Tuesday, November 10, 2015

“ကွန်ဒိုအပေါ် သုတေသန စစ်တမ်းများနှင့် လတ်တလော အိမ်ခြံမြေသတင်း”


“ကွန်ဒိုအပေါ် သုတေသန စစ်တမ်းများနှင့်
လတ်တလော အိမ်ခြံမြေသတင်း”


၁။ "၂၀၁၇ တွင် ရန်ကုန်မြို့၌ ကွန်ဒိုတိုက်ခန်း အရေအတွက်
၂၀၁၄ ထက် နှစ်ဆကျော်ရှိလာမည်"

*** လာမည့် ၂၀၁၇ တွင် ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီး
နိုင်မည့် ကွန်ဒိုတိုက်ခန်းအရေအ တွက်သည် ၂၀၁၄ တွင်ရှိသည့်
ကွန်ဒိုအရေအတွက်ထက် နှစ်ဆ ခွဲကျော်
ရှိလာနိုင်ကြောင်း ***
Pro-perty Solution ကုမ္ပဏီက ရန်ကုန်မြို့၏မြို့ပြအိမ်ခြံမြေနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများကို သုံးနှစ် ခန့်
သုတေသနပြုလုပ်၍ သုံးသပ်ချက်ထုတ်ပြန်သည်။

၂၀၁၄ တွင် ရန်ကုန်မြို့၌ ကွန်ဒိုအခန်း အရေအတွက်
၅,၅၈၆ ခန်းရှိပြီး လာမည့်နှစ်များ အတွင်း နှစ်စဉ်
တိုးတက်လာမည် ဖြစ်ကာ ၂၀၁၇ တွင် ကွန်ဒိုအခန်း ပေါင်း
၁၄,၈၁၁ ခန့်ရှိလာနိုင်ပြီး
အဆင့်မြင့်ကွန်ဒိုအခန်း ၅,၀၀၀ ကျော်နှင့်
အလယ်အလတ်အဆင့် ကွန်ဒို ၇,၈၀၀ ကျော်ရှိလာနိုင်ကြောင်း
အဆိုပါကုမ္ပဏီ၏စီမံခန့် ခွဲမှုဒါရိုက်တာဦးမျိုးမော်ဦးက ပြောသည်။

ကွန်ဒိုဆောက်လုပ်ရေးဈေး ကွက်စာရင်းဇယားများအရ
နှစ် အလိုက်တည်ဆောက်ပြီးစီးနိုင် မည့် ကွန်ဒိုစီမံကိန်းများမှာ
ယခု နှစ်တွင် ၁၃ ခု၊ ၂၀၁၆ တွင် ခုနစ်ခု၊
၂၀၁၇၊ ၂၀၁၈ တွင် ၁၁ ခုတို့အပါ အဝင် အခြားစီမံကိန်းများ
ဖြစ် ကြောင်း ခန့်မှန်းထားသည်။

အခန်း အရေအတွက်မှာ ၂၀၁၅ တွင် ၂,၇၂၆ ခန်း၊
၂၀၁၆ တွင် ၃,၃၄၅ ခန်း၊ ၂၀၁၇ တွင် ၃,၁၇၂ ခန်းအထိ 
နှစ်စဉ် တိုးတက်နိုင်ကြောင်း  ခန့်မှန်းထားသည်။

‘‘ဒီစာရင်း ဇယားတွေက ဆောက်လုပ်ရေး လုပ်ငန်းကြီး တွေရဲ့
လက်ရှိဆောက်လုပ်လက် စ ပရောဂျက်တွေအပေါ်မှာမူတည်ပြီး
ကောက်ထားတာဖြစ်ပါ တယ်။ ဒီနှစ်ပိုင်းမှာ ကွန်ဒိုဈေး ကွက်က
အရောင်းအဝယ်အေးနေ တော့ ဆောက်လက်စတွေ
ဆက် ဆောက်ဖို့ အခက်အခဲဖြစ်နေတာ တွေလည်း
ရှိနိုင်တယ်။ နောက်ပြီး ဒီရွေးကောက်ပွဲပြီးလို့ နိုင်ငံရေး
အ ခြေအနေပြောင်းလဲမှုတွေလည်း ရှိလာနိုင်ပါသေးတယ်’’ဟု
ဦးမျိုး မော်ဦးက ပြောသည်။

ကွန်ဒိုတိုက်ခန်းဈေးကွက် သည်
၂၀၁၂ တွင် စတင်ပွင့်လင်း လာပြီး
၂၀၁၄ ၌ ရန်ကုန်မြို့တွင် ကွန်ဒို တိုက်ခန်းများ ဆောက်လုပ်မှု
စံချိန်တင်ခဲ့ကြောင်း၊
၂၀၁၄ အတွင်း အရောင်း စတင်သော ကွန်ဒိုတိုက်ခန်း ၅,၁၀၂ခန်း
ရှိပြီး ၂၀၁၃ က ရောင်းချရသော အခန်းရေ ၃,၃၂၈ ခန်းနှင့်
နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ ကြောင်း
အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။

‘‘ရွေးကောက်ပွဲနီးလာလို့ ကွန်ဒိုတိုက်ခန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု
စိတ်ဝင်စားတာနည်းလာတာ တွေ့ရတယ်။
အခုတော့ ဈေးကွက်ကလည်း ခပ်သေးသေးဖြစ်သွားတာပေါ့။
ရွေးကောက်ပွဲပြီးသွား ရင်တော့ အိမ်ခြံမြေဈေးက
ပြန်ကောင်းလာနိုင်တယ်။
ဒါကလည်း ရွေးကောက်ပွဲကျင်းပတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့
ကိစ္စပါ’’ဟု 68 Residence တည်ဆောက်သည့်
United GP Development တည်ထောင်သူ
ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။

ကွန်ဒိုတိုက်ခန်းများ များပြားလာနိုင်သော်လည်း
အရည်အ သွေးမီသည့် ကွန်ဒိုတိုက်ခန်းများ မှာ
အနည်းစုဖြစ်ကြောင်း၊
မြို့စွန် ရပ်ကွက်များတွင်ရှိသည့်  ကွန်ဒို များမှာ
ဈေးကျလာနိုင်သော် လည်း
စည်ကားသည့်နေရာရှိ အ ဆင့်မြင့်ကွန်ဒိုများမှာ ဈေးနှုန်း
ကျ ဆင်းနိုင်ခြေမရှိကြောင်း ၎င်းက သုံးသပ်သည်။

- ကွန်ဒိုမီနီယံ  နည်းဥပဒေ ထွက်ရှိလာပါက
ကွန်ဒိုမီနီယံအဖြစ် မှတ်ပုံတင်နိုင်သည့် အဆင့် မြင့်
ကွန်ဒိုခန်းများ၏ ဈေးနှုန်းမြင့် တက်လာဖွယ်ရှိကြောင်း၊
- သို့သော် မှတ်ပုံတင်ရန် ဆောင်ရမည့် အခွန်နှုန်းထား
အနည်း၊ အများပေါ် မူ တည်ပြီးမှသာ ဝယ်လိုအား
လိုက်နိုင်ကြောင်း အထက်ပါ သုံးသပ် ချက်အစီရင်ခံစာတွင်
ဖော်ပြထား သည်။

(ထက်မြက်၊ သက်အောင်)

*****

၂။ "ကွန်ဒိုတိုက်ခန်း ၀ယ်ယူသူ ထက်ဝက်ကျော်သည်
ပြန်ရောင်းရန်နှင့် ငှားရမ်းရန် ရည်ရွယ်ဟု စစ်တမ်းတစ်ရပ်ဆို"

*** ရန်ကုန်မြို့ရှိ ကွန်ဒို တိုက်ခန်းတွင် နေထိုင်ရန်
ဝယ်ယူ မှုမှာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး
ထက်ဝက်ကျော်မှာ ပြန်လည် ရောင်းချရန်နှင့် ငှားရမ်းရန်
အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း ***
Property Solution ကုမ္ပဏီ၏ မြို့ပြအိမ်ခြံမြေနှင့်
ဆောက်လုပ်ရေး လုပ်ငန်းများကို သုတေသနပြု
ကောက်ယူထားသည့် စစ်တမ်း တွင် ဖော်ပြထားသည်။

အဆင့်မြင့်ကွန်ဒိုတိုက်ခန်း များဝယ်ယူသည့်
ရည်ရွယ်ချက်များကို ကွန်ဒို အရောင်းပြခန်း ပေါင်း ၁၂ ခုမှ
ဝယ်ယူမှုများကို စစ် တမ်းကောက်ထားခြင်း ဖြစ်ကြောင်း၊
- ပြန်လည်ရောင်းချရန်နှင့် ငှားရမ်း ရန် ရင်းနှီးမြှုပ်နှံသည့်
အနေဖြင့် ၀ယ်ယူမှုမှာ ၅၄ ရာခိုင်နှုန်း၊
- ၀ယ်ယူသည့် ရည်ရွယ်ချက် မဆုံးဖြတ်ရသေးသူ ၁၅
ရာခိုင်နှုန်းရှိပြီး
- နေထိုင်ရန် ၀ယ်ယူမှုမှာ ၃၁ ရာခိုင်နှုန်းသာရှိကြောင်း
အဆိုပါကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမျိုးမော်ဦးက
ပြောသည်။

‘‘အမှန်တကယ်နေတဲ့ သူက နည်းပြီး ပြန်ရောင်း၊ ပြန်ငှားတဲ့သူက
များတဲ့အတွက် ကွန်ဒိုတွေ တည်ဆောက်တာများလာတာနဲ့ အမျှ
ငှားမယ့်အခန်းတွေများလာ မယ်။
အဲဒီတော့ ကွန်ဒိုအငှားဈေး ကွက်က ကျယ်ပြန့်လာတော့မယ်။
ကွန်ဒိုဥပဒေ ထွက်လာရင် နိုင်ငံ ခြားသားတွေရဲ့ ဈေးကွက်
ကလည်း ရှိသေးတယ်’’ ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ငှားရမ်းမည့် ကွန်ဒိုများပြားလာခြင်း၊
ရုံးခန်းများအ တွက် သီးသန့်ဆောက်သည့် အ ဆောက်အအုံ
အသစ်များ ရှိလာ ခြင်းတို့ကြောင့် ကွန်ဒိုငှားရမ်းခ ဈေးနှုန်းများ
တဖြည်းဖြည်းလျော့ ကျလာနိုင်ကြောင်း၊
သို့သော် ကွန် ဒိုတိုက်ခန်းငှားရမ်းခြင်းမှာ အခြား နေရာများတွင်
ရင်းနှီးမြှုပ်နှံခြင်း ထက် ပိုမိုကောင်းမွန်သည့် အတွက်
ဦးစားပေး ရင်းနှီးမြှုပ်နှံမှု အဖြစ် ဆက်လက်ရှိနေနိုင်ကြောင်း
ဦးမျိုးမော်ဦးက သုံးသပ်သည်။

ကွန်ဒိုဈေးကွက်သည် လက်ရှိအချိန်တွင်
အေးစက်နေသည့်အတွက် ဆောက်လက်စလုပ်ငန်း များမှာ
တည်ဆောက်မှုများကြန့် ကြာနေကြောင်း၊
၂၀၁၆ ၌ ကွန်ဒိုတိုက်ခန်းဈေးကွက်အခြေအနေမှာ နိုင်ငံရေး
အခြေအနေပေါ်တွင်မူတည်နေကြောင်း၊
ရွေးကောက်ပွဲနှင့် နိုင်ငံရေးအခြေအနေကောင်းလျှင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာနိုင်၍ ဈေးကွက်
ပြန်လည်ကောင်းလာနိုင်ကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်း ရှင်များအသင်းမှ
ကောက်ယူထား သည့် စစ်တမ်းတစ်ရပ်အရ
"ရန်ကုန်မြို့တွင် ကွန်ဒိုတိုက်ခန်းများဝယ်ယူနိုင်သည့်
အိမ်ထောင်စုမှာ လေးသောင်းခန့်သာရှိကြောင်း"
အသင်း၏ အကြံပေးဦးလှမောင် က ဇူလိုင်က
ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာဟောပြောပွဲတစ်ခုတွင်
ပြောကြားခဲ့သည်။

(သက်အောင်၊ ထက်မြက်)

*****

၃။ "ပွင့်လင်းရာသီအိမ်ခြံမြေဈေးကွက် ကျပ်သိန်းတစ်ထောင်မှ
ငါးထောင်ကြား မြေကွက်အချို့ အရောင်းအ၀ယ်ရှိ"

ရန်ကုန်အိမ်ခြံမြေဈေး ကွက်သည် ပွင့်လင်းရာသီ
ရောက်လာသော်လည်း ရွေးကောက်ပွဲ အခြေအနေကို
စောင့်ကြည့်နေမှုကြောင့် ဒေသအလိုက်
တန်ဖိုးကျပ်သိန်းထောင်ဂဏန်း ခြံမြေအနည်းငယ်သာ
အရောင်းအ၀ယ်ရှိကြောင်း သတင်းရရှိသည်။
လက်ရှိအိမ်ခြံမြေဈေးကွက် တွင် ကျပ်သိန်း ၁,၀၀၀ မှ
၅,၀၀၀ ကြားခြံမြေကွက်အချို့သာ အ ရောင်းအ၀ယ်
အနည်းငယ်ရှိ ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ
အကျိုး ဆောင်လုပ်ငန်း ပိုင်ရှင်ဦးသန်းဦးကပြောသည်။

ယခင်နှစ်များက ပွင့်လင်းရာ သီ၌ အိမ်ခြံမြေဈေးကွက်သည်
အရောင်းအ၀ယ်လှုပ်ရှားမှုရှိလာ သော်လည်း
- ယခုနှစ်တွင် တရုတ် နိုင်ငံမှ လာဘ်ပေးလာဘ်ယူ
တိုက်ဖျက်ရေးနှင့် ငွေကြေးစီးဆင်းမှု များစောင့်ကြည့်နေခြင်း၊
- ရွေး ကောက်ပွဲရလဒ် အခြေအနေကို ပြည်တွင်း၊ ပြည်ပ
လုပ်ငန်းရှင်များ မှ စောင့်ကြည့်နေခြင်းတို့ကြောင့်
ဈေးကွက်အေးနေခြင်းဟု ပို့ကုန် သွင်းကုန်စီးပွားရေး
လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အိမ်ခြံမြေဈေးကွက် အ ရောင်းအ၀ယ်အေးနေခြင်းကြောင့်
ရန်ကုန်မြို့ရှိ အသစ်ဆောက်လုပ် ပြီးစ တိုက်ခန်း
ဈေးနှုန်းများသည် ၂၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက ပြော သည်။

‘‘ကိုယ်ပိုင်ငွေနဲ့တည်ဆောက် မှုတွေတော့ရှိနေသေးတယ်။
ဒါ ပေမဲ့ ကြိုပွိုင့်ရောင်းပြီး ဆောက် တဲ့သူတွေတော့
ဒီအချိန်မှာမလုပ် နိုင်ကြတော့ဘူး’’ဟု
Three Friend ဆောက်လုပ်ရေးကုမ္ပဏီမှ
အမှုဆောင်ဒါရိုက်တာ ဦးကိုကို လေးကပြောသည်။

၂၀၁၅ နှစ်ဆန်းပိုင်းမှစ၍ ရွေးကောက်ပွဲ အခြေအနေကို
ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ် ငန်းရှင်များက စောင့်ကြည့်မှု၊
မြန် မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုကျဆင်း လာမှုတို့အပြင်
တရားမ၀င် ၀ယ် ရောင်းဈေးကွက် ပြိုလဲမှုတို့ ကြောင့်
တိုက်ခန်းဈေးများ ကျ ဆင်းရခြင်းဟု
အိမ်ခြံမြေအကျိုး ဆောင်အချို့ကထောက်ပြသည်။

(ပြည်သိမ်း)

credit - 7Day Daily

No comments:

Post a Comment