“ဘဏ်အတိုးနှုန်း သတင်းများ”
၁။ "လက်ရှိဘဏ်အတိုးနှုန်းကို လျှော့ချရန် အစီအစဉ်
မရှိသေးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား"
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လက်တလောတွင်
ဘဏ်အတိုးနှုန်းများကို လျှော့ချသွားရန် အစီအစဉ် မရှိ
သေးကြောင်းနှင့် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်အောင်
ထိန်းသိမ်းနိုင်မည့် အချိန်မှသာ အတိုးနှုန်းကို လျှော့ချသွား
သင့်ကြောင်း ဇန်န၀ါရီ ၃၀ ရက်က ရန်ကုန်မြို့ရှိ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးတွင် ပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
“အဲဒီတော့ Inflation ကိုလည်း အမြဲတမ်း Watch လုပ်
နေတယ်။ Inflation ကို ကြည့်ရင် ကျွန်တော်တို့ တွက်တာ
က အတိုးနှုန်း ဘယ်လောက်ထားသင့်တယ်ဆိုတာ
တွက်တာ။
ခေါင်းထဲမှာပေါ်လာတဲ့ ဘယ်လောက်ထားရင် ကောင်းမှာပဲ
ဆိုတဲ့ Thinking မျိုး မဟုတ်ဘူး။
ကျွန်တော်တို့ Based လုပ်ပြီးတွက်တဲ့ ဒေတာတွေ
အများကြီးရှိတယ်။ အဲဒီမှာ တိုင်းပြည်ရဲ့ Growth ပါမယ်။
Inflation ပါမယ်။ နောက်ပြီးတော့ Impliment ပါမယ်။
ဒါတွေအပြင် စီးပွားရေးထဲမှာ ပိုက်ဆံတွေ ဘယ်လောက်
ရှိနေသလဲ၊ စီးပွားရေးထဲမှာ ပိုက်ဆံတွေ ဘယ်လောက်
လည်ပတ်နေသလဲ။ ဒီအချက်အလက်တွေကို ကြည့်ပြီး
တော့မှ ဒီအချိန်မှာ Interest Rate ကို ဘယ်လိုပြင်သင့်
တယ် ဆိုတာကို ကျွန်တော်တို့ စဉ်းစားတာ ဖြစ်ပါတယ်။
ကိစ္စရပ် တစ်ခုတည်းအတွက် စဉ်းစားတာ မဟုတ်ပါဘူး။
Saver တွေအတွက်လည်း စဉ်းစားတယ်။
Lender တွေအတွက် Borrower တွေအတွက်လည်း
စဉ်းစားတယ်။
နောက်ပြီး ဒီဥစ္စာကြောင့်ဖြစ်လာမယ့် Impact ကိုလည်း
ထည့်သွင်းစဉ်းစားပြီးမှ ဒီ Interest Rate ကို ဆက်လုပ်တာ
ဖြစ်ပါတယ်။
သင့်လျော်တဲ့အချိန်မှာ ပြောင်းသွားဖို့ဆိုတဲ့ အစီအစဉ်တွေကို
အကုန်ချထားပြီးသား ဖြစ်ပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာ အရေးကြီးတာက အဲဒီ
အခြေအနေတွေ လုံးဝမပေးသေးတဲ့အတွက် လုံးဝ
ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး” မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထား
သည် တစ်လချင်း တွက်ချက်မှုအရ ၄ ဒသမ ၅ ရာခိုင်နှုန်း
ဝန်းကျင် ရှိနေပြီး နှစ်အလိုက် တွက်ချက်မှုတွင် ငါးရာခိုင်နှုန်း
အထိ ကျဆင်းမှုရှိကြောင်း၊
လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းထားကို
၅ ဒသမ ၅ ၀န်းကျင်၌ ထိန်းသိမ်းထားနိုင်အောင်
ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီ Inflation ကို Totally Control လုပ်နိုင်အောင် ဒါပေမဲ့
Inflation Rate က ကျလာတာက ခြောက်လ ရှစ်လ
လောက်ပဲ ရှိသေးတယ်။
နောက်ထက် ၁၀ လလောက် ခြောက်လလောက် ထပ်ပြီး
တော့ ဒီအတိုင်း ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ရင်
ဒါ Option တစ်ခုဖြစ်လာမှာပေါ့။
အဲဒီလိုစဉ်းစားတဲ့အခါမှာ ဘယ်တိုင်းပြည်မှာမှ ရှစ်ရာခိုင်နှုန်း
ကနေ ငါးရာခိုင်နှုန်းတော့ မချဘူး။
US မှာ ၀ ဒသမ ၂၅ လောက်ပဲချတယ်။ သေရောကျေရော။
ကျွန်တော်တို့စဉ်းစားရင် ၀ ဒသမ ၅ ပေါ့၊ သဘောတရား
တစ်ခုက ၀ ဒသမ ၅ ချမယ်။
သူ့ Impact တွေ ဘာတွေရှိမယ်။ ဒီနေ့ချလိုက်လို့ ချက်ချင်း
သိတာမျိုး မဟုတ်ဘူး” ဟု ဦးစိုးသိန်းက ပြောကြားသည်။
ဘဏ်အတိုးနှုန်းကို လျှော့ချသွားရန် စီစဉ်မှုအတွက်
ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းထား၊ နိုင်ငံ့
စီးပွားရေး အခြေအနေများကို အမြဲစောင့်ကြည့်နေကြောင်း
နှင့် လက်ရှိအတိုးနှုန်းကို လျှော့ချရန်ကိုလည်း သင့်လျော်
သည့် အခြေအနေ အရပ်ရပ်သို့ ရောက်ရှိပါက အတိုးနှုန်းကို
လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။
“နောက်ငါးနှစ်နေမှ နောက်သုံးနှစ်နေမှ ပြောင်းမယ် ဒါမျိုး
မဟုတ်ဘူး။ ကျွန်တော်တို့က နေ့တိုင်းကြည့်နေတာ၊
ဒီအခြေအနေတွေကို သင့်လျော်တဲ့ အချိန်မှာ ဒီဥစ္စာကို
စဉ်းစားပါမယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။
ထို့ပြင် အတိုးနှုန်းလျှော့ချရန် စဉ်းစားရာ၌ ဘဏ်၌ စုငွေ
စုထားသည့် နိုင်ငံသားများ အတွက်ကိုလည်း ထည့်သွင်း
စဉ်းစားရန် လိုအပ်ကြောင်း၊ စုငွေစုနေသည့် လူအများစုမှ
ဘဏ်အတိုးနှုန်းအပေါ် စိတ်ဝင်စားမှု လျော့ကျကာ
အပ်ငွေများ လျော့ကျသွားနိုင်ကြောင်း သိရသည်။
“ဘဏ်မှာသွားစုတဲ့ အထဲမှာ Wealther တွေလည်းပါတယ်။
ဒါပေမဲ့ Majority က Wealther က အရေအတွက်
နည်းတယ်၊ Amount များတယ်။
ဒါပေမဲ့ Majority က အောက်က လူလတ်တန်းစားနဲ့
နည်းနည်းလေးနိမ့်တဲ့ လူတန်းစားပေါ့ဗျာ။
ခင်ဗျားတို့ ကျွန်တော်တို့လို လစာလေးရတယ်၊ ဘဏ်မှာ
သွားပြီး စုထားတယ်။ အဲဒီလူတွေက တကယ်လို့များ
သူတို့စုတဲ့ပိုက်ဆံက သူတို့က ဒီအပေါ်မှာ အတိုးလေးကို
မှီပြီးစားနေတာ။ ဒီမှာ Real Interest Rate က Gap က
ဘယ်လောက်မှ ရှိတာ မဟုတ်ဘူး။
အဲဒီဟာလေးများ Minus ဖြစ်သွားလို့ သူတို့ရဲ့ဘ၀တွေ
ထိခိုက်သွားမှာလည်းစိုးတယ်။ Withdraw လုပ်သွားမှာ
လည်းစိုးတယ်။ ဒါက အဓိကထားပြီး စဉ်းစားရမယ့်အချက်
ဖြစ်ပါတယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။
(ဇေယျာငြိမ်း)
*****
၂။ "ပုဂ္ဂလိကဘဏ်များ၌ ပြည်သူ့အပ်နှံငွေ စုစုပေါင်း
ကျပ်ငွေ ဘီလီယံ ၂၇၀၀၀ ခန့်ရှိ"
ပုဂ္ဂလိကဘဏ်တွေမှာ ပင်စင်လခစား ဝန်ထမ်းတွေနဲ့
စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မှုနည်းတဲ့ အခြေခံနဲ့
အလယ်လတ်တန်းစားတို့ရဲ့ အပ်နှံငွေ ဘီလီယံ ၂၂၀၀၀
ရှိတယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း
တရားဝင် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
“ပုဂ္ဂလိက ဘဏ်တွေမှာ အပ်နှံထားငွေကိုကြည့်မယ်ဆိုရင်
အပ်နှံငွေစုစုပေါင်း ၂၇၀၀၀မှာ saving and fxed Deposit
ဟာ ၂၂၀၀၀ ရှိသဖြင့် အပ်နှံငွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း
ရှိတာ တွေ့ရပါတယ်။
အဆိုပါ စုဆောင်းငွေတွေဟာ အခြေခံနဲ့ အလယ်အလတ်
လူတန်းစားများနဲ့ ပင်စင်လစာကို မှီခိုကြရတဲ့ ပင်စင်စားတွေ
စီးပွားရေးလုပ်ငန်းတွေနဲ့ များစွာ ဆက်စပ်မှုမရှိတဲ့ ပြည်သူ
တွေရဲ့ အပ်နှံငွေတွေဖြစ်တယ်။”
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့
အပ်ငွေအတိုးနှုန်းကို ၈ ရာခိုင်နှုန်းထက် နည်းပါးခြင်းမရှိစေရ
လို့ ထုတ်ပြန်ထားပါတယ်။
ဘဏ်တိုးနှုန်း လျော့ချပေးဖို့ ကိုယ်စားလှယ်တစ်ဦးက တင်ပြ
ဆွေးနွေးထားပေမယ့် ပင်စင်လစာစားဝန်ထန်းနဲ့ အောက်ခြေ
ပြည်သူတွေ မထိခိုက်စေဖို့ အတိုးနှုန်း ပြင်ဆင်ပေးဖို့ မရှိဘူး
လို့လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက
ပြောပါတယ်။
(အောင်ဆန်းဦး)
*****
၃။ "ဘဏ်အပ်ငွေလျော့လာ၍ ငွေစုဘဏ် စာရင်းကို နေ့ချင်း
အတိုးပေးရန် ဘဏ်အချို့ စတင်"
ယခင်နှစ်များကထက် ဘဏ်အပ်ငွေရရှိမှု လျော့ကျလာသော
ကြောင့် ငွေစုဘဏ်စာရင်း (Savings Account) ကို နေ့ချင်း
အတိုးပေးရန် ဘဏ်အချို့က စတင်ဆောင်ရွက်နေပြီဖြစ်
ကြောင်း ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများထံမှ
သိရသည်။
ပုဂ္ဂလိကဘဏ်များတွင် ဘဏ်အပ်ငွေ ရရှိရေးသည်
တစ်ဘဏ်နှင့်တစ်ဘဏ် အပြိုင်အဆိုင် ဆောင်ရွက်နေရ
သည့်အတွက် အချို့သောဘဏ်များမှာ စာရင်းသေအပ်ငွေ
(Fixed Deposit) ကို အတိုးနှုန်းများ တိုးမြှင့်ပေးလျက်ရှိပြီး
အချို့သောဘဏ်များမှာ ခေါ်ယူအပ်ငွေစာရင်း
(Call Deposit) ကို အတိုးနှုန်းများ တိုးမြှင့်ပေးလျက်
ရှိသည်။
နေ့ချင်းအတိုးနှုန်းပေးနေခြင်းနှင့် ပတ်သက်၍
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB Bank) မှ တာဝန်ရှိသူ
တစ်ဦးက
“Savings တွေကို နေ့ချင်းအတိုးပေးတာက အတိုးနှုန်း
၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တွက်ပေးပြီး သုံးလတစ်ကြိမ်မှ
ထည့်ပေးတာပါ”ဟု ပြောဆိုသည်။
ဘဏ်များ၏ နှစ်စဉ်အပ်ငွေရရှိမှု လျာထားချက်မှာ
ဘဏ်တစ်ခုနှင့်တစ်ခု မတူညီကြောင်း၊ သို့ရာတွင် ယခုအခါ
နှစ်ချုပ်စာရင်းများ၌ ယခင်ကကဲ့သို့ အပ်ငွေရရှိမှု
လျာထားချက်မပြည့်မီခြင်း၊ သိသာစွာ လျော့နည်းသွားခြင်း
တို့ကို တွေ့ကြုံနေရခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်
အချို့၏ အဆိုအရ သိရသည်။
“ဘဏ်အပ်ငွေက အခုလောလောဆယ် တိုးမလာဘဲ
တန့်နေတဲ့အနေအထားတွေ ရှိတယ်။
အရင်အစိုးရလက်ထက်ကနဲ့စာရင် ဒီအစိုးရမှာ အနည်းငယ်
လျော့သွားတယ်။
ဒါကြောင့် ဘဏ်တွေက တစ်ခါမှမပေးဖူးတဲ့
Savings Account တွေကို နေ့ချင်းအတိုးပေးဖို့
ဖြစ်လာတယ်”ဟု ပုဂ္ဂလိကဘဏ်တစ်ခု၏ အကြီးတန်း
အရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။
ယခင်က ငွေစုဘဏ်စာရင်း (Savings Account) များသည်
လဆန်း ၅ ရက် ရှေ့ပိုင်းတွင် ဘဏ်သို့ငွေအပ်ရပြီး ယင်းငွေ
ကို လကုန်သည်အထိ ငွေမထုတ်ဘဲ ဘဏ်တွင် အပ်ထားမှ
သာ ဘဏ်က တစ်လစာ အတိုးတွက်ကာ သုံးလတစ်ကြိမ်
ငွေထည့်ပေးခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ နေ့စဉ်အတိုး
ကို ပေးမည်ဖြစ်ကာ သုံးလတစ်ကြိမ် ဘဏ်အကောင့်ထဲသို့
ထည့်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘဏ်လောကတွင် နေ့ချင်းအတိုးပေးသည့်ငွေမှာ ခေါ်ယူ
အပ်ငွေစာရင်း (Call Deposit) ဖြစ်ပြီး ယခင်က အတိုးနှုန်း
ကို ၈ ရာခိုင်နှုန်းပေးခဲ့ရာ ၂၀၁၇ မှစ၍ ၆ ရာခိုင်နှုန်းသို့
လျှော့ခဲ့ပြီး ယခုအချိန်တွင် မူ ၂ ရာခိုင်နှုန်းသာ ပေးရမည်
ဟု မြန်မာနိုင်ငံ ဘဏ်များအသင်းက ထုတ်ပြန်ထားသော်
လည်း အချို့ပုဂ္ဂလိကဘဏ်များမှာ လိုက်နာမှုမရှိပေ။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေစုဘဏ်စာရင်းနှင့်
ပတ်သက်၍ သီတင်းတစ်ပတ်ကို နှစ်ရက်သာ ငွေထုတ်ခွင့်
ပေးထားပြီး အတိုးကိုလည်း တစ်လလုံးတွင်ရှိသည့်
လက်ကျန်ငွေကိုသာ အတိုးပေးရမည်ဟု သတ်မှတ်ထား
သောကြောင့် ယခု နေ့ချင်းအတိုးပေးနေသည့် ဘဏ်အချို့
မှာ စည်းမျဉ်းစည်းကမ်းဘောင်ကို ကျော်လွန်နေကြောင်း
ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင် ဦးမြသန်းက
ထောက်ပြပြောဆိုသည်။
“Savings Account ကနေ တစ်ပတ်ကို နှစ်ရက်ပဲ
ငွေထုတ်ရမယ် သတ်မှတ်ထားလည်း အခုဆို
Current Account (စာရင်းရှင်အပ်ငွေ) ကနေ
ငွေထုတ်တယ်။
အဲဒီငွေကို Savings Account ကနေ ပြန်ဖြည့်နေတော့
ဘာထူးမလဲ။ နေ့ချင်းထုတ်လို့ ရနေတာမျိုးတွေ ဖြစ်နေတယ်”
ဟု ၎င်းက ဆိုသည်။
ပုဂ္ဂလိကဘဏ်များအတွက် လိုက်နာရမည့် စည်းမျဉ်း
စည်းကမ်းများ ချမှတ်ပေးထားပြီး ယင်းဘဏ်များမှာ
ဗဟိုဘဏ်၏ စည်းမျဉ်းများကို မလိုက်နာလျှင် ဆုံးရှုံးမှု
တန်ဖိုးမှာ များပြားနိုင်ကြောင်း မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာပြီး ဘဏ်များ
အပြိုင်အဆိုင်ဖြစ်လာသည့်အတွက် ဗဟိုဘဏ်မှာ
အသေးစိတ်ဝင်မပါလိုကြောင်း၊ လက်ရှိပေးနေသည့်
အတိုးနှုန်းထားများသည် ငွေဆုံးရှုံးနိုင်မှု မြင့်မားနိုင်သည့်
အတွက် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း
ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင် ဦးမြသန်းက
ပြောဆိုသည်။
လက်ရှိတွင် ငွေစုဘဏ်စာရင်း (Savings Account) ကို
အတိုးနှုန်း ၈ ရာခိုင်နှုန်း အနိမ့်ဆုံးပေးထားပြီး ဘဏ်တစ်ခုနှင့်
တစ်ခု ပေးသည့် အတိုးနှုန်းထားမှာ ကွာခြားသည်။
credit - Eleven Media Group / DVB
& The Voice
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment