Monday, May 15, 2017

“လွှတ်တော်များ အတွင်းမှ တပ်လှန့်သံများ”

“လွှတ်တော်များ အတွင်းမှ တပ်လှန့်သံများ”

၁။ "လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မဲ့ လူနေအိမ်များ
အဖြစ် ဆောက်လုပ်နေထိုင်သူများကို လယ်ယာမြေဥပဒေဖြင့်
တရားစွဲဆိုမှုများ ပြုလုပ်နေဟုဆို"

လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မဲ့ လူနေအိမ်များအဖြစ်
ဆောက်လုပ်နေထိုင်သူများကို လယ်ယာမြေဥပဒေဖြင့်
တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်
ဝန်ကြီး ဦးဟံထွန်းက ဧပြီ ၅ ရက်တွင် ပြုလုပ်သည့် ဒုတိယ
အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထ ပုံမှန်
အစည်းအဝေး (ဆဋ္ဌမနေ့) တွင် ပြောကြားသည်။

ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးမှ ထန်းတပင်မြို့နယ်
အတွင်းရှိ
- လယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲခြင်း၊
- ခွင့်ပြုချက်ရယူခြင်း မရှိဘဲ အိမ်ရာကွက်များ အကွက်ဖော်ပြီး
ရောင်းချခြင်း၊
- စက်ယန္တရားများဖြင့် လမ်းများဖို့ကာ လျှပ်စစ်မီးတိုင်များ
စိုက်ထူ ဆောင်ရွက်နေခြင်း၊
- ဆည်မြောင်းတာဘောင်ပေါ်တွင် အိမ်ရာကွက်များရိုက်၍
ကိုယ်ကျိုးစီးပွားအတွက် ရောင်းချခြင်း၊ ထိုသို့ ပြုလုပ်နေသည်
ကို သက်ဆိုင်ရာဌာန အကြီးအကဲများမှ ကွင်းဆင်းစစ်ဆေး
တားမြစ်သော်လည်း ဆက်လက်လုပ်ဆောင်နေမှု အပေါ်
ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ရှိ မရှိ သိရှိ
လိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊
သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ဖြေကြားရာ
တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မဲ့ လူနေအိမ်များအဖြစ်
အသုံးပြုကျူးလွန်မှု အခြေအနေမှာ
ကျေးရွာအုပ်စု ၁၃ စု၊ တောင်သူဦးရေ ၃၀၉ ဦး၊ ဧရိယာ
၁၁၅၉ ဧက၊ ဒီကျူးလွန်မှုကို ၂၀၁၂ လယ်ယာမြေ ဥပဒေ
ပြဋ္ဌာန်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အရေအတွက် စာရင်း
ဇယား ဖြစ်ပါတယ်။
အဆိုပါ ကျူးလွန်မှုအပေါ် လယ်ယာမြေ ဥပဒေပုဒ်မ (၁၉)၊
အမိန့်ချမှတ်ခဲ့သည့် ကျေးရွာအုပ်စု ၁၄စု၊ လူဦးရေ ၁၃၆ ဦး၊
ဧရိယာ ၆၆၁ ဧက၊ အမိန့်ထုတ်စစ်ပြီးနောက်
၂၀၁၅-၂၀၁၆ ခုနှစ် အတွင်းမှာလည်း လယ်ယာဥပဒေပုဒ်မ
(၂၀) အရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ တရား
စွဲဆိုခဲ့သည့် ကျေးရွာအုပ်စု ခြောက်အုပ်စု၊ တရားစွဲဆိုသည့်
ဦးရေ ၁၀ ဦး၊ ဧရိယာ ၄၉ ဧကအား တရားစွဲဆိုခဲ့ပါတယ်။
အဆိုပါ စွဲဆိုခဲ့သည့် ၁၀ ဦးအပေါ် တရားရုံးက ပြစ်ဒဏ်
ချမှတ်ရာတွင် နှစ်ဦးအား ထောင်ဒဏ်ခြောက်လ၊ ကျန်ရှစ်ဦး
အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၂၅၈/၁) အရ အမှုမှ
အပြီးအပြတ်လွတ်သည် မှားယွင်းမှုအဖြစ် သတ်မှတ်ခဲ့
ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်
ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။

လယ်ယာမြေများတွင် အကွက်ရိုက် ရောင်းချမှုနှင့် ပတ်သက်ပြီး
လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူ သို့မဟုတ် လယ်ယာမြေလုပ်ပိုင်
ခွင့်ကို တစ်ဆင့် လွှဲပြောင်းရယူသူတို့ကို လယ်ယာမြေ စီမံ
ခန့်ခွဲမှုအဖွဲ့မှ အကြောင်းကြားစာ ပေးပို့သော်လည်း လိုက်နာမှု
မရှိပါက လယ်ယာမြေဥပဒေဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။

“လယ်ယာမြေဥပဒေပုဒ်မ (၁၂) ပုဒ်မခွဲ ဆ၊ ဇ၊ ဈ အရ လိုက်နာ
ခြင်းမရှိသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ သို့မဟုတ်
လယ်ယာမြေလုပ်ပိုင်ခွင့်ကို တစ်ဆင့်လွှဲပြောင်းရယူသူတို့
အား ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ ကျူးလွန်
သူအား လယ်ယာမြေဥပဒနဲ့အညီ လိုက်နာရန် အသိပေး
အကြောင်းကြားစာ ထုတ်ပြီးနောက် လိုက်နာခြင်း မရှိသူ
တွေကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ
ဥပဒေပုဒ်မ (၁၉) ပုဒ်မခွဲ ဂ၊ ဃ အရ တရားစွဲဆို ဆောင်ရွက်
သွားလို့ ရပါတယ်။
ဒီဆောင်ရွက်ရမယ့် လုပ်ငန်းကို လယ်ယာမြေဥပဒေပုဒ်မ
(၁၂) ပုဒ်မခွဲ ဆ၊ ဇ၊ ဈ အဆင့်ဆင့် ဆောင်ရွက်ပြီးတော့
လိုက်နာခြင်းမရှိရင် ပုဒ်မ (၁၉)၊ (၂၀) အဖြစ်
ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊
သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။ 

(ဆန်းထူးအောင်၊ ထက်ရှိုင်း)

***

၂။ "အစိုးရအကူးအပြောင်းကာလအတွင်း မန္တလေးမြို့ပေါ်ရှိ
တန်ဖိုးကြီးမြေကွက် ၇၀ကျော်ကို လူလေးဦးအား ချထား
ပေးခဲ့ကြောင်း စိစစ်တွေ့ရှိ"

အစိုးရအကူးအပြောင်းတွင် မန္တလေးမြို့ပေါ်ရှိ တန်ဖိုးကြီးမြင့်
သည့် အများပြည်သူပိုင် မြေကွက်ပေါင်း ၇၂ ကွက်
(မြေဧရိယာ ဧက ၁၆၀ ကျော်) ကို လူလေး ဦးအား ချထား
ပေးခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်ဟု မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

‘‘လူတစ်ဦးတစ်ယောက် တည်းကို မြေဧက အလွန်များပြားစွာ
ချပေးလိုက်ပါတယ်။ ဒီကာလ (အစိုးရအကူးအပြောင်းကာလ)
အတွင်းမှာ’’ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

မန္တလေးမြို့ပေါ်ရှိ
- ဆေးရုံ၊ ကျောင်း၊ အားကစားကွင်းကဲ့သို့ အများပြည်သူနှင့်
သက်ဆိုင်သည့် နေရာများ
- အကောင်အထည်ဖော်ရန် လျာထားသည့် မြေကွက်များ၊
- ကာလပေါက်ဈေးအရ မြေတန်ဖိုး မြင့်သည့် နေရာများမှ
မြေကွက်များကို လူနည်းစုအား ချထားပေး ခြင်းဖြစ်သည်
ဟု ၎င်းက ဆိုသည်။

‘‘တစ်ယောက်တည်းက အ များပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ
အများကြီးရသွားတာကတော့ ဥပဒေကြောင်းအရပဲ
ကြည့်ကြည့် လူမှုရေး ရှုထောင့်အရပဲကြည့် ကြည့် မကောင်း
ဘူးပေါ့။ တချို့ က တော်တော်များများကို ရသွား တာဖြစ်တယ်’’
ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

မြေကွက်အများအပြားရရှိသည့် လူလေးဦး၏ အမည်ကို
ဒေါက်တာဇော်မြင့်မောင်က ထုတ် ဖော်ပြောကြားခြင်း  
မရှိသော်လည်း ယခင်အစိုးရနှင့် ရင်းနှီး သော လုပ်ငန်းရှင်ကြီး
များဖြစ်နိုင် ကြောင်း မြေကွက်လွှဲပြောင်း ချထားပေးမှုများ
ပြန်လည်စိစစ်ရေးကော်မတီတွင် ပါဝင်သည့် လွှတ်တော်
ကိုယ်စားလှယ်များက ပြောသည်။

မြေကွက်များ ဂရန်ချထား လွှဲပြောင်းပေးခဲ့ရာတွင် ကာလ
ပေါက်ဈေး ကျပ်သိန်းထောင်ချီ တန်ကြေးရှိသည့် မြေကွက်ကို
ကျပ်သိန်း ၁၀၀ ခန့်သာ ပေးသွင်း စေခဲ့သကဲ့သို့
လူတစ်ဦးတည်းက မြေကွက်အများအပြားရရှိခြင်းများ
တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။

အဆိုပါ မြေယာအလွှဲအပြောင်းများနှင့်ပတ်သက်၍
* ပြန်လည်စိစစ်သုံးသပ်ရေးကော်မရှင်၏ အကြံပြုချက်များ
အတိုင်း မြေဂရန်များ ပြန်လည်ပယ်ဖျက်ခြင်း၊ ကာလတန်ဖိုး
ထက် များစွာလျော့နည်းပေးသွင်းခြင်းများကို မြေဖိုးငွေ ထပ်မံ
ပေးသွင်းစေခြင်းများဖြင့် အဆင့်လိုက် အရေးယူမည် * ဟု
ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး နောက်
ထိုစဉ်က အာဏာရအစိုးရသည် ၎င်းတို့အာဏာမလွှဲပြောင်းမီ၌
မန္တလေးမြို့ပေါ်ရှိ အများပြည်သူနှင့် သက်ဆိုင်သော
မြေကွက်များ၊ အစိုးရ စီမံခန့်ခွဲခွင့်ရှိသော မြေကွက်များကို
လူပုဂ္ဂိုလ်များထံသို့ တစ်ဦးတည်းပိုင်မြေများအဖြစ် ဂရန်များ
ချထားခွင့်ပြု ခဲ့သည်။

လက်ရှိ မန္တလေးတိုင်းလွှတ်တော်၏ တိုက်တွန်းချက်အရ
တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါ မြေကွက်အလွှဲအပြောင်း
များကို ပြန်လည်စိစစ်ခဲ့ရာ မန္တလေးစည်ပင်သာယာနယ်နိမိတ်
အတွင်း မြေကွက် ၁၈၀ ခန့်(အကျယ်အဝန်းဧက ၂၀၀ ကျော်)
ကို  လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများထံ ချပေးခဲ့သည်ကို
စိစစ်တွေ့ရှိ ရသည်။

(မောင်တာ)

credit - Eleven Media Group & 7day Daily

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment