Sunday, August 27, 2017

“အိမ် ခြံ မြေ ဈေးကွက် အခြေအနေ နှင့် ထုတ်ပြန် တော့မည့် ကွန်ဒို နည်းဥပဒေ”

“အိမ် ခြံ မြေ ဈေးကွက် အခြေအနေ နှင့် ထုတ်ပြန်
တော့မည့် ကွန်ဒို နည်းဥပဒေ”


၁။ "ကွန်ဒိုဥပဒေ ယခုလကုန်တွင် နည်းဥပဒေ
ထုတ်ပြန်မည်"

ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစု မျှော်လင့်နေသော
စုပေါင်းအဆောက်အအုံ ဥပဒေ (ကွန်ဒိုဥပဒေ) အတွက်
လိုအပ်နေသည့် နည်းဥပဒေကို ယခုလကုန်တွင်
ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်
ဦးမင်းထိန်က ပြောသည်။

ရန်ကုန်မြို့၌ တည်ဆောက် ပြီးစီးနေသော ကွန်ဒိုတိုက်ခန်း
အများစုတွင် နိုင်ငံခြားသားများကို ဦးစားပေး ရောင်းချနိုင်ရန်
ကွန်ဒိုဥပဒေ၌ လိုအပ်နေသော နည်းဥပဒေကို ယခုလကုန်
စက်တင်ဘာလဆန်းတွင် ထုတ်ပြန်နိုင်ရန် ရှိကြောင်း
ဦးမင်းထိန် က ဆို သည်။

မြေနှင့်အခန်းကိုပါ နှစ်ခုစလုံး ပူးတွဲပိုင်ဆိုင်ခွင့်ရမည့်
ကွန်ဒို ဥပဒေကို ၂၀၁၅ ဇန်န၀ါရီက အ တည်ပြု ပြဋ္ဌာန်းခဲ့
သော်လည်း နည်းဥပဒေကို ၂၀၁၇ စက်တင်ဘာမှသာ
ထုတ်ပြန်နိုင်မည်ဖြစ်သည်။

ကွန်ဒိုဥပဒေ၏ နည်းဥပဒေသည် လက်ရှိတွင် ရှေ့နေချုပ်ရုံး
သို့ ရောက်ရှိနေကာ ပြီးနောက် ဌာနမှ တစ်ဆင့်
ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပို့ဆောင်မည် ဖြစ်သည်။

ယင်းဥပဒေ၏ အရေးပါသည့် အချက်ဖြစ်သော
ခြောက်လွှာနှင့် အထက်တွင် စတင်ပြီး နိုင်ငံခြားသား
အမည်ပေါက်ဖြင့် ၄၀ ရာခိုင်နှုန်းဝယ်ယူခွင့်ကို နည်းဥပဒေ၌
ပြင်ဆင်ထားခြင်းမရှိပေ။

ရန်ကုန်တွင် နိုင်ငံခြားသား အ၀ယ်မျှော်နေသော ကွန်ဒို
တိုက်ခန်းသည် သောင်းဂဏန်းကျော်ရှိပြီး ကွန်ဒိုဥပဒေ၏
အသက်ဖြစ် သော နည်းဥပဒေထွက်ရှိတော့မည်
ဆိုခြင်းကြောင့် အရောင်းအ၀ယ်ပြန်ကောင်းလာနိုင်ကြောင်း
ကျော်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်ထွေးက
သုံးသပ်သည်။

လက်ရှိတွင် နိုင်ငံခြားသားများကို ရောင်းချရန် အခက်အခဲ
ဖြစ်နေရခြင်းသည် ကွန်ဒိုဥပဒေပါ အချို့အချက်အလက်များ
သည် လက်တွေ့ကျင့်သုံးရန် ခက်ခဲသဖြင့် နိုင်ငံခြားသားများ
ဝယ်ယူမှုနည်းပါးခြင်းဖြစ်ကြောင်း တော်ဝင်ဆောက်လုပ်ရေး
ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက တပ်မတော်ခန်းမ၌
ပြုလုပ်သော အိမ်ခြံမြေဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်း
ပြောကြားခဲ့သည်။

(မိုးညို)

*****

၂။ "ယနေ့ဈေးကွက်အခြေအနေအရ ပုံမှန်ဈေးတန်းမှာ
ရှိနေတဲ့အိမ် ခြံ မြေ၊ ပုံမှန်ရှေ့ဆက်နေဆဲ"

ပြည်တွင်း အိမ် ခြံ မြေ ဈေးကွက်မှာ တစ်လတာ နှိုင်းယှဉ်မှုများ
အရ ကုန်လွန်ခဲ့သော ဇူလိုင်လထက် အရောင်းအဝယ်နှင့်
အငှားပိုင်းတွင် အရောင်းက ပိုအားသာလာကြောင်း
စုံစမ်းသိရသည်။

"ဈေးကွက်ကတော့ အရင်ကထက် ပိုကောင်းလာတယ်။
ပိုအားသာလာတယ် ပြောရမှာပေါ့ ။
အရင်လကတော့ အိမ် ခြံ မြေ က အငှားဘက်မှာ
ဦးဆောင်တယ်။အရောင်းအဝယ် မဖြစ်ခဲ့ဘူး။
ဒီလကျတော့ အရောင်းအဝယ်အငှား က ဈေးကွက်
ပြန်မျှတယ်။
အရမ်းကောင်းတာမျိုး ပြောတာ မဟုတ်ဘူး။
ဒါပေမယ့် မေးလိုက်ပြီဆိုရင် ဖြစ်သွားကြတာကို
များလာတာ။
ပြောရရင် ဈေးကွက်က တက်ရိပ်ပြန်ပြလာတယ်။" ဟု
ရန်ကုန် အခြေစိုက်အကျိုးဆောင်တစ်ဦးမှ ပြောပြခဲ့သည်။

လက်ရှိပြည်တွင်း အိမ် ခြံ မြေ ဈေးမှာ ယခင်ထက်
အနည်းငယ်ဈေးဆင်းခဲ့သည်။ယင်းသိုကျဆင်းသည်
ဆိုသော်လည်း ဈေးကွက်၏သဘောတရားအရ ယခင်
အခြေအနေကို မမှီခြင်းသာဖြစ်ပြီး
တည်ငြိမ်သည်ဟုပြောဆိုနိုင်ကြောင်းလည်း
အက်ျုးဆောင်များကသုံးသပ်ကြသည် ။

ဇုန်မြေအပါအဝင် အခြားမြို့နယ်များ၏ ဈေးကွက်အခြေအနေ
ကို ယခုကဲ့သို့ပင် စုံစမ်းသိရှိရသည်။

"ကျောက်တံတားနှင့် မြို့တွင်း ခြောက်မြို့နယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Downtown Area ၏ အဓိက ဈေးကွက်မှာ
အငှားဈေးကွက်ပင်ဖြစ်သည်။ မြေနေရာ ရှားပါးသော
မြို့နယ်များဖြစ်ပြီး တိုက်ခန်း၊ အထပ်မြင့်များမှာလည်း
အလွယ်တကူ လွှဲပြောင်း ဝယ်ယူ ရောင်းချမှုနည်းပါး
လှသည်။

လက်ရှိတွင် အငှားဈေးကွက် အတန်ငယ်ဖြစ်ထွန်းနေဆဲ
ဖြစ်ကြောင်းသိရသည်။

"အရင်လနဲ့သိပ်မကွာဘူး။ ဘာကြောင့်လဲဆိုရင်
အရင်လကလည်း အငှားပဲ ဖြစ်တာ။
ဒီလကျတော့နည်းနည်းလေး ပိုသွက်လာတယ်ပေါ့။
အငှားအားက ပိုသွက် ပိုကောင်းလာတယ်။
အရောင်းအဝယ်ဈေးဆင်းပေမယ့် အငှားဈေးကတော့
ပုံမှန်ပါပဲ။
စီးပွားရေးလုပ်မယ့်သူတွေအတွက် သီးသန့်ကို
အငှာဈေးကွက်ဖြစ်ထွန်းနေတဲ့သဘောပါ။" ဟု
အကျိုးဆောင်တစ်ဦးကဆိုသည်။

"ဇုန်မြေများ"
။။။။။။။။။။။။။။

စက်မှုဇုန်မြေဈေးကွက်မှာယခင်လထက်
အရောင်းအဝယ်အားပိုလာသည်ကိုတွေ့ရသည်။

အဓိက အရောင်းအဝယ်ဖြစ်သော ဇုန်မြေများမှာ
တောင်ဒဂုံ ၊ရွှေလင်ဗန်း နှင့် မင်္ဂလာဒုံ စက်မှုဇုန်မြေများ
ဖြစ်ကာ သိန်း ၃၀၀၀ နှင့် ၅၀၀၀ တစ်ပတ်လည်အကွက်များ
အရောင်းအဝယ်ဖြစ်လာကြောင်းသိရသည်။

သီလဝါဆိပ်ကမ်းအနီး မြေနေရာများမှာ ဈေးကွက်အရ
အမြင့်ဆုံးဖြစ်နေပြီး သိန်း ထောင်ဂဏန်းမှ သောင်းဂဏန်း
ဝန်းကျင်အထိ ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်
မှာ အခြားမြို့နယ်များနည်းတူ အေးစက်နေဆဲဖြစ်ကြောင်း
သိရှိရသည်။

အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးသည်နှင့် အမျှ
သီလဝါစက်မှုဇုန်ရှိ မြေကွက်များမှာ တစ် ဧကလျှင်
ကျပ်သိန်းတစ်ထောင်ခန့်အထိပင် ဈေးကျဆင်းလာကြောင်း
စုံစမ်းသိရှိရသည်။

"ဗဟန်းမြို့နယ်"
။။။။။။။။။။။။။။။။။။

ဗဟန်းမြို့နယ်မြေဈေးကွက်မှာမူ မြေပေါများသည့် မြို့နယ်
ဖြစ်ခြင်း ၊ ဆိတ်ငြိမ်မှုရှိခြင်း အစရှိသည်တို့ကြောင့်
အရောင်းအဝယ်ပိုင်းတွင် ဈေးအမြင့်ဖြင့်သာ ရှေ့ဆက်
နေကြောင်းသိရသည်။

အရောင်းအဝယ်မှာမူ ယခင်လအတွင်း ငြိမ်သက်နေခဲ့ရာမှ
ပြန်လည် လှုပ်ရှား အသက်ဝင်လာကြောင်းလည်း
သိရသည်။

"နေရာကောင်းပေမယ့် ဈေးတောင့်မထားနိုင်တဲ လူတွေက
ချရောင်းကြတယ်။လူတိုင်းတော့မဟုတ်ဘူး။
ဆိုကြပါစို့ တစ်ထောင်တန်တယ်ဆိုပေမယ့် တောင့်မထား
နိုင်တဲ့လူက ၅၀၀ နဲ့ ချရောင်းချင် ရောင်းတာမျိုးပေါ့။
အဲဒါမျိုးတွေကြောင့်ပဲ ဈေးနည်းတာရှိတယ်။
ဝယ်သူကလည်း ပုံမှန်အချိန် ဒီဈေးမရဘူးဆိုတာ သိတော့
ကောက်ဝယ်ထားလိုက်တာမျိုး။
အရောင်းအဝယ်ကတော့ မေးပြီးရင်ဖြစ်တဲ့နေရာပါ" ဟု
ရန်ကုန်အခြေစိုက်အကျိုးဆောင်မှ ဆိုသည်။

"မြောက်ဒဂုံ"
။။။။။။။။။။။။။။

ရင်းနှီးမြုပ်နှံရန် မြေကွက်လိုက်လံကောက်ယူသူများကြောင့်
အရောင်းအဝယ်မဆိုးသည့်မြို့နယ် တစ်ခုဖြစ်သည်။

လတ်တလောတွင် သိန်း ၇၀၀ မှ သိန်း ၁၅၀၀ ကြား
မြေကွက်များ အရောင်းအဝယ်ဖြစ်သည်။

အငှားဈေးမှာ လမ်းမတန်းမြေနေရာများ၌သိန်း၂၀ဝန်းကျင်
အထိငှားရမ်းကြသူရှိကြောင်း သိရသည်။

"ရန်ကင်း"
။။။။။။။။။။။

ရန်ကင်းနှင့်တောင်ဥက္ကလာမြို့နယ်များသည်
အရောင်းအဝယ်အားမျှသည့် မြို့နယ်များဖြစ်ပြီး ဈေးကွက်
ပြန်လည် ကောင်းမွန်နေကြကြောင်းလည်း သိရသည်။

ရန်ကင်းမြို့နယ်၏ တစ်ပေပတ်လည် စံနှုန်းများမှာ
လက်ရှိတွင် နှစ်သိန်းမှ ခုနစ်သိန်းကြားရှိကြောင်း သိရသည်။

တောင်ဥက္ကလာမှာမူ အခြားမြို့နယ်များ ဖြစ်သည့်
မြောက်ဥက္ကလာ ၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့နယ်များ
နည်းတူတစ်ပေပတ်လည်လျှင်တစ်သိန်းမှလေးသိန်းကြား
ပေါက်ဈေးရှိကြောင်းသိရှိရသည်။

(မင်းချို)

credit - 7day Daily & iMyanmar House

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“အခွန်ကင်းရှင်းမှ လူနေထိုင်ခွင့် ရမည်”

“အခွန်ကင်းရှင်းမှ လူနေထိုင်ခွင့် ရမည်”

၁။ "အခွန်လွတ်ကင်းမှုများ ဖြစ်ပေါ်နေ၍ တိုက်ခန်း၊
နေအိမ်များ၏ လူနေထိုင်ခွင့်၊ လုပ်ငန်းလိုင်စင် အသစ်နှင့်
သက်တမ်းတိုးခြင်း အပါအ၀င် လိုင်စင်အားလုံးကို ပြည်တွင်း
အခွန်မှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံ
လက်မှတ် တင်ပြနိုင်မှသာ ထုတ်ပေးရန် တိုင်းနှင့်ပြည်နယ်
စည်ပင်များသို့ သမ္မတရုံး ညွှန်ကြား"

ကန်ထရိုက်တာများ အပါအ၀င် အချို့သော လုပ်ငန်းရှင်များ
အနေဖြင့် အခွန်ပေးဆောင်မှု မရှိခြင်းကြောင့် တိုက်ခန်းများ
နှင့် နေအိမ်များ၏ လူနေထိုင်ခွင့်၊ လုပ်ငန်း လုပ်ကိုင်ခွင့်
လိုင်စင်အသစ်များနှင့် သက်တမ်းတိုးခြင်း အပါအ၀င်
လိုင်စင်များ အားလုံးကို ပြည်တွင်းအခွန်များ ဦးစီးဌာနမှ
ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံ
လက်မှတ်တင်ပြနိုင်မှသာ ထုတ်ပေးရန် နိုင်ငံတော်သမ္မတရုံး
က ညွှန်ကြားချက် ထုတ်ပြန်ထားပြီး လက်ရှိတွင် စတင်
လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ
ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က
သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

တိုင်းနှင့်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များသို့
နိုင်ငံတော်သမ္မတရုံးက စာအမှတ် ၁၅၈(၂) ဖြင့် ထုတ်ပြန်ခဲ့
သည့် အဆိုပါ ညွှန်ကြားချက်တွင် -
အချို့သောလုပ်ငန်းရှင်များအနေဖြင့် တည်ဆဲ အခွန်ဆိုင်ရာ
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခွန်ပေးဆောင်
ခြင်းမရှိဘဲ နေရာအနှံ့တွင် အခွန်လွတ်ကင်းမှုများ ဖြစ်ပေါ်
နေကြောင်း ဖော်ပြထားသည်။
ထိုသို့ အခွန်လွတ်ကင်းမှုများမှာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်
ရယူ၍ လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းနှင့် နှစ်အလိုက်
ခွင့်ပြုပေးထားသည့် အရပ်ရပ်လိုင်စင်များ ရရှိထားသော
လုပ်ငန်းအချို့မှာ အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေကြောင်း
ညွှန်ကြားချက်တွင် ဖော်ပြသည်။

ထို့ပြင် ကန်ထရိုက်စနစ်ဖြင့် အထပ်မြင့် အဆောက်အအုံများ
တည်ဆောက်၍ ရောင်းချခြင်းများ ဆောင်ရွက်နေရာတွင်
လုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် ကန်ထရိုက်တာများ
အနေဖြင့် တိုက်ခန်းတည်ဆောက်မှုနှင့် တိုက်ခန်းများ
ရောင်းချမှုအတွက် ငွေကြေး ရရှိနေသော်လည်း အခွန်စည်း
ကြပ်ခြင်းမှ လွတ်ကင်းမှုများ ဖြစ်ပေါ်နေခြင်းအပြင် နေအိမ်၊
အဆောက်အအုံသစ်များ တည်ဆောက်မှုများ အတွက်
အသုံးပြုနေသော ၀င်ငွေအပေါ် ၀င်ငွေရလမ်း စိစစ်နိုင်မှု
မရှိခြင်းများ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ထိုသို့ အခွန်လွတ်ကင်းမှုများ မရှိစေရန်
လုပ်ငန်းရှင်များမှ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အသစ်
လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ နှစ်အလိုက် ခွင့်ပြု
ချထားပေးသည့် အရပ်ရပ် လိုင်စင်များ၊ တိုက်ခန်းများ၊
နေအိမ်များအတွက် လူနေထိုင်ခွင့် လျှောက်ထားခြင်း
ပြုလုပ်ချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေး
သည့် အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်
တင်ပြနိုင်မှသာ လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်မှာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်
ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာန
သို့ ဆက်လက်မေးမြန်းရန် နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သြဂုတ် ၂၁ ရက်တွင်
ပြောကြားသည်။

အခွန်တိမ်းရှောင်မှုများပြားသည့် မြန်မာနိုင်ငံသည် အာဆီယံ
နိုင်ငံများတွင် GDP ၌ အခွန်ပါဝင်မှု အနည်းဆုံးဖြစ်နေသော်
လည်း လက်ရှိအစိုးရလက်ထက်တွင် အခွန်တိုးမြှင့်
ကောက်ခံထားနိုင်ပြီး
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်
ကောက်ခံရငွေမှာ ကျပ်ဘီလျံ ၇၀၀၀ ကျော်ရှိခဲ့ပြီး ပြုပြင်ပြီး
ခန့်မှန်းခြေထက် ကျပ် ၆၀၀ ဘီလျံကျော် ပိုမိုကောက်ခံနိုင်ခဲ့
ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့်
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူပေါင်း
ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

လက်ရှိအခြေအနေတွင် အခွန်တိမ်းရှောင်မှုများကို
ဖော်ထုတ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးမှုများကို စိစစ်ခွင့်ပြု
ခြင်းတို့ဖြင့် အခွန်အကောက်ရငွေ တိုးတက်လာစေရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်
အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏
ရည်မှန်းချက်များတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူဖြစ်စေသည့်
ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းများကို တိုးချဲ့၍ ဘဏ္ဍာငွေရရှိ
နိုင်မှု ပိုမိုတိုးတက်လာစေရန်၊ နိုင်ငံပိုင် ဘဏ်များတွင်
Core Banking စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်
ခြင်းဖြင့် လျင်မြန် သွက်လက်သော ဘဏ်လုပ်ငန်းစနစ်များ
ဖြစ်ပေါ်စေရန်၊ အခွန်အခြေကို ချဲ့ထွင် ဆောင်ရွက်ခြင်း၊
အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ကင်းလွတ်
ခွင့်ပေးမှုများကို စိစစ်ခွင့်ပြုခြင်းတို့ဖြင့် အခွန်အကောက်
ရငွေ တိုးတက်လာစေရန်စသည့် အချက်များကို
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က ရည်မှန်းချက်ထား
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် ပါဝင်သည့် နိုင်ငံတော်၏
ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော
အခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့်
ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ
ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်ဆိုသည့် အချက်နှင့်
ပတ်သက်ပြီး အစီအစဉ် ငါးခုဖြင့် အကောင်အထည်
ဖော်သွားမည်ဖြစ်သည်။

(ဖြိုးဝေ)

*****

၂။ "မန္တလေးတွင် အဆောက်အအုံများတည်ဆောက်ပြီး
အခွန်ဆောင်ရန် ပျက်ကွက်ပါက လူနေထိုင်ခွင့်ပိတ်မည်"

မန္တလေးတိုင်း အတွင်း၌ အဆောက်အအုံများ တည်ဆောက်ပြီး 
အခွန်ဆောင်ခြင်း ပျက်ကွက်ပါက လူနေထိုင်ခွင့်ပိတ်မည်
ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (မန္တလေး) မှ
သတင်းရရှိသည်။

‘‘အိမ်၊ အဆောက်အအုံကို ဆောက်ပြီးတော့
အခွန်ရှောင်နေတဲ့အဖွဲ့တွေ အများကြီးပဲ၊ ဒီနှစ်မှာ မိပါလိမ့်မယ်။
စည်ပင်ကနေ ပြည်တွင်းအခွန်ရဲ့ ထောက်ခံချက် မပါရင်
ပေးလို့မရတော့ဘူး။ ကန်ထရိုက်ကိုလည်း ပေးလို့မရတော့ဘူး။
အဆောက်အအုံပြီးသွားရင် အခွန်ဆောင်၊ မဆောင်ရင်
လူနေထိုင်ခွင့် ပိတ်သွားမယ်၊ မပေးတော့ဘူး’’ ဟု ပြည်တွင်း
အခွန်များဦးစီး ဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် အဆောက်အအုံများကို 
အခွန်ကောက်ခံရာ၌ အဆောက်အအုံများ
တည်ဆောက်ပြီးချိန်မှသာ
အထပ်အမြင့်နှင့် အကျယ်အဝန်းတို့ကို တွက်ချက်ကာ
ကောက်ခံခြင်းဖြစ်ပြီး တည်ဆောက်သူများအနေဖြင့်
ကိုယ်ပိုင်မြေပေါ်တွင် ကန်ထရိုက်အပ်ကာ
အဆောက်အအုံများ ဆောက်ခြင်း၊ မိမိမြေပေါ်၌ အခန်း
အပေးအယူဖြင့် တည်ဆောက်ခြင်း စသည့်ပုံစံ အမျိုးမျိုး
တည်ဆောက်ခြင်းများကို အခွန်ဆောင်ခြင်း ရှိ၊ မရှိ စိစစ်
အရေးယူမည် ဖြစ်ကြောင်း သိရသည်။

‘‘အခွန်ထမ်းအတွက်ပါ မနစ်နာအောင် အဆောက်အအုံပြီးမှ
တွက်ပြီးတော့ ကောက်တာ ဖြစ်ပါ တယ်။
အခွန်ပေးရမယ့် ကိစ္စအားလုံး သက်တမ်းတိုးခွင့်အားလုံး
က ပြည်တွင်းအခွန်ရဲ့ ထောက်ခံချက် မပါရင် ဘာမှပေးလို့
မရတော့ဘူး။
တစ်ခုခု ခွင့်ပြုချက်ပေးမယ်ဆိုရင် ဒီကုမ္ပဏီ အခွန်ဆောင်
ထားလား၊ ပြည်တွင်းအခွန်ကို အရင်လှမ်း မေးရတယ်။
အခွန်ဌာနရဲ့ ထောက်ခံချက်ပါမှ ခွင့်ပြုချက်ပေးရမှာ
ဖြစ်ပါတယ်’’ ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ
အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့က ဝန်ဆောင်မှုပေးတာပါ။
အဆောက်အအုံ ဆောက်ဖို့အတွက် ကြီးကြပ်ခရတယ်။
အဲဒီအပေါ်မှာ ဝင်ငွေခွန် ဆောင်ရပါတယ်။
ကျန်တဲ့ ဒီအဆောက်အအုံကို ဘယ်ကငွေနဲ့
ဆောက်ပါတယ်ဆိုတဲ့ ငွေဖြူပြ ဆိုတာကတော့
ဆောက်ပေးဖို့အပ်တဲ့ အိမ်ရှင်နဲ့ ဆိုင်တာဖြစ်ပါ တယ်။
ကျွန်တော်တို့က အင်ဂျင်နီယာခ သိန်း ၅၀ ရတယ်ဆိုရင်
အဲဒီအပေါ်မှာ အခွန်ဆောင်ရတာ ဖြစ်ပါတယ်’’ ဟု
CAD ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးဇင်မင်းဆွေ
က ပြောသည်။

ပြည်တွင်းအခွန်များဦးစီး ဌာနအနေဖြင့် မန္တလေးတိုင်း
အတွင်းရှိ အဆောက်အအုံများ တည်ဆောက်ပြီး
အခွန်မဆောင်ခြင်း အပေါ် စိစစ်မည့်အပြင် အခြားသော
အခွန် မဆောင်သည့် စီးပွားရေး လုပ်ငန်းများကိုလည်း
စိစစ်ကာ လုပ်ငန်းသက်တမ်းတိုးခွင့်နှင့် ကုမ္ပဏီလိုင်စင်
သက်တမ်းတိုးခွင့်များ ရပ်နားရန် ဆောင်ရွက်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။

(နိုင်လင်းအောင်)

credit - Eleven Media Group & 7day Daily

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"ရန်ကုန်မြို့၏ အနာဂတ်လူဦးရေနှင့် မိုးရာသီအလွန်တွင် စတင်မည့် မြို့သစ်စီမံကိန်း တကယ်လိုအပ် သလား"

"ရန်ကုန်မြို့၏ အနာဂတ်လူဦးရေနှင့် မိုးရာသီအလွန်တွင်
စတင်မည့် မြို့သစ်စီမံကိန်း တကယ်လိုအပ် သလား"


ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး
လူဦးရေ ၇ သန်းကျော် နေထိုင်လျက်ရှိသည့်အတွက်
တိုးတက်များပြားလာသော လူဦးရေနှင့်အညီ မြို့သစ်များ
တိုးချဲ့ရန် ကြည့်မြင်တိုင် တဖက်ကမ်း၊ တွံတေး၊
ဆိပ်ကြီးခနောင်တိုမြို့နယ်များရှိ ဧရိယာမြေ
ဧကသုံးသောင်းပေါ်တွင် မြို့သစ်စီမံကိန်း တခုကို
စတင်တော့မည် ဖြစ်သည်။

ရန်ကုန်မြို့၏ လူဦးရေတိုးပွားမှုနှုန်းသည် နောင် ၁၀ နှစ်
အတွင်း လူဦးရေ ၁၀ သန်း အထက် ရှိမည်ဟု
ခန့်မှန်းထားသည်။

''ရန်ကုန်မြို့ရဲ့ တိုးပွားနေတဲ့ လူဦးရေကို လျှော့ချနိုင်ဖို့
အတွက် မြို့သစ်စီမံကိန်းကြီးတခုကိုလည်း ဆောင်ရွက်ဖို့
ရှိပါတယ်။ ဒီအတွက် ကြည့်မြင်တိုင်တဖက်ကမ်းက
ရန်ကုန်မြို့သစ် စီမံကိန်းကိုလာမယ့် ပွင့်လင်းရာသီမှာ
စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်'' ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခင် အစိုးရလက်ထက်ကလည်း ရန်ကုန်
အနောက်ဘက်ခြမ်း တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တို
မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များတွင် ဧရိယာဧကပေါင်း
နှစ်သောင်းကျော်ရှိသည့် မြို့သစ်စီမံကိန်း တခု
အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သေးသည်။

ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများနှင့်
သက်ဆိုင်သော ကုမ္ပဏီ၊
Business Capital City Development ကုမ္ပဏီ၊
ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီတို့
စုပေါင်းဖွဲ့စည်းထားသည့်လုပ်ငန်းစု (Consortium) ကို
စီမံကိန်းအကောင်အထည် ဖော်ခွင့်ပြုခဲ့သည်။

ယင်းမြို့သစ်စီမံကိန်းသည် ပြည်သူလူထုအတွက် အကျိုး
မရှိသည့် စီမံကိန်းဖြစ်သည်ဟုဆိုကာ တိုင်းလွှတ်တော်တွင်
ကန့်ကွက်မှုများရှိခဲ့ပြီး အကောင်အထည် မဖော်နိုင်ခဲ့ချေ။

သို့ရာတွင် ယင်းမြို့သစ်စီမံကိန်းသည် လက်ရှိ ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပထမ
ဦးစားပေးလုပ်ငန်းစီမံကိန်း အနေဖြင့်
ပြန်လည်ပါဝင်လာခဲ့သည်။

''အရင်အစိုးရလက်ထက်တုန်း ကတော့ မြို့သစ်စီမံကိန်း
ဟာ မဟာဗျူဟာ စီမံကိန်းကြီးမှာ အနောက်တောင် ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအနေနဲ့ပါလာတာ။
အခု ဒီအစိုးရလက်ထက်မှာလုပ်မယ့် စီမံကိန်းက အဲဒီ
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဟုတ်၊
မဟုတ်တော့ အန်တီလည်းမသိဘူး။
အရင် အစိုးရလက်ထက် စကတည်းက မရိုးသားမှုတွေ
ပြည့်နေခဲ့တယ်။
လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ခဲ့ပြီးတော့ မြေယာတွေ
ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်တယ်။
ဒါကြောင့်မို့လို့ အဲဒီအစိုးရလက်ထက်ကတည်းက ဒီမြေတွေ
ပိုင်ဆိုင်မှုဟာ အဲဒီအချိန်က တည်ဆဲဥပဒေတွေကို
ချိုးဖောက်ခဲ့တယ်''ဟု ဒေါက်တာညိုညိုသင်းက
ပြောသည်။

- ရန်ကုန်မြို့တော်ကို တိုးချဲ့တည်ဆောက်ရန် လိုအပ်မှု၊
- မြို့သစ်စီမံကိန်းအတွက် ယခင်အစိုးရ၏ဆောင်ရွက်ခဲ့မှုများ၊
- လက်ရှိမြို့သစ်တည်ဆောက်မည့် အစီအမံနှင့် ပြင်ဆင်
ဖွဲ့စည်းခြင်းများ၊
- လုပ်ငန်းဆောင်ရွက်မှု ပုံစံပြန်လည်ပြင်ဆင်သည့်
အကြောင်းရင်းများ၊
- ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ
ဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ် ပြင်ဆင်မှု ဟူ၍
လုပ်ငန်းစဉ် ၅ ရပ်ဖြင့် တည်ဆောက်မည့် မြို့သစ်
စီမံကိန်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့ က
ကျင်းပသော တိုင်းလွှတ်တော်အစည်းအဝေးတွင်
လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က
ရှင်းလင်းတင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် ကောက်ယူခဲ့သည့်
သန်းခေါင်စာရင်းအရ လူဦးရေ ၇ ဒသမ ၃၆ သန်းရှိသည်။
မျှော်မှန်းလူဦးရေသည်
၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၆၈ သန်း၊
၂၀၂၆ တွင် ၉ ဒသမ ၆၉ သန်း၊
၂၀၃၀ တွင် ၁၀ ဒသမ ၇၂ သန်းဖြစ်သွားမည်ဟု
ဒေါ်နီလာကျော်က ပြောသည်။

''လူဦးရေ ၁၀ သန်းကျော်ရင် မဟာမြို့တော်ကြီးတွေ
Mega City အဖြစ် သတ်မှတ်ပါတယ်'' ဟု ၎င်းကဆိုသည်။

သို့သော် ရန်ကုန်မြို့ မြို့သစ်စီမံကိန်းအပေါ် အားလုံးက
သဘောကျလက်ခံသည်တော့ မဟုတ်ချေ။

''နောက်ထပ် မြို့သစ်တည်ဆောက်မယ့်အစား ရှိပြီးသား
တည်ဆောက်ပြီးသား မြို့သစ်တွေကို ပိုပြီး ဖွံ့ဖြိုးတိုးတက်
အောင် လုပ်စေချင်တယ်။ ရန်ကုန်မြို့ကြီးကိုလည်း
သေသေချာချာပြုပြင်ပေးရင် ပိုကောင်း မယ်''ဟု
ရန်ကုန်မြို့နေ ပြည်သူတဦးက ၎င်း၏အမြင်ကို ပြောသည်။

ခေတ်အဆက်ဆက် ရန်ကုန်မြို့တော်တိုးချဲ့တည်ဆောက်ခဲ့မှု
စာရင်းများအရ
- ၁၈၅၂ ခုနှစ်တွင် လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊
ဗိုလ်တထောင်မြို့နယ်များ၊
- ၁၈၇၄ ခုနှစ်တွင် လမ်းမတော်နှင့် ပုဇွန်တောင် မြို့နယ်များ၊
- ၁၉၂၀ ခုနှစ်တွင် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံ၊
ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့ နယ်များ၊
- ၁၉၅၆ တွင် ရန်ကုန်ဆင်ခြေဖုံး စည်ပင်သာယာ အရာရှိရုံး
က စီမံခန့်ခွဲသော သမိုင်း၊ သင်္ဃန်းကျွန်း၊ ရန်ကင်း(ကံဘဲ့)၊
ကမာရွတ်မြို့နယ်များ၊
- ၁၉၅၈ ခုနှစ်တွင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊
သာကေတမြို့ နယ်များ၊
- ၁၉၇၃ ခုနှစ်တွင် ပဲခူးတိုင်းမှ လွှဲပြောင်းယူသည့် လှိုင်၊
မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်များ၊
- ၁၉၈၇-၈၈ ခုနှစ် နောက်ပိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊
ဒဂုံမြို့သစ် (၄)မြို့နယ် ဖြစ်သော ဒဂုံမြောက်၊ ဒဂုံတောင်၊
ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို
တည်ဆောက်ခဲ့ကြောင်း သိရသည်။

''တိုင်းပြည်က ချမ်းသာနေတယ်။
ရန်ကုန်မြို့တွင်းမှာလည်းပဲ နေစရာတွေ မရှိလောက်အောင်
ကျပ်သိပ်နေတယ် ဆိုရင်တော့ ဒီစီမံကိန်းက
လုပ်သင့်တာပေါ့။
ရန်ကုန်မြို့ဟာ လူဦးရေ ကျပ်တည်းနေတာမျိုး မဟုတ်ဘူး။
ရှိနေတဲ့ မြို့သစ်တွေမှာ အခြေခံအဆောက်အအုံတွေ
မပြည့်စုံသေးလို့ လူတန်းစေ့စေ့ မနေနိုင်တာတွေ
ရှိနေတယ်ပေါ့။
ဥပမာဆိုရင် ဒဂုံမြို့သစ်၊ လှိုင်သာယာတို့၊ ရွှေပြည်သာတို့မှာ
မြေကွက်လွတ်တွေ အများကြီးရှိနေ သေးတယ်။
ဒါပေမဲ့ ပြည်သူလူထုက လမ်းကောင်းကောင်း၊
မီးကောင်းကောင်း၊ ရေကောင်းကောင်းနဲ့ အခုထက်ထိ
မနေနိုင်သေးဘူး။
အဲဒီနေရာတွေမှာ ပြည်သူတွေ နေထိုင်လို့ရအောင်
လုပ်ပေးသင့်တယ်။
မြို့သစ်စီမံကိန်းမှာ သုံးမယ့်ငွေတွေကို အခု တည်ထားပြီး
ဖြစ်တဲ့ မြို့သစ်တွေမှာ သောက်သုံးရေရရှိရေးနဲ့ လမ်းတွေ
ခင်းလို့ရမယ်။ အဆင့်မီ၊ အရည်သွေးမီတဲ့ ဓာတ်တိုင်တွေ
စိုက်ထူလို့ရတယ်။ လျှပ်စစ်လုံလုံလောက်လောက်
လုပ်ပေးလို့ရ တယ်။
မြို့သစ်တွေမှာ နေထိုင်တဲ့ ပြည်သူလူထုဘ၀ မြှင့်တင်ရေး
တွေ၊ ကျန်းမာရေးလုပ်ငန်းတွေ၊ ပညာရေး လုပ်ငန်းတွေမှာ
ဒီပိုက်ဆံတွေကို အများကြီး အသုံးချလို့ ရပါတယ်။
အဲဒီမှာဆင်းရဲနေတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ထပ်ပြီးတော့
မြို့သစ်တခုကိုတည်ဆောက်ပြီးတော့ အဲဒီအတွက်ကို
လမ်းဖိုး၊ ရေဖိုး၊ မီးဖိုးစသည်ဖြင့် အစိုးရက ထပ်ပြီးတော့
ပိုက်ဆံအကုန်ခံမယ်ဆိုရင် နေမယ့်သူမရှိတဲ့နေရာမှာ
ဒီလိုရင်းနှီးမြှုပ်နှံခြင်းဟာ ပြည်သူလူထု အတွက်
အကျိုးရှိတာ မဟုတ်ဘဲနဲ့ လက်တဆုပ်စာ လူတန်းစား
အတွက်ပဲ။ ဒါစီးပွားရေး လုပ်ပေးသလို ဖြစ်နေတယ်'' ဟု
ဒေါက်တာညိုညိုသင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေသိပ်သည်းမှုများမှာ
- ၁၉၇၃ ခုနှစ်တွင် ၁ စတုရန်းကီလိုမီတာလျှင် ၃၁၀ ဦး၊
- ၁၉၈၃ ခုနှစ်တွင် ၁ စတုရန်းကီလိုမီတာလျှင် ၃၈၇ ဦး၊
- ၂၀၁၄ ခုနှစ်တွင် ၁ စတုရန်းကီလိုမီတာလျှင် ၇၁၆ ဦး
ဖြစ်လာကြောင်း သိရသည်။

မဟာရန်ကုန် (Greater Yangon) ပင်မစီမံကိန်း
သဘောထားပုံစံအရ မြို့ကို ချဲ့ထွင်မည်ဆိုပါက
Vertical Expansion ၊ Horizontal Expansion ၊
Satellite Towns ဟူ၍ ပုံစံ ၃ မျိုးရှိ ကြောင်း
ဒေါ်နီလာကျော်က ပြောသည်။

''ရန်ကုန်မြို့ဟာ နောင် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်း
အထက်ရှိမယ့် Mega City (မြို့ကြီး မဟာ) အဆင့်သို့
ရောက်ရှိလာမှာဖြစ်တဲ့အတွက်
Vertical Expansion ကော Horizontal Expansion
နှစ်ခုစလုံးပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့လိုအပ်လာမှာ
ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ ရန်ကုန်မြို့တော်ရဲ့ အ၀န်းအ၀ိုင်းမှာတော့
Vertical Expansion ကိုပဲ ဆောင်ရွက်နိုင်မှာဖြစ်ပြီးတော့
Horizontal Expansion က မြို့ပြင်ဒေသတွေကို ချဲ့ထွင်
သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆိုသည်။

UN Habitat ၏ စံနှုန်းအရ
၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၁၅၀၀၀၊
၁ စတုရန်းမိုင်တွင် လူဦးရေ ၃၉၀၀၀ နှင့်အထက်နေထိုင်ပါက
သိပ်သည်းမှုများသော မြို့ပြပုံစံ(High Density) ဟု
သတ်မှတ် သည်။

''ရန်ကုန်မြို့ရဲ့ လက်ရှိနယ်နိမိတ်အတွင်းမှာ လူဦးရေ
၁ သန်းမှ ၂ သန်းခန့်အထိသာ ထပ်မံနေထိုင် နိုင်ရေး
စီစဉ်နိုင်မှာဖြစ်လို့ Old Suburbs နဲ့ New Satellite Towns
တို့သာ ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်'' ဟု
ဒေါ်နီလာကျော်က ပြောသည်။

ထို့ကြောင့် တိုးတက်လာသည့် လူဦးရေနှင့်အညီ
ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း
အကောင်အထည်ဖော်မည့်
New Yangon Development Corporation ကို
ဖွဲ့စည်းထားပြီဖြစ်သည်။

New Yangon Development Corporation သည်
အထူးကုမ္ပဏီဖွဲ့စည်းမှုအရ အမြင့်ဆုံးအာဏာပိုင်
အဖွဲ့အစည်းဖြစ်သည်။

ထို့ပြင် ရန်ကုန် မြို့သစ်စီမံကိန်းအတွက် ယခင်အစိုးရ
လက်ထက်က လုပ်ကိုင်ခွင့်ပြု ရရှိခဲ့သည့် Consortium နှင့်
ချုပ်ဆိုခဲ့သောစာချုပ်ကိုလည်း ဖျက်သိမ်းခဲ့ပြီးလည်း
ဖြစ်သည်။

ယင်းသို့ စာချုပ်ကိုဖျက်သိမ်းရာတွင် စီမံကိန်းပမာဏကြီးမား
ကျယ်ပြန့်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်
ရှိသည့်ဒေသများကို တပြေးညီ တိုးတက် ဖွံ့ဖြိုးလာစေရေး၊
အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက် လာစေရေး
များအတွက် အကောင်အထည်ဖော်ရမည့် စီမံကိန်း
ဖြစ်သည့်အတွက် ကုမ္ပဏီအနည်းငယ်မှ လက်ဝါးကြီးအုပ်
လုပ်ကိုင်မည့်အစား အခြားနိုင်ငံသား လုပ်ငန်းရှင်များလည်း
ပါဝင်လုပ်ကိုင်ခွင့် ရရှိစေရေးတို့ကိုရှေးရှု၍ တိုင်းအစိုးရ
အဖွဲ့သစ်မှ ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲ
ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင်
လိုအပ်သော ငွေကြေးအရင်းအနှီးများကို အပြည်ပြည်ဆိုင်ရာ
ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ၏ အထောက်အပံ့နှင့်
ချေးငွေများရယူ၍လည်းကောင်း၊ လျှပ်စစ်မီး နှင့် ရေလုပ်ငန်း
အစရှိသည်တို့ကို ပုဂ္ဂလိကနှင့် အများပိုင်ကုမ္ပဏီများ
ချိတ်ဆက်ဆောင်ရွက်မှုစနစ်ဖြင့် လည်းကောင်း
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြို့သစ်
စီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်းချက်များသည် ပြည့်စုံမှု
မရှိသေးသည့်အတွက် လွှတ်တော်တွင် ဆွေးနွေးရန်
ကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။

''အစိုးရလုပ်မယ့် ဘဏ္ဍာရေး စနစ်ကြီးက ကမ္ဘာ့ဘဏ်
ချေးငွေနဲ့ လုပ်မဲ့အနေအထားဆိုတော့ အဲဒါက
မပြည့်စုံသေးဘူး။
ဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ၀န်ကြီး ရှင်းလင်းပြတဲ့
ဘဏ္ဍာရေးစနစ်တွေက သိပ်ပြီး စနစ်မကျဘူး''ဟု
တိုင်းလွှတ်တော်စီမံ/ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူး
ဦးကျော်ဇေယျက ပြောသည်။

''တချို့က ပြောတယ်။
အဲဒီမှာ ဒီစီမံကိန်းအကောင်အထည်ဖော်လိုက်လို့ ရှိရင်
ဒေသခံပြည်သူလူထုအတွက် အကျိုးရှိသွားမယ်တဲ့။
ဒါမဟုတ်ပါဘူး။
ဒေသခံပြည်သူလူထုကို အကျိုးရှိစေချင်တယ်ဆိုရင်
သူတို့လိုအပ်တဲ့ တံတားတို့၊ လမ်းတို့၊ ရေတို့၊ လျှပ်စစ်မီးတို့
လုပ်ပေးရုံပါပဲ။
မြို့သစ်ကြီး တည်ဆောက်စရာ မလိုပါဘူး။
အဲတော့ မြို့သစ်ကြီးတည်ဆောက်ခြင်းဟာ အဲဒီနေရာမှာ
တရားဥပဒေနဲ့ အညီ ပိုင်ဆိုင်ထားတာမဟုတ်တဲ့
မြေရှင်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်တာပဲလို့
အန်တီတို့က သတ်မှတ်တယ်''ဟု
ဒေါက်တာညိုညိုသင်းက ပြောသည်။

မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်
ကလည်း ကန့်ကွက်မှုများရှိခဲ့သည်။ လက်ရှိ ရန်ကုန်တိုင်း
ဒေသကြီးအစိုးရလက်ထက်တွင်လည်း မြို့သစ် စီမံကိန်း
မလုပ်သင့်ကြောင်း ပညာရှင်တချို့က သုံးသပ်ထားသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှု
များလည်း ပြုလုပ်မည်ဖြစ်သည်။
စီမံကိန်း လုပ်သင့်၊ မလုပ်သင့်၊
ပြည်သူလူထုအတွက် အကျိုးရှိမည့်စီမံကိန်းဖြစ်၊ မဖြစ်
စသည့်ရလဒ်များ ထွက်ပေါ်အောင် ပြည်သူ့
ကိုယ်စားလှယ်များက အဖြေတခုထွက်အောင်
ဆွေးနွေးကြမည်ဟု ယုံကြည်သည်။

ယင်းအတွက်ကြောင့် မိုးရာသီအကုန်တွင် စတင်
အကောင်အထည်မည့် မြို့သစ်စီမံကိန်းများသည် ပြည်သူ
အကျိုးစီးပွားကိုဖော်ဆောင်မည့် စီမံကိန်းဖြစ်လာလေမလား
မကြာမီ ရလဒ်အဖြေထွက်ပေါ်လာမည် ဖြစ်သည်။

(လင်းလင်းအောင်)

credit - News Watch

မေတ္တာရပ်ခံချက်
။။။။။။။။။။။။။။။။။။။

ယခုဖေါ်ပြပါ မြို့သစ်စီမံကိန်း တကယ်လိုအပ်/ မလိုအပ်
မိတ်ဆွေတို့ရဲ့ အမြင်တွေ ဖေါ်ပြလို့ရအောင်
(အဆင်ပြေမည်ဆိုလျှင်) Like ပေးရာတွင်
၎င်းမြို့သစ်စီမံကိန်း လိုအပ်သည်ဟု ထင်ပါက
ပုံမှန် like အား နှိပ်ပြီး
၎င်းမြို့သစ်စီမံကိန်း လိုအပ်သည်ဟု မထင်ပါက
angry အား နှိပ်ခြင်းဖြင့် ကူညီပေးပါ။

ကျေးဇူးတင်စွာဖြင့်
အိမ်ခြံမြေလမ်းဆုံ

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"ပါမစ်မြေကို ၀ယ်မည်ဆိုလျှင် (၂)"

"ပါမစ်မြေကို ၀ယ်မည်ဆိုလျှင် (၂)"

"ပါမစ်မြေကို ဝယ်မည်ဆိုလျှင်" တွင်
ပါမစ် စာရွက်စာတမ်း၌ ပါရှိရမည့် အချက်အလက်များနှင့်
ပူးတွဲပါ စာရွက်စာတမ်းများ အကြောင်းကို
ဗဟုသုတ အဖြစ် ရေးသားဖော်ပြခဲ့ပါသည်။

ယခုအခါ ပါမစ်မြေကိုပင် မြေခွဲစိတ် ဝယ်ယူသည့်အခါ
တွေ့ကြုံရသည့် မိတ်ဆွေတစ်ဦး၏ ဆွေးနွေးမှုကို
ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါ သည်။

''ဟိုတလောက ပါမစ်မြေဝယ်မယ် ဆိုတာ
ဝယ်ဖြစ်သွားသလား''

စာရေးသူကပင် မိမိထံ ထပ်မံ ရောက်ရှိလာသော
မိတ်ဆွေအားမေးလိုက်ခြင်း ဖြစ်သည်။

''စာရွက်စာတမ်း မပြည့်စုံတာနဲ့ မဝယ်ဖြစ်လိုက်ဘူး''

''အခု ကိစ္စက ဘယ်လိုဖြစ်လို့လဲ''

''အခုလာရတဲ့ ကိစ္စက ပါမစ် မြေကွက်တစ်ကွက်ကို
ဝယ်ဖို့ လာ ဆွေးနွေးတာပဲ။ ဒါပေမယ့် တစ်ကွက်လုံး
မရောင်းဘူး။ မြေခွဲရောင်းမှာမို့ ဖြစ်နိုင်ခြေရှိ မရှိ
လာဆွေးနွေးတာ သူငယ်ချင်း''

''မြေကွက်ကတော့ ခွဲရောင်းလို့ ရပါတယ်။
ဒါပေမယ့် ပါမစ်မြေဖြစ်နေတော့ တရားဝင်ခွဲစိတ်လို့တော့
မရဘူး''

''ဒါဆို ရောင်းသူဝယ်သူနှစ်ဖက် သဘောတူ တိုင်းတာပြီး
ခွဲဝယ်ရမယ့် သဘောပေါ့''

''ဒီသဘောမျိုးဆိုပေမယ့် ခွဲဝေ ရောင်းချ ဝယ်ယူကြောင်း
အရောင်း အဝယ်ကတိစာချုပ်တစ်ခုတော့ ချုပ်ဖို့လိုတယ်''

''ငွေပေးဝယ်တဲ့ ကိစ္စပဲ သေသေ ချာချာကို
အရောင်းအဝယ် စာချုပ် ချုပ်ရမှာပေါ့ သူငယ်ချင်းရယ်''

''ကဲ ထားပါတော့၊
အခုဝယ်မယ်လို့ စိတ်ကူးထားတဲ့  ပါမစ်မြေရဲ့
အခြေအနေကို ပြောပြပါဦး''

''မြေချပါမစ်အမည်ပေါက်ကတော့ ဖခင်ရဲ့ အမည်ပေါက်
ဖြစ်တယ်။ မြေကွက်က ပေ ၄ဝ x ပေ ၆ဝ မြေကွက်
ဖြစ်တယ်။ မြေချပါမစ် နဲ့အတူ မြေပုံနဲ့ မိသားစုဓာတ်ပုံတွေ
ပါရှိတာတွေ့ရတယ်''

''စာရွက်စာတမ်းကတော့ သူငယ်ချင်းရဲ့ ပြောစကားအရ
ဆိုရင် ပြည့်စုံမှန်ကန်တဲ့ သဘောမှာ ရှိတယ်''

''အေး ခက်တာက
အမည်ပေါက် ဖခင်နဲ့ မိခင်နှစ်ယောက်လုံး
ကွယ်လွန်သွားကြပြီ''

''ကျန်တဲ့ သားသမီးက မြေကွက်ကို ခွဲရောင်းမယ်ပေါ့''

''သားသမီးနှစ်ယောက်ရှိတယ်။
တစ်ဦးစီက မြေကွက်ကိုခွဲပြီး အိမ် ဆောက်နေထိုင်ကြတယ်။
အခုရောင်းမယ်ဆိုသူ က သားဖြစ်သူနေတဲ့ အပိုင်းကို
ရောင်းမှာဖြစ်တယ်''

''ဒါဆိုရင် ခက်ခက်ခဲခဲမရှိပါဘူး''

''ခက်တာက ပါမစ်မူရင်းက အ ခြားဘက်ခြမ်းမှာ နေတဲ့
သူ့ညီမလက်ထဲမှာ ရှိတယ်။ သူ့လက်ထဲမှာ မိတ္တူ ဓာတ်ပုံ
မိတ္တူပဲရှိတယ်လို့ ပြောတယ်။ ဒါကြောင့် ဝယ်ဖို့
အဆင်ပြေပါ့မလား သိချင်တာ''

''အခု ဆောက်ထားတဲ့ အိမ်နှစ်အိမ်က ခြံစည်းရိုး
ကာထားလား''

''အိမ်တစ်အိမ်နဲ့ တစ်အိမ်ကြားမှာတော့ ခြံစည်းရိုး
ကာထားတာ မရှိဘူး။   
နှစ်ဦးနှစ်ဖက်သဘောတူ တိုင်းတာထားတဲ့ ပေ ၂ဝ
အကွာ အဝေး အတိုင်း နယ်ကုန် အိမ်ဆောက်ထားတော့
အိမ်နှစ်အိမ်ကြားမှာ ခြံစည်းရိုး ကာထားတာ မရှိဘူးပေါ့''

''အင်းလေ ဒါကတော့ ပေ ၂ဝ ပြည့် မပြည့်
နှစ်ဖက်သဘောတူတိုင်းတာကြပြီး ခြံစည်းရိုးကာလို့
ရပါတယ်လေ''

''ပါမစ်မြေကို ဝယ်ရင် အ ရောင်းအဝယ်စာချုပ်ကို
မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လို့ မရဘူး
ဆိုတော့ ပါမစ်မူရင်းလည်း မရှိဘူးဆိုရင် တရားဝင်
ပိုင်ဆိုင်ခွင့် ရနိုင် ပါ့မလား''

''အမှန်တကယ် ဝယ်မယ်ဆိုရင်တော့ အရောင်းအဝယ်
ကတိစာချုပ် မှာ သေချာရေးသားဖော်ပြဖို့တော့လိုမယ်
သူငယ်ချင်း''

''ဂရန် လျှောက်ရင်တော့ တစ်ဖက်ခြမ်းမှာနေတဲ့ ညီမနဲ့
တွဲပြီး လျှောက်ရမယ်ပြောတယ်''

''မှန်ပါတယ်။
တစ်ဖက်ခြမ်းမှာ နေတဲ့ ညီမနဲ့ ပေါင်းပြီး ဂရန်သစ်
လျှောက်လို့ရတယ်။
အဲဒီလို ဆောင်ရွက်ပေးဖို့ ညီမဖြစ်သူက အရောင်းအဝယ်
ကတိစာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ထိုးဖို့
လိုတယ်။
ဒါမှ သူနဲ့အတူပေါင်းပြီး ဂရန် လျှောက်လို့ရမှာ ဖြစ်တယ်''

''တကယ်လို့ ညီမဖြစ်သူက ဂရန်လျှောက်တဲ့အခါ
ဝယ်ထားသူကို အသိမပေးပဲ တစ်ခြံလုံး အတွက်
ဂရန်လျှောက်ထားခဲ့ရင် ဘယ်လို လုပ် မလဲ''

''ဒါလည်း မကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။
ဂရန်လျှောက်ရင်တော့
သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာက ကန့်ကွက်သူ
ရှိ မရှိ သတင်းစာမှာ ကြော်ငြာလေ့ရှိတယ်''

''တကယ်လို့ မကြည့်မိဘဲ ကျော်သွားခဲ့ရင် ဘယ်လိုဖြစ်နိုင်
သလဲ၊ ကန့် ကွက်သူမရှိ ဆိုပြီး သူတစ်ဦးတည်း အမည်နဲ့
ဂရန် ရသွားနိုင်တာပေါ့''

''ဒါမျိုးလည်း မဖြစ်ဘူးလို့တော့ အတိအကျ မပြောနိုင်ဘူး။
တစ်ခုရှိတာက ဂရန်လျှောက်ထားမယ်ဆိုရင်တော့
သက်ဆိုင်ရာ ရပ်ကွက်ကောင်စီမှာ နေထိုင်ကြောင်း
ထောက်ခံချက်အပါအဝင် လက်ရှိ ပိုင်ဆိုင်ခွင့်ရှိသူ
ဖြစ်ကြောင်းစတဲ့ လိုအပ်သမျှ ထောက်ခံချက် ရယူတယ်။
စာရွက် စာတမ်း ပြည့်စုံမှ ဂရန်လျှောက်လို့
ရတာ ဖြစ်တယ်''

''ဒါဆိုရင် အရောင်းအဝယ် ကတိစာချုပ်မှာ
သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ က
အသိသက်သေအဖြစ် လက်မှတ် ရေးထိုးကြမယ် ဆိုရင်
အသိပေးပြီးသား ဖြစ်သွားနိုင်တာပေါ့''

''မှန်ပါတယ်၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ချုပ်ဆိုရင်
အကောင်း ဆုံးပေါ့။
အဓိကအချက်က အရောင်းအဝယ် ကတိစာချုပ်မှာ
ဂရန်လျှောက်ထားရင် တစ်ဖက်ခြမ်းမှာ နေသူနဲ့
ပူးတွဲဂရန်လျှောက်ခွင့်ရအောင် ရောင်းသူက တာဝန်ယူ
ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဆိုတဲ့ အချက်
ဖော်ပြ ပါရှိရမှာဖြစ်တယ်''

''ဒါဆိုရင် တစ်ဖက်သတ် ဂရန် လျှောက်ထားလို့
မရနိုင်ဘူးပေါ့''

''တကယ်လို့ တစ်ဖက်သတ် ဂရန်လျှောက်ထားလို့
ရသွားရင်လည်း မိမိအနေနဲ့ ရောင်းသူကို ကတိ ပဋိညာဉ်
အတိုင်း ဆောင်ရွက်ပေးစေလိုမှုဖြင့် တရားရုံးမှာ
တရားစွဲပြီး အခွင့်အရေးတောင်းဆိုခွင့် ရှိမှာဖြစ်တယ်''

''သူငယ်ချင်းပြောသလို ဂရန်ကို နှစ်ဦးပေါင်းလျှောက်မယ်
ဆိုရင် ပူးတွဲ အမည်ပေါက် ဖြစ်နေမှာလား''

''ဒါကတော့ လွယ်ပါတယ်။
ပူးတွဲအမည်ပေါက်ထွက်လာရင် မိမိတို့ မနေကြတဲ့
မြေကွက်တစ်ခြမ်းစီကို အပြန်အလှန် စွန့်လွှတ်ကြောင်း
စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ပြုလုပ်မယ်။
အဲဒီ စွန့်လွှတ်စာချုပ်ကို မြို့တော် စည်ပင်သာယာရေး
ကော်မတီ ရဲ့ သက်ဆိုင်ရာဌာနထံ တင်ပြပြီး
မြေကွက်ခွဲစိတ်ပေးရန် (ဂရန်ခွဲ) လျှောက်ထားရင်
မိမိအမည်ပေါက် ဂရန်သစ် ရရှိမှာဖြစ်တယ် သူငယ်ချင်း''
ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

credit - Zaygwet Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

Sunday, August 20, 2017

"ပါမစ်မြေကို ၀ယ်မည်ဆိုလျှင်"

"ပါမစ်မြေကို ၀ယ်မည်ဆိုလျှင်"

''မြေကွက်ဝယ်ဖို့ သွားကြည့်ပြီး ပြန်လာတာ'' ဟု
မိတ်ဆွေတစ်ဦးက စာရေးသူ၏ ရုံးခန်းသို့
ဝင်လာစဉ် ပြောလိုက်ခြင်း ဖြစ်သည်။

''ဘာတွေမြင်တွေ့ခဲ့ပြီး၊ ဘယ်လို ဖြစ်လာလဲ'' ဟု
စာရေးသူက မိတ်ဆွေ၏ အမူအရာကို ကြည့်၍
မေးလိုက်ပါသည်။

''မြေကွက်က ရှင်းထားတော့ ကြည့်ရတာ အဆင်ပြေ
ပါတယ်။ သူတို့ ပြောစကားအရတော့ ပါမစ် မြေကွက်
လို့ ပြောတယ်''

''ပါမစ်မြေကွက် ဖြစ်ကြောင်း အထောက်အထား
ခိုင်လုံရင်တော့ ဝယ်သင့်ပါတယ်''

''စာရွက်စာတမ်းတော့ ပြတယ်''

''အဲဒီတော့ အခုရောင်းမယ်ဆိုတဲ့ သူ အမည်နဲ့
ပါမစ်ရထားတဲ့ မြေကွက်လား''

''အဲဒါတော့ မဟုတ်ဘူး''

''မဟုတ်ဘူးဆိုတော့ ဘယ်လို ဖြစ်နေလို့လဲ''

''အခုရောင်းမယ်ဆိုတဲ့ သူက ဝယ်ထားတဲ့
ကတိစာချုပ်တော့ ရှိတယ်''

''အရပ်စာချုပ် ဖြစ်မှာပေါ့''

''အေး အရပ်စာချုပ်ဆိုတဲ့ စကား မကြာခဏကြားနေ
ရတယ်။ အဲဒီအရပ်စာချုပ်ဆိုတာက၊ ဘယ်လို စာချုပ်မျိုး
ကို ခေါ်တာလဲ၊ ရှင်းပြပေးပါဦး''

''ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ နဲ့ စာချုပ်စာတမ်း မှတ်ပုံတင်
ဥပဒေတို့ အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်တဲ့
အိမ် မြေ စသည်တို့ကို ရောင်းချသည့်အခါ မှတ်ပုံတင်
အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှ တရားဝင်
ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်တယ်''

''မှတ်ပုံတင် အရောင်း စာချုပ် ချုပ်ရင် အမြတ်ခွန်
ဆောင်ရတယ်ဆို ဟုတ်လား''

''ဥပဒေနဲ့အညီ တရားဝင် အရောင်းအဝယ်ပြုလုပ်မယ်
ဆိုရင်တော့
ပထမဆုံး ဝယ်ယူမယ့်မြေ၊ အဆောက်အအုံတို့ကို
တန်ဖိုးဖြတ်ဖို့ ပစ္စည်းတန်ဖိုးဖြတ်အဖွဲ့ထံ တင်ပြရတယ်။
တန်ဖိုးသတ်မှတ်ချက်အပေါ် မူတည်ပြီး ဝင်ငွေရလမ်း
ပေါ်မှာ အခြေတည်လို့ ဝယ်ခွန် ဆောင်ရတယ်။
ပြီးမှ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ကို
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ချုပ်ဆို ကြရတယ်။
အချို့ကလည်း ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
မှတ်ပုံတင် အရောင်းအဝယ် စာချုပ် မချုပ်ဆိုကြတာ
လည်း ရှိတယ်။
အချို့လည်း သူငယ်ချင်းယူဆသလို ဝယ်ခွန်
မဆောင်နိုင်သေးလို့ ဆိုပြီး မှတ်ပုံတင် အရောင်းအဝယ်
စာချုပ် မချုပ်သေးတာလည်း ရှိတယ်။
အဲဒီလို အခြေအနေမျိုးမှာ ရောင်းသူ ဝယ်သူတို့ရဲ့ တာဝန်
များကို ဖော်ပြချုပ်ဆိုထားကြတဲ့ အိမ် မြေ အရောင်းအဝယ်
ကတိ စာချုပ်များကို ချုပ်ဆိုထားတတ်ကြတယ်''

''ကတိစာချုပ်ဆိုရင်တော့ မှတ်ပုံတင်ဖို့ မလိုဘူးပေါ့
ဟုတ်လား''

''မှန်ပါတယ်။
ပစ္စည်း လက်ဝယ်ရရှိထားပေမယ့် ဥပဒေနဲ့အညီ တရားဝင်
ပိုင်ဆိုင်ခွင့် အတွက် ဆောင်ရွက်ပေးရမယ့် တာဝန်၊
ဝယ်ယူသူဘက်ကလည်း ပစ္စည်းတန်ဖိုး ပေးချေရမည့်
အခြေအနေ၊ ဝယ်ခွန်ကိစ္စ စသည်ဖြင့် တာဝန်များကို
ဖော်ပြပြီး ကတိပြု စာချုပ် အဖြစ် ချုပ်ဆိုထားကြတာပဲ
ဖြစ်တယ်။
ကတိစာချုပ်ကတော့ သူငယ်ချင်းပြောသလို မှတ်ပုံတင်ဖို့
မလိုအပ်သေးဘူး။
အဲဒီလို ရောင်းသူ ဝယ်သူတို့ရဲ့ ကတိပြုဆောင်ရွက်ချက်
တွေ ဖော်ပြချုပ်ဆိုတဲ့ အရောင်းအဝယ် ကတိစာချုပ်မျိုး ကို
အရပ်စာချုပ်လို့ ခေါ်ကြ တာ ဖြစ်တယ်။
လွတ်လွယ်မှတ်ထားမယ် ဆိုရင်တော့ စာချုပ်စာတမ်း
မှတ်ပုံတင် ဥပဒေနဲ့အညီ မှတ်ပုံ တင်ထားခြင်းမရှိဘဲ
ချုပ်ဆိုထားတဲ့ ကတိစာချုပ်များသည် အရပ်စာချုပ်များ
ဖြစ်တယ်လို့ မှတ်သားထား ရမှာ ဖြစ်တယ်''

''ပါမစ်မြေကွက်ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ
မှတ်ပုံတင်ခွင့် မရဘူးဆိုတာ ဟုတ်သလား''

''ဂရန်မြေနဲ့ဘိုးဘွားပိုင်မြေ တို့ကို ဝယ်မယ်ဆိုရင်တော့
မဖြစ်မနေ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ပြုလုပ်မှ
တရားဝင် အရောင်း အဝယ်မြောက်ပြီး ပိုင်ဆိုင်ခွင့်ကို
ဥပဒေနဲ့အညီရပိုင်ခွင့်ရှိမှာ ဖြစ်တယ်။
ပါမစ်မြေကွက်တွေကို တော့ စာချုပ်စာတမ်း မှတ်ပုံတင်
ဥပဒေအရ မှတ်ပုံတင်ရန် မလိုအပ်ပါဘူး။
အရောင်းအဝယ် ကတိစာချုပ်နဲ့ လွှဲပြောင်းရောင်းချကြပြီး
ဂရန်လျှောက်ထားကြရမှာ ဖြစ်ပါတယ်''

''ပါမစ် အတုတွေလည်း ရှိ တယ်လို့ ကြားဖူးတယ်။
ဟုတ်ပါ သလား''

''အတုမရှိဘူးလို့တော့ မပြောလိုဘူး။
အဓိကအချက်ကတော့ ဝယ်မယ်ဆိုတဲ့သူ အနေနဲ့
စာရွက် စာတမ်းကို သေချာစုံစမ်းဖို့တော့ လိုတာပေါ့။
အခု သူငယ်ချင်းသွားကြည့်တယ်ဆိုတဲ့ မြေကွက်ဘေး
ပတ်ဝန်းကျင်က ဘယ်လို အခြေအနေ ရှိသလဲ''

''အချို့လည်း အိမ်ဆောက်ထားတာ တွေ့ရတယ်။
မြေကွက်လပ်တွေလည်း အတော်များများ ရှိသေးတယ်''

''အခု ရောင်းမယ်ဆိုတဲ့ မြေကွက်က ကာရံထားတာ
ရှိလား''

''ယာယီသဘောဝါးကပ်တွေနဲ့ ကာထားတာတော့
တွေ့တယ်။ အုတ်တိုင်တွေ စိုက်ထားတာလည်း တွေ့ခဲ့တယ်။
စာရွက်စာတမ်း မှန် မမှန်ကို ဘယ်မှာသွားစစ်ဆေးရသလဲ''

''ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက
ထုတ်ပေးထားတဲ့ မြေချပါမစ်နဲ့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာနက ထုတ်ပေးတဲ့ မြေချပါမစ်နှစ်မျိုးရှိတယ်''

''ဒါဆိုရင် သက်ဆိုင်ရာ ရုံး ဌာနတွေမှာ စုံစမ်းရမှာပေါ့''

''မှန်ပါတယ်။
သက်ဆိုင်ရာ ဌာနက ထုတ်ပေးထားတဲ့ မြေချပါမစ်ဟာ
စာရွက်စာတမ်းပြည့်စုံမှုရှိ မရှိ၊ ရောင်းသူနဲ့ အမည်ပေါက်
မည်သို့ ဆက်စပ်မှုရှိ မရှိကတော့ သေချာမေးမြန်းဖို့
လိုတယ်''

''စုံစမ်းလို့ရအောင်ဆိုပြီး မြေချပါမစ် စာရွက်စာတမ်းကို
ဓာတ်ပုံမိတ္တူကူးပြီး ယူလာတယ်။ စုံမစုံကြည့်ပေးပါဦး''

''မိသားစု ဓာတ်ပုံများ လို အပ်နေသလားလို့''
စာရေးသူက စာရွက်စာတမ်းဓာတ်ပုံ မိတ္တူများကို ကြည့်၍
မေးလိုက်ခြင်းဖြစ်သည်။

''သူတို့ပေးလိုက်တာတော့ ဒီ စာရွက်တွေ အကုန်ပဲ''

''မြေချပါမစ်မှာ
အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် လက်မှတ် (မြေပါမစ်)၊
မြေကွက် ဖော်ပြထားတဲ့ မြေကွက်အမှတ်နဲ့
အကျယ်အဝန်းပြမြေပုံ၊
ရွှေ့ပြောင်းနေထိုင်မည့် သူများ၏ ရာဇဝင်အကျဉ်းချုပ်
စာရွက်နဲ့
မိသားစုဓာတ်ပုံတို့ ပါရှိ ရတယ်''

''စာရွက်စာတမ်း လေးမျိုး ပေါ့''

''ဟုတ်တယ်။
ဒီမှာက မိသား စုဓာတ်ပုံ မပါလာတော့ စိစစ်ဖို့လိုလိမ့်မယ်။
ဒီမြေကွက်ကို စွပ်စွဲပြောတာတော့ မဟုတ်ဘူး။
တစ်ခါ တစ်ရံမှာ ပါမစ်မူရင်းပျောက်သွားလို့ အသစ်
လျှောက်ထားကြတာလည်း ရှိတယ်။
မူရင်းကောက်ရသူ က သူဝယ်ထားတဲ့ မြေကွက်ပါ ဆိုပြီး
ပါမစ် စာရွက်မှာပါတဲ့ မိသားစု ဓာတ်ပုံကို ဖြုတ်ထားလို့
လက်လွှဲ ရောင်းချတာလည်းရှိတတ်တယ်။
ဒါကြောင့် မှားယွင်းမဝယ်မိစေဖို့ သက်ဆိုင်ရာရုံးဌာနမှာ
စုံစမ်းစိစစ်ပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း'' ဟု
အကြံပြုဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

credit - Zaygwet Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“မြေကွက်ငယ်များကို ဂရန်ထုတ်ပေးရန် ဖြေလျှော့ ပေးလိုက်သည့် မန္တလေး”

“မြေကွက်ငယ်များကို ဂရန်ထုတ်ပေးရန် ဖြေလျှော့
ပေးလိုက်သည့် မန္တလေး”   


၁။ "မန္တလေးမြို့အတွင်းရှိ မြေကွက်ငယ်များကို
ဂရန်ထုတ်ပေးမည်ဟု မြို့တော်ဝန်ပြော၊
ဝန်ထမ်းများ မသမာပါက တိုင်ကြားနိုင်"

မန္တလေးမြို့တွင် ဧရိယာ စတုရန်းပေ ၁,၂၀၀ အောက်
မြေကွက်ငယ်များကို ပထမဆုံး အကြိမ် ဂရန်ထုတ်ပေး
တော့မည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်
က ပြောသည်။

- မြေကွက်ပေါ်တွင် အခိုင်အမာအဆောက်အအုံ
ဆောက်လုပ် နေထိုင်ခြင်း၊
- အနားလေးဘက် ခိုင်မာမှု ရှိခြင်း၊
- ဝင်ထွက်လမ်းများ ကောင်းမွန်မှု ရှိခြင်း၊
- ကျန်းမာရေးနှင့် မီးဘေးအန္တရာယ်များ ထိခိုက်မှု မရှိခြင်း
စသည့် အချက်များနှင့် ကိုက်ညီပါက ဧရိယာစတုရန်းပေ
၁,၂၀၀ အောက် မြေကွက်များကို ဦးပိုင် ခွဲစိတ်၍
မြေတည်နေရာမြို့နယ်နှင့် မြေ အမျိုးအစားအလိုက်
တစ်စတုရန်းပေလျှင် ကျပ် ၂၀၀ မှ ကျပ် ၆၀၀ အတွင်း
ငွေကြေးပေးသွင်းစေကာ ဂရန်ထုတ်ပေးမည်ဟု
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ က
သတင်းထုတ်ပြန်သည်။

ပေ ၄၀ × ၆၀ မြေကွက် အတွက် ဂရန်လျှောက်ထားရာတွင်
မြေတည်နေရာမြို့နယ်နှင့် မြေအမျိုးအစားပေါ်မူတည်၍
ပေးဆောင်ရမည့် အခွန်နှုန်းထား သည် ကျပ်ရှစ်သိန်းကျော်
(၈၁၄,၀၀၀ ကျပ်) မှ ၂၁ သိန်းကျော်(၂,၁၆၀,၀၀၀ကျပ်)
အထိ ကျသင့်မည်ဖြစ်သည်။

မြေဂရန်လျှောက်ထားမှုများ နှင့်ပတ်သက်၍ ကြားပွဲစားများ
ပပျောက်စေရန် အလေးထား လုပ်ဆောင်မည်ဟု 
မန္တလေး မြို့တော်ဝန် က ဆိုသည်။

မြေဂရန်  လျှောက်ထားသူများအနေဖြင့် မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေယာ
စီမံခန့်ခွဲမှု ဌာနသို့ လူကိုယ်တိုင် လာရောက်လျှောက်ထား
နိုင်ပြီး စည်ပင်သာယာက လုပ်ငန်းကြန့်ကြာမှု မရှိစေရန်
အလေးထား လုပ်ဆောင်မည်ဟု စည်ပင် တာဝန်ရှိသူများ
က ပြောသည်။

မြေ ဂရန်လျှောက်ထားရာတွင်  အထောက်အထား
အချက် အလက်များ ပြည့်စုံမှန်ကန်သော်လည်း ဝန်ထမ်း
က ကြန့်ကြာအောင် ပြုလုပ်ခြင်း၊ မသမာသော ငွေကြေး
တောင်းခံခြင်းများရှိပါက စည်ပင်သာယာ ကော်မတီဝင်
(သို့မဟုတ်) စည်ပင်သာယာဌာနမှူးကို တိုင်ကြားနိုင်
ကြောင်း မန်း စည်ပင် က အသိပေးကြေညာထားသည်။

‘‘အားလုံး ညှိနှိုင်းတိုင်ပင်တယ်။ မြို့နယ်အလိုက် အဖွဲ့
ခွဲပြီး စစ်တယ်။ ဒီမြေကွက်ငယ်လေးတွေက ဂရန်ပေးဖို့
လိုအပ်နေတယ်။ အဲဒါကြောင့် ဂရန်ထုတ် ပေးဖို့
ကော်မတီအနေနဲ့ ဆုံးဖြတ်တာပါ’’ဟု ဒေါက်တာရဲလွင်
က ပြောသည်။

မြေကွက်ငယ်များသို့ ဂရန် ထုတ်ပေးမည်ဖြစ်သော်လည်း
မြေကွက်ကျယ်များသို့   ထပ်မံ ပိုင်းခြားရောင်းချမည့်မြေများ
ကို ဂရန်ထုတ်ပေးမည်မဟုတ်ဘဲ နှစ် များစွာကြာအောင်
အဆောက် အအုံများ ဆောက်လုပ်နေထိုင်ပြီး မြေကွက်
ကျဉ်းသဖြင့်  ဂရန် လျှောက်ထား၍ မရဘဲ အခက်တွေ့
နေသည့် မြေကွက်ငယ်များကိုသာ ဂရန်ထုတ်ပေးမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်
အတွင်း ဦးပိုင်ရှိပြီး ဧရိယာ စတုရန်းပေ ၁,၂၀၀၊ မျက်နှာဖွင့်
ပေ ၂၀ ရှိသည့် မြေကွက်များကိုသာ ဂရန်ထုတ်ပေးနေရာ
မှ ဖြေ လျှော့သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်း
ဖြစ်ကြောင်း ဒေါက်တာ ရဲလွင်က ပြောသည်။

မြေကွက်ငယ်များကိုပါ ဂရန် ထုတ်ပေးမည် ဆိုသဖြင့်
ငွေကြေး အခက်အခဲကြောင့် မြေကွက်ငယ်များ ဝယ်ယူ
ထားပြီး ဂရန်မရှိ၍ နေအိမ် ဆောက်လုပ်ခွင့် လျှောက်ထားခွင့်
မရသူများ အတွက် များစွာ အဆင်ပြေစေနိုင်ကြောင်း
မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့သည် ယခင်က မြို့တွင်း
မြေကွက်များ ချထားပေးရာတွင် ၁၅ ပေ × ပေ ၄၀၊
ပေ ၂၀ × ၃၀ စသည့် မြေကွက်ငယ်များကို ချထားပေးခဲ့ပြီး
ငွေကြေးအခက်အခဲ ကြောင့် မြေကွက်ငယ်များ ခွဲစိတ်
ဝယ်ယူကာ နေထိုင်ရသူများ အဆင်ပြေစေရန် ယခုကဲ့သို့
စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့ တော်
စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူများက
ပြောသည်။

(မောင်တာ)

*****

၂။ "မြေကွက်ငယ်များကို ဂရန်ထုတ်ပေးမှုကြောင့် အိမ်မြေ
ဈေးကွက် အားသာချက်များ ရှိလာနိုင်"

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်
အတွင်း ဦးပိုင်အမှတ်ရှိမြေကွက်များကို ဧရိယာစတုရန်းပေ
၁,၂ဝဝ၊ မျက်နှာဖွင့် ပေ ၂ဝ ရှိမှသာ ခွဲစိတ်ခွင့်ဂရန်
လျှောက်ထားခြင်းကို ပယ်ဖျက်ပြီး ဧရိယာစတုရန်းပေ ၁,၂ဝဝ
အောက်မြေကွက်ငယ်များကိုပါ ဂရန်ထုတ်ပေးရန် သတ်မှတ်
လိုက်သည့်အတွက် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်
အတွက် အားသာချက်များ ရှိလာနိုင်ကြောင်း
အကျိုးဆောင်တချို့က ပြောသည်။

''မြေကွက်ငယ်တွေကို ဒီလိုအမည်ပေါက်ပိုင်ခွင့် လုပ်လို့ရတဲ့
အတွက် မြေယာနဲ့ ဆိုင်တဲ့အမှုအခင်းတွေ၊ အရှုပ်အရှင်းဖြစ်
ရတာတွေ နည်းပါးသွားနိုင်ပါတယ်။ ပြီးတော့အသေးစားနဲ့
အလတ်စား ချေးငွေရဖို့အတွက် လုပ်ဆောင်နိုင်ကြမယ်။
တန်ကြေးမြင့်တဲ့ မြေကွက်တွေကိုဝယ်ယူဖို့ မတတ်နိုင်သူတွေ
အနေနဲ့ ကိုယ်နိုင်တဲ့ ငွေပမာဏနဲ့ စိတ်ပိုင်းပြီးရောင်းတဲ့
မြေကွက်ငယ်တွေကို ဝယ်ကြလေ့ရှိပါတယ်။ ဒါကြောင့်
ဒီမြေကွက်ငယ်တွေကို ဝယ်ဖို့ရည်ရွယ်သူတွေ အနေနဲ့
ဂရန်ဖောက် ခွင့်ပေးမယ်ဆိုတော့ အကောင်အထည်ဖော်တဲ့
အဆင့်အထိ ရောက်လာကြမယ်။ သက်ဆိုင်ရာလည်း
အခွန်ရမယ်''ဟု မန္တလေးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁၄ ရက်
တွင်ပြောသည်။

ဂရန်လျှောက်ထားရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်
ပါလျက် ဝန်ထမ်းများက တမင်ကြန့်ကြာအောင် ဆောင်ရွက်
ခြင်း၊ မသမာသော ငွေကြေးတောင်းခံခြင်းများရှိပါက
မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဦး
သို့မဟုတ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးကို
ဆက်သွယ် အသိပေးနိုင်ကြောင်း၊
ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းမှာမြို့ကွက်သစ်ဖော်ထုတ်ရေး
အဖွဲ့က မြေကွက်များချထားပေးခဲ့ရာတွင်
၁၅ ပေx ပေ ၄ဝ၊ပေ ၂ဝ x ပေ ၃ဝ မြေကွက်များ
ချထားပေးခဲ့ခြင်း၊ မြို့တွင်း၌ ဝယ်ယူနေထိုင်သူများက
မိမိတို့တတ်နိုင်သော ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်
ဝယ်ယူနေထိုင်ကြခြင်းတို့ကြောင့် အဆင်ပြေစေရန် စီစဉ်
ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း စည်ပင်သာယာက
အသိပေးထားသည်။

''ဒီနေ့ မနက်ပိုင်းမှာကို မြေကွက်လေးတွေကို အမေးအမြန်း
တော်တော်လေးတက်လာတယ်။ စည်ပင်သာယာက ဒီလို
ဖွင့်ပေးလိုက်တာကို ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။
တချို့ ငွေကြေးအများကြီး မတတ်နိုင်သူတွေကျတော့
မြေကွက်ကျဉ်းလေးတွေကိုပဲ ဝယ်ကြရတာလေ။
မြေပိုင်ဆိုင်မှု အရှုပ်အရှင်းလည်း အထိုက်အလျောက်
ကင်းသွားနိုင်ပါတယ်'' ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ
အကျိုးဆောင် ဦးမောင်မောင်ဦးက ယခုလ ၁၄ ရက်တွင်
ပြောသည်။

မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ
ကာလကြာ အေးစက်နေကာ လတ်တလောတွင်
ကျပ်သိန်း ၅ဝဝ နှင့် ကျပ်သိန်း ၁,ဝဝဝ ကြား တန်ကြေးရှိ
မြေကွက်များကို မေးမြန်းမှု များကြောင်း ဈေးကွက်
သတင်းများအရ သိရသည်။

(ဖြိုးဝေကျော်)

credit - 7day Daily & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“ဝန်ကြီးဌာနအချို့၏ ခွင့်ပြုချက်နှင့် ထုတ်ပြန်ချက်များ”

“ဝန်ကြီးဌာနအချို့၏ ခွင့်ပြုချက်နှင့် ထုတ်ပြန်ချက်များ”

၁။ "လက်ရှိကျင့်သုံးနေသည့် စည်ပင်သာယာဥပဒေများနှင့်
မြေသိမ်းဥပဒေများမှာ ခေတ်နှင့်ဆီလျော်မှု မရှိဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ 
Issues And Challenges တွင် ဖော်ပြ"

မြို့များကို မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီစွာ စည်ပင်ဖွံ့ဖြိုးရေး
အတွက် လက်ရှိကျင့်သုံးနေသည့် စည်ပင်သာယာ ဥပဒေများ
နှင့် မြေသိမ်းဥပဒေများမှာ ခေတ်နှင့်ဆီလျော်မှု မရှိကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ
ISSUES And CHALLENGES  တွင် ဖော်ပြချက်အရ
သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာမှ
တစ်ဆင့် ထုတ်ပြန်ခဲ့သည့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း
ဥပဒေ (မူကြမ်း) တွင်ဖော်ပြထားချက်အရ မြို့ ပြဖွံ့ဖြိုးရေး
ဆိုင်ရာ ISSUES And CHALLENGES ၁၁ ချက်
ပါဝင်ကြောင်း သိရသည်။

မြို့ပြဖွဲ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုအတွက်
- ဘဏ္ဍာငွေကြေး အကန့်သတ်ချက်များ ရှိခြင်း၊
- သဘာဝဘေးအန္တရာယ်များ
(ရေကြီးခြင်း၊ ငလျင်အန္တရာယ်၊ မီးဘေးစသည်တို့) ကျရောက်
ခြင်းတို့အတွက် ကြိုတင်ကာကွယ် တားဆီးနိုင်မည့်
အစီအမံများလိုအပ်ခြင်း၊
- မြို့ပြမြေယာကဏ္ဍ၊
- မြေတန်ဖိုးမြင့်မားခြင်း၊
- မြေအသုံးပြုမှု စနစ်နှင့်
- မြို့ပြအသုံးပြုမှုစနစ် နှင့် မြို့ပြမြေ စီမံခန့်ခွဲမှုချို့ယွင်း
အားနည်းခြင်း၊
- မြို့ပြစီမံခန့်ခွဲမှုစနစ် ချို့ယွင်းအားနည်းခြင်းတို့လည်း
ပါဝင်ကြောင်း သိရသည်။

ယင်းအပြင်
- မြို့ပြများ ပရမ်းပတာကြီးထွားလာခြင်း၊
- မြို့တစ်နံ တစ်လျားရှည်လျားစွာ အထိန်းအကွပ်မရှိ
တိုးချဲ့လာခြင်း၊
- မလိုအပ်ဘဲ မြို့ကွက်သစ်တိုးချဲ့ခြင်းတို့ကြောင့်
အရင်းအမြစ်များ ဆုံးရှုံးခြင်းနှင့်
- နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်
မြှင့် တင်ပေးနိုင်မည့် နည်းဗျူဟာကျပြီးရှင်းလင်းတိကျသည့်
အမျိုးသားအဆင့် မြို့ပြဖွံ့ဖြိုး ရေး
မူဝါဒများနှင့်
- မြို့ပြစီမံကိန်းအစီအမံများ ချမှတ်ရန် လိုအပ်ခြင်းများ
ရှိကြောင်း ဖော်ပြခဲ့သည်။

မြို့ပြစီမံကိန်းကဏ္ဍတွင် ကျွမ်းကျင်သူ ပညာရှင် အလွန်
နည်းပါးခြင်းနှင့် ဖွဲ့စည်းမှုစနစ် အားနည်းခြင်းလည်း
ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မြို့ပြများ၊ မြို့ကြီးများနှင့်
မြို့တော်တွင် လွယ်ကူ ချောမွေ့အဆင်ပြေသည့် မြို့ပြ
သယ်ယူပို့ဆောင်ရေးစနစ် မရှိခြင်းတို့ ပါဝင်ကြောင်း
သိရသည်။

လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းကို ရေးဆွဲလျက်ရှိပြီး
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျာထားသောမြို့ ၂၃ မြို့
ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြို့ပြစီမံကိန်းရေးဆွဲမည့် မြို့များမှာ ပဲခူးတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့ရှိမြို့များ
ဖြစ်ကြောင်း သိရသည်။

မြို့ပြစီမံကိန်း ရေးဆွဲရန်လျာထားမှုမှာ ၂၀၂၀-၂၀၂၁
ဘဏ္ဍာနှစ် အထိဖြစ်ပြီး
- ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၁၇ မြို့၊
- ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ၂၂ မြို့၊
- ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၂ မြို့ရှိကြောင်း
သိရသည်။

(အောင်ရဲကို)

*****

၂။ "မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် Home Stay
ခွင့်ပြုမည်"

ခရီးသွားဒေသများရှိ ဒေသခံများ၏ နေအိမ်တွင် နိုင်ငံခြားသား
များ ခေတ္တငှားရမ်းသည့် နေထိုင်သည့် (Home Stay)
နေထိုင်မှုကို မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ပြောင်းလဲ
ကာ ခွင့်ပြုရန် ဌာနတွင်း ညှိနှိုင်းဆွေးနွေးနေကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
ညွန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောကြားသည်။

“Home Stay က လက်ရှိဝန်ကြီးဌာနက ခွင့်ပြုထားတဲ့
တည်းခိုမှု ပုံစံထဲမှာ မပါသေးဘူး။ ဒါကြောင့် ဝန်ကြီးဌာနက
ခွင့်ပြုမယ့်ပုံစံက အခု CTB ဒေသတွေမှာ ခြံဝင်းတစ်ခု
တည်းမှာ ကိုယ့်အိမ်မဟုတ်ဘဲ နောက်ထပ်အဆောက်အအုံ
(အိမ်) ထဲမှာ နိုင်ငံခြားသားတွေ တည်းခိုနေထိုင်တာကို
တော့ ခွင့်ပြုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့
Home Stay ကို တခြားပုံစံနဲ့ ခွင့်ပြုမယ့်သဘောပါ” ဟု
၎င်းက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက (Home Stay)
နေထိုင်မှုများကို ယခင်က ခွင့်ပြုခဲ့ခြင်း မရှိသော်လည်း
မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ခွင့်ပြုရန် လက်ရှိတွင်
ဌာနတွင်း ညှိနှိုင်းနေကြောင်းနှင့် ခွင့်ပြုပြီးသွားပါက
လိုအပ်သည့် ညွန်ကြားချက်များ ထုတ်ပြန်ကာ ထိန်းညှိ
ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးတင့်သွင်က ရှင်းပြသည်။

အချို့သော တိုင်းရင်းသားဒေသခံ နေအိမ်များတွင်
နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် (Home Stay)
နေထိုင်မှုများတွင် နိုင်ငံခြားသားများ အနေနှင့် ညအိပ်တည်းခို
ရန်နှင့် သန့်စင်ခန်းကိုသာ အသုံးပြုခွင့်ပေးသည့် ဝန်ဆောင်မှု
တစ်မျိုး ဖြစ်ပြီး တည်းခိုနေထိုင်မှုများအတွက် ဝန်ဆောင်ခ
အဖြစ် ဒေသအလိုက် ရန်ပုံငွေကို ထည့်ဝင်ရကြောင်း
ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

“တည်းခိုခန်း မရှိတဲ့နေရာတို့၊ တည်းခိုခန်း ရှိပေမယ့်
မလုံလောက်တဲ့ နေရာဆို Home Stay က လုပ်သင့်ပါတယ်။
တမင်သက်သက် သီးခြားပုံစံကြီး လုပ်ရင်တော့ မကောင်း
ပါဘူး။ နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုချင်း မတူတော့ ထိန်းညှိပြီး
ခွင့်ပြုမှ အဆင်ပြေမှာပါ” ဟု wazo ခရီးသွားလုပ်ငန်း
တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အာဆီယံနိုင်ငံများ၌ နေအိမ်တွင် ခရီးသည် တည်းခိုနိုင်မှု
Home Stay ကို တရားဝင် ခွင့်ပြုထားပြီး စည်းကမ်းများ
သတ်မှတ်ပြဋ္ဌာန်းမှုများကြောင့် အောင်မြင်မှုများ ရှိနေပြီး
နိုင်ငံခြားဧည့်သည်များ အနေနှင့် တည်းခိုစရိတ် သက်သာ
ခြင်းကြောင့် Home Stay နေထိုင်မှုများကို ရွေးချယ်
တည်းခိုကြခြင်း ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ
သိရသည်။

*****

၃။ "ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းနယ်နိမိတ်
သတ်မှတ်ချက် ထုတ်ပြန်"

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အတွင်း
အသုံးပြုနေသည့် လမ်းအမျိုးအစားများအားလုံး အတွက်
လမ်းနယ်နိမိတ် သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အတွင်း အမြန်လမ်းမကြီး၊ အထူးသတ်မှတ်
လမ်းများ၊ အထူးမြို့ပတ်လမ်း၊ နိုင်ငံတကာ ဆက်သွယ်ရေး
လမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီးနှင့် 
ပြည်နယ်များ ဆက်သွယ်သည့် လမ်း၊ ခရိုင်၊ မြို့နယ်များ
ဆက်သွယ်သည့်လမ်းနှင့် မြို့နယ် -ကျေးရွာများ
ဆက်သွယ်သည့် လမ်းများ၏ နယ်နိမိတ်သတ်မှတ်ချက်များ
ပါရှိခဲ့သည်။

လမ်းအဆင့်အတန်းအရ
- အမြန်လမ်းမကြီး၏ လမ်းနယ်နိမိတ် အကျယ်မှာ
၁၂၂ မီတာ၊
- အထူးသတ်မှတ်လမ်းများ/အထူးမြို့ပတ်လမ်း၏
လမ်းနယ်နိမိတ်အကျယ်မှာ ၉၁  ဒသမ ၄၄ မီတာ၊
- နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၏ လမ်းနယ်နိမိတ်
အကျယ်မှာ မီတာ ၇၀ ဖြစ်ကြောင်း သိရသည်။

- ပြည်ထောင်စုလမ်းမကြီး၏ လမ်းနယ်နိမိတ်မှာ
၄၅ ဒသမ ၇၅ မီတာ၊
- တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်သည့်လမ်း၏
လမ်းနယ်နိမိတ်အကျယ်မှာ ၄၅ ဒသမ ၇၅ မီတာ၊
- ခရိုင်/မြို့နယ်များ ဆက်သွယ်သည့် လမ်း၏
လမ်းနယ်နိမိတ်အကျယ်မှာ ၄၅ ဒသမ ၇၅ မီတာနှင့်
- မြို့နယ်-ကျေးရွာဆက်သွယ်သည့် လမ်း၏ လမ်းနယ်နိမိတ်
အကျယ်မှာ ၃၀ ဒသမ ၅ မီတာဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများရှိ လမ်းအဆင့်အတန်းများနှင့်တူညီစေရန်
နိုင်ငံချင်းဆက်လမ်းမများ၊ အမြန်လမ်းမကြီးများ၊
ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
ဆက်သွယ်သည့်လမ်းများ၊ ခရိုင်၊ မြို့နယ်ချင်းဆက် လမ်း
များနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာချင်းဆက်လမ်းများ၏
လမ်းနယ်နိမိတ် သတ်မှတ်ချက်များကို တိုးချဲ့သတ်မှတ်ခြင်း
ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် World Road Association အဖွဲ့ဝင်
နိုင်ငံဖြစ်သဖြင့် အာဆီယံနိုင်ငံများ၌ ကျင့်သုံးနေသည့်
လမ်းများနှင့်အညီ ဖြစ်စေရန် လမ်းနယ်နိမိတ်ပြင်ဆင်ခြင်းကို
တိုးချဲ့သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခု တိုးချဲ့ သတ်မှတ်လိုက်
သည့် လမ်းနယ်နိမိတ်ကြောင့် မလွတ်ကင်းနိုင်သည့်
နေအိမ်များရှိသဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်နောက်ပိုင်းတွင်
တည်ဆောက်ခဲ့သည့် နေအိမ်များကို လမ်းမကြီး ဥပဒေအရ
သက်ဆိုင်ရာမှ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

(အောင်ရဲကို)

credit - Eleven Media Group The Voice

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

Tuesday, August 15, 2017

“လွှတ်တော်များအတွင်းမှ အိမ်ခြံမြေဆိုင်ရာ သတင်းများ”

“လွှတ်တော်များအတွင်းမှ အိမ်ခြံမြေဆိုင်ရာ သတင်းများ”

၁။ "မြေစာရင်းဦးစီးဌာနကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ရန်
အစိုးရကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိပေး"

မြေစာရင်း လွဲချော်မှုများအား ဖော်ထုတ်အရေးယူရန်
မြေစာရင်းဦးစီးဌာန (လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့) ကို
ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက
သြဂုတ် ၉ ရက်လွှတ်တော်၌ သတိပေး ပြောကြားခဲ့သည်။

‘‘မြေယာလွဲချော်မှုတွေ တစ်နိုင်ငံလုံးမှာ များပြားစွာ
ရှိနေနိုင်တယ်။ ရှိနေဖို့လည်းများတယ်။
ဒါကြောင့်မို့ တိတိကျကျလေး ကိုင်တွယ်ပေးစေချင်တယ်။
ဒီလို လွဲချော်နေတာတွေကို ဆက်လက်ပြီးတော့ ဖော်ထုတ်
အရေးယူဖို့ ဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်’’ဟု
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင်
မြေကွက်များ ထပ်နေခြင်း၊ တစ်ကွက်တည်းကို ထပ်မံ၍
အကွက် ခွဲထားခြင်းတို့ ဖြစ်ပေါ်နေပြီး ယင်းအရေးယူမှု
ထက်မကသော လွဲချော်မှုများ ရှိနေကြောင်း
ထောက်ပြပြောဆိုသည်။

ပုံစံ (၇) ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့်
မညီညွတ်သည့် အရာထမ်း ဝန်ထမ်းနှင့် အမှုထမ်း ၈၆ ဦး
ကို အရေးယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က
ပြောသည်။

မြေစာရင်းနှင့်ပတ်သက်၍ အောက်ခြေတွင် ညွှန်ကြားချက်
များ ထုတ်ပြန်ထားပြီး မလျော်မကန် လုပ်ရပ်များ၊ အဂတိ
လိုက်စားမှုများ တွေ့ရှိပါက တောင်သူများ အနေဖြင့်
တိုင်ကြားနိုင်ပြီး စစ်ဆေး အရေးယူမှုများ ပြုလုပ်မည်ဟု
ဦးလှကျော်က လွှတ်တော်တွင် ဖြေဆိုမှုအပြီး
မီဒီယာများ အား ဖြေကြားခဲ့သည်။

သြဂုတ် ၈ ရက်က ပြည်သူ့ လွှတ်တော်တွင် ရွှေကျင်
မဲဆန္ဒနယ် ကိုယ်စားလှယ်  ဦးစောသလင်းစော က
ပုံစံ(၇)များ လက်လွတ်စပယ် ထုတ်ပေးခြင်း၊
မြေ တိုင်းတာမှု အလွယ်ပြုလုပ်ခြင်းတို့ အတွက်
မည်ကဲ့သို့ အရေးယူထားကြောင်းနှင့် ပုံစံ (၇) ပါ
အကွက်အမှတ်၊ မြေစာရင်း မြေပုံရှိ အကွက်အမှတ်၊
မြေပြင်တွင် တကယ်ရှိသည့် အကွက် အမှတ် စသည်
တို့ကို စစ်ဆေးကာ မြေကြီးမြေပုံစာရင်း အမှန်ရရှိရေး
စီမံချက်ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

တောင်သူကဏ္ဍ တိုးတက်ရေးတွင် မြေယာကဏ္ဍ
မတည်ငြိမ်သောကြောင့် မြေယာအငြင်းပွားမှုများ၌
အချိန်ကုန်နေရသဖြင့် တိုင်းပြည်တိုးတက်ရေး များစွာ
အနှောင့်အယှက် ဖြစ်ရကြောင်း ဦးစောသလင်းစော က
ပြောသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးရာ၌ မြေပြင်
ကွင်းဆင်း စိစစ်ခြင်း၊ ဌာန၏ စာရင်းမြေပုံ မှတ်တမ်းနှင့်
တိုက်ဆိုင် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီးမှ ပုံစံ (၇)
ထုတ်ပေးခြင်း၊ မြေကြီး မြေပုံ မှန်ကန်ရေး Digital မြေပုံ
များ တိုင်းတာခြင်းကို နှစ်စဉ် ဌာန၏ ရန်ပုံငွေအပေါ်
မူတည်၍ စီမံချက်ချမှတ်ကာ လုပ်ဆောင်နေကြောင်း
ဒုဝန်ကြီး ဦးလှကျော်က ပြောသည်။

မေးခွန်းရှင် ဦးစောသလင်းစော က ဆက်စပ်မေးခွန်း
အနေ ဖြင့်
လက်ရှိတွင် ပုံစံ (၁၀၅) မပါ သည့် ပုံစံ(၇) များစွာ တွေ့နေ
ရပြီး မည်သို့ စိစစ်ပေးနေကြောင်း ပိုင်ဆိုင်မှု၊ မြေပြင်
အနေအထား နှင့် မြေပြင်၊ ကွင်းပြင် အနေအထားများကို
တိတိကျကျ ပြန်လည်လုပ်ဆောင်ပေးရန် မည်သို့
စီစဉ်ထားကြောင်း  မေးမြန်းခဲ့သည်။

မြေပြင်အောက်ခြေတွင် မြေယာအငြင်းပွားမှုများနှင့်
ပိုင်ဆိုင်မှုများအပေါ်၌ ဖြစ်ပွားနေသည့် ပြဿနာများတွင်
သမက်နှင့် ယောက္ခမ၊ သမီးနှင့်အမေ အမျိုး မျိုးသော
မြေယာအရှုပ်အရှင်းများ ရှိသဖြင့် မြေယာအရှုပ်အရှင်း ကို
ဦးစွာဖြေရှင်းပြီးမှသာလျှင် ပုံစံ (၁၀၅)နှင့်အတူ
လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇) ကို ထုတ်ပေးကြောင်း
ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့သည်။

ဆက်စပ်မေးခွန်းမေးမြန်းပြီး နောက် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြေယာလွဲချော်မှု ပြဿနာများကို
ဖော်ထုတ်ရန် သတိပေးသည်။

မြေယာပြဿနာနှင့် ပတ်သက်၍ လွှတ်တော်
ကိုယ်စား လှယ်များအနေဖြင့် အမှုတစ်ခုချင်းစီကို
အထောက်အထားနှင့် တိုင်ကြားရန် လွှတ်တော်သို့လည်း
မိတ္တူပေးရန် ဦးဝင်းမြင့်က မှာကြား သည်။

အစိုးရသစ်လက်ထက်တွင် လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို
ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူက ဦးဆောင်၍
ကိုင်တွယ်ဖြေရှင်း ပေးနေသည်။

(ရဲနိုင်၊ ၀ဏ္ဏအောင်)

*****

၂။ "ကွန်ဒိုမီနီယံ ဥပဒေအတွက် နည်းဥပဒေများ တစ်လ
အတွင်း ထုတ်ပြန်နိုင်မည်ဟု ဆို"

စုပေါင်းပိုင် အဆောက်အအုံတွင် နိုင်ငံခြားသားများ အခန်း
ဝယ်ယူခွင့် ရရှိစေမည့် Condominium Law အတွက်
လိုအပ်နေသော နည်းဥပဒေကို နောက်ထပ် အချိန် တစ်လ
မကျော်မီ ပြဌာန်းနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်လင်းက အမျိုးသား လွှတ်တော်တွင်
ဖြေကြားခဲ့သည်။

“ကွန်ဒိုမီဒီယံ ဥပဒေအရ ဒီ စုပေါင်းပိုင် အဆောက်အအုံမှာ
အခန်း တစ်ရာရှိရင် နိုင်ငံခြားသားက အခန်း လေးဆယ်
ဝယ်ခွင့်ရမယ်၊
သို့ သော် မူရင်း ဥပဒေတစ်ခုမှာက နိုင်ငံခြားသားဆိုရင်
မြေကို ပိုင်ဆိုင်ခွင့် မရှိပါဘူး၊
ဒါကြောင့် မူရင်း ဥပဒေနဲ့  ကွန်ဒိုမီနီယံ ဥပဒေကို မှန်ကန်စွာ
ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့  အတွက် ဒီနည်းဥပဒေ
မူကြမ်းကို အဆင့်ဆင့် ညှိနှိုင်း ခဲ့ရတာပါ၊
ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနဲ့  အထူးကိစ္စရပ်
များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ
၂၇ - ၆ - ၁၇ ရက်နေ့  မှာ့ နောက်ဆုံး ဆွေးနွေးညှိနှိုင်း
ပြီးတဲ့ အခါ ၁၁ - ၇ - ၂၀၁၇ နေ့ မှာ အတည်ပြုချက်
ရခဲ့ပါတယ် ၊
အဲဒါကတော့ နိုင်ငံခြားသားတွေ ဒီကွန်ဒိုမှာ နေထိုင်တဲ့
ကာလတစ်လျှောက်လုံးတော့ အခန်းကို ပိုင်မယ်၊
သို့ သော် ဒီကွန်ဒိုကြီး ပြိုပျက်သွားလို့ ရှိရင်၊ သို့ မဟုတ်
ဖျက်ရတဲ့ အခြေအနေမျိုး ရှိလာရင် သူတို့  ပိုင်ဆိုင်ခွင့်
မရှိတော့ဘူး၊
အဲဒီ အပိုဒ်လေးကို ခြွင်းချက်အဖြစ် ထည့်လိုက်တဲ့
အတွက် ပြေလည်မှု ရသွားပါတယ်၊ အဲဒီအပိုဒ်လေးပေါ်မှာ
တစ်နှစ်လောက် ဆွေးနွေး ငြင်းခုံခဲ့ကြရလို့ ကြာခဲ့ တာပါ၊
အခု ပြင်ဆင်ပြီး ပြန်ပို့ ထားတဲ့ အချက် ခုနစ်ချက်ကို
ရှေ့ နေချုပ်ရုံးက အတည်ပြုလိုက်တာနဲ့  နောက်ထပ်
တစ်လ မကျော်ခင်မှာ အတည်ပြု ပြဌာန်းနိုင်ပါမယ်” ဟု
၎င်းကေ ပြာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၏
“နိုင်ငံတော် ဖွံ့ ဖြိုး တိုးတက်ရေးအတွက် အရေးပါသော
ဆောက်လုပ်ရေး လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့ နေရသည့်
အခက်အခဲများကို ပြေလျော့စေရန်နှင့် လုပ်ငန်းများ
အဆင်ပြေစွာ လည်ပတ်ဖွံ့ ဖြိုး လာစေရန်အတွက်
စုပေါင်းပိုင် အဆောက်အအုံ (Condominium) ဆိုင်ရာ
နည်းဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရန် အစီအစဉ် ရှိ မရှိ”
ဟူသည့် မေးခွန်းအား အမျိုးသား လွှတ်တော်
အစည်းအဝေး၌ ဖြေကြားရာတွင် ထည့်သွင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

credit - 7day Daily & Xinhua Myanmar

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"အငိုလွယ် အရှိုက်ခက်တဲ့အတွက် အဖြေအမြန် ထုတ်ပေးဖို့ လိုပါပြီ"

"အငိုလွယ် အရှိုက်ခက်တဲ့အတွက် အဖြေအမြန်
ထုတ်ပေးဖို့ လိုပါပြီ"


၂၀၄၀ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးရဲ့ လူဦရေ သန်း ၇၀
လောက်ဖြစ်လာမှာ ဖြစ်လို့ အိမ်ရာလိုအပ်ချက်က
၎ ဒသမ ၈ သန်းရှိမယ်လို့ ခန့်မှန်းကြပါတယ် ၊ ရန်ကုန်
တစ်ခုတည်းတင် အိမ်ရာလိုအပ်ချက် ယူနစ်က
၁ ဒသမ ၀၇ သန်းရှိမယ်လို့လည်း ခန့်မှန်းပြောဆို
ထားကြပါတယ် ။

အိမ်ရာဈေးနှုန်းတွေ ကျပြီး အရောင်းအ၀ယ် မကောင်းတဲ့
အချိန် ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အကြွေး
ပတ်လည် ၀ိုင်းနေတဲ့ အချိန်မှာ ဒီလို တွက်ချက်မှု
ထွတ်ပေါ်လာတာဟာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့
ဆောက်လုပ်ရေးလောက နဲ့ ဆက်နွယ်နေတဲ့ လူတွေ
အားလုံးအတွက် မျှော်လင့်ချက် တစ်ခုဖြစ်စေသလို
အနာဂတ် မြန်မာအိမ် ခြံ မြေ ဈေးကွက် အတွက်လည်း
ရေရှည်မှာ အလားအလာကောင်းတယ်ဆိုတဲ့
ခေါင်းလောင်းသံ ဖြစ်ပါတယ် ။

အခုလောလောဆယ် ဈေးကွက်ထဲမှာ တိုက်ခန်းအိမ်ရာ
တွေ နေရာအနှံ့မှာ ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ
ကို တွေ့ရတဲ့ အတွက် တကယ်ဘဲ ဈေးကွက်သဘောတရား
အရ ပိုလျှံပြီး ဆောက်ထား ၀ယ်ထားမိလားလို့ ပြန်ကြည့်
လိုက်ရင်လည်း အိုးပိုင်အိမ်ပိုင် မရှိတဲ့လူက ရန်ကုန်မြို့ပေါ်
မှာတင် ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ် ။

မြို့စွန် ရပ်ကွက်တွေ ၊ စက်မှုဇုန်တွေမှာဆိုရင် တိုက်ခန်း
တစ်ခန်းတည်း မိသားစု သုံးစုလောက် စုဌားနေရတာတွေ ၊
ကျုးကျော်နေထိုင်သူတွေက လက်ညိုးထိုးမလွဲဖြစ်ပါတယ် ။
ရောင်းလိုအားလည်း ရှိတယ် အိမ်မရှိတဲ့ လူတွေလည်း
အများကြီး ရှိနေတော့ တစ်ခုခုတော့ နှစ်ဦးနှစ်ဖက်
အဆင်ပြေအောင် စဉ်းစားရမှာ ဖြစ်ပါတယ် ၊ ဈေးကွက်
သဘောအရ လိုအပ်ချက်နဲ့ ထောက်ပံ့နိုင်မှု အချိုးအဆ
အရ ကုန်ပစ္စည်းရှားရင် ဈေးတက်မယ် ဆိုပေမယ့် အခုက
ကုန်ပစ္စည်းလည်း ပေါသလို ၀ယ်မယ့်လူတွေ ကလည်း
အဆင့်သင့်ရှိတယ် ၊ ဒါပေမယ့် အရောင်းအ၀ယ် မဖြစ်ဘူး
ဆိုတော့ အဖြေကတော့ ရှာချိန် တန်ပါပြီ ။

ကောင်းမွန်မျှတတဲ့ မူဝါဒ ၊ အဆင်ပြေချောမွေ့ပြီး ရောင်းသူ
ဝယ်သူ အဆင်ပြေစေမယ့် ခိုင်မာတဲ့ ဥပဒေ ၊နည်းဥပဒေ
တွေ ၊ ဘဏ်တွေ အသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍ
အချိတ်အဆက်မိမိ လုပ်ပေးဖို့ အချိန်တန်ပါပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင် အချိန်တောင် လွန်နေပါပြီ ၊
ဈေးကွက်ကို အတိုင်းအတာ တစ်ခုအထိ ဆွဲတင်ကျားကန်
နိုင်မယ့် ကွန်ဒို ဥပဒေကလည်း တစ်နှစ်ကျော် အိပ်ပျော်
နေရာကနေ အခုဆို အလုပ်ဖြစ်မယ့် နည်းဥပဒေ
ထွတ်တော့မယ်လို့ ကြားနေရပါပြီ ။

အိမ်ဝယ်တယ် ဆိုတာ လက်ငင်းဘဲဝယ်ဝယ် ၊ အကြွေးနဲ့ဘဲ
ဝယ်ဝယ် ဘ၀နဲ့ ချီပြီး ရင်းနှီးမြုပ်နှံထားရတာ ဖြစ်လို့ လူတိုင်း
က ခိုင်မာမှုရှိတဲ့ စာရွက်စာတမ်း ၊ ခိုင်မာမှုရှိတဲ့ ဥပဒေ
အကာအကွယ်အောက်ကဘဲ အလုပ်လုပ်ချင်တာ
ဖြစ်ပါတယ် ။

ဒါကြောင့်လည်း ခိုင်မာတဲ့ ဥပဒေတွေ အမြန်ဆုံး
ထွက်ပေါ်အောင် လုပ်ပေးရမှာ ဖြစ်ပါတယ် ။

အိမ်မရှိတဲ့ လူတွေ အတွက် အိမ်ပိုင်နိုင်အောင် အဆင့်လိုက်
လုပ်ဆောင်ပေးဖို့ လိုပါတယ် ။ ဘယ်လိုလူတန်းစားကို
target ထားပြီး ပထမအဆင့် အနေနဲ့ မြှင့်ပေးမလဲ ဆိုတာ
စဉ်းစားဖို့လိုပါတယ် ၊ တိုက်တွေကို ငွေကြေး အများကြီး
ရင်းနှီးမြုပ်နှံပြီး အလကား လာတက်နေဆိုတဲ့ စနစ်က
လက်တွေ့မကျပါဘူး ၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး ။ချမ်းသာတဲ့
နိုင်ငံကြီးတွေတောင် လုပ်နိုင်စွမ်းမရှိကြပါဘူး ၊ အိမ်ခြံမြေ
တိုက်ခန်းကွန်ဒို ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ ကြီးမားတဲ့
ရင်းနှီးမြုပ်နှံမှု ဖြစ်လို့ အစိုးရဘဲဖြစ်ဖြစ် ပုဂ္ဂလိကဘဲဖြစ်ဖြစ်
လုပ်တယ်ဆိုရင် ဘယ်လို ငွေပြန်ထွတ်အောင် လုပ်မလဲ
ဆိုတာ အရေးကြိးပါတယ် ။

ဈေးကွက်ထဲမှာ ပြန်ကြည့်လိုက်ရင် ကျပ်သိန်း တစ်ရာနဲ့
ကျပ်သိန်း နှစ်ရာ အကြားက တိုက်ခန်းပေါင်း သောင်းနဲ့ ချီ
ရောင်းဖို့ ကျန်ရှိနေပါသေးတယ် ၊ ဒီတိုက်ခန်းပိုင်ရှင်တွေက
ပုဂ္ဂလိက ကန်ထရိုက်တွေ မြေရှင်တွေ အများကြီးပိုင်ဆိုင်
ထားကြပြီး သူတို့လည်း အရောင်းအ၀ယ် မဖြစ်လို့
ငုတ်တုတ်မေ့နေတာဖြစ်ပါတယ် ။

အိမ်ခြံမြေ ကျွမ်းကျင်သူ တစ်ဦးကတော့ ရောင်းချင်တဲ့
တိုက်ခန်းတွေ ၊ မြေကွက်တွေကို ဘဏ်တွေမှာ မှတ်ပုံတင်ပြီး
တကယ်ဝယ်ချင်တဲ့ လူတွေကို ဘဏ်က တဆင့် အရစ်ကျ
ရောင်းပေးတဲ့ စနစ်ကို တွင်တွင်ကျယ်ကျယ် လုပ်ဖို့
လိုပါတယ် ၊ အခုတောင် ဘဏ်တစ်ချို့က ဒီစနစ်ကို ကျင့်သုံး
နေပြီဖြစ်ပေမယ့်လည်း ဈေးကွက် တစ်ခုလုံး အတွက်
ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာပေးဖို့လိုပါတယ် ။

ဒါဆိုရင် ရောင်းမထွတ်တဲ့ တိုက်ခန်းတွေ ၊ မြေကွက်တွေ
တော်တော်များများကို ဘဏ်ဘက်က ငွေစိုက်ထုတ် ၀ယ်ပေး
လိုက်တဲ့ အတွက် ကန်ထရိုက်တာတွေ မြေရှင်တွေ မြုပ်ထား
တဲ့ ငွေပြန်ရလာမှာဖြစ်သလို ဘဏ်တွေဘက်ကလည်း
ဘဏ်တိုးတွေ ရမှာဖြစ်ပါတယ် ၊ အခန်းဝယ်တဲ့ ၀န်ထမ်း
မိသားစုတွေ အတွက်လည်း တစ်လုံးတစ်ခဲတည်း ပေးစရာ
မလိုတော့တဲ့ အတွက် သုံးဦးသုံးဖလှယ် အားသာချက်
ရှိပါတယ် ။

ဒါပေမယ့် လက်တွေ့ အလုပ်မလုပ်နိုင်သေးတာ ကတော့
ရောင်းမယ့် တိုက်ခန်းမြေပိုင်ရှင်တွေနဲ့ ဘဏ်တွေ
အကြားမှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှု စနစ်
ယနေ့ အချိန်အထိ မတွေ့မြင်ရသေးတာဖြစ်ပါတယ် ။

ကွန်ဒိုကြီး အချို့နဲ့ လက်ချိုးရေလို့ ရတဲ့ တိုက်ခန်းဆောက်
ကုမ္မဏီ အနည်းငယ်ကဘဲ ချိတ်ဆက်မှု လုပ်နိုင်တာ
ဖြစ်ပါတယ် ။

ပုံမှန်ဝင်ငွေရှိတဲ့ လခစား ၀န်ထမ်းတွေ အတွက် သိန်းရာနဲ့ချီ
တန်တဲ့ တိုက်ခန်းတစ်ခန်းကို အခုခေတ်လို ငွေရှားတဲ့
အချိန်မှာ ၀ယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ၊ နိုင်ငံဝန်ထမ်းတွေ
အပြင် ပုဂ္ဂလိက ၀န်ထမ်းအချို့ကို အရစ်ကျ နဲ့ ၀ယ်လို့
ရတယ်ဆိုတာ တွင်တွင်ကျယ်ကျယ် ကြော်ငြာပေးမယ်
ဆိုရင် တိုက်ခန်းတွေ တော်တော်များများ ရောင်းထွတ်
သွားမှာဖြစ်ပါတယ် ၊ ဒါပေမယ့် ကြားထဲက ငွေစိုက်ထုတ်
ဝယ်ပေးရမယ့် ဘဏ်အတွက်လည်း Risk အများကြီးတော့
ယူရမယ့် အခြေအနေကို ကျော်ဖြတ်ရမှာဖြစ်ပါတယ် ။
ဘဏ်တွေဘက်ကလည်း ငွေကြေးအင်အားတောင့်တင်းဖို့
အရေးကြီးပါတယ် ။

အိမ်ဝယ်ချင်တဲ့ ၀န်ထမ်းရဲ့ အလုပ်ခိုင်မာမှု ၊ လစဉ်ပေးသွင်း
နိုင်တဲ့ ငွေကြေးအခြေအနေနဲ့ နှစ်ရှည်ပေးသွင်းနိုင်တဲ့
နှစ်အပိုင်းအခြားကလည်း HP ဈေးကွက် ထွန်းကားရှင်သန်
တည်မြဲဖို့ အရေးကြီးပါတယ် ၊ အခု hp စနစ်နဲ့ဘဏ်တွေ
ဘက်က၀ယ်ပေးနေပါတယ် ဆိုပေမယ့်လည်း ပေးရတဲ့
အတိုးနှုန်း ၊ ပြန်လည်ပေးဆပ်ရတဲ့ အချိန်ကာလ တိုတောင်း
တာကြောင့် ၀န်ထမ်းတော်တော်များများ အတွက် ၀န်ထုတ်
ဝန်ပိုးပိဖြစ်လာမလားဆိုတဲ့ စိုးရိမ်သောက တွေကြောင့်
ထင်သလောက် အလုပ်မဖြစ်သေးတာ တွေ့နေရပါတယ် ။

လစာဆယ်သိန်းအထက်ရှိတဲ့ ၀န်ထမ်းအချို့လောက်ဘဲ
ဝယ်နိုင်တဲ့ အခြေအနေ တစ်ခုကို ပြောင်းပြန်လှန်ပြစ်ရမှာ
ဖြစ်ပါတယ် ။

အလုပ်ဖြစ်အောင်လို့ ရေရှည်ငွေထုတ်ချေးတဲ့ စနစ် ၊ အိမ်ရာ
ဝယ်ယူတဲ့ လူတွေအတွက် အခွန်သက်သာခွင့် ၊ သင့်တင့်
မျှတတဲ့ အတိုးနှုန်း ကို ပြန်လည်ချိန်ညှိပေးဖို့ လိုပါတယ် ၊
ဒါတွေက နိုင်ငံတော်ရဲ့ Policy ဖြစ်လို့ အစိုးရကသာ
လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ် ။

ရေရှည်ငွေထုတ်းချေးမှုကို နှစ် ၃၀ မချေးနိုင်ရင်တောင်
အနည်းဆုံး ၁၅ နှစ်လောက်ထုတ်ချေးပေးမယ် ၊
အခုယူနေတဲ့ တစ်နှစ် ၁၂ ရာခိုင်နှုန်း အတိုးနှုန်းကို ၃
သို့မဟုတ် ၄ ရာခိုင်နှုန်းလောက်အထိ ချပေးမယ် ဆိုရင်
ဈေးကွက်က ပြန်မကောင်းလာနိုင်စရာ မရှိပါဘူး ၊
ဒါတွေက နိုင်ငံတော် အတွက်ချိန်ညှိရမယ့် လုပ်ငန်းစဉ်တွေ
ဘဲ ဖြစ်ပါတယ် ။

ဈေးကွက်ထဲက ရောင်းချင်တဲ့ ပုဂ္ဂလိက တိုက်ခန်း
တော်တော်များများက နိုင်ငံတော်က ဆောက်နေတဲ့
တန်ဖိုးနည်း တိုက်ခန်းတွေထက် အားသာချက်ကတော့
လူနေထူထပ်တဲ့ ရပ်ကွက်တွေထဲမှာ ရှိတဲ့ အချက်
ဖြစ်ပါတယ်။

ဆောက်ပြီးသားတွေဖြစ်လို့ နည်းနည်းလေး အချိတ်
အဆက် မိလိုက်တာ နဲ့ မိသားစုတွေ အဆင်သင့် တက်နေရုံ
အနေအထားမှာ ရှိပါတယ် ၊ ဝေးလံခေါင်ဖျားပြီး ကွင်း
ခေါင်ခေါင်မှာ ဆောက်ထားကြတာ မဟုတ်တဲ့ အတွက်
ကျောင်းဆေးရုံ ဈေးကလည်းအနီးအနားမှာ ရှိတာများတဲ့
အတွက် နေမယ့် လူတွေအတွက်လည်း အဆင်ပြေမှာ
ဖြစ်ပါတယ်။

အိမ်ရာပိုင်ဆိုင်မှု မရှိတဲ့ အောက်ခြေ အလွှာ ပေါင်းစုံက
လူတွေကို တစ်ပြိုင်နက်ထဲ ကျုးကျော်တဲပေါ်ကနေ
တိုက်ခန်းပေါ် တင်တဲ့ အခြေအနေက တိုင်းပြည် ချမ်းသာ
နေရင် ပြသနာမရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့
ကျွန်တော်တို့ နိုင်ငံ အတွက်ကတော့ ဖြစ်နိုင်ခြေ နည်းပါး
ပါတယ် ၊

ဖြစ်သင့်တာကတော့ ၀င်ငွေလည်း အသင့်အတင့်ရှိမယ် ၊
ခိုင်မာမှုလည်း ရှိမယ် ဆိုတဲ့ နိုင်ငံဝန်ထမ်း ၊ ကုမ္မဏီက
အာမခံတဲ့ ပုဂ္ဂလိက ၀န်ထမ်းအလွှာကို အရင်ဆုံး တိုက်ပေါ်
ကိုဆွဲတင်လိုက်ဖို့ လိုပါတယ် ၊ ပြီးမှသာ ကျန်တဲ့ အလွှာတွေ
ကို နိုင်ငံချမ်းသာလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း
ဆွဲတင်ရမှာဖြစ်ပါတယ် ။

အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို ဈေးကွက်ဆိုတာ ငွေလည်ပတ်ဖို့
လိုပါတယ် ၊ အခုလို ငွေရှားပြီး အရောင်းအ၀ယ် မကောင်းတဲ့
အချိန်မှာ ရောင်းမထွတ်တဲ့ တိုက်ခန်းတွေကို ပိုက်ပြီး
စိတ်ညစ်နေတဲ့ လူတွေ အများကြီး ရှိလာသလို ၊ တိုက်ခန်း
ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ဖတ်ပြီး ဈေးနှုန်းစနည်းနာ
နောက်ကြောင်းပြန်လိုက်ရတဲ့ ၀န်ထမ်းတွေကလည်း
အများကြီး ရှိကြပါတယ် ၊

ရောင်းချင်တဲ့ လူနဲ့ ၀ယ်ချင်တဲ့ လူအကြားချိတ်ဆက်ပေး
လိုက်ရင် ဘဏ်တွေမှာ အိပ်နေတဲ့ ငွေတွေလည်း ဈေးကွက်
ထဲကို ပြန်လည်ပတ်သွားမှာ ဖြစ်တဲ့ အပြင်
ဘဏ်အတွက်လည်း အတိုးရ ၊
ဆောက်လုပ်ရေးသမားတွေလည်း ငွေပြန်ပေါ် ၊
အိမ်ယာ ပိုင်ဆိုင်ချင်တဲ့ ၀န်ထမ်းတွေ အတွက်လည်း
လစဉ်သွင်းငွေ (လုပ်ချင်ကိုင်ချင်တဲ့ စိတ် ၊
စေတနာ ၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု နဲ့ ချိတ်ဆက်မိတဲ့
လုပ်ထုံးလုပ်နည်း ၊ ဥပဒေ နည်းဥပဒေ တွေကသာ
ကျွန်တော်တို့ရဲ့ ကျဆင်းနေတဲ့ အိမ်ခြံမြေ ဈေးကွက်ကို
အမြန်ဆုံး ပြန်လည်ဆွဲတင်နိုင်မှာဖြစ်ပါကြောင်း
တင်ပြလိုက်ပါတယ် ။

(ကိုချစ်ခင်)

credit - iMyanmar House

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“စီမံလျာထားသည်ဆိုသော မြို့ကြီးများ၏ မြို့ပြစီမံကိန်းများ”

“စီမံလျာထားသည်ဆိုသော မြို့ကြီးများ၏ မြို့ပြစီမံကိန်းများ”

၁။ "ရန်ကုန်မြို့ဧရိယာအတွင်း အရန်မြို့သစ်စီမံကိန်း
ခြောက်ခု ရေးဆွဲနေ"

ရန်ကုန်မြို့ဖွံ့ဖြိုးရေး နည်းဗျူဟာအရ ရန်ကုန်မြို့ ဧရိယာ
အတွင်း အရန်မြို့သစ်စီမံကိန်း ခြောက်ခုကို ရေးဆွဲလျက်
ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင် တိုးတက်လာမည့် လူဦးရေအတွက်
ရွှေလင်ပန်းအရန်မြို့၊ ပန်းလှိုင်အရန်မြို့၊တောင်ပိုင်းအရန်မြို့၊
သီလဝါအရန်မြို့၊ အရှေ့ဒဂုံ အရန်မြို့နှင့် ထောက်ကြံ့
အရန်မြို့ စသောအရန်မြို့ ခြောက်မြို့ကို အကောင်အထည်
ဖော် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် ၂ဝ၁၄ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၁၆ သန်း
ရှိခဲ့သော်လည်း လာမည့် ၂ဝ၄ဝခုနှစ်တွင် လူဦးရေ ၁ဝ သန်း
ကျော် ရှိလာမည်ဖြစ်သည့်အတွက် အရန်မြို့သစ်စီမံကိန်းများ
ကို အချိန်မီ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

''လက်ရှိရန်ကုန်မြို့မှာ နှစ်စဉ် လူဦးရေ တိုးပွားနှုန်းက
၁ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ပြီးတော့နှစ်စဉ် ရန်ကုန်မြို့ကို
ရွှေ့ပြောင်းလာသူတွေလည်း တိုးများ လာပါတယ်။
တိုးတက်လာမယ့်လူဦးရေအတွက် အရန်မြို့သစ်စီမံကိန်း
တွေ၊ မြို့ပြ နယ်နိမိတ် အတွင်း မြို့ပြဖွံ့ဖြိုးမှု အားပေးတဲ့
စီမံကိန်းတွေကို အကောင်အထည်ဖော်
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့ပတ်ဝန်းကျင် အရန်မြို့သစ် ခြောက်မြို့
ဖွံ့ဖြိုးရေး စီမံကိန်းအပြင်
- ရန်ကုန်တောင်ပိုင်း မြို့ပြဗဟို ဖွံ့ဖြိုးရေး စီမံကိန်း၊
- အခြေခံအဆောက်အအုံများ အဆင့် မြှင့်တင်ရေးနှင့်
ဖွံ့ဖြိုးရေးစီမံကိန်း၊
- အထူးစီးပွားရေးဇုန်နှင့်စက်မှုဥယျာဉ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်း
များ ဆောင်ရွက် လျက်ရှိကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာ
လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းအစီရင်ခံစာအရ
ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုး စေရန်အတွက်
ဦးစားပေး စီမံကိန်းများအဖြစ်
- မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ၁၁ ခု၊
- ပို့ဆောင်ရေး စီမံကိန်း ၁၅ ခု၊
- ရေပေးဝေရေးနှင့် ရေဆိုးသန့်စင်ရေး စီမံကိန်း လေးခု၊
- လူမှုရေး အထောက်အကူပြုစီမံကိန်း လေးခုကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစားပေး ဆောင်ရွက်
မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများတွင် အရှေ့ဒဂုံမြို့သစ်
စီမံကိန်း၊ တွံတေးမြို့သစ်စီမံကိန်း၊ သန်လျင်မြို့သစ်စီမံကိန်း၊
ထန်းတစ်ပင် မြို့သစ်စီမံကိန်း၊ မှော်ဘီမြို့သစ် စီမံကိန်း၊
လှည်းကူးမြို့သစ်စီမံကိန်းများနှင့် အခြားအခြေခံ
အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများ ပါဝင်သည်။

အဆိုပါ အရန်မြို့သစ်နှင့် မြို့ပြဧရိယာဖွံ့ဖြိုးတိုးတက်မှု
ဆိုင်ရာ စီမံကိန်းများကို ရန်ကုန်မြို့အပြင်အခြားပြည်နယ်နှင့်
တိုင်းအသီးသီးတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(တင်ရတနာထွန်း)

*****

၂။ "ရန်ကုန်မြို့ ပြစီမံကိန်း စီးပွားရေးဗဟိုခွဲ ရန်ကင်း၊
ဒဂုံမြောက်၊ သန်လျင်တို့ကို ရွေးချယ်ထား"

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီး အသစ်ပြန်လည်ရေးဆွဲ
တဲ့ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း ၂၀၄၀ မှာ
စီးပွားရေးဗဟိုခွဲ(Sub- Centers) နေရာအဖြစ် ရန်ကင်း၊
ဒဂုံမြောက်၊ သန်လျင် တို့ကို လျာထားပါတယ်။ ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု
မှတ်တမ်းဖော်ပြချက်အရ သိရတာပါ။

ရန်ကင်း၊ ဒဂုံမြို့သစ်တောင်မြောက်လမ်းဆုံ၊
သန်လျင်- ကုလားဝဲ၊ သီလဝါ အထူးစီးပွားရေးဇုန် အရှေ့ဘက်
တို့ဖြစ် ပါတယ်။

စီးပွားရေးဗဟိုခွဲ(Sub- Centers)နေရာတွေ အကောင်အထည်
ဖော်ရတာက မြို့လယ်ဗဟိုစီးပွားရေးဇုန် (CBD)သိပ်သည်းမှု
ကို လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။

ဒုတိယ ဗဟိုစီးပွားရေးဇုန် မင်းဓမ္မနဲ့လူနေသိပ်သည်းမှု တစ်ဧက
ကို ၈၀ ဦးရှိတဲ့ အများပြည်သူနေရာ၊ စီးပွားရေးအဆောက်
အအုံ၊ ရုံးခန်းတွေ၊ လူနေအိမ်ရာတွေပါဝင်တဲ့ စီးပွားရေး ဗဟိုခွဲ
(Sub- Centers)နေရာ အဖြစ် ရန်ကင်း၊ ဒဂုံမြောက်၊
သန်လျင်တို့ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လူနေသိပ်သည်းမှု တစ်ဧကကို ၄၈ ဦးရှိတဲ့ အလယ်အလတ်
အထပ်တွေနဲ့ လုံးချင်းအိမ်ရာတွေပါဝင်တဲ့ မြို့သစ်စီကိန်းကို
ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဒလဘက်ခြမ်းနဲ့
လေးထောင့်ကန်တစ်ဝိုက်မှာ တည်ဆောက်ဖို့လျာထား
ပါတယ်။

သည့်အပြင် ပို့ဆောင်ရေးစနစ်အမျိုးမျိုးကို ချိတ်ဆက်ပေးမယ့်
ပို့ ဆောင်ရေးအခြေပြု ဖွံ့ဖြိုးရေး
(Transit Oriented Deve-lopment-TOD) ကိုလည်း
ရေးဆွဲထားပါတယ်။

ပို့ဆောင်ရေးအခြေပြု ဖွံ့ဖြိုးရေး (TOD) မှာ မြို့ပတ်ရထား
လမ်းပေါ်ရှိ ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ အင်းစိန်၊
ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ရေကူး၊ မလွှကုန်းဘူတာတွေကို
ဆောင်ရွက်မှာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်
အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)
တို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။

အဲဒါကို နောက်ဆုံးအခြေအနေနဲ့ကိုက်ညီအောင်
(The Project for Updating the Strategic Urban
Development Plan of the Greater Yangon)ကို
၂၀၁၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ
၂၄ ရက်နေ့မှာ စီမံကိန်း အပြီးသတ်ရေးဆွဲပြီး ရန်ကုန်တိုင်း
ဒေသကြီးကို လွှဲပြောင်းပေးခဲ့ပါတယ်။

အသစ်ရေးဆွဲခဲ့တဲ့ မာစတာပလန်အရ အရင် ၂၀၁၃ ပလန်
အဟောင်းမှာပါဝင်တဲ့ နေရာခုနစ်ခုကို ပြန်လည်အခြေခံပြီး
ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

(ပို့ပို့မြင့်မွန်)

*****

၃။ "မြို့ပေါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စက်မှုဇုန်
စီမံကိန်းများ ရေးဆွဲထားပြီး မြို့ပြ၊ ကျေးလက်စီမံကိန်းများကို
ပြည်သူလူထု ပွင့်လင်းမြင်သာစွာ သိရှိစေရေး
ဆောင်ရွက်လျက်ရှိ"

မြို့ပေါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စက်မှုဇုန်
စီမံကိန်းများ ရေးဆွဲထားပြီး
နမူနာအားဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊
စစ်ကိုင်းမြို့ပြစီမံကိန်း၊ ဟုမ္မလင်းမြို့ပြစီမံကိန်း အပါအ၀င်
မြို့ပြစီမံကိန်း ၁၃ ခုကိုတင်ပြထားပြီး
၂၀၁၇ ခုနှစ်အောက်တိုဘာတွင် ဆောင်ရွက်ရန် စီမံ
လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး ဦးကျော်လင်း၏ ပြောကြားချက်အရ သိရသည်။

နေပြည်တော်တွင် သြဂုတ် ၃ ရက်ကကျင်းပသည့် ပြည်သူ့
လွှတ်တော် အစည်းအဝေး၌ ဟုမ္မလင်း မဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၏
“မြို့ပြစီမံကိန်း၊ ကျေးရွာစီမံကိန်းများရေးဆွဲရာတွင် မည်သည့်
အချက်များပေါ်တွင် မူတည်၍ ရေးဆွဲပြီး ပြည်သူလူထုသို့
ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ၊ မရှိ” မေးခွန်းကို ဒုတိယ
ဝန်ကြီး ဦးကျော်လင်းက ဖြေကြားရာတွင် အထက်ပါကဲ့သို့
ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် မြို့ပြဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ
ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင်
- National Growth Center အဖြစ် ရန်ကုန်၊ မန္တလေး၊
နေပြည်တော် သုံးမြို့ဖြစ်ပြီး
- အထူးစီးပွားရေးဇုန်များအဖြစ် ထားဝယ်၊ သီလ၀ါ၊
ကျောက်ဖြူ SEZ တို့ပါဝင်ကြောင်း၊
- Region Growth Center အဖြစ် မော်လမြိုင်၊ ပဲခူး၊ မုံရွာ၊
မြစ်ကြီးနား၊ ပုသိမ် စသည့် အုပ်ချုပ်ရေးဗဟိုဖြစ်သည့်
တိုင်းဒေသကြီး၊ ပြည်နယ်မြို့တော်များ၊ မြို့ကြီးများ၊
လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုအလားအလာရှိသော မြို့ကြီး
များပါဝင်ကြောင်း၊
- Special Growth Center များအဖြစ်
မြ၀တီ၊ မူဆယ်၊ တမူးစသည့် နယ်စပ်ကုန်သွယ်မှုမြို့များ၊
ပုဂံ၊ အင်းလေး၊ မြောက်ဦး ကဲ့သို့သော ခရီးသွားဝန်ဆောင်မှု
လုပ်ငန်း အခြေပြုမြို့များ၊
မြိတ်မြို့၊ ငရုတ်ကောင်း၊ မိုးကုတ်မြို့ကဲ့သို့သော သယံဇာတ
ထွက်ကုန် အခြေပြုမြို့များအဖြစ်
သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး
ဦးကျော်လင်းက ပြောကြားသည်။

“မြန်မာနိုင်ငံရှိ မြို့များအနက် လူဦးရေငါးသောင်းမှ
တစ်သိန်းရှိ Secondary City များမှာ ၂၀၁၄ ခုနှစ်တွင်
၂၅ မြို့ရှိရာမှ ၂၀၄၀ ပြည့်နှစ်တွင် ၄၃ မြို့အထိ တိုးတက်
ရောက်ရှိမည်ဟု ခန့်မှန်းထားပါတယ်။
မြို့ပြများ၏လူဦးရေ ပျံ့နှံ့နေထိုင်မှုနှင့် မြို့ပြဖြစ်ထွန်းမှုပုံစံကို
ထည့်သွင်းစဉ်းစားပြီး မြို့ပြများစနစ်တကျ ရေရှည်ဖွံ့ဖြိုး
တိုးတက်စေရန်၊ နေထိုင်မှု အဆင့်အတန်းမြင့်မားစေရန်နှင့်
အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်ရန် မြို့ပြ
စီမံကိန်းများကို Planned City Development ပုံစံများ
ရရှိအောင် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြို့များ၏ လူမှုစီးပွား
ဖွံ့ဖြိုးမှု အလားအလာများအရ ဦးစားပေး နယ်မြေများ
သတ်မှတ်ပြီး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲ
ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက
ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ
များကိုအခြေခံ၍
- လူဦးရေငါးသောင်းအထက်ရှိ မြို့ ၆၈ မြို့၊
- ငါးသောင်းအောက်မြို့ ၁၁ မြို့နှင့်
* တိုင်းဒေသကြီး၊ ပြည်နယ်လိုအပ်ချက်အရ မြို့ပေါင်း ၁၇
မြို့နယ်၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စက်မှုဇုန်စီမံကိန်း
များ ရေးဆွဲခဲ့ပြီး စုစုပေါင်းမြို့ပေါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းများရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊
* နမူနာအားဖြင့် မန္တလေးမြို့ ဖွံ့ဖြိုးရေးစီမံကိန်း၊ ရမည်းသင်း၊
မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ လဟယ်၊ ထားဝယ်၊ မော်လမြိုင်၊
ပခုက္ကူ၊ ဟိုပုံး၊ ပုသိမ်၊ လွိုင်ကော် မြို့ပြစီမံကိန်းများနှင့်
ကျိုက်ထီးရိုးပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများကို
တင်ပြထားကြောင်း၊
* မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲမှုကိုလည်း ပြည်သူအများ
သိရှိစေရန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ချပြဆွေးနွေး
ဆောင်ရွက်လျက်ရှိကြောင်း
* မြို့ပြစီမံကိန်း အဆိုပြုသဘောထား ပုံစံများကိုလည်း
သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့
ပေးပို့ထားပြီးဖြစ်ကြောင်း၊
* မြို့ပြစီမံကိန်း ရေးဆွဲရန်လျာထားချက်တွင်
ဟုမ္မလင်းမြို့၏ မြို့ပြစီမံကိန်းလည်းပါဝင်ပြီး ၂၀၁၇ ခုနှစ်
အောက်တိုဘာတွင် ဆောင်ရွက်ရန် စီမံလျာထားပြီး
ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးကျော်လင်းက
ပြောကြားသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မြို့ပြစီမံကိန်း
များကို ရေးဆွဲဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်း
ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ
ကို လွှတ်တော်အဆင့်ဆင့်သို့ တင်ပြပြီး စီမံကိန်း ပုံစံအတည်
ပြုချက်နှင့် ခွင့်ပြုချက်ရယူခြင်း၊ အစိုးရ၏ သဘောတူညီချက်
ဖြင့် စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော်ခြင်း၊
ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
ဆွေးနွေးခြင်း စသည့်လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်
ရှိကြောင်း ဦးကျော်လင်းကဆိုသည်။

ထို့အတူ အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမူဘောင်
နှင့်အညီ မြန်မာနိုင်ငံ မြို့ပြစနစ်ထူထောင်ခြင်းနှင့် မြို့ပြ
စီမံကိန်းများ စနစ်တကျ စဉ်ဆက်မပြတ် ရေးဆွဲဆောင်ရွက်
သွားနိုင်ရန် JICA၊ KOICA၊ UN-Habitat စသည့်
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆောက်လုပ်ရေးဝန်ကြီး
ဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများ
လည်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက
ဆက်လက်ပြောကြားသည်။

မြို့ပြ၊ ကျေးလက်စီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး
စ်ီမံကိန်းများဖြစ်သည့်အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများ
စဉ်ဆက်မပြတ် တိုးတက်မှု ရရှိစေရေး ဒေသန္တရဖွံ့ဖြိုးရေး
စီမံကိန်းများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အရပ်ဘက်
အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လွှတ်တော်
ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ပြည်သူလူထု
ထံ ပွင့်လင်းမြင်သာစွာ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး
အတွက် ချပြဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး
ဦးကျော်လင်းကဆိုသည်။

(ငြိမ်းဇော်လင်း၊ မျိုးမင်းထက်)

credit - The Myanmar Times / Kumudra Journal   
& Eleven Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"ပန်းပန်နေဆဲ မြေရှင်တို့ရဲ့အခွင့်ထူးခံ အခန်းကဏ္ဍ"

"ပန်းပန်နေဆဲ မြေရှင်တို့ရဲ့အခွင့်ထူးခံ အခန်းကဏ္ဍ"

မြန်မာ့ နေထိုင်ရေးစနစ်က အရင် ရှေးခေတ်ဟောင်းမှာ
တော့ အတော်ရိုးရှင်းပါတယ်။ မြေကွက်လွတ်တွေ က
နေရာအနှံ့မှာ လက်ညှိုးထိုး မလွဲအောင် ပေါများလွန်း
တာကြောင့် လမ်းပန်း အသွားအလာကို အကဲခတ်ပြီး
အဆင်သင့်တဲ့နေရာ ရွေးချယ်လို့ အိမ်ဆောက်နေထိုင်
လိုက်ကြတာပါပဲ။

အိမ်အားလုံးဟာ ကိုယ်တိုင်ဆောက်လုပ်တာ မဟုတ်တဲ့
တိုင်အောင် ကိုယ်ပိုင်ချည်းပဲမို့လို့ အိမ်ရှင်-အိမ်ငှါး ပြသနာ
လည်း မရှိကြပါဘူး။ အိမ်ကြီးကြီးမှာ နေတဲ့သူနဲ့
အိမ်သေးသေးလောက်သာ နေနိုင်တဲ့သူ ဒါလောက်ပဲ
ကွာခြားပါတယ်။

အိမ်ရာကိုယ်ပိုင်မရှိလို့ ငှါးနေတဲ့သူမျိုးလည်း မရှိခဲ့ပါဘူး။
အိမ်ရောင်း၊ မြေရောင်းတာမျိုး ရှိရင်လည်း အပြတ်
ရောင်းချ ၀ယ်ယူကြတဲ့ ဓလေ့ထုံးစံပဲ ရှိခဲ့တာပါ။

လူတွေအနေနဲ့ကလည်း ကိုယ့်အရပ်ကိုယ်နေ၊ ကိုယ့်အလုပ်
ကိုယ်လုပ်၊ အရပ်တစ်ပါးသွားလာပြီး ကုန်စည်ရောင်းဝယ်
ဖောက်ကားကြတယ်ဆိုရင်လည်း ကာလတိုလောက်ပဲ
သွားလာကြတာဖြစ်လို့ မြန်မာ့ဓလေ့အရ ဘုန်းတော်ကြီး
ကျောင်းတို့၊ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်း အိမ်မှာ
တည်းခိုနေထိုင်တာတို့လောက်ပဲ ရှိခဲ့ပါတယ်။

အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး တိုင်းတစ်ပါး
ကိုလိုနီဘ၀ ရောက်ခဲ့ချိန်မှာတော့ မြန်မာတို့ရဲ့ နေထိုင်မှု
ဓလေ့ဟာ အရွေ့တစ်ခုနဲ့ ထိပ်တိုက် တိုးလာပါတယ်။

အစိုးရရုံးစိုက်တဲ့ ရန်ကုန်မြို့က ဌာနဆိုင်ရာလုပ်ငန်းတွေမှာ
တာဝန်ထမ်းဆောင်ဖို့ မြန်မာပြည်အနယ်နယ်အရပ်ရပ်က
လူတွေ စုပြုံ တိုးဆင်းလာခြင်းပါပဲ။

အစိုးရ၀န်ထမ်းအဖြစ် လာပြီး အလုပ်လုပ်သူတွေ ရှိသလို
စီးပွားရေးကွန်ရက်ကောင်းရှိရာမှာ အထိုင်ချပြီး ရောင်းရေး
ဝယ်တာ လာရောက်လုပ်ကိုင်သူတွေလည်း ရှိကြပါတယ်။

အဲဒီအခါ မှာ နောက်ရောက်လာသူဦးရေနဲ့ နဂိုရှိတဲ့
မြေပမာဏ ဘယ်လိုမှ အချိုးမညီတော့ပါဘူး။ ရေကြည်ရာ
မြက်နုရာ ကို ရွှေ့ ပြောင်းအခြေချဖို့ လာကြသူတွေက
တစ်နေ့တခြားတိုးပွားလာကြပေမဲ့ နဂိုရှိနှင့်ပြီး မြေပမာဏ
က အပြိုင်လိုက်ပြီး တိုးလာရိုးထုံးစံမှ မရှိပဲကလား။

အဲဒီမှာ နောက်ရောက်လာသူတွေအနေနဲ့ ကိုယ်ပိုင်အိမ်
မရှိသေးခင် စပ်ကြား ခေတ္တခဏ ငှါးရမ်းနေထိုင်ခြင်းဆိုတဲ့
အငှါးဈေးကွက် စတင်ပေါ်ပေါက်လာတော့တာပါ။

ဝယ်ထားတဲ့မြေကွက်မှာ သစ်ဝါးလေး အဆင်သင့်တုန်း
အိမ်ဆောက် ထားလိုက်တာမျိုး၊ သီးခြားနေမယ်လို့
စိတ်ကူးပြီး အိမ်ဆောက်ထားပေမဲ့ ကျန်းမာရေး၊ လူမှုရေး၊
စီးပွားရေး အရေးကိစ္စတစ်ခုခုကြောင့် သီးခြားမနေဖြစ်
တော့တာမျိုး စတာတွေကြောင့် နေထိုင်သူမရှိဘဲ
လစ်လပ်နေတဲ့ အိမ်တွေဟာ အငှါးသမားတွေ မျက်စိကျ
စရာ ဖြစ်ခဲ့ပါတယ်။

အိမ်ရှင်တွေအနေနဲ့လည်း အလွတ်အတိုင်းပစ်ထားရမယ့်
အိမ်အတွက် စောင့်ရှောက်ပြုပြင်မယ့်သူလည်း ရ၊ ငှါးခ
ငွေကြေးလည်း ရ ဆိုတော့ ပိုနေသူနဲ့ လိုနေသူကြား
ဆုံမှတ်တစ်ခုအဖြစ် အငှါးဈေးကွက် ဖြစ်တည်လာခဲ့
ရပါတယ်။

အနေအထားက ရှင်းပါတယ်။ လစဉ် ငှါးခ မှန်မှန်ပေး၊
မထားချင်ရင်ပဲဖြစ်ဖြစ်၊ မနေချင်ရင်ပဲဖြစ်ဖြစ် နှုတ်ဆက်ခွဲခွာ
တာ့တာပြကြပေါ့။ ဒါက လုံးချင်းအိမ်တွေရဲ့ အိမ်ရှင်-အိမ်ငှါး
ပြဇာတ် ဇာတ်ဝင်ခန်းရဲ့ အစဘဲဖြစ်ပါတယ်။

ကိုလိုနီခေတ်မှာပဲ ကျယ်လာတဲ့အမြင်နဲ့ မြို့ကွက်
တည်ဆောက်မှုပုံသဏ္ဌာန်အရ ဆူးလေဗဟိုပြုမြို့လယ်မှာ
တိုက်ခန်းတွေ ဆောက်ကြ။ အနိမ့်ဆုံး နှစ်ထပ်ကနေ
အမြင့်ဆုံး လေးထပ် အထိ ဆောက်ကြသလို လူနေ
တိုက်ခန်းတွေ တိုးလိုက်တဲ့အခါ မြေကွက်ပိုင်ရှင်
တစ်ယောက်တည်းက အခန်း လေးခန်းကနေ ၁၆ ခန်း၊
အခန်း ၂၀ အထိ ပိုင်ကုန်ကြ။ သူနေတာက တစ်ခန်းရယ်၊
ဒီတော့ ကျန်တဲ့အခန်းတွေကို အငှါးချ၊ အဲဒီမှာတင်
အိမ်ခန်းငှါးရမ်းခြင်းစနစ်တွေ အသစ်ပေါ်ပေါက်ခဲ့ရ
ပါတယ် ။

လကုန်မှ အခန်းနေထိုင်ခပေးတာမျိုးနဲ့ အငှါးလိုက်လာတဲ့
အပြင် စပေါ်ယူပြီး ငှါးတဲ့စနစအထိပါ ဖြစ်လာပါတယ် ။
ရလိုက်တဲ့စပေါ်ငွေ လုံးခနဲ ခဲကနဲကို လုပ်ငန်း တစ်ခုခု
အတွက် ရင်းနှီးမြှုပ်နှံမှုပြုပြီး အပွားခတ်နိုင်တဲ့
အနေအထားမို့ အိမ်ရှင်အဖို့ တွက်ခြေကိုက်သလို အိမ်က
ဖယ်ပေးရတဲ့အခါ တင်ထားတဲ့စပေါ်ငွေ အလုံးအထည်
မပျက်ပြန်ရနိုင်တာမို့ ငွေစုထားတဲ့သဘောမျိုး သက်ရောက်
တာကြောင့် အိမ်ငှါးအတွက်လည်း မနစ်နာ
win-win situation ဖြစ်နေတဲ့ အိမ်ရှင်-အိမ်ငှါး
ချစ်ကြည်ရေး အခင်းအကျင်း ဖြစ်ပါတယ်။

နောက်တစ်ခုက အငှါးသက်သက် မဟုတ်တဲ့
ဝယ်-ရောင်း ကိစ္စ။ ဆင်ခြေဖုံးတွေမှာ ဒီပြသနာမရှိဘဲ
ဒီအိမ်၊ ဒီမြေကို ကြိုက်ပြီဆို ဈေးညှိ၊ အရောင်းအ၀ယ်ဖြစ်ပြီး
သွားတာနဲ့ မြေရော၊ အိမ်ရော အရှင်သခင်သစ် အပိုင်။
ပိုင်ရှင်ဟောင်းနဲ့သက်ဆိုင်ခြင်း လုံးဝ မရှိရတော့။

အဲ . . . မြေတစ်ကွက်ပေါ်မှာရှိနေတဲ့ တိုက်ခန်းလေးခန်းထဲ
က တစ်ခန်းကို ၀ယ်ချင်တယ်ဆိုပါစို့၊ အခန်းပိုင်ဆိုင်မှုကို
ရနိုင်ပေမဲ့ မြေကိုတော့ ဘယ်လိုနည်းနဲ့မှ ပိုင်ဆိုင်ခွင့်ပေးမယ်
မဟုတ်။ အဲဒီမှာတင် ဆလာမီ ခေါ် အပျောက်စနစ်နဲ့ ငှါးရမ်း
နေထိုင်ခြင်းစနစ်တစ်ခု လူးလွန့်ပေါ်ပေါက်လာခဲ့
ပါတော့တယ် ။

အပျောက်စနစ်ဆိုတာ အခန်းတန်ဖိုးကျသင့်ငွေကို မြေရှင်ဆီ
အကျေပေးချေပြီး တိုက်ခန်းကို စိတ်ကြိုက်နေထိုင်စီရင်ခွင့်
လက်ဝယ် ရရှိခြင်းပါပဲ။

အပျောက်ဆိုတာက လစဉ် ငှါးရမ်းနေထိုင်ခွင့် ပေးစရာမလို
ဘဲ ပျောက်သွားတာကိုအစွဲပြုပြီး ခေါ်တာလို့ ခန့်မှန်းမိ
ပါတယ်။

လစဉ်ပေးရတဲ့ တိုက်ခန်းငှါးရမ်းနေထိုင်မှုစရိတ် ပျောက်သွား
တယ်ဆိုပေမဲ့ မြေရှင်ကို လခတစ်မျိုးတော့ ပေးနေရတာပါပဲ။
အဲဒါက မြေငှါးခပါ။

ကိုယ်က တိုက်ခန်းတန်ဖိုး အကျေပေးလိုက်တာဖြစ်လို့
တိုက်ခန်း ငှါးရမ်းနေထိုင်စရိတ် ပေးစရာမလိုတော့ပေမဲ့
အဲဒီတိုက်ခန်းတည်ရှိရာမြေကိုတော့ ကိုယ်မပိုင်တာမို့လို့
ဒ်ီမြေပေါ်မှာ တိုက်ခန်းတည်ရှိခွင့် တစ်နည်းပြောရင် မြေငှါးခ
တော့ မြေရှင်ကိုပေးရတာဖြစ်ပါတယ်။

မြေရှင်အနေနဲ့ကလည်း မြူနီစီပယ်(အခု စည်ပင်သာယာပေါ့)
ဆီ သွင်းရမယ့် မြေခွန်ကို အခန်းအရေအတွက်နဲ့ တန်ဖိုး
သင့်ပြီး အချိုးကျ ကောက်ခံတာဆိုတော့ မြေငှါးခက
သိပ်မပြောပလောက်ပါဘူး။

တိုက်ခန်းငှါးရမ်းနေထိုင်ခွင့်နဲ့စာရင် ပါးပါးလေးပါ။
ဆိုလိုတာက တိုက်ခန်းတန်ဖိုး ကျပ်တစ်သောင်း၊ ငှါးရမ်း
နေထိုင်ခွင့်လခ ကျပ်တစ်ရာဆိုရင် အပျောက်စနစ်နဲ့ အခန်း
တန်ဖိုးပေးသွင်းထားသူရဲ့ မြေငှားခက တစ်လ တစ်ကျပ်၊
နှစ်ကျပ်လောက်ပဲ ပေးရတာပါ။

ဒီတော့ တိုက်ခန်းတန်ဖိုးအကျေပေးချေပြီး နေထိုင်မှု
စနစ်မှာ အခေါ်အဝေါ်က အပျောက်စနစ်နဲ့ ၀ယ်တယ်၊
အပျောက်စနစ်နဲ့ငှါးတယ်ဆိုပြီး ကွဲပြားနေပါတယ်။
အမှန်မှာတော့ ကုလားကြီးနဲ့ အရာကြီးပါပဲ။

တိုက်ခန်းပေါက်ဈေးအတိုင်း အကျေပေးထားတာမို့
ပိုင်ရှင်သစ်အနေနဲ့ ၀ယ်တယ်လို့ခံယူလို့ရသလို တစ်ဖက်က
ကြည့်ပြန်ရင်လည်း မြေငှါးခပေးပြီး နေရတာဖြစ်လို့ ငှါးတယ်
လို့ခံယူလို့လည်း ရပြန်ရော။

ထားပါ . . . ၀ယ်တယ်ပဲသတ်မှတ် သတ်မှတ်၊ ငှါးတယ်ပဲ
သတ်မှတ် သတ်မှတ် ကိုယ့်အခန်းကိုယ်ကြိုက်သလိုစီမံခန့်ခွဲ
ခွင့်ရှိပြီး ကြိုက်ဈေးရရင်လည်း ပြန်ရောင်းနိုင်ခွင့်ရှိတာက
အပျောက်ခန်းရဲ့အနှစ်သာရပါပဲ။

အပျောက်စနစ်နဲ့ဝယ်ထားတဲ့ပိုင်ရှင်က ကိုယ့်တိုက်ခန်း ကို
ပြန်ရောင်းရာမှာ မြေရှင်ရဲ့ သဘောတူအသိအမှတ်ပြုမှု
လိုအပ်ပါတယ်။ အဲဒီမှာ မြေရှင်ရဲ့ အခွင့်ထူးခံအခန်း ကဏ္ဍ
ပေါ်ပေါက်လာတာပါပဲ။

တိုက်ခန်းပိုင်ရှင်အနေနဲ့ ကိုယ့်တိုက်ခန်း အရောင်းစာချုပ်မှာ
သဘော တူကြောင်းလက်မှတ်ထိုးပေးဖို့ မြေရှင်ကို
အခကြေးငွေပေးရ ပါတယ်။

အဲဒီအခကြေးငွေဟာ အစကတော့ သဒ္ဓါကြေးလောက်ပဲ
ဖြစ်ပေမဲ့ နောက်ပိုင်းတော့ လာဘ်လာဘ သဘောဆောင်
လာရုံသာမက မသဒ္ဓါရေစာလို့ဆိုရမယ့် အနေအထား အထိ
ဖြစ်လာပါတော့တယ်။

ဝယ်ရင်းတန်ဖိုးထက် အဆများစွာ သာလွန်တဲ့အမြတ်နဲ့
ပြန်ရောင်းတဲ့ တိုက်ခန်းမျိုးဖြစ်လေလေ မြေရှင်ရဲ့သဘောတူ
ထောက်ခံချက်လေးရဖို့ အရေး မြေရှင်တောင်းတဲ့ကြေးက
နင့်နေတာပါပဲ။

ဝယ်တုန်းက လက်မှတ်ထိုးပေးတဲ့ ပမာဏလောက်ပဲ
လက်ခံဖို့ပြောတာတောင် ငွေတန်ဖိုးက ခေတ်အခြေအနေ
ပေါ်မူတည်ပြီး မြင့်တက်သွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့
တင်းခံထားလေ့ရှိကြတယ်။

တကယ်တော့ မြေရှင်သဘောတူလက်မှတ်ဆိုတာကလည်း
သူ့ဆီက မြေငှါးခဆောင်တဲ့ဘောက်ချာမှာ ပိုင်ရှင်ဟောင်း
နာမည်အစား ပိုင်ရှင်သစ်နာမည် ပြောင်းလဲ ရေးသားပေးဖို့
ဒီအရောင်းအ၀ယ်ဖြစ်သွားခဲ့ပါတယ် ဆိုတာ သူသိရှိကြောင်း
သက်သေတစ်ခုမျှသာပါ။

တကယ်လို့ ...
ပိုင်ရှင်ဟောင်း က မြေရှင်သိရှိကြောင်းလက်မှတ်မပါဘဲ
ရောင်းလိုက်တယ်ဆိုပါစို့။

အချိန်တန်လို့ မြေငှါးခကောက်ခံတဲ့ဘောက်ချာ ထွက်လာရင်
ပိုင်ရှင်သစ်နာမည်မထွက်တော့ဘဲ ပိုင်ရှင်ဟောင်းနာမည်နဲ့ပဲ
ဆက်ကောက်ခံနေမယ်။

လူရဲ့သဘာဝအရ ကိုယ်က ပိုင်ရှင်ဖြစ်နေပါလျက်
ကိုယ့်နာမည်နဲ့ဘောက်ချာမထွက်ဘဲ ပိုင်ရှင်ဟောင်းနာမည်နဲ့ပဲ
ဘောက်ချာဆက်ထွက်နေခြင်းဟာ အခံရခက်စရာပါ။

ဒါကြောင့် ၀ယ်သူဘက်ကလည်း ခုရှုပ်မှနောင်ရှင်းဆိုသလို
နောက်ပိုင်းကိစ္စ ရှင်းရှင်းလင်းရှိစေဖို့ မြေရှင်လက်မှတ်
အပါအ၀င် အင်္ဂါစုံတဲ့ အရောင်းအ၀ယ် စာချုပ်ကိုပဲ
လက်ခံချင်ကြတာပါ။

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေး၊ တိုက်ခန်းဈေးတွေ
အတက်ဇယားမှာရှိနေသမျှတော့ တိုက်ခန်း အရောင်းအ၀ယ်
တွေမှာ သူတို့လက်မှတ်မပါရင် အင်္ဂါမစုံတဲ့စာချုပ်ဖြစ်နေတာ
မို့ အရောင်းအ၀ယ်ဖြစ်စဉ်ကိုတောင် ပျက်ပြားအောင်
ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ မြေရှင်တွေရဲ့အခန်းကဏ္ဍကတော့
ပန်းဆက်ပန်ပါ မဗေဒါ ဆိုတဲ့စကားအတိုင်း . . . ။

(ကျော်ဇောလေး)

credit -  iMyanmar House

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

Sunday, August 6, 2017

“သင့်အိမ်ခန်းကို ပို၍ကျယ်ပြီး လှသွားစေဖို့ ဆိုရင်”

“သင့်အိမ်ခန်းကို ပို၍ကျယ်ပြီး လှသွားစေဖို့ ဆိုရင်”

၁။ "အခန်းကို နဂိုထက် ပိုကျယ်သွားစေမယ့်
အိမ်တွင်းအလှဆင်နည်းလမ်းများ"

အခန်းကျဉ်းကျဉ်းလေးမှာ နေရတာထက်
ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အိမ်မှာ နေရတာကို လူတိုင်းနီးပါး
သဘောကျကြပါတယ်။
အိမ်တွင်းအလှဆင်တဲ့အခါမှာ ကိုယ့်ရဲ့အိမ်ခန်းကို နဂိုရှိတဲ့
ဧရိယာထက် ပိုကျယ်တယ်လို့ ခံစားရစေနိုင်မယ့်
နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက် ပါတယ်။

၁။ ခန်းစီးနဲ့အလှဆင်မယ်။

- ခန်းစီးနဲ့အလှဆင်တဲ့အခါမှာ နံရံအရောင်နဲ့ ခန်းစီးအရောင်
တူညီ နေစေသင့်ပါတယ်။
- အရောင်ဆင်တူဖြစ်နေတာကြောင့်
အခန်းကို ပိုကျယ်တယ်လို့ ထင်ရစေပါတယ်။

၂။ သဘာဝအလင်းရောင် ၀င်အောင် ဖန်တီးမယ်။

- အခန်းထဲကို သဘာဝအလင်းရောင် များများဝင်လေ၊
ကိုယ့်ရဲ့အခန်းက ကျယ်တယ်လို့ ခံစားရလေ ဖြစ်တယ်
ဆိုတာ သတိရပါ။
- ဖြစ်နိုင်ရင် ပြတင်းပေါက်နဲ့ နံရံတွေကို မှန်နဲ့ အစားထိုးပြီး
တပ်ဆင်လိုက်ပါ။

၃။ အခန်းထဲ ပစ္စည်းတွေ ပြွတ်သိပ် မထည့်ထားပါနဲ့။

- ပစ္စည်းတွေအများကြီးနဲ့ ရှုပ်ပွနေတဲ့ အခန်းဟာ
နေချင်စဖွယ် မကောင်းသလို
နဂိုထက် ပိုကျဉ်းတယ်လို့လည်း ခံစားရစေပါတယ်။
- တစ်နှစ်လောက် မသုံးဖြစ်မယ့် ပစ္စည်းတွေကို
အခန်းထဲက ရှင်းထုတ်လိုက်ပါ။
- နေရာလွတ်တွေ ရှိနေတာက အခန်းကို
လေ၀င်လေထွက်လည်း ပိုကောင်းစေပါတယ်။
- ပရိဘောဂပစ္စည်းတွေရဲ့ အရောင်က
နံရံက ဆေးရောင်နဲ့ ဆင်တူတဲ့ အရောင်မျိုးဖြစ်နေတာက
အခန်းကို ပိုကျယ်စေပါလိမ့်မယ်။
- ဆိုဖာနဲ့ ထိုင်ခုံတွေ ရွေးချယ်တဲ့အခါမှာလည်း အခန်းကို
အလင်းရောင်ပိုရအောင် ဖန်တီးပေးနိုင်တဲ့ ဒီဇိုင်းမျိုးကို
ရွေးချယ်ပါ။

၎။ နံရံတွေကို ဆေးသုတ်မယ်ဆိုရင် ...

- အရောင်နုနုလေးတွေက အခန်းကို အလင်းပြန်စေတဲ့
အတွက် မြင်ကွင်းကျယ်တယ်လို့ ခံစားရစေပါတယ်။
- အရောင်အရင့်တွေက အလင်းကို စုပ်ယူတဲ့အတွက်
အသုံးမပြုသင့်ပါဘူး။
- အရောင်တောက်တောက်လေးတွေ သုံးတာက
ကိုယ့်အိမ်ခန်းကို ပိုပြီးအမြင်လှစေမှာပါ။

၅။ ပရိဘောဂပစ္စည်းတွေနဲ့ အိမ်ခန်းကို အလှဆင်မယ်

- ပရိဘောဂပစ္စည်းတွေ ၀ယ်တဲ့အခါမှာလည်း တစ်ခုတည်းနဲ့
စွယ်စုံသုံးလို့ရတဲ့ ပစ္စည်းမျိုး ၀ယ်ပါ။
ဥပမာ ထိုင်ခုံအဖြစ်ရော စားပွဲအဖြစ်ပါ သုံးလို့ရတဲ့
ပရိဘောဂမျိုးပေါ့။
- အသုံးမလိုတဲ့အခါမှာ ခေါက်ပြီး သိမ်းထားလို့ရတဲ့
ပရိဘောဂမျိုးတွေကို အသားပေးပြီး ၀ယ်ပါ။

၆။ အိမ်ခန်းထဲမှာ မှန်တစ်ချပ်ချိတ်ထားခြင်းရဲ့ အကျိုးကျေးဇူး

- အခန်းထဲမှာ မှန်ချိတ်ထားတာက မှန်ကနေ အလင်းပြန်ပြီး
အခန်းကို ပိုကျယ်တယ်လို့ ထင်ရစေပါတယ်။
- မှန် ရှေ့မှာ မီးချောင်းတစ်ချောင်း တပ်ထားရင်
အလင်းပြန်အား ပိုကောင်းစေမှာပါ။

၇။ စာအုပ်စင်နဲ့ အလှဆင်မယ်။

- နံရံကပ်စာအုပ်စင်က အိမ်ခန်းကို မြင့်တယ်ဆိုတဲ့
အမြင်မျိုးရအောင် ဖန်တီးပေးသလို
- ခုံတန်းရှည်တွေက အခန်း က ရှည်လျားတယ်ဆိုတဲ့
အမြင်မျိုးကို ဖန်တီးပေးမှာဖြစ်ပါတယ်။

(House)

*****

၂။ "အိမ်ခန်းထဲကအသုံးမလိုပဲ ဖယ်ရှားရှင်းလင်းသင့်တဲ့
အရာတွေ"

သင့်ရဲ့အိမ်ခန်းထဲမှာနေရတာ ကျဉ်းကျုံ့ပြီး
မွန်းကျပ်နေပြီလား။ အခန်းကကျယ်ပါလျှက်နဲ့ ဘာလို့
ကျဉ်းကျယ်တယ်လို့ ခံစားနေရ သလဲဆိုတာကို အဖြေရှာဖို့
စဉ်းစားပါတော့။

ကိုယ်ကပဲ မနေတတ် လို့လား။
ဒါမှမဟုတ် ဘာတွေက အခန်းကိုကျဉ်းစေတာလည်း
ဆိုတာ ပြန်ကြည့်လိုက်တော့
အခန်းထဲက သင်အသုံးမလိုတဲ့အရာတွေကြောင့်ပဲ
ဖြစ်ပါလိမ့်မယ်။

တကယ်လည်းအသုံးမဝင်၊ ကြည့်လို့လည်း မကောင်းတဲ့
အရာတွေကြောင့် သင့်ရဲ့အခန်းက အခုလိုပဲရှုပ်ပွပြီး
ကျဉ်းကျပ်နေရတာပါ။

ဒါဆို အခန်းထဲ ဘယ်လိုအရာတွေ က ရှုပ်နေလည်းဆိုတာ
ကြည့်ရ အောင်ပါ။

၁။ နေရာကျဉ်းကျပ်ရတဲ့ အိမ်သာထဲက ဘိုထိုင်အိမ်သာ
အဖုံးကို အပေါ်က အစွပ်နဲ့ အောက်ကခြေနင်းပြားတွေက
အမှန်တကယ်ဆို လုံးဝကို မလိုအပ်ပါဘူး။
လူအညစ်အကြေး စွန့်တဲ့နေရာဆိုပေမယ့် ဒီလောက်ထိ
အနုစိတ်ပြီး အလှအပကို ဦးစားပေးစရာမလိုပါဘူး။
အိမ်သာဘေးဘက်နံရံ၊ ကြမ်းခင်းတွေကို ကြွေပြားခင်းပြီး
ရေအသုံးပြုမှုကောင်းကောင်းနဲ့ ဆိုရင်ပဲ အဆင်ပြေပြေနဲ့
သုံးစွဲလို့ ရနိုင်ပါပြီ။
အဲ့ ဒီ အခင်းတွေကို ဖြုတ်ပစ် လိုက်ပါ။

၂။ စားပွဲတင်ခုံတွေ၊ စင်တွေ၊ ဘောင်ပေါ်တွေ စတဲ့
နေရာအနှံ့တွေ မှာ ဓာတ်ပုံတွေနဲ့ မှန်ဘောင်တွေအများကြီး
ထားစရာမလိုပါဘူး။
တကယ့်ကို မျက်စိထဲ ကြည့်ရ ရှုပ်ပါတယ်။
ကိုယ်အလှဆုံးဖြစ်မယ့် ဓာတ်ပုံလေးတွေ၊
မိသားစု အမှတ်တရပုံလေးတွေလောက်ပဲ
အပြင်မှာ ထုတ်ပြီး အလှပြလို့နိုင်ပါတယ်။
ဒီတော့မလိုအပ်တဲ့ ပုံလေးတွေ သိမ်းဆည်းပြီး
အခန်းလေးရှင်းလင်းသွားအောင် လုပ်ကြည့်လိုက်ပါ။

၃။ ဟောင်းနွမ်းပြီး ဒီဇိုင်းအောက်နေတဲ့ ခန်းစီးလိုက်ကာ
တွေကို လဲလှယ်လိုက်ပါ။
ဖုန်မှုန့်၊ ချေးမှုန့်တွေနဲ့ အရောင်မှေးမှိန် ဖျော့တော့နေတဲ့
ခန်းစီးတွေက အရမ်းကို ကြည့်ရဆိုးပါတယ်။
အခန်းရဲ့အလှနဲ့ သန့်ရှင်းမှုကိုလည်း ဖျက်ဆီးနေတယ်
ဆိုတာ အိမ်ရှင်တွေသိပ်မသိကြပဲ ဒီအတိုင်းမလဲလှယ်ပဲ
ထားနေကြတာက တကယ်ပဲ လှပမှုကို ဖျက်ဆီးနေပြီး
လိုက်ကာလှလှလေးနဲ့ လဲလှယ်လိုက်မယ် ဆိုရင်
အရမ်းကို လှပသွားမှာပဲ ဖြစ်ပါတယ်။

၎။ စားပွဲပေါ်နဲ့ အလှတင်စင်လေးတွေပေါ်မှာ တင်ထားတဲ့
ပန်း ခြောက်တွေ၊ အသက်မရှိတဲ့ ပန်းတုတွေကို
ဖယ်ရှားလိုက်ပါ။
အဲ့ဒီအရာတွေကို အလှဆင်ထား တာထက်စာရင်
ဘာမှမရှိတာကို ပိုပြီးတော့ ကြည့်ကောင်းနေပါလိမ့်မယ်။
ခြောက်ခြောက်ကပ်ကပ် နဲ့ အရောင်မွဲနေတဲ့ ပန်းခြောက်
တွေမှာ တစ်ခါတစ်ရံများ သုတ်သင်ရှင်း လင်းမှု မရှိလို့
ဖုန်တွေ၊ ပင့်ကူမျှင်တွေ အိမ်ဖွဲ့ ကပ်နေတာတွေက
အရမ်းပဲညစ်ပတ်ပါတယ်။
ဒီ့အတွက် ဒီပန်းခြောက်တွေကို မထားပါနဲ့။

၅။ အမှတ်တရပစ္စည်းတွေ၊ ဆုတံဆိပ်တွေ၊
အရုပ်ငယ်လေးတွေကို ထားဖို့ စင်တွေအများကြီး
မလုပ်ပါနဲ့။
ဟိုနားတစ်ခု၊ ဒီအနားတစ်ခုနဲ့ တကယ့်ကို
ရှုပ်ယှက်ခတ်စေပါတယ်။
တကယ်သိမ်းထားမယ်ဆိုလည်း စင်ကြီးကြီးမားမား
တစ်ခုပဲ ထားလိုက်ရင်အဆင်ပြေပါပြီ။
ကိုယ်ပိုင်အခန်းငယ်တွေထဲမှာ
တချို့တဝက်ကို သိမ်းဆည်းပြီး
အိမ်ခန်း၊ ဧည့်ခန်းလိုနေရာမျိုးမှာ ဆိုရင်တော့
အခြားလှပပြီးခန်းနားတဲ့ ပစ္စည်းလေးတွေ
အလှပြသိမ်းဆည်း ထားလိုက်ပါ။

(iMyanmar House Team)

credit - House com mm & iMyanmar House

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater