“ဝန်ကြီးဌာနအချို့၏ ခွင့်ပြုချက်နှင့် ထုတ်ပြန်ချက်များ”
၁။ "လက်ရှိကျင့်သုံးနေသည့် စည်ပင်သာယာဥပဒေများနှင့်
မြေသိမ်းဥပဒေများမှာ ခေတ်နှင့်ဆီလျော်မှု မရှိဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ
Issues And Challenges တွင် ဖော်ပြ"
မြို့များကို မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီစွာ စည်ပင်ဖွံ့ဖြိုးရေး
အတွက် လက်ရှိကျင့်သုံးနေသည့် စည်ပင်သာယာ ဥပဒေများ
နှင့် မြေသိမ်းဥပဒေများမှာ ခေတ်နှင့်ဆီလျော်မှု မရှိကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ
ISSUES And CHALLENGES တွင် ဖော်ပြချက်အရ
သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာမှ
တစ်ဆင့် ထုတ်ပြန်ခဲ့သည့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း
ဥပဒေ (မူကြမ်း) တွင်ဖော်ပြထားချက်အရ မြို့ ပြဖွံ့ဖြိုးရေး
ဆိုင်ရာ ISSUES And CHALLENGES ၁၁ ချက်
ပါဝင်ကြောင်း သိရသည်။
မြို့ပြဖွဲ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုအတွက်
- ဘဏ္ဍာငွေကြေး အကန့်သတ်ချက်များ ရှိခြင်း၊
- သဘာဝဘေးအန္တရာယ်များ
(ရေကြီးခြင်း၊ ငလျင်အန္တရာယ်၊ မီးဘေးစသည်တို့) ကျရောက်
ခြင်းတို့အတွက် ကြိုတင်ကာကွယ် တားဆီးနိုင်မည့်
အစီအမံများလိုအပ်ခြင်း၊
- မြို့ပြမြေယာကဏ္ဍ၊
- မြေတန်ဖိုးမြင့်မားခြင်း၊
- မြေအသုံးပြုမှု စနစ်နှင့်
- မြို့ပြအသုံးပြုမှုစနစ် နှင့် မြို့ပြမြေ စီမံခန့်ခွဲမှုချို့ယွင်း
အားနည်းခြင်း၊
- မြို့ပြစီမံခန့်ခွဲမှုစနစ် ချို့ယွင်းအားနည်းခြင်းတို့လည်း
ပါဝင်ကြောင်း သိရသည်။
ယင်းအပြင်
- မြို့ပြများ ပရမ်းပတာကြီးထွားလာခြင်း၊
- မြို့တစ်နံ တစ်လျားရှည်လျားစွာ အထိန်းအကွပ်မရှိ
တိုးချဲ့လာခြင်း၊
- မလိုအပ်ဘဲ မြို့ကွက်သစ်တိုးချဲ့ခြင်းတို့ကြောင့်
အရင်းအမြစ်များ ဆုံးရှုံးခြင်းနှင့်
- နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်
မြှင့် တင်ပေးနိုင်မည့် နည်းဗျူဟာကျပြီးရှင်းလင်းတိကျသည့်
အမျိုးသားအဆင့် မြို့ပြဖွံ့ဖြိုး ရေး
မူဝါဒများနှင့်
- မြို့ပြစီမံကိန်းအစီအမံများ ချမှတ်ရန် လိုအပ်ခြင်းများ
ရှိကြောင်း ဖော်ပြခဲ့သည်။
မြို့ပြစီမံကိန်းကဏ္ဍတွင် ကျွမ်းကျင်သူ ပညာရှင် အလွန်
နည်းပါးခြင်းနှင့် ဖွဲ့စည်းမှုစနစ် အားနည်းခြင်းလည်း
ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မြို့ပြများ၊ မြို့ကြီးများနှင့်
မြို့တော်တွင် လွယ်ကူ ချောမွေ့အဆင်ပြေသည့် မြို့ပြ
သယ်ယူပို့ဆောင်ရေးစနစ် မရှိခြင်းတို့ ပါဝင်ကြောင်း
သိရသည်။
လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းကို ရေးဆွဲလျက်ရှိပြီး
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျာထားသောမြို့ ၂၃ မြို့
ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြို့ပြစီမံကိန်းရေးဆွဲမည့် မြို့များမှာ ပဲခူးတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့ရှိမြို့များ
ဖြစ်ကြောင်း သိရသည်။
မြို့ပြစီမံကိန်း ရေးဆွဲရန်လျာထားမှုမှာ ၂၀၂၀-၂၀၂၁
ဘဏ္ဍာနှစ် အထိဖြစ်ပြီး
- ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၁၇ မြို့၊
- ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ၂၂ မြို့၊
- ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၂ မြို့ရှိကြောင်း
သိရသည်။
(အောင်ရဲကို)
*****
၂။ "မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် Home Stay
ခွင့်ပြုမည်"
ခရီးသွားဒေသများရှိ ဒေသခံများ၏ နေအိမ်တွင် နိုင်ငံခြားသား
များ ခေတ္တငှားရမ်းသည့် နေထိုင်သည့် (Home Stay)
နေထိုင်မှုကို မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ပြောင်းလဲ
ကာ ခွင့်ပြုရန် ဌာနတွင်း ညှိနှိုင်းဆွေးနွေးနေကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
ညွန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောကြားသည်။
“Home Stay က လက်ရှိဝန်ကြီးဌာနက ခွင့်ပြုထားတဲ့
တည်းခိုမှု ပုံစံထဲမှာ မပါသေးဘူး။ ဒါကြောင့် ဝန်ကြီးဌာနက
ခွင့်ပြုမယ့်ပုံစံက အခု CTB ဒေသတွေမှာ ခြံဝင်းတစ်ခု
တည်းမှာ ကိုယ့်အိမ်မဟုတ်ဘဲ နောက်ထပ်အဆောက်အအုံ
(အိမ်) ထဲမှာ နိုင်ငံခြားသားတွေ တည်းခိုနေထိုင်တာကို
တော့ ခွင့်ပြုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့
Home Stay ကို တခြားပုံစံနဲ့ ခွင့်ပြုမယ့်သဘောပါ” ဟု
၎င်းက ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက (Home Stay)
နေထိုင်မှုများကို ယခင်က ခွင့်ပြုခဲ့ခြင်း မရှိသော်လည်း
မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ခွင့်ပြုရန် လက်ရှိတွင်
ဌာနတွင်း ညှိနှိုင်းနေကြောင်းနှင့် ခွင့်ပြုပြီးသွားပါက
လိုအပ်သည့် ညွန်ကြားချက်များ ထုတ်ပြန်ကာ ထိန်းညှိ
ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးတင့်သွင်က ရှင်းပြသည်။
အချို့သော တိုင်းရင်းသားဒေသခံ နေအိမ်များတွင်
နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် (Home Stay)
နေထိုင်မှုများတွင် နိုင်ငံခြားသားများ အနေနှင့် ညအိပ်တည်းခို
ရန်နှင့် သန့်စင်ခန်းကိုသာ အသုံးပြုခွင့်ပေးသည့် ဝန်ဆောင်မှု
တစ်မျိုး ဖြစ်ပြီး တည်းခိုနေထိုင်မှုများအတွက် ဝန်ဆောင်ခ
အဖြစ် ဒေသအလိုက် ရန်ပုံငွေကို ထည့်ဝင်ရကြောင်း
ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
“တည်းခိုခန်း မရှိတဲ့နေရာတို့၊ တည်းခိုခန်း ရှိပေမယ့်
မလုံလောက်တဲ့ နေရာဆို Home Stay က လုပ်သင့်ပါတယ်။
တမင်သက်သက် သီးခြားပုံစံကြီး လုပ်ရင်တော့ မကောင်း
ပါဘူး။ နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုချင်း မတူတော့ ထိန်းညှိပြီး
ခွင့်ပြုမှ အဆင်ပြေမှာပါ” ဟု wazo ခရီးသွားလုပ်ငန်း
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အာဆီယံနိုင်ငံများ၌ နေအိမ်တွင် ခရီးသည် တည်းခိုနိုင်မှု
Home Stay ကို တရားဝင် ခွင့်ပြုထားပြီး စည်းကမ်းများ
သတ်မှတ်ပြဋ္ဌာန်းမှုများကြောင့် အောင်မြင်မှုများ ရှိနေပြီး
နိုင်ငံခြားဧည့်သည်များ အနေနှင့် တည်းခိုစရိတ် သက်သာ
ခြင်းကြောင့် Home Stay နေထိုင်မှုများကို ရွေးချယ်
တည်းခိုကြခြင်း ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ
သိရသည်။
*****
၃။ "ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းနယ်နိမိတ်
သတ်မှတ်ချက် ထုတ်ပြန်"
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အတွင်း
အသုံးပြုနေသည့် လမ်းအမျိုးအစားများအားလုံး အတွက်
လမ်းနယ်နိမိတ် သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အတွင်း အမြန်လမ်းမကြီး၊ အထူးသတ်မှတ်
လမ်းများ၊ အထူးမြို့ပတ်လမ်း၊ နိုင်ငံတကာ ဆက်သွယ်ရေး
လမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များ ဆက်သွယ်သည့် လမ်း၊ ခရိုင်၊ မြို့နယ်များ
ဆက်သွယ်သည့်လမ်းနှင့် မြို့နယ် -ကျေးရွာများ
ဆက်သွယ်သည့် လမ်းများ၏ နယ်နိမိတ်သတ်မှတ်ချက်များ
ပါရှိခဲ့သည်။
လမ်းအဆင့်အတန်းအရ
- အမြန်လမ်းမကြီး၏ လမ်းနယ်နိမိတ် အကျယ်မှာ
၁၂၂ မီတာ၊
- အထူးသတ်မှတ်လမ်းများ/အထူးမြို့ပတ်လမ်း၏
လမ်းနယ်နိမိတ်အကျယ်မှာ ၉၁ ဒသမ ၄၄ မီတာ၊
- နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၏ လမ်းနယ်နိမိတ်
အကျယ်မှာ မီတာ ၇၀ ဖြစ်ကြောင်း သိရသည်။
- ပြည်ထောင်စုလမ်းမကြီး၏ လမ်းနယ်နိမိတ်မှာ
၄၅ ဒသမ ၇၅ မီတာ၊
- တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်သည့်လမ်း၏
လမ်းနယ်နိမိတ်အကျယ်မှာ ၄၅ ဒသမ ၇၅ မီတာ၊
- ခရိုင်/မြို့နယ်များ ဆက်သွယ်သည့် လမ်း၏
လမ်းနယ်နိမိတ်အကျယ်မှာ ၄၅ ဒသမ ၇၅ မီတာနှင့်
- မြို့နယ်-ကျေးရွာဆက်သွယ်သည့် လမ်း၏ လမ်းနယ်နိမိတ်
အကျယ်မှာ ၃၀ ဒသမ ၅ မီတာဖြစ်ကြောင်း သိရသည်။
အာဆီယံနိုင်ငံများရှိ လမ်းအဆင့်အတန်းများနှင့်တူညီစေရန်
နိုင်ငံချင်းဆက်လမ်းမများ၊ အမြန်လမ်းမကြီးများ၊
ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
ဆက်သွယ်သည့်လမ်းများ၊ ခရိုင်၊ မြို့နယ်ချင်းဆက် လမ်း
များနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာချင်းဆက်လမ်းများ၏
လမ်းနယ်နိမိတ် သတ်မှတ်ချက်များကို တိုးချဲ့သတ်မှတ်ခြင်း
ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် World Road Association အဖွဲ့ဝင်
နိုင်ငံဖြစ်သဖြင့် အာဆီယံနိုင်ငံများ၌ ကျင့်သုံးနေသည့်
လမ်းများနှင့်အညီ ဖြစ်စေရန် လမ်းနယ်နိမိတ်ပြင်ဆင်ခြင်းကို
တိုးချဲ့သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခု တိုးချဲ့ သတ်မှတ်လိုက်
သည့် လမ်းနယ်နိမိတ်ကြောင့် မလွတ်ကင်းနိုင်သည့်
နေအိမ်များရှိသဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်နောက်ပိုင်းတွင်
တည်ဆောက်ခဲ့သည့် နေအိမ်များကို လမ်းမကြီး ဥပဒေအရ
သက်ဆိုင်ရာမှ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
(အောင်ရဲကို)
credit - Eleven Media Group The Voice
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment