“ကြိုဆိုရမည့် ၂၀၁၈ အခွန်အကောက်ဥပဒေကြမ်း”
၁။ "၀င်ငွေရလမ်းမပြနိုင်သည့် စည်းကြပ်မှုမှလွတ်ကင်း
နေသော ၀င်ငွေအပေါ် ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ
ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံမှု ပယ်ဖျက်လိုက်ပြီး
အခွန်မဆောင်ခဲ့သော ၀င်ငွေနှင့် ပိုင်ဆိုင်မှုများအတွက်
အခွန်သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းသာ ထမ်းဆောင်ရန်
ပြင်ဆင်လျှော့ချ"
ဝင်ငွေရလမ်းမပြနိုင်သည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော
ဝင်ငွေအပေါ် ၀င်ငွေခွန်အဖြစ် ယခင်က ၁၅ ရာခိုင်နှုန်းမှ
ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံခဲ့ရာမှ ၂၀၁၈ စည်းကြပ်နှစ်မှ
စတင်ပယ်ဖျက်လိုက်ပြီး ယခင် အခွန်မဆောင်ခဲ့သည့်
ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအားလုံးအတွက်
- ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ခြောက်လအတွင်း
အခွန်ပေးဆောင်မည်ဆိုပါက သုံးရာခိုင်နှုန်းနှင့်
- အဆိုပါပထမခြောက်လအပြီး ဒုတိယခြောက်လတွင်
အခွန်ထမ်းဆောင်မည်ဆိုပါက အခွန်နှုန်းငါးရာခိုင်နှုန်း
ထမ်းဆောင်ရန် ပြင်ဆင်လျှော့ချလိုက်ကြောင်း
၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း
တွင် ဖော်ပြထားမှုအရ သိရသည်။
ယခင်က အခွန်ထမ်းဆောင်ထားခြင်းမရှိသည့် ၀င်ငွေများ
ကို စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအဖြစ်
၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင်
“၀င်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ
မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်
ရာခိုင်နှုန်း ၃၀ ဖြင့် ၀င်ငွေခွန် စည်းကြပ်ရမည်။
သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်
ကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်း
အသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်
ခြင်းတို့ အတွက် အသုံးပြုသည့်ဝင်ငွေမှ ၀င်ငွေရလမ်း
တင်ပြနိုင်သည့်ဝင်ငွေရှိပါက ယင်းငွေအားနုတ်ပယ်ပြီး
ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင်
လည်းကောင်း၊
ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ၀င်ငွေ
အပေါ်တွင်လည်းကောင်း၊
အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ၀င်ငွေခွန်
စည်းကြပ်ရမည်။
အသုံးပြုသည့်ဝင်ငွေအားလုံးအပေါ် ၀င်ငွေရလမ်း
အတိအကျတင်ပြနိုင်ပါက ၀င်ငွေခွန်ထမ်းဆောင်ရန် မလိုပါ။
ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမ၀င်ရရှိသည့်
ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်
ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ” ဟု
ပုဒ်မ ၂၅ တွင် ဖော်ပြပြဋ္ဌာန်းခဲ့သည်။
ထိုသို့စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများအပေါ်
ဝင်ငွေခွန်ကောက်ခံရာတွင်
- တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း
- ကျပ် ၃၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀ အထိ
အခွန် ရာခိုင်နှုန်း ၂၀ နှင့်
- ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀,၀၀၀ အထက်
အခွန်ရာခိုင်နှုန်း ၃၀ အဖြစ် သတ်မှတ်ကောက်ခံခဲ့ခြင်း
ဖြစ်သည်။
ထိုသို့ကောက်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေ
နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှ ၀င်ငွေရလမ်း
တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်
ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်
ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်း ပေးဆောင်ခဲ့
သော ၀င်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊
အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိက
အစိတ်အပိုင်းများ အပါအ၀င်ဖြစ်သော မရွှေ့မပြောင်းနိုင်
သည့်ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြား အဖိုးတန်ပစ္စည်းများ
အပါအ၀င် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများကို ၀ယ်ယူခြင်း၊
တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာ
ထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့်ငွေကြေးများ၊
လက်ဝယ်ရှိ ငွေကြေးတို့နှင့် ပတ်သက်၍ အောက်ပါအခွန်
နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်၊ ၀င်ငွေခွန်
ဥပဒေအရ ဒဏ်ငွေ တပ်ရိုက်ခြင်းမပြုရ၊ သို့ရာတွင် တရား
မ၀င်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်
လည်းကောင်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအရ
အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်း
မရှိစေရ” ဟုဖော်ပြခဲ့သည်။
*** အဆိုပါ ပြင်ဆင်ဖော်ပြမှုအရ စည်းကြပ်မှုမှ လွတ်ကင်း
နေသောဝင်ငွေများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀
အထိ ကောက်ခံခဲ့မှုများကို
၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ စတင်
အကျိုးသက်ရောက်မည့်
၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ပထမခြောက်လအတွင်း
သတ်မှတ်ထားသော ပုံစံများဖြင့် တင်ပြလာသော
ကိစ္စရပ်များအတွက် အခွန်သုံးရာခိုင်နှုန်းနှင့်
ဒုတိယခြောက်လကာလအတွင်း သတ်မှတ်ထားသောပုံစံများ
ဖြင့် တင်ပြလာသောကိစ္စရပ်များအတွက် အခွန်ငါးရာခိုင်နှုန်း
ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ***
- ထိုသို့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ်
အခွန်နှုန်းရာခိုင်နှုန်း ၃၀ မှ ငါးရာခိုင်နှုန်းအထိ လျှော့ချသည့်
အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်
ပေးထားသည့်အချိန်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ
၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိသာဖြစ်ပြီး
- နောင်တွင် ၀င်ငွေခွန်ဥပဒေ၌ စည်းကြပ်မှုမှ လွတ်ကင်း
နေသောဝင်ငွေကို ပယ်ဖျက်ကာ ၀င်ငွေခွန်ဥပဒေသစ်
အတိုင်းသာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး
- နောင်တွင် အခွန်တိမ်းရှောင်မှုများအတွက် ထိရောက်စွာ
အရေးယူမည်ဖြစ်ကြောင်းနှင့်
- စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများကို ၀င်ငွေခွန်
ဥပဒေအရအရေးမယူဘဲ အခွန်ပြန်လည်ပေးဆောင်နိုင်မည့်
နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
“ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့
ပေးထားတဲ့အချိန်က တစ်နှစ်တာကာလ (၂၀၁၈ ခုနှစ်
ဧပြီ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ)
ဖြစ်ပါတယ်။
ယင်းသို့ဆောင်ရွက်ရာတွင် တရားမ၀င်တဲ့နည်းလမ်းနဲ့
ရရှိတဲ့ငွေကြေးတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ၀င်ငွေနဲ့ငွေကြေး
တွေအပေါ်မှာသာ ဤဥပဒေနဲ့ အခွင့်အလမ်းတစ်ခုအဖြစ်
ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်။
ဤသို့ဆောင်ရွက်ပြီးပါက ၀င်ငွေခွန်ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့
စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေဆိုတဲ့ ခေါင်းစဉ်ကို
ဝင်ငွေခွန် ဥပဒေအသစ်ပြဋ္ဌာန်းချိန်မှာ ပယ်ဖျက်ပေးသွားမှာ
ဖြစ်ပါတယ်။
နောင်တွင် ၀င်ငွေခွန်ဥပဒေအသစ်အတိုင်းသာ အခွန်ပေး
ဆောင်ကြရမှာ ဖြစ်ပါတယ်။
ဤအခွင့်အရေးဟာ အခွန်ပေးဆောင်ရမှာ ဖြစ်သော်လည်း
စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေတွေကို ပြန်လည်
ပေးဆောင်နိုင်ဖို့ နောက်ဆုံးရရှိတဲ့ အခွင့်အရေးလို့
ဆိုနိုင်ပါတယ်။
နောင်မှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေ ဟူသော
အသုံးအနှုန်း ရှိတော့မှာမဟုတ်ဘဲ အခွန်တိမ်းရှောင်မှုတွေ
အတွက် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူ
ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက
ပြောကြားသည်။
(ဖြိုးဝေ)
*****
၂။ "၂၀၁၈ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စု
လွှတ်တော်သို့ တင်သွင်း"
၂၀၁၈ ပြည် ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းကို
ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနက ယမန်နေ့က ကျင်းပသော ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးတွင် တင် သွင်းသည်။
အဆိုပါ ၂၀၁၈ အခွန်အကောက်ဥပဒေကြမ်းကို ၂၀၁၇ တွင်
ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို
အခြေခံ ရေးဆွဲပြုစုခဲ့ပြီး ထူးခြားချက်အနေဖြင့် အခွန်နှစ်
(Tax Year) သတ်မှတ်မှု မပြောင်းလဲခြင်းနှင့် အခွန်ပေး
ဆောင်ရန် အခွင့်အလမ်းဖော်ထုတ်ပေးမှု အချက်နှစ်ချက်ကို
ထည့်သွင်းရေးဆွဲထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ဥပဒေကြမ်းတွင် ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်မှလွဲ၍ ၂၀၁၇
အခွန်အကောက်ဥပဒေပါ အခွန်နှုန်းထားများအတိုင်း
ပြောင်းလဲခြင်း မရှိဘဲ ရေးဆွဲထားသည်။
ယခင်အခွန်အကောက်ဥပဒေတွင် အထူးကုန်စည်ခွန်
ကင်းလွတ်ခွင့်ရခဲ့သည့် စိန်နှင့်မြ၊ ကုန်သွယ်လုပ်ငန်းခွန်
ကင်းလွတ်ခွင့် ရခဲ့သည့် ရွှေစင်ရွှေတုံးတို့အား လက်ရှိ
ဥပဒေကြမ်းတွင် ကင်းလွတ်ခွင့်ရ ကုန်စည်စာရင်းတွင်
ဆက်လက် ထည့်သွင်းထားသည်။
ယခင်အခွန်အကောက်ဥပဒေပုဒ်မ ၂၅ ကို အခွန်ပေးဆောင်
ရန် အခွင့်အလမ်းဖော်ထုတ်မှုအဖြစ် ပြင်ဆင်ပြီး စည်းကြပ်မှု
မှ လွတ်ကင်းနေသော ဝင်ငွေအပေါ် စည်းကြပ်ရန် အခွန်နှုန်း
သတ်မှတ်သည့် ပြဋ္ဌာန်းချက်အဖြစ် ပြင်ဆင်ရေးဆွဲ
ထားသည်။
ယခင်ဥပဒေပုဒ်မ ၂၅ တွင် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း
မရှိသည့် ဝင်ငွေပေါ်တွင်
- ဝင်ငွေ တစ် ကျပ်မှ ကျပ်သိန်းသုံးရာအထိ ဝင်ငွေခွန်
၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း သုံးရာကျော်မှ ကျပ်သိန်း တစ်ထောင်အထိ
ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်းတစ်ထောင်ကျော်တွင် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း
အ ဖြစ် ပေးဆောင်ရန် ပြဋ္ဌာန်းထားသည်။
လက်ရှိ ဥပဒေကြမ်းတွင် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေ
နိုင်ငံသားများ၏ တရားမဝင် သော နည်းလမ်းဖြင့် ရရှိသောငွေ
နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်ပတွင်ရှိသော ဝင်ငွေများ
(သို့မဟုတ်) ပြည်တွင်းတွင် ရရှိသော ငွေကြေးနှင့် ပိုင်ဆိုင်မှု
များနှင့် ပတ်သက်၍ ဥပဒေအကျိုးသက် ရောက်သည့် နေ့မှ
စ၍
- ပထမ ခြောက်လအတွင်း ၃ ရာခိုင်နှုန်း၊
- ဒုတိယခြောက်လအတွင်း ၅ ရာ ခိုင်နှုန်း အခွန်ပေးဆောင်ရန်
ပြဋ္ဌာန်းထားသည်။
ဆက်လက်၍ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက
‘‘ဒီအခွင့်အရေးဟာ အခွန်ပေးဆောင်ရမည် ဖြစ်သော်လည်း
စည်းကြပ်မှုမှ လွတ်ကင်းခဲ့သော ဝင်ငွေများကို ပြန်လည်
ပေးဆောင်နိုင်ရန် နောက်ဆုံးရရှိတဲ့အခွင့်အရေး ဟု
ဆိုနိုင်ပါတယ်။
နောင်တွင် စည်း ကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ
ဟူသော အသုံးအနှုန်းရှိတော့ မည်မဟုတ်ဘဲ အခွန်တိမ်းရှောင်
မှုများအတွက် တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်စွာ
အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ပြောသည်။
နိုင်ငံတော်၏ ဘဏ္ဍာနှစ် ပြောင်းလဲထားသော်လည်း အခွန်နှစ်
ကို ပြောင်းလဲမှု မရှိဘဲ ၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၉ မတ်လ ၃၁
ရက်အထိဖြစ်ကြောင်း ဥပဒေကြမ်း၌ ထည့်သွင်း
သတ်မှတ်ထားသည်။
အခွန်နှစ်ကို ဘဏ္ဍာနှစ်သစ်အတိုင်း လိုက်လံပြောင်းလဲပါက
အခွန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်များ
ပြောင်းလဲရခြင်း၊ အခွန်အကောက်ရငွေအပေါ် ထိခိုက်နိုင်ခြင်း
စသည့်အချက်များ တွေ့ရကြောင်း ဒုဝန်ကြီး
ဦးမောင်မောင်ဝင်းက ရှင်းပြသည်။
အခွန်နှစ်ကို မပြောင်းလဲပါက လက်ရှိပေးဆောင်ရမြဲ
စနစ်အတိုင်း ဆက်လက်ပေးဆောင်နိုင်ခြင်း၊ စရိတ်ကုန်ကျမှု
မရှိခြင်းနှင့် နိုင်ငံတော်အတွက် အခွန်ရငွေအပေါ် ထိခိုက်မှု
မရှိခြင်းတို့ တွေ့ရကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
(ထက်အာကာကျော်၊ ဝဏ္ဏအောင်)
credit - Eleven Media Group & 7day Daily
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment