတဲ့ လက်ရှိ
အနေအထားအရ ပြုပြင်ပြောင်းလဲတာတွေရှိရင်တော့
aဈးကွက်ပြန်ပြီး ဦးမော့လာနိုင်မှာ ဖြစ်ပါတယ်။
သည်လို ဦးမော့ဖို့က နိုင်ငံတော်အစိုးရရဲ့မူဝါဒအပေါ်
မူတည်တယ်။ နိုင်ငံတော်အစိုးရရဲ့မူဝါဒက ဈေးကွက်တွေ
အပေါ်မှာ အများကြီး ရိုက်ခတ်နိုင်ပါတယ်။
မူဝါဒတစ်ခုထွက်တိုင်း ဈေးကွက် အပေါ်မှာတစ်ခါရိုက်ခတ်
ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိကအနေနဲ့ လက်တံတိုပြီး
အစိုးရအနေနဲ့ပဲ လက်တံရှည်ရှည်နဲ့ဆောင်ရွက်ရမယ့်ကိစ္စ
ဖြစ်ပါတယ်။
လက်ရှိအစိုးရက တန်ဖိုးနည်း တန်ဖိုးမျှအိမ်ရာတွေ
တည်ဆောက်ဖို့ စီမံကိန်းတွေရှိပါတယ်။ အိမ်ခြံမြေများလာရင်
အိမ်ခြံမြေဈေးကွက်မှာလည်း အထိုက်အလျောက် ပုံမှန်
ဖြစ်လာမှာဖြစ်ပါတယ်။
သည်အိမ်ရာတွေရည်မှန်းထားတဲ့ အရေအတွက်အတိုင်း
ပေါ်ထွက်လာ မထွက်လာက စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လက်ရှိရောင်းချနေတဲ့ အိမ်ရာယူနစ်တွေ ကတော့ ပြီးခဲ့တဲ့
အစိုးရလက်ထက်က အကောင်အထည်ဖော်တာတွေကို
သည်အစိုးရ လက်ထက်မှာ လက်စသတ်နေတာ
ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နှစ်နှစ်အတွင်းမှာ
(၂၀၁၆- ၂၀၁၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း)
တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈၀၄၂ ခန်းတည်ဆောက်
သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိုး အိမ်
ဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
(ပို့ပို့မြင့်မွန်)
credit - The Voice & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment