“ဘဏ်ချေးငွေများ”
၁။ "ဘဏ်တွေ ချေးငွေ ပိုချေးပေးနေသလား၊
ချေးငွေတွေ ပြန်မရရင် ဘဏ်ပြိုလဲသွားနိုင်သလား"
ပုဂ္ဂလိကဘဏ်တွေဟာ အပြင်မှာ ရင်းနှီးတဲ့ လုပ်ငန်းတွေကို
သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုချေးထားတာတွေ ရှိနေ
နိုင်တယ်လို့ မှန်းဆကြပါတယ်။
တကယ်လို့ သူတို့ထုတ်ချေးထားသူတွေဟာ သတ်မှတ်
ထားတဲ့ အချိန်မှာ အချိန်မီ မသွင်းနိုင်ရင် ခက်ခဲမှုတွေ ရင်ဆိုင်
နိုင်ရပြီး ဘဏ်တွေ ပြိုလဲသွားနိုင်မလား ဆိုပြီး စိုးရိမ်နေသူ
တွေ ရှိနေပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်က ဇန်နဝါရီလအတွင်း ထုတ်ပြန်ချက်
တစ်စောင် ထုတ်ပြန်ပါတယ်။ အဲသည် ထုတ်ပြန်ချက်
ကတော့ ဘဏ်တစ်ခုမှာ သူတို့ရင်းနှီးမတည်ငွေရဲ့ ၂၀
ရာခိုင်နှုန်းထက်ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
အဖွဲ့အစည်း တစ်ရပ်ရပ်ကို ထုတ်ချေးထားတဲ့ ချေးငွေတွေ
ရှိနေပါက ထုတ်ပြန်ထားတဲ့ ရက် ၉၀အတွင်း ဗဟိုဘဏ်က
လက်ခံနိုင်တဲ့ပမာဏကို ထားရှိရမယ်ဆိုတဲ့ ညွှန်ကြားစာပါ။
ဗဟိုဘဏ်က သည်လိုသတိပေး ထုတ်ပြန်တာဟာ
ဘဏ်တွေအနေနဲ့ တကယ်ပဲ သတ်မှတ်ထားတဲ့နှုန်းထား
ထက် ကျော်လွန်ပြီး ထုတ်ချေးထားတာကို စိစစ်တွေ့ရှိထား
လို့ သတိပေးထုတ်ပြန်ရတာဖြစ်တယ်လို့ ဘဏ်လုပ်ငန်း
ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုပါတယ်။
မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ တင်ဝင်း က
ပုဂ္ဂလိကဘဏ်တွေဟာ သတ်မှတ်ထားတဲ့ငွေတွေ စာရင်းပို
ချေးထားတာဟာ သုံးချက်ရှိတယ်လို့ ရှင်းပြပါတယ်။
(၁) ဘဏ်အုပ်စုတစ်ခုနဲ့ တစ်ခု အပြန်အလှန် ငွေချေးတာ ၊
(၂) ကိုယ့်အုပ်စုထဲမှာ ပိုင်ရှင်ကိုယ်တိုင်လုပ်နေတဲ့ လုပ်ငန်း
ဖြစ်ပေမဲ့ ကိုယ်တိုင်နာမည်မခံဘဲ အခြားသူတစ်ယောက်ကို
ထုတ်ချေးတာ၊
(၃) အပြင်မှာ ရိုးသားပြီး အောင်မြင်တဲ့ လုပ်ငန်းလုပ်ကိုင်
နေသူကို ယုံကြည်စိတ်ချရလို့ ချေးထားတာပဲ
ဖြစ်ပါတယ်။
မြန်မာပြည်မှာကတော့ ပုဂ္ဂလိကဘဏ်အများစုဟာ
အုပ်စုလိုက်ဖွင့်ထားတဲ့ ဘဏ်တွေဖြစ်လို့ နံပါတ် (၁) အချက်
က အများဆုံးဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒေါက်တာ တင်ဝင်း က
“ထုတ်ချေးပေးတိုင်း ဘဏ်ကပြိုလဲသွားတာမျိုး မဖြစ်နိုင်ဘူး၊
သူချေးထားတဲ့ လုပ်ငန်းပြိုလဲသွားရင်တော့ အရမ်း
အန္တရာယ်များတာပေါ့၊
ဒါကြောင့် သူတို့က လိုက်စစ်နေတယ်ဆိုတာ အန္တရာယ်များ
လို့လေ၊ ၂၀ရာခိုင်နှုန်း ထက်ကျော်ပြီး လုပ်ငန်း သုံးလေးခု
လောက်ရှိနေပြီဆိုရင် သေချာတယ်၊
ဒီဘဏ်ဟာ ချောက်ထဲကျဖို့ အရမ်းနီးသွားပြီ” လို့
ပြောပါတယ်။
လက်ရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူ အများစုဟာ
ဘဏ်လုပ်ငန်းအပြင် လေကြောင်းလိုင်း ဝန်ဆောင်မှုလုပ်ငန်း၊
သယံဇာတနဲ့ သတ္ထုတွင်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊
ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အ ခြားလုပ်ငန်းတွေမှာပါ
ရင်းနှီးမြှုပ်နှံထားကြ ပါတယ်။
ပုဂ္ဂလိကဘဏ်တွေဟာ စာရင်းပိုချေးငွေ လျှော့ချဖို့
ထုတ်ချေးထားတဲ့ ငွေတွေကို ပြန်ကောက်တာ၊ ဘဏ်တွေရဲ့
ရင်းနှီးမြှုပ်နှံငွေတွေကို တိုးခိုင်းတာတွေ လုပ်ရမယ်လို့
ဆိုပါတယ်။
စာရင်းပိုချေးငွေဆိုတာက ဘဏ်တွေက လုပ်ငန်းရှင်တွေကို
ငွေကြေးအများအပြား ထုတ်ချေးထားတဲ့ ချေးငွေအမျိုးအစား
ဖြစ်ပါတယ်။
အရင်က သည်ချေးငွေအမျိုးအစားကို တစ်နှစ်ထက် ပိုချေးခွင့်
မပြုထားသလို အတိုးနှုန်းကိုလည်း တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း
ထက် မပိုတဲ့ နှုန်းထားနဲ့ ချေးယူခွင့်ပြုထားတာ ဖြစ်ပါတယ်။
လုပ်ငန်းတုံ့ဆိုင်း
။။။။။။။။။။။။။။။။။။။
လက်ရှိအချိန်မှာ ပြည်တွင်းလုပ်ငန်းရှင် အများအပြားဟာ
လုပ်ငန်း တုံ့ဆိုင်းနေတဲ့အတွက် ဘဏ်တွေကနေ စာရင်းပို
ချေးငွေချေးထားတာကို ပြန်ဆပ်နိုင်တဲ့ အနေအထား မှာ
မရှိနိုင်ဘူးလို့ လုပ်ငန်းရှင်အချို့ က ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦး က
“ဘဏ်တွေက အချိန်မီစာရင်း မတင်ပြနိုင်ရင် အရှုပ်ထုပ်တွေ
ပေါ်လာနိုင်တာပေါ့၊
ဒါကြောင့် လုပ်ငန်းရှင်တွေက ပိုက်ဆံပြန်သွင်းဖို့
ဘဏ်အတိုးနှုန်းတွေ လျှော့ချပေးဖို့ အရင်တောင်းဆိုတာပေါ့”
လို့ ပြောပါတယ်။
သည်လိုအခြေအနေတွေကို ဗဟိုဘဏ်က အချိန်မီဝင်ထိန်း
နိုင်ဖို့ လိုတယ်လို့ ဘဏ်ပညာရှင်အချို့က သုံးသပ်ကြ
ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုဘဏ်ဟာ လွတ်လပ်တဲ့
အဖွဲ့အစည်း အနေနဲ့ ရပ်တည်ဖို့ သတ်မှတ်ထားပါတယ်။
လက်ရှိအချိန်မှာ ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်းတွေ၊
ဥပဒေတွေ ပြဋ္ဌာန်းနေပေမဲ့ ကျွမ်းကျင်ပညာရှင်တွေရှိဖို့
လိုအပ်နေသေးတယ်လို့ သုံးသပ်ကြပါတယ်။
ဘဏ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးစံသိန်းက
‘အကြိမ်ကြိမ် တွေ့ရှိ ထားလို့ ဒီလိုထုတ်ပြန် ရတာပေါ့၊
ဒါပေမဲ့ ဒီလို ၂၀ရာခိုင်နှုန်းကျော် ထုတ်ချေးတိုင်း ဘဏ်တွေ
မပြိုလဲသွားနိုင်ပါဘူး”လို့ ပြောပါတယ်။
ဘဏ်နဲ့ ငွေကြေးကျွမ်းကျင်သူ ဦးစံသိန်းက မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့
ပတ်သက်ပြီး အစည်းအဝေးတစ်ခုမှာ တင်ပြပါ တယ်။
စာရင်းပိုထုတ်ချေးငွေပမာဏ ကို ၂၀ရာခိုင်နှုန်းအထိ
လျှော့ချဖို့၊ ဘဏ်တွေမှာ product အသစ်တွေ ဖန်တီး
ထုတ်လုပ်ဖို့နဲ့ ဘဏ်လုပ်ငန်းရှင်တွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ
ဘယ်လောက်အထိ အားကောင်းမှု ရှိလဲ ဆိုတဲ့အပေါ်မှာ
မေးခွန်းထုတ်ပါတယ်။
ဘဏ်တစ်ခုချင်းစီအနေနဲ့ product အသစ်တွေ ဖန်တီးဖို့
ဗဟိုဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက
တွန်းအားပေးတယ်လို့ ဆိုပါတယ်။
ပြည်တွင်းဘဏ် အများစုဟာ retail banking ကို
အဓိကထားလုပ်ဆောင်ကြပြီးဘဏ် အများစုရဲ့ product
တွေဟာ ချေးငွေ၊ အပ်ငွေ၊ အကြွေးကတ်၊ ကြိုတင် ငွေချေး
ကတ်စတာတွေ ဖြစ်နေပါ တယ်။
ဘဏ်တွေအနေနဲ့ သူ့ထက်ငါ အပြိုင်အဆိုင် porduct
ထုတ်ဝေတာမျိုးတွေပဲ များနေပြီး နိုင်ငံတကာက ဘဏ်တွေ
မှာလို တစ်ခုခုကို ဇောင်းပေးတာမျိုး ဖြစ်လာသင့်တယ်လို့
ဝေဖန် အကြံပြုတာတွေလည်း ရှိပါတယ်။
ဘဏ်ဝန်ထမ်းတစ်ဦး က
“အဓိက ဘဏ်တွေက အပ်ငွေနဲ့ ရပ်တည်နေရတာ၊
အပ်ငွေတွေ ဆွဲထုတ်သွားမယ်ဆိုရင် ဘဏ်တွေက
ပြန်မပေးနိုင်လောက်ဘူး၊ ဒီပြဿနာ ရှိတယ်၊
ဗဟိုဘဏ်မှာ အာမခံငွေတွေ ထားကြတယ်လေ၊
ကူပြီးထုတ်ပေးပေါ့”လို့ ပြောပါတယ်။
စာရင်းပို ထုတ်ချေးငွေတွေကို တစ်နှစ်အတွင်း ပြန်လည်
မဆပ်နိုင်ရင် သုံးနှစ်အထိ ပြောင်းလဲနိုင်ကြောင်း ဗဟိုဘဏ်
က ညွှန်ကြားခဲ့ပြီး ချေးငွေအရင်းနဲ့ အတိုးအတွက် အနည်းဆုံး
သုံးလနဲ့ အရစ်ကျပြန်သွင်းရမယ်လို့ ပါရှိပါတယ် ။
အတိုးကို သုံးလအတွင်း ပြန်ဆပ်ရပေမဲ့ အရင်းကို တစ်နှစ်
သတ်မှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ပုဂ္ဂလိကဘဏ်
တွေရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ရင်းနှီးငွေရဲ့ ၂၀ရာခိုင်နှုန်းကို
ရက်ပေါင်း ၉၀ အတွင်း လျှော့ချဖို့ သတ်မှတ်ထားတာကို
စည်းကမ်းအတိုင်း မလိုက်နာနိုင်ရင် ဘဏ်ဖျက်သိမ်းတဲ့
အထိ အရေးယူနိုင်တယ်လို့ ဘဏ်ပညာရှင်အချို့က
ပြောပါတယ်။
(အေးအေးအောင်)
*****
၂။ "ဘဏ်ချေးငွေပမာဏ လျှော့ချမည့် အစီအစဉ် မတ်လ
နောက်ဆုံး တင်ပြရန် ဗဟိုဘဏ်ညွှန်ကြား"
ပြည်တွင်းဘဏ်များမှ ပမာဏကြီးမားသော ချေးငွေကို
သုံးနှစ် သက်တမ်းအတွင်း ကာလ တစ်ခုသတ်မှတ်ကာ
လျှော့ချမည့် အစီအစဉ် လာမည့် မတ်လ ၃၁ ရက်
နောက်ဆုံးထား တင်ပြရမည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်က
ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ဘဏ်တစ်ခုတွင် အဓိက မတည်ငွေ၏ ၂၀ ရာခိုင်နှုန်းကျော်
လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုသို့ ထုတ်ချေး
ထားသော ကြွေးမြီများ လျှော့ချရန် ဗဟိုဘဏ်က
ဇန်နဝါရီ ၈ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုကို ပမာဏများစွာ
ငွေ ချေးခြင်းသည် သက်ဆိုင်ရာဘဏ် အတွက် စွန့်စားမှု
ကြီးမားခြင်းကြောင့် ယင်းအခြေအနေကို လျှော့ချရန်
ဗဟိုဘဏ်က စီစဉ်ခြင်းဖြစ်သည်ဟု
ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦး က ပြောသည်။
ဘဏ်များက ပြည်သူများ၏ အပ်ငွေကို ပြန်လည်ထုတ်ချေး
ခြင်း ဖြစ်၍ ဗဟိုဘဏ်၏စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်
သည် ပြည်တွင်းဘဏ်များအတွက် အကာအကွယ်ဖြစ်သည်
ဟု ၎င်းက ပြောသည်။
ထို့အပြင် ဗဟိုဘဏ်၏ စည်းမျဉ်းများသည် နိုင်ငံတကာတွင်
ကျင့်သုံးနေသည့် စနစ်များဖြစ်၍ ပြည်တွင်းဘဏ်များ
အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှု
တိုးမြှင့်လာနိုင်သည်ဟု ဆိုသည်။
သို့သော် ဗဟိုဘဏ်က နိုင်ငံတကာ ဘဏ်စည်းမျဉ်းများ
ပြဋ္ဌာန်းကျင့်သုံးချိန်တွင် ပြည်တွင်းဘဏ်များ လိုက်နာ
ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသဖြင့် ငွေထုတ်ချေးမည့်
အစီအစဉ်အချို့ ခေတ္တလျှော့ချလာခြင်း ဖြစ်သည်။
ပြည်တွင်းဘဏ်များတွင် ငွေကြေးပမာဏများစွာ ထုတ်ချေး
ထားသည့် စာရင်းပိုချေးငွေများကို လာမည့် သုံးနှစ်အတွင်း
နှစ်အလိုက် ပမာဏလျှော့ချနိုင်ရန် ဗဟိုဘဏ်က စည်းမျဉ်း
များ ပြဋ္ဌာန်းခဲ့သည်။
ဘဏ်တစ်ခု၏ချေးငွေ စုစုပေါင်းတွင် ၇၀ မှ ၈၀ ရာခိုင်နှုန်း
အထိ ရှိနေသော စာရင်းပိုချေးငွေ ကို ၂၀၂၀ ၌
၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ဗဟိုဘဏ်က စီစဉ်နေသည်။
ဗဟိုဘဏ်က ပြည်တွင်း ဘဏ်များ၏ ချေးငွေများနှင့်
ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ချမှတ်လာသကဲ့သို့
လွှတ်တော် ကိုယ်စားလှယ်အချို့က ဘဏ်အတိုးနှုန်း လျှော့ချ
ပေးရန် တောင်းဆိုနေသည်။
မြန်မာနိုင်ငံ၏ ဘဏ်အတိုး နှုန်းကို အပ်ငွေအပေါ် ၈ ရာခိုင်နှုန်း၊
ချေးငွေအပေါ် ၁၃ ရာခိုင် နှုန်းသတ်မှတ်ထားခြင်းကို အပ်ငွေ
အပေါ် ၇ ရာခိုင်နှုန်း၊ ချေးငွေ အပေါ် ၁၁ ရာခိုင်နှုန်းလျှော့ချ
ပေး ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်သက်သက်ခိုင်က လွှတ်တော်သို့ အကြံပြုခဲ့သည်။
(ပြည်သိမ်း)
credit - Kumudra Journal & 7day Daily
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
အားလုံးပဲမင်္ဂလာပါ,
ReplyDeleteကျွန်တော့်နာမည် Mr Rugare Sim ပါ။ ငါဟော်လန်မှာနေပြီးယနေ့ငါဟာပျော်ရွှင်တဲ့သူတစ်ယောက်လား။ ငါကိုယ်တိုင်ကိုယ့်ကိုယ်ကိုပြောတယ်။ ငါနဲ့ငါ့မိသားစုကိုဆင်းရဲတဲ့အခြေအနေကနေကယ်ဆယ်နိုင်တဲ့သူကငါ့အတွက်ငွေချေးတဲ့သူကိုငါပြန်ပြောမယ်၊ သူကငါ့မိသားစုကိုပျော်ရွှင်စေတယ်၊ ငါယူရိုချေးငွေလိုတယ် ကျွန်ုပ်သည်ကလေး ၂ ယောက်ရှိသောဖခင်တစ် ဦး အနေဖြင့်ကျွန်ုပ်ဘဝကိုစတင်နိုင်ရန် ၃၀၀,၀၀၀,၀၀၀၀ ကျွန်ုပ်ရိုးသားဖြောင့်မတ်သူနှင့်တွေ့ဆုံခဲ့သည်။ ကျွန်ုပ်သည်ချေးငွေယူရန်ယူရို ၃၀၀,၀၀၀၀၀ ကိုကူညီသောအလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့သူဖြစ်သည်။ သင်ပြန်ဆပ်ပါက ကျေးဇူးပြု၍ သူနှင့်ဆက်သွယ်ပါ (Mr Rugare Sim) ကသင့်အားသူ့ကိုရည်ညွှန်းသည်။ အီးမေးလ်မှတဆင့် Mr, Mohamed Careen ကိုဆက်သွယ်ပါ။ (arabloanfirmserves@gmail.com)
ချေးငွေလျှောက်လွှာသတင်းအချက်အလက်များ
နာမည်......
အလယ်နာမည်.....
၂။ လိင်: .........
၃။ လိုအပ်သောချေးငွေပမာဏ .........
၄။ ချေးငွေကာလ - .........
၅။ နိုင်ငံ - .........
၆။ အိမ်လိပ်စာ - .........
၇။ မိုဘိုင်းနံပါတ် - .........
၈။ အီးမေးလ်လိပ်စာ ..........
၉။ လစဉ်ဝင်ငွေ .........
10) အလုပ်အကိုင်: ...........................
11) ဒီနေရာမှာဘယ် site ကိုလုပ်ခဲ့သလဲ .....................
ကျေးဇူးတင်ပါတယ်နှင့်လေးစားစွာဖြင့်။
arabloanfirmserves@gmail.com အီးမေးလ်ပို့ပါ