“အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုနှင့်ဈေးကွက် အခြေအနေ”
၁။ "အိမ်ခြံမြေဈေးကွက် ၂၀၁၇ မှာ ကောင်းမွန်လာမည်
ဟုဆို"
ရန်ကုန်မြို့မှာ လက်ရှိ အိမ်ခြံမြေ အရောင်း၊ အဝယ်၊ အငှား
ဈေးကွက်အေးနေပေမဲ့ အခုနှစ်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနဲ့ ကွန်ဒိုဥပဒေတွေ ထွက်ရှိလာနိုင်လို့ အိမ်ခြံမြေ
ဈေးကွက် ကောင်းမွန်လာလိမ့်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ
ဦးခင်မောင်သန်းက
“အိမ်ခြံ မြေကဏ္ဍက ဈေးကျလဲ ခဏပါပဲ၊
သမိုင်း တစ်လျှောက်ကြည့်မယ်ဆိုရင် ဈေးနှုန်းမကျတဲ့
အချိန်မရှိခဲ့တာ မဟုတ်ပါဘူး၊
ဈေးနှုန်းကျခဲ့သလို ဈေးအေးတာတွေလဲ ရှိခဲ့ပါတယ်၊
ဈေးမမီလောက်အောင် တက်ခဲ့တာတွေလဲ ရှိခဲ့ပါတယ်၊
ခုလက်ရှိ ဈေးနှုန်း အေးနေပြီး ဈေးကျနေတယ်၊
အိမ်ခြံ မြေဈေးကတော့ နိုင်ငံရဲ့အရွှေ့အပြောင်း၊
ရောင်းလိုအား ဝယ်လိုအား၊ အခြား အကြောင်းအရာတွေ
မှာလဲ သူ့ရေစီး ကြောင်းနဲ့ သူ မူတည်နေတာပါ၊
ဒါကြောင့် အိမ်ခြံမြေဈေး ရေရှည်ကျဆင်းမယ်ဆိုပြီး
အထင်မှားပြီး မဝယ်ဘဲမနေကြဖို့ ပြောချင် ပါတယ်၊
နိုင်ငံတကာမှာဆို ဈေးနှုန်းကျဆင်းလဲ ခဏပါပဲ၊
မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်ကလဲ တက်တစ်လှည့်
ကျတစ် လှည့်ပါ၊
နိုင်ငံတကာမှာလဲ အိမ်ခြံမြေဈေးနှုန်းက တည်ငြိမ်နေပေမဲ့
percentage အလိုက်တက်ပြီး ဈေးနှုန်းအေးတဲ့ အချိန်တွေ
ကျရင်လဲ အေးသွားတာပါပဲ၊
ဘယ်ကုန်ပစ္စည်းမဆို ဈေးကွက်တစ်ခုရဲ့ ရေစီးကြောင်းပဲ
အေးလိုက်ပြန်တက်လိုက် ဖြစ်နေမှာပါ” လို့ ပြောပြပါတယ်။
ပြည်တွင်း အိမ်ခြံမြေဈေးကွက် တဖြည်းဖြည်းတိုးတက်
လာရင် အခြားရင်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာနိုင်ပြီး အိမ်ခြံမြေ
အမှန်တကယ် လိုအပ်တဲ့ ပြည်သူတွေ လက်ဝယ်ရှိပါက
အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာနိုင်ပါတယ်။
ဒါ့အပြင် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေဟာနိုင်ငံတော်နဲ့
အများပြည်သူအတွက် အမှန်တကယ်လိုအပ်လျက်ရှိပြီး
အဲသည် ဥပဒေထွက်လာရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့
ပြည်တွင်းလုပ်ငန်းတွေပါ ပိုမိုခိုင်မာ အောင်မြင် ဆောင်ရွက်နိုင်
မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေဝန်ဆောင်မှု
အသင်းက သိရပါတယ်။
(မေသက်)
***
၂။ "လူနေသိပ်သည်းသောရပ်ကွက်များမှ အိမ်မြေများ
တန်ဖိုးကျဆင်းနိုင်ခြေ ဆက်လက်နည်းပါးနေ"
မန္တလေးမြို့ရဲ့ လတ်တလောအိမ်ခြံမြေဈေးကွက်မှာ အရောင်း
အဝယ်အေးနေတဲ့အနေအထားအရ ဧရိယာတချို့မှာ ဈေးနှုန်း
ကျဆင်း ပြောင်းလဲတာမျိုး ရှိပေမဲ့ လူနေထိုင်မှု သိပ်သည်းပြီး
ဖြစ်တဲ့ နေရာတွေက အိမ်မြေတွေရဲ့ ဈေးနှုန်းတွေကတော့
ပြောင်းလဲကျဆင်းနိုင်ခြေ နည်းပါးကြောင်း အိမ်ခြံမြေ
အကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်ခြံမြေဈေးကွက် အပါအဝင် ကျောက်စိမ်းဈေးကွက်၊
ကားဈေးကွက်နဲ့ ရွှေ၊ ကောက်ပဲသီးနှံဈေးကွက်စတာတွေဟာ
လည်ပတ်မှု နှေးကွေးနေပြီး ချိန်ဆ အလုပ်လုပ်နေကြရတာ
များပါတယ်။
ဒီအနေအထား အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်းသောင်းချီတန်
တဲ့ အကွက်အကွင်းတွေဟာ အရောင်းအဝယ်မရှိသလောက်
ဖြစ်နေပြီး အငှားဈေးကွက်ကိုသာအားထား အလုပ်လုပ်
နေကြရပါတယ်။
ဈေးနှုန်းအနိမ့်တန်းလို့ ဆိုရမယ့် ကျပ်သိန်း ၁,ဝဝဝပတ်ချာလည်
နဲ့ ကျပ်သိန်း ၅ဝဝ အောက် အိမ်ခြံမြေတွေရဲ့ နှုန်းထားတွေ
အနည်းငယ်ပြောင်းလဲကျဆင်းပြီး အများဆုံးအလုပ်ဖြစ်နေကြ
ပေမဲ့ လူနေထိုင်မှု သိပ်သည်းပြီးဖြစ်တဲ့ဈေးနှုန်းအလယ်အလတ်
တန်းက အိမ်မြေတွေရဲ့ တန်ဖိုးတွေက ပြောင်းလဲကျဆင်းနိုင်ခြေ
နည်းပါးတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်အေးနေပေမဲ့ အိမ်မြေ
ကသာ ခိုင်မာတဲ့ရင်းနှီး မြှုပ်နှံမှုလို့ အများစုက လက်ခံယူဆ
နေကြပါတယ်။
လူနေထိုင်မှု ကျဲပါးသေးတဲ့ ဧရိယာတွေမှာ အရင်အရောင်းအဝယ်
သွက်စဉ်က ဈေးနှုန်းမျိုးကို အခုလက်ရှိမှာ ခေါ်နေရင် စိတ်ဝင်စား
သူနည်းပါးပေမဲ့ လူနေ အထိုင်ကျပြီးဖြစ်တဲ့ အိမ်မြေအကွက်
အကွင်းတွေ၊အခြေခံလူနေမှုအဆောက်အအုံတွေနဲ့ ပြည့်စုံပြီး
ဖြစ်တဲ့ အကွက်အကွင်းတွေကတော့ခေါ်ဈေးမာသလို ဈေးကွက်
တောင်းဆိုမှု ကောင်းဆဲဖြစ်ပါတယ်။
လူနေထိုင်မှု သိပ်သည်းတဲ့ ဧရိယာတွေမှာ ကျပ်သိန်း ၃,၅ဝဝ
ဝန်းကျင်ကနေ ကျပ်သိန်း၁,၅ဝဝ အတွင်း အိမ်ခြံမြေဈေးနှုန်းတန်း
တွေဟာ ဈေးကွက်အေးနေပေမဲ့ဈေးနှုန်းအပြောင်းအလဲ
မများတာကို တွေ့ရပါတယ်။
ဒီဈေးနှုန်းတန်းတွေက အိမ်မြေတွေကို ငွေကြေးလိုအပ်ချက်ရှိတဲ့
သူကလွဲပြီး ဈေးနှုန်းသိသိသာသာ ကွာဟရောင်းချတာမျိုးလည်း
နည်းပါးတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဈေးကွက်တောင်းဆိုမှုရှိတဲ့ အိမ်မြေတွေဖြစ်လို့နေထိုင်ဖို့စိတ်ကူး
သူတွေအနေနဲ့ ခြံဝိုင်းပြည့်၊ အကွက်ပြည့် မတတ်နိုင်ရင်တောင်
မြေတစ်ခြမ်းမှာ အဆောက်အအုံ သပ်သပ်ရပ်ရပ်ဆောက်ပြီး
နေဖို့ စဉ်းစားဖြစ်ကြပါတယ်။
ဈေးကွက်တောင်းဆိုမှုကောင်းတဲ့ လူနေမှုသိပ်သည်းပြီး
ဈေးနှုန်းအလယ်အလတ်တန်း ဖြစ်တဲ့ အကွက်အကွင်းတွေအဖြစ်
မြို့သစ်ရပ်ကွက်ကြီးတချို့၊ မဟာမြိုင်ရပ်ကွက်၊ထန်းကိုးပင်နဲ့
မြရည်နန္ဒာရပ်ကွက်တို့ကို အများဆုံးတွေ့ရပါတယ်။
ငွေကြေးတတ်နိုင်လို့ပဲ ဖြစ်ဖြစ်၊ ငွေဝိတ်လျှော့ပြီးနေဖို့ ပြန်ဝယ်
တာပဲဖြစ်ဖြစ် အများစုဟာအဲဒီဧရိယာတွေကို ထည့်စဉ်းစားကြ
လေ့ရှိပါတယ်။
အရောင်းအဝယ်အေးနေချိန်မှာသင့်တင့်တဲ့ အလယ်အလတ်
နှုန်းတန်းမှာ အိနြေ္ဒရရနေနိုင်ပြီး၊ ဈေးကွက်ပြန်သွက်ရင်ဈေးပိုမာ
နိုင်တဲ့ အနေအထားမှာရှိနေတာကြောင့် သူတို့ရဲ့ နှုန်းထားတွေ
ကို လတ်တလောမှာ သိသိသာသာပြောင်းလဲကျဆင်းဖို့
မမျှော်လင့်နိုင်ကြောင်း အကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။
(ဖြိုးဝေကျော်)
***
၃။ "အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်လာနိုင်"
ယခုနှစ်အတွင်း မြန်မာ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပိုမြင့်တက်
လာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကော်မရှင်
က သိရပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းအရ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှုမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုက အဆင့်ငါးနေရာကို
ရောက်ရှိနေပြီးတော့ မြန်မာ့အိမ်ခြံမြေကဏ္ဍကို ဂျပန်၊ ဗြိတိန်၊
ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်စတဲ့နိုင်ငံတွေက
ဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြောင်း သိရပါတယ်။
"မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြုလုပ်လိုက်တဲ့
အပြောင်း အလဲတွေကြောင့် မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ
အကျိုးသက်ရောက်မှုတွေ များစွာရှိလာမှာဖြစ်ပါတယ်၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို
ပူးပေါင်းလိုက်တဲ့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ
တစ်သားတည်းပူးပေါင်းလာနိုင်တဲ့အတွက် အကျိုးထူးတွေ
ရလာမှာပါ၊
ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရင် စီးပွားရေး လုပ်ငန်းတွေနဲ့
ပတ်သက်တဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းဟာလဲ
မြင့်တက်လာနိုင်ပါတယ်" လို့ အိမ်ခြံမြေကုမ္မဏီ တာဝန်ရှိသူ
တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုက
- ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၄၁ သန်းရင်းနှီးမြှုပ်နှံမှုလုပ်လာ
ပါတယ်။
- ၂၀၁၅ မှာ ဒေါ်လာသန်း ၈၀ အထိရှိပြီး
- ၂၀၁၆ မှာ ၉၄ သန်းအထိရင်းနှီးမြှုပ်နှံမှုရှိလာတာကို
တွေ့ရပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ အိမ်ခြံမြေရင်းနှီး
မြှုပ်နှံမှုဘက်မှာ တိုးတက်လာတာကို တွေ့ရပါတယ်။
မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုကိုကြည့်မယ်ဆိုရင် စင်ကာပူက
လက်ရှိအနေအထားမှာ ပထမလို့ ပြောလို့ရပါတယ်။
CHDB Bank တို့နဲ့ စကားပြောကြည့်တဲ့အခါ မြန်မာပြည်မှာ
တကယ်လိုအပ်နေတာက အိမ်ခြံမြေဖြစ်ပါတယ်၊ အဓိကက
တန်ဖိုးနည်း၊ တန်ဖိုးမျှ၊ အဆင့်မြင့်ကွန်ဒိုတွေဖြစ်ပါတယ်၊
ဒါ့ပြင် developer အများစုက အကောင် အထည်ဖော်တဲ့
အခါ local development နဲ့ မပြီးပါဘူး၊ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုကိုလဲ မှီတွယ်ရပါတယ်၊ ဒါကြောင့်မို့ တဖြည်းဖြည်း
ရင်းနှီးမြှုပ်နှံမှုတွေဝင် လာတဲ့အခါ အိမ်ခြံမြေဘက်ကို အဓိက
ဦးစားပေးလာတာတွေ့ ရပါတယ်လို့ Golden City က
Project Sale Director ကိုကျော်စည်သူက ပြောပါတယ်။
(မေသက်)
credit - Kumudra Journal & The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment