“စက်တင်ဘာလကုန် စီးပွားရေးနှင့်ဆိုင်ရာ
ထုတ်ပြန်ချက်များ”
၁။ "မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း
အားကောင်းနေဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်"
စိန်ခေါ်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး
တိုးတက်မှုနှုန်း အားကောင်းနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့
ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၄ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ
ဒေသတွင်းရှိ နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေနဲ့
ရှေ့အလားအလာ သုံးသပ်ချက်တွေကို မြန်မာနိုင်ငံ
ကမ္ဘာ့ဘဏ်ရုံးကနေ ဗီဒီယိုကွန်ဖရင့်နဲ့ ချိတ်ဆက်
ထုတ်ပြန်သွားတာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ
၂၀၁၆ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး
အခုနှစ်မှာတော့ ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ မျှော်မှန်း
ထားတာပါ။
စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အစိုးရနဲ့
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိပြီး
ငွေကြေးဖောင်းပွနှုန်းကတော့ ရှေ့ဆက် အားပျော့
လာနိုင်ဖွယ် ရှိတယ်လို့ အစီရင်ခံစာထဲမှာ
သုံးသပ်ထားပါတယ်။
ရခိုင်အရေးဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ်
သက်ရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာကိုတော့
ပြောဖို့ စောနေသေးတယ်လို့
ကမ္ဘာ့ဘဏ် တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးရဲ့ ဦးဆောင်
ဘောဂဗေဒပညာရှင် ဟန်းစ်အန်နက်ဘက် က
“ရခိုင်အရေးကြောင့် တိုက်ရိုက်ထိခိုက်နိုင်တဲ့
သက်ရောက်မှုကတော့ အကန့်အသတ် ရှိပါတယ်။
ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်ဟာ သဘာဝစီးပွားရေး
လုပ်ဆောင်မှုတွေမှာ နည်းပါးသေးငယ်ပြီး သူ့ထုတ်ကုန်
တွေအပေါ် သွယ်ဝိုက် သက်ရောက်မှုတော့ ရှိပါတယ်”
လို့ ပြောပါတယ်။
အရှေ့အာရှ ပစိဖိတ်ဒေသရဲ့ ၂၀၁၇ ခုနှစ်အတွက်
စီးပွားရေးတိုးတက်မှုနှုန်းကတော့ ၆ ဒသမ ၄ ရှိမယ်လို့
မျှော်မှန်းထားပြီး၊ အဲဒီလိုဖြစ်လာရင် ဒေသတွင်းက
ရေရှည်စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အခြေအနေ ပိုကောင်း
လာနိုင်သလို မြန်မာ့စီးပွားရေးအတွက်လည်း
အထောက်အကူ ဖြစ်နိုင်မယ်လို့ မြန်မာ့စီးပွားရေး
စောင့်ကြည့် အစီရင်ခံစာအရ ကမ္ဘာ့ဘဏ်က
သုံးသပ်ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားတိုးတက်မှု အခြေအနေ
ကောင်းမွန်လာတာကြောင့် မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု
အခွင့်အလမ်းတွေကို အသုံးချနိုင်မယ့် အလားအလာတွေ
ရှိနေပေမယ့်လည်း ရခိုင်အရေး၊ သဘာဝဘေးနဲ့ ရင်းနှီး
မြှုပ်နှံသူတွေကြားမှာ ပြုပြင်ပြောင်းလဲမှု အရှိန်နှေးနေတယ်
ဆိုတဲ့ အမြင်တွေက မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းအပေါ်
သက်ရောက်နိုင်ပြီး နဂိုရှိနေပြီးသား စိန်ခေါ်မှုတွေကို ပိုဆိုး
စေနိုင်တယ်လို့လဲ အစီရင်ခံစာထဲမှာ သုံးသပ်ထားတာပါ။
မြန်မာပြည်မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကတိကဝတ်တွေ ခိုင်မာအားကောင်း
နေပေမယ့် အကောင်အထည်ဖော်မှုအပိုင်းမှာ နှေးကွေး
နေတာနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေဆဲ
အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်
ဆောင်ရွက်ဖို့နဲ့ ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။
(မိုးမြင့်ဇင်)
*****
၂။ "စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၁ ခုတွင်
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၄၆၅၉ ဘီလျံကျော်ရှိပြီး
အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍ၌ အများဆုံး ရင်းနှီးမြှုပ်နှံထား"
စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၁ ခုတွင်
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၁၄၆၅၉ ဘီလျံ
ကျော်ရှိပြီး အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍ၌ အများဆုံး ရင်းနှီးမြှုပ်နှံ
ထားကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ပမာဏမှာ
- အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၂၉၂၃ ဘီလျံကျော်၊
- သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင်
ကျပ် ၂၆၉၁ ဘီလျံကျော်၊
- ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ကျပ် ၂၆၃၄ ဘီလျံကျော်၊
- ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ် ၁၄၆၈ ဘီလျံကျော်၊
- ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၀၀၈ ဘီလျံကျော်၊
- စက်မှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ကျပ် ၇၉၇ ဘီလျံကျော်၊
- စွမ်းအင်ကဏ္ဍတွင် ကျပ် ၅၁၄ ဘီလျံကျော်၊
- သတ္တုကဏ္ဍတွင် ကျပ် ၁၄၁ ဘီလျံကျော်၊
- မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၈၂ ဘီလျံကျော်၊
- စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၁ ဘီလျံကျော်နှင့်
- အခြားဝန်ဆောင်မှုကဏ္ဍများတွင် ကျပ် ၂၃၄၅ ဘီလျံကျော်
အသီးသီး မြှုပ်နှံထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ပမာဏများပြားသည့်
ကဏ္ဍများတွင် အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ အခြားဝန်ဆောင်မှု
လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့
ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၂၉၂ ခုကို
လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး
စုစုပေါင်း ပမာဏ ကျပ် ၁၄၆၅၉၅၂၆ ဒသမ ၄၃၂ သန်း
(ကျပ် ၁၄၆၅၉ ဘီလျံကျော်) ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလလကုန်အထိ ခွင့်ပြုထားသည့်
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ခွင့်ပြုပြီးလုပ်ငန်း
များမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ ခွင့်ပြုပြီးလုပ်ငန်းများမှ
ရင်းနှီးမြှုပ်နှံမှုလျှော့ချခြင်းတို့လည်း ပါဝင်ကြောင်း
သိရသည်။
နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီး
မြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များရရှိရန် အတွက်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ရှိရမည်
ဖြစ်ကြောင်း သိရသည်။
ယခင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့သာ တင်ပြ
လျှောက်ထားခဲ့ရသော်လည်း ယခုအခါတွင်
အမေရိကန်ဒေါ်လာ ငါးသန်းသို့မဟုတ် ကျပ်သန်း ၆၀၀၀
အထိ မတည်ပြီးရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို
တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ
က အတည်ပြုမိန့် ထုတ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း
သိရသည်။
ပြည်နယ်/ တိုင်းဒေသကြီးဝန်ကြီးချုပ်များ ဥက္ကဋ္ဌအဖြစ်
ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု
ကော်မတီများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
ဇူလိုင်လအတွင်း ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ပြည်နယ်နှင့်တိုင်းဒေသကြီး
၁၄ ခုနှင့် နေပြည်တော်ကောင်စီတို့အတွက် ဖွဲ့စည်းပေးခဲ့
ခြင်းဖြစ်ကြောင်း သိရသည်။
(မင်းသီဟဇော်)
credit - DVB & Eleven Media Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment