“ဥပဒေနှင့်မညီသော မြို့ကွက်သစ် စီမံကိန်းများနှင့်
ဈေးကစားသော စက်မှုဇုန်များ - သတိ”
၁။ "ဥပဒေနှင့်မညီသော မြို့ပြစီမံကိန်းများကို ပြန်လည်
စိစစ်ရန် လွှတ်တော်တွင် ဆွေးနွေး"
ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော မြို့ပြ
စီမံကိန်းများကို ပြန်လည်စိစစ်သင့်ကြောင်း ရခိုင် ပြည်နယ်
တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နီနီမေမြင့်က ဖေဖော်ဝါရီ ၂ ရက်က လွှတ်တော်တွင်
ဆွေးနွေးပြောဆိုခဲ့သည်။
“အစိုးရသစ်၏ မူဝါဒအရ ပွင့်လင်းမြင်သာပြီး
တောင့်တင်းသည့်စနစ်ကို ဦးတည်နေချိန်တွင် ပွင့်လင်း
မြင်သာမှုအားနည်းပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်
မညီညွတ်သော မြို့ပြစီမံကိန်းများကို ပြန်လည်စိစစ်
သင့်ပါတယ်”ဟု ဒေါ်နီနီမေမြင့်က ပြောသည်။
တောင်ကုတ်မြို့နယ်တွင် ယခင်အစိုးရလက်ထက်တွင်
စတင် အကောင်အထည်ဖော်ခဲ့သည့် မြို့သစ်စီမံကိန်းတွင်
ဓနိမြေ၊ လယ်ယာမြေ၊ မြေလွတ်မြေရိုင်းများပါဝင်ရာ
ဓနိမြေ ၅ ဒသမ ၁၉ ဧက အတွက်သာ အခြားနည်းသုံးစွဲခွင့်
ရရှိခဲ့ပြီး ကျန်ဧကများအတွက် အခြားနည်းသုံးစွဲခွင့်
မရှိသေးဘဲ စီမံကိန်းကို ဥပဒေမဲ့အကောင်အထည်ဖော်နေ
ကြောင်း အဆိုပါစီမံကိန်းအား ဥပမာပြု၍ ပြောသည်။
အခြားနည်းသုံးစွဲခွင့် မရှိသေးသော မြေဧကများတွင်
အုတ်တံတိုင်း များအခိုင်အမာခတ်ခြင်း၊ လမ်းများ
ဖောက်လုပ်ခြင်းများပြုလုပ် နေကြောင်း၊ ၂၀၁၂ ခုနှစ်
လယ်ယာမြေဥပဒေအရ အခြားနည်းသုံးစွဲခွင့် မရှိဘဲ
သုံးစွဲလျှင် မည်သို့ပြစ်ဒဏ်ရှိသည်ကို ပြဌာန်းထားပြီး
ဖြစ်ကြောင်း၊ ထိုသို့ ဥပဒေမဲ့ မြို့ကွက်သစ်ဖော်ဆောင်
ခြင်းသည် တစ်ချိန်တွင် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်သည်ဟုလည်း
ဒေါ်နီနီမေမြင့် က သုံးသပ်ပြောကြားသည်။
အဆိုပါမြို့ကွက်သစ်အဖြစ်ဆောင်ရွက်မည့်မြေနေရာသည်
ဧရိယာစုစုပေါင်း ၃၁၉.၁၈ ဧက ရှိသည့်အနက် လယ်မြေ
ဧက ၁၉၀ ကျော်၊ ဓနိမြေ ၅ ဧကကျော်နှင့် မြေလွတ်မြေရိုင်း
၁၂၃ ဧက ပါဝင်ပြီး စီမံကိန်းတွင် ပါသည့် လယ်မြေနှင့်
ဓနိမြေတို့ကို ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီက
လယ်သမားများထံမှ နှစ်ဦးသဘောတူဝယ်ယူခဲ့ခြင်းဖြစ်
ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောသည်။၊
မြေများကို အခြားနည်း အသုံးပြုခွင့်ရရှိရေးအတွက်
ဆောင်ရွက်သည့်အခါ ဓနိမြေ နှင့်ပတ်သက်ပြီး ပြည်နယ်
အစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ခွင့်ပြု
ပေးထားပြီး လယ်ယာမြေ ၁၉၀.၇၉ ဧကကို အခြားနည်း
အသုံးပြုရန် အမှုတွဲဖွင့်လှစ်ဆောင်ရွက်ခဲ့စဉ် မည်သူမဆို
ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာကို မြို့နယ်လယ်ယာ
မြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတွင် သက်ဆိုင်ရာ
ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် လုပ်ထုံးလုပ်နည်းနှင့်
အညီ ပွင့်လင်းမြင်သာစွာ ကန့်ကွက်လျှောက်လွှာခေါ်ယူ
ခဲ့ကြောင်း၊ မြို့ကွက်သစ် ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး
ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်
ရှိကြောင်း ဦးလှကျော်က ရှင်းလင်းတင်ပြခဲ့သည်။
“သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်း
များနဲ့အညီ ညီညွတ်မှုမရှိဘူးဆိုရင် သက်ဆိုင်ရာ ပြည်နယ်
အစိုးရက တားထားရမှာဖြစ်ပါတယ်”ဟု ဦးလှကျော်က
ပြောသည်။
ယင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်
က အဆိုပါကိစ္စရပ်သည် အခြားပြည်နယ်နှင့် တိုင်းဒေသ
ကြီးများတွင်လည်း ဖြစ်ပွားနေပြီး တစ်နိုင်ငံလုံး
အတိုင်းအတာအရ အရေးကြီးကြောင်း ပြောသည်။
“မြို့ကွက်သစ်တွေ အိမ်ရာစီမံကိန်းတွေ ပြည်ထောင်စု
အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့၊ သက်ဆိုင်ရာ ၀န်ကြီးဌာန
ကလည်း မသိဘဲနဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်
ကလည်း မသိဘဲနဲ့ ဒီလို လုပ်တယ်ဆိုရင် တစ်နိုင်ငံလုံး
အတိုင်းအတာမှာ စိုက်ပျိုးမြေတောင် ကျန်မှာ မဟုတ်
တော့ဘူး၊ လယ်ယာမြေတောင် ကျန်မှာ မဟုတ်တော့ဘူး၊
စိုက်ဖို့ပျိုးဖို့တောင်ရှိမှာ မဟုတ်တော့ဘူး”ဟု ဦးဝင်းမြင့်
က ပြောသည်။
ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများကို ပြည်နယ်အစိုးရ
က တားမြစ်ရမည်ဟုဆိုသော်လည်း ပြည်ထောင်စုဝန်ကြီး
ဌာနတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်မညီ
သော လုပ်ဆောင်ချက်များကို အထောက် အထားများဖြင့်
သိရှိရပြီဖြစ်သောကြောင့် တားမြစ်ရန် ပြည်နယ်အစိုးရအား
ဝန်ကြီးဌာနမှ ညွှန်ကြားရမည် ဖြစ်ကြောင်း၊ မေးခွန်းရှင်
အနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စု အစိုးရအဖွဲ့
တာဝန်ရှိသူထံသို့ တင်ပြခဲ့သည့် အထောက်အထားများ
အတိုင်း ရေးသားပေးပို့ရန် ပြောသည်။
“ဥက္ကဌကြီးညွှန်ကြားသလို ဆက်လုပ်သွားမှာပါ” ဟု
ဒေါ်နီနီမေမြင့်က အစည်းဝေး အပြီး မီဒီယာများ သို့
ပြောသည်။
(ငြိမ်းဇော်လင်း)
*****
၂။ "၀န်ကြီးများပါဝင်သည့် အာဏာစက်ရှိသော စက်မှုဇုန်
ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်းနှင့် ဂိုဒေါင်များ၊
မြေလွတ်များနှင့် ဈေးကစားမှုများ ပြည့်နေသည့် စက်မှုဇုန်
များကို အသေအချာစီမံခန့်ခွဲရန် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် အသိပေး"
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအလိုက်
ဖွဲ့စည်းပေးထားသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှာ
အာဏာစက်မရှိသဖြင့် ၀န်ကြီးများ ပါဝင်သော စက်မှုဇုန်
ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းထားပြီး လက်ရှိ စက်မှုဇုန်
များတွင် ဂိုဒေါင်များ၊ မြေလွတ်များနှင့် ဈေးကစားမှုများ
ပြည့်နေသည့် စက်မှုဇုန်များကို ဇုန်တာဝန်ရှိသူများအနေဖြင့်
အသေအချာစီမံခန့်ခွဲနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က
ဖေဖော်ဝါရီ ၁ ရက်တွင် အသိပေးပြောကြားသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန် ၂၁ ခုရှိနေကာ ရန်ကုန်တိုင်း
ဒေသကြီးတွင် စက်မှုဇုန် ၂၉ ခုအထိ ရှိနေသည်။
စက်မှုဇုန်ဖော်ထုတ်ပြီးသည့် မြေကွက်များအဖြစ်
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၃၇၀၇၆ ရှိသော်လည်း
လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ်မှာ ၇၁၉၄ ကွက်
အထိရှိနေကြောင်း စက်မှုလုပ်ငန်းမူဝါဒတွင် ဖော်ပြထားမှုအရ
သိရသည်။
ထိုသို့ လုပ်ငန်း မဆောင်ရွက်သည့် မြေကွက်လွတ် ၇၀၀၀
ကျော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စက်မှုဇုန်များမှာ
ယခင်အစိုးရလက်ထက်က ၂၀၁၄ နိုဝင်ဘာတွင် လုံးဝ
မလုပ်သည့် စက်မှုဇုန်မြေကွက်ကို စာရင်းကောက်ယူခဲ့ရာ
ဧကပေါင်း ၄၄၁၈ ဧက၊ အကွက်အားဖြင့် ၂၃၃၉ ကွက်ရှိကာ
ယင်းအထဲတွင် ဂိုဒေါင် ၁၂၉၉ လုံးပါဝင်ကြောင်းနှင့် ယခင်
အစိုးရလက်ထက် က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်
နောက်ဆုံးထား၍ လုပ်ကိုင်ခြင်းမရှိပါက သိမ်းယူမည်ဟု
ကြေညာခဲ့သော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ခြင်း
မရှိကြောင်း သိရသည်။
“စက်မှုဇုန်တွေထဲမှာ ဂိုဒေါင်တွေပဲ လုပ်နေတာ။
စက်မှုဇုန်တွေထဲမှာ ကွက်လပ်တွေပဲ လုပ်နေတာ။
စက်မှုဇုန်တွေထဲမှာ မြေကိုပဲ ကစားနေတာဆိုတဲ့ အခြေအနေ
တွေကတော့ လက်ရှိ စက်မှုဇုန်ကို စီမံခန့်ခွဲနေတဲ့လူတွေ
ဘက်ကနေ သေသေချာချာ စီမံဆောင်ရွက်ဖို့ လိုအပ်မှာ
ဖြစ်ပါတယ်။
စက်မှုဇုန်ဟာ နိုင်ငံရဲ့ ၀င်ငွေရရှိရေးအတွက် အရေးကြီးတဲ့
နေရာမှာ ရှိပါတယ်။
စက်မှုဇုန်ကို ယခင်က ဖွဲ့စည်းထားတဲ့ စက်မှုဇုန်စီမံခန့်ခွဲရေး
ဟာ ဒီစက်မှုဇုန်ရဲ့ လုပ်ငန်းရှင်တွေကို စုဖွဲ့ထားတဲ့ အဖွဲ့
အစည်းလေးတစ်ခုသာ ဖြစ်ပါတယ်။
အာဏာစက်မရှိပါဘူး။
ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
စက်မှုဇုန် အဆင့်မြှင့်တင်ရေးအတွက် စက်မှုဇုန်
ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ တစ်ဖွဲ့ကို ၀န်ကြီးတွေပါဝင်တဲ့၊
ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်တဲ့ ပေါင်းကူးအဖွဲ့တစ်ရပ်
ဖွဲ့စည်းထားပြီး လေ့လာဆန်းစစ်မှု ပြုလုပ်ရာမှာလည်း
အဆင့်တစ်ခုကို ရောက်နေပြီ ဖြစ်ပါတယ်။
လှိုင်သာယာကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။
တောင်ဒဂုံမှာရှိနေတဲ့ စက်မှုဇုန်သုံးခုစလုံးကိုလည်း
ပေါင်းစည်းဖို့ လေ့လာမှုတွေ လုပ်နေပြီဖြစ်ပါတယ်။
ဒီအတွက် စက်မှုဇုန်တွေ အားလုံးကို ကြီးကြပ်ကွပ်ကဲဖို့
အတွက် အာဏာစက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုကနေ
ကြီးကြပ်ကွပ်ကဲမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက
ပြောကြားသည်။
လက်ရှိ အစိုးရလက်ထက်တွင်လည်း စက်မှုဇုန်မြေကွက်
လွတ်များ ခြောက်လအတွင်း အကောင်အထည်မဖော်ပါက
ယခင်အစိုးရ ထုတ်ပြန်ခဲ့သည့် အမိန့်အတိုင်း ဆက်လက်
လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က ၂၀၁၆ ခုနှစ် မေ ၂၆ ရက်တွင် ပြောကြား
ခဲ့သော် ခြောက်လပြည့်ချိန်တွင် အရေးယူနိုင်ခဲ့ခြင်း မရှိချေ။
(ဖြိုးဝေ)
credit - The Myanmar Times
& Eleven Media Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment