Sunday, February 18, 2018

“မန်း၊ ပဲခူး၊ စစ်တွေမှ မြေ ယာ သတင်းများ”

“မန်း၊ ပဲခူး၊ စစ်တွေမှ မြေ ယာ သတင်းများ”

၁။ "ကုလားတန်မြစ်ဘေး စီမံကိန်းက မြေယာရောင်းချမှုကို
တားမြစ်"

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရီးယား ကုမ္ပဏီ
BXT International နဲ့ ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်းပြီး
ကုလားတန်မြစ်ကမ်းဘေးမှာ မြေယာစီမံကိန်း
ဖော်ထုတ်လျက် ရှိပါတယ်။

အခုအခါ ကိုရီးယား ကုမ္ပဏီကနေ မြေတွေကို ရောင်းချ
နေရာမှာ ကျပ်ဘီလီယံနဲ့ချီ ရရှိနေပြီး အဲဒီလို ရောင်းချနေမှုကို
ရခိုင်ပြည်နယ် အစိုးရက စာထုတ်ပြီး တားမြစ်လိုက်ပါတယ်။

ဒီ စီမံကိန်းက စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြိုရဲ့ အချက်အချာကျတဲ့ ကုလားတန်မြစ်ကမ်ဘေးကို
မြေဖို့ပြီး မြေဧက အကျယ် ၉၀ ကို ဖော်ထုတ်တဲ့ စီမံကိန်း
ဖြစ်ပါတယ်။

ဒီ စီမံကိန်းဟာ ကုန်တိုက်ကြီးတွေ၊ ဟိုတယ်တွေ၊ ပန်းခြံတွေ၊
ကလေးကစားကွင်းတွေ၊ ရုပ်ရှင်ရုံတွေ တည်ဆောက်
သွားမယ့် စီမံကိန်းကြီး တစ်ခု ဖြစ်ပါတယ်။

- BXT ကုမ္ပဏီနဲ့ လုပ်ငန်းစဖို့ အရင်အစိုးရ လက်ထက်တုန်း
က MOU MOA ထိုးခဲ့ကြကြောင်း ၊
- MIC ကိုတင်တဲ့ ခွင့်ပြုမိန့်အရ BXT အနေနဲ့ စီမံကိန်း
မြေယာတွေကို ၁၀၀ ရာခိုင်နှုန်း ပြီးအောင် ဖော်ရမှာ
ဖြစ်ကြောင်း ၊
- ပြီးမှ ပြည်နယ် အစိုးရက ဖွဲ့စည်းထားတဲ့ မြေယာ ကော်မတီ
ကို လွှဲရမှာ ဖြစ်ကြောင်းနဲ့
- လွှဲပြီးမှာသာ ရောင်းချမှုတွေ လုပ်ရမယ်လို့ သဘောတူ
ထားတာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊
အခွန်နဲ့ စီမံကိန်းဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

BXT International ကုမ္ပဏီက စီမံကိန်း မပြီးခင် ရောင်းနေတဲ့
အတွက် ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ တားမြစ်ရတာပါလို့
ဝန်ကြီး ဦးကျော်အေးသိန်းက ဆို ပါတယ်။

လက်ရှိ မြေယာဝယ်ထားမှုတွေကို ဒီအတိုင်း ထားရှိမှာ ဖြစ်ပြီး
ပြန်အမ်းတာ ၊ ပြန်သိမ်းတာတို့ လုပ်မှာ မဟုတ်ဘဲ မြေယာ
ဖော်ထုတ်မှု အားလုံးပြီးမှသာ ဆက်လက် ရောင်းချမှုတွေ
လုပ်ခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ကိုရီးယားကုမ္ပဏီကနေ မြေတွေကို ခန့်မှန်းတန်ဖိုး
ကျပ် ၇ ဘီလီယံဖိုးလောက် ရောင်းပြီးပြီလို့ သိရပါတယ်။

အခုလို ရခိုင်ပြည်နယ် အစိုးရကနေ မြေကွက်တွေ ရောင်းချ
နေတာကို တားမြစ်လိုက်တဲ့ အတွက် မြေကွက်ဝယ်ယူထား
သူတွေ အကြားမှာတော့ အထူးစိုးရိမ်မှုတွေ
ဖြစ်နေကြပါတယ်။

*****

၂။ "မြေကွက်လွတ်များတွင် အိမ်ဆောက်ရန် မြို့တော်စည်ပင်
ထပ်မံသတိပေး"

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ
မြေကွက်လွတ်များတွင် အဆောက်အအုံဆောက်လုပ်ခြင်းနှင့်
ခြံဝင်းခတ်ခြင်းတို့ ပြုလုပ်ကြရန် မြို့တော်စည်ပင်သာယာရေး
ကော်မတီက သတိပေးချက် ထပ်မံ ထုတ်ပြန်လိုက်သည်။

မြေကွက်ပိုင်ဆိုင်ထားပြီး အဆောက်အအုံ မဆောက်သော
ကြောင့် စည်ပင်ဥပဒေ၊ နည်းဥပဒေများအတိုင်း အုတ်တံတိုင်း
ကာရံခွင့်၊ အဆောက်အအုံဆောက်လုပ်ခွင့်များ လျှောက်ထား
ကြရန် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ထပ်မံ သတိပေးခြင်း
ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင်
ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“အခုက သတ်မှတ်ထားတဲ့ကာလကလည်း နီးလာပြီ။
ဒါပေမဲ့ မြေကွက်လွတ်တွေ ရှိနေတုန်းပဲ။
အဲ့ဒါကြောင့် သတ်မှတ်ကာလကျော်လို့ အသိမ်းခံရတာမျိုး
မဖြစ်အောင် မြေပိုင်ရှင်တွေကို ထပ်ပြီးသတိပေးတာ”ဟု
၎င်းက ပြောဆိုသည်။

မြေချထားမိန့်၊ မြေစလစ် မူရင်းများကို လက်ဝယ်ကိုင်ဆောင်
ထားပြီး မြေငှားဂရန် လျှောက်ထားခြင်း မရှိသေးသူများ
အနေနှင့် မြေငှားဂရန် လျှောက်ထားကြရန်၊
လျှောက်ထားပြီးချိန်မှ ခြောက်လအတွင်း အုတ်တံတိုင်း
ကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားပြီး
ကိုးလအတွင်း အပြီးဆောင်ရွက်ရန် မြို့တော်စည်ပင်က
ညွှန်ကြားထားသည်။

ယင်းသို့ညွှန်ကြားချက်များကို သတ်မှတ်ကာလအတွင်း
အပြီးဆောင်ရွက်ခြင်းမပြုပါက ချပေးထားသည့် မြေချထားမိန့်၊
မြေစလစ်နှင့် မြေငှားဂရန်တို့ကို ပယ်ချသွားမည် ဖြစ်ကာ
အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေ (အစိုးရမြေ) အဖြစ် ပြန်လည်
သိမ်းယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို လွန်ခဲ့သောငါးလခန့်က
ပထမအကြိမ် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ
မြေကွက်လွတ်များ ရှိနေသေးပြီး မြို့သစ်ပိုင်းတွင် အများဆုံး
တွေ့ရကြောင်း မန္တလေးမြို့ခံများ က ပြောဆိုသည်။

“စည်ပင်သာယာက ထုတ်ပြန်ချက်ကိုတွေ့တော့
အိမ်ဆောက်လိုက်တယ်။ ခြံဝင်းခတ်ထားလိုက်ရတယ်။
လုပ်ငန်းအတွက်တော့ ငွေကြေးအခက်အခဲ ဖြစ်သွားတာပေါ့။
ကောင်းတော့ ကောင်းတယ်ဗျ။
စီးပွားဖြစ်ကျူးတွေက မြေကွက်လွတ်တွေမှာ ကျူးကျော်
နေထိုင်ပြီး ငွေညှစ်တာမျိုးတွေ ရှိနေတယ်။
အခုတော့ ကိုယ့်မြေအသိမ်းမခံနိုင်တော့ ဆောက်ဖြစ်
သွားတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ် အတွင်းမှ
မြေကွက်ပိုင်ရှင် ဦးမြင့်က ပြောကြားသည်။

မြေကွက်ရယူထားသူများအနေနှင့် အဆောက်အအုံ
ဆောက်လုပ်ခြင်းမပြုဘဲ နှစ်ပေါင်းများစွာ ပစ်ထားသော
ကြောင့် ကျူးကျော်နေထိုင်သူများနှင့် မြေယာအငြင်းပွားမှုများ
ရှိလာကြောင်း၊
အမှန်တကယ် မြေကွက်ပိုင်ဆိုင်သူများအနေနှင့် ခိုင်မာသည့်
စာရွက်စာတမ်းများဖြင့် အဆောက်အအုံဆောက်လုပ်ရန်
လိုအပ်ကြောင်း မြို့တော်စည်ပင်၏ သတိပေးစာအရ
သိရသည်။

မြို့တော်စည်ပင်၏ သတိပေးစာအရ မြေငှားဂရန်လျှောက်
ထားခြင်း၊ ဝင်းခြံခတ်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း
တို့ လုပ်ဆောင်ရန် သတ်မှတ်ထားသည့်ကာလသည်
မေလ ၁၅ ရက်နေ့တွင် ပြည့်မည် ဖြစ်သည်။

*****

၃။ "ပဲခူးတိုင်း၌ လယ်ယာမြေပုံစံ(၇) ဖောင်းပွမှုများဖြစ်ပေါ်
နေ၍ တစ်တိုင်းလုံးရှိစာရင်းများနှင့် တိုက်ဆိုင်စိစစ်
စစ်ဆေးနေ"

လယ်ယာမြေပုံစံ(၇) ဖောင်းပွမှုများဖြစ်ပေါ်နေသည့် အတွက်
၂၀၁၇ ခုနှစ် အောက်တို ဘာလတွင်ကျင်းပခဲ့သည့် ဒုတိယ
အကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်း
အဝေး၌ အရေးကြီး အဆိုတင်သွင်းခဲ့ရာ လွှတ်တော်
ကိုယ်စားလှယ်များ၏ ထောက်ခံဆွေးနွေးမှုအရ အဆို
အောင်မြင်ခဲ့သဖြင့် ပုံစံ(၇) မှားယွင်းစွာ ထုတ်ပေးထားမှု၊
ပုံစံ(၇) ဖောင်းပွနေမှု၊ ပုံစံ(၇) အတုများဖြစ်ပေါ်နေမှုကို
ဖေဖော်ဝါရီလမှ စတင်၍ စိစစ်မှုများပြုလုပ်နေကြောင်း
သိရသည်။

စတင်စစ်ဆေး
။။။။။။။။။။။။။။။။

လယ်ယာမြေပုံစံ(၇) စိစစ်မှုကို ရပ်ကွက်၊ ကျေးရွာတစ်ခုချင်းစီ
အလိုက် စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ရာ ယခုရက်ပိုင်းတွင်
ပဲခူးမြို့နယ် စီမံကိန်းဦးစီးဌာန၌ စတင်စစ်ဆေးမှုများ ပြုလုပ်
နေကြောင်း သိရသည်။

စိစစ်တည့်မတ်
။။။။။။။။။။။။။။။။။

"လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)တွေက နေရာတကာမှာ
မှားယွင်းမှုတွေ ဖြစ်ပေါ်နေတယ်။
ပုံစံ (၇) အတုတွေရှိနိုင်သလို အလွဲသုံးစားလုပ်ပြီး ထုတ်ယူမှု
တွေလည်း ရှိနေတယ်။
လယ်ဧကနဲ့ ပုံစံ (၇) တိုက်ဆိုင်စစ်ဆေးပြီး အလွဲသုံးစား
လုပ်ထားတာတွေကို တိုက်ဆိုင် စစ်ဆေး သွားမှာပါ။
နိုင်ငံတော်အစိုးရရဲ့ ငွေတွေကို လိမ်ထုတ်သုံးနေတဲ့ လူတွေ
ရှိနေလို့ နိုင်ငံ တော်အတွက် အများကြီး နစ်နာပါတယ်။
ဒါကြောင့် စိစစ်တည့်မတ်ပေးဖို့ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်
အတိုင်း ဆောင်ရွက်နေတာပါ"ဟု ပဲခူးမဲဆန္ဒနယ် အမှတ်(၁)
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက
ပြောဆိုသည်။

တိုက်ဆိုင်စစ်ဆေး
။။။။။။။။။။။။။။။။။။။။။

ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်
လယ်ဧကစုစုပေါင်းနှင့်တူညီသည့် ချေးငွေများကို ထုတ်ချေး
ပေးလျက် ရှိပြီး လယ်သမားတစ်ဦးလျှင် ၁၀ ဧကခန့် သာ
ထုတ်ချေးပေးသည့် စည်းကမ်းချက်အရ ပုံစံ (၇) ကွာဟ
နေခြင်း၊
အမှန်တကယ်ထုတ် ချေးခြင်းမရှိသည့် လယ်သမားများ၏
ပုံစံ (၇)စာရွက်များကို အစားထိုးထုတ်ချေးမှုများ ရှိနေခြင်း၊
အခြားမြေသုံးစွဲခွင့်ရထားသည့် မြေများ၌ပင် အစားထိုး
ထွက်ပေါ်နေခြင်း စသည့် အကြောင်းအရာများကြောင့်
ပုံစံ(၇)ကို တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်သည်။

မြို့နယ်တိုင်းတွင်ပုံစံ(၇)များ တိုက်ဆိုင်စစ်ဆေးရာတွင်
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်၌
ဆောင်ရွက်မည် ဖြစ်သည်။

၂၀၁၂ လယ်ယာမြေဥပဒေပြဋ္ဌာန်းရာ၌ ရပ်ကွက်၊ ကျေးရွာ
အသီးသီးရှိ ပလပ်မြေကျေးရွာ၊ ရပ်ကွက်ပိုင်မြေ၊ လယ်မြေနှင့်
မြေအမျိုးအစား ၂၀ ကျော်တို့အား မြေစာရင်းဦးစီးဌာနနှင့်
နီးစပ်သူများ၊ အာဏာပိုင်များနှင့်နီးစပ်သူများက ပုံစံအမျိုးမျိုး
ဖြင့် မြေပေးမိန့် မြေပိုင်ဆိုင်ခွင့် စာရွက်စာတမ်းများ ရယူကာ
လက်ဦးမှုရယူထား သည့်အတွက် အဆိုပါကိစ္စရပ်များကို
၂၀၁၂ ခုနှစ်မတိုင်မီ အနေအထားနှင့် နောက်ပိုင်း မြေ
အနေအထားများကိုပါ လေ့လာတိုက်စစ်၍ လွှတ်တော်သို့
တင်သွင်းဆွေးနွေးမည်ဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

(ရွှေဥ)

credit - BBC Burmese / The Voice
& The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment