Sunday, November 19, 2017

"ဘောင်ထဲရောက်လာသည့် အနောက်ပိုင်းမြို့သစ်နှင့် ဟံသာဝတီလေဆိပ်"

"ဘောင်ထဲရောက်လာသည့် အနောက်ပိုင်းမြို့သစ်နှင့်
ဟံသာဝတီလေဆိပ်"


၁။ "ရန်ကုန်အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်
ကိုပါ ထည့်သွင်း၊ မြို့နယ် သုံးခု၊ မြေဧကလေးသောင်း
ကျော်ဖြင့် စီမံကိန်း ရေးဆွဲထားဟု
ဆောက်လုပ်ရေး ဒုဝန်ကြီးပြော"

ရန်ကုန် အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်ကို
ပါ ထည့်သွင်းထားပြီး မြို့နယ်သုံးခု၊ မြေဧကလေးသောင်း
ကျော်ဖြင့် စီမံကိန်းရေးဆွဲထားကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင်
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက
ဒလမြို့သစ်စီမံကိန်းဖော်ဆောင်ရန် သိမ်းယူခဲ့သောမြေများ
အနက် ဆောင်ရွက်မှု မရှိသေးသော(၁၁/၁၄)ရပ်ကွက်၊
အံ့ကြီးအနောက်ရပ်ကွက်၊ (၆)နံပါတ် ရပ်ကွက်များရှိမြေများ
အား အနာဂတ်စီမံကိန်း အကောင်အထည်ဖော်
ဆောင်ရွက်ရန် မည်သည့်အချိန်တွင်စတင်မည်၊ မည်မျှအချိန်
ကြာမြင့်မည်၊ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို
သိလိုကြောင်း မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးက ယင်းသို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်ရှိသည့်အနက်
၁၉၉၁ ခုနှစ်က မြို့ကွက်သစ်စီမံကိန်းအတွက် ဧက ၁၀၀၀
ကျော် သိမ်းခဲ့ပြီး ရပ်ကွက် ၂၀ မှာ မြို့ကွက်သစ် ဖြစ်လာပြီး
ကျန်သုံးရပ်ကွက်မှာ မြို့ကွက်သစ်ဖော်ဆောင်သေးခြင်း
မရှိသဖြင့် မြေဧကများ ကျန်ရှိနေကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ပြောသည်။

"မြို့ကွက်သစ်မှာ ချပေးဖို့ ပြည်သူတွေ တောင်းဆိုနေတာ
ကျွန်တော်တို့ အစိုးရအပါအ၀င် အစိုးရသုံးဆက် ရှိပါပြီ။
ဘာမှထူးခြားလာခြင်း မရှိပါဘူး။
ပြည်သူ လူထုက ကျွန်တော်တို့အစိုးရလက်ထက်မှာ ဆုံးရှုံး
နေတဲ့အခွင့်အရေးတွေကို ပြန်ရမယ်လို့ မျှော်လင့်နေကြ
ပါတယ်" ဟု ဒေါက်တာစိန်မြအေး က ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း
က စီမံကိန်းအကောင်အထည်ဖော်ရန် ကျန်ရှိသောရပ်ကွက်
သုံးခုကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့်
ရန်ကုန်မြို့တော်ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး
ကော်မတီ၏ အနာဂတ်မြို့ပြ ဖွံ့ဖြိုးမှု အပေါ်မူတည်ပြီး
Master Plan ရေးဆွဲကာ ဆောင်ရွက်သွားမည်ဟု
ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှဖော်ဆောင်မည့်
ရန်ကုန် မြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်လည်းအပါအ၀င်
ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ထပ်လောင်းပြောသည်။

"ဒလမြို့နယ်အပါအ၀င် ဒလ မြို့နယ်၊ ဆိပ်ကြီးခနောင်တို
မြို့နယ် နဲ့ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာတည်ရှိတဲ့
လှိုင်သာယာမြို့နယ်၊ ဒီမြို့နယ်သုံးခုကို ပူးပေါင်းပြီးတော့ မှ
အဲဒီမှာ မြေဧကလေးသောင်းကျော်ကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး
Master Plan ရေးဆွဲထားပါတယ်။
ရန်ကုန် အနောက်ပိုင်းမြို့သစ်စီမံကိန်းဆိုပြီး ရေးဆွဲထား
ပြီးတော့ အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
အကောင်အထည်ဖော်မယ့် Project အထဲမှာ ဒလမြို့
ကလည်း အပါအ၀င်ဖြစ်ပါတယ် " ဟု ဒုတိယ၀န်ကြီး
ဦးကျော်လင်းက ပြောသည်။

စီမံကိန်း စတင်မည့်ရက်ကိုမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့နှင့်ညှိနှိုင်းပြီး ပြန်ကြားသွားမည် ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက
ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ ခုနှစ် ပထမအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင်
ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား
ရန်ကုန်မြို့တော်ဝန်က ဖော်ဆောင်ရေးအဆိုတင်သွင်းခဲ့ခြင်း
ဖြစ်ပြီး စီမံကိန်းများနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်
လာပြီးနောက် အဆိုကို ပြန်လည် ရုပ်သိမ်း ခဲ့သည်။

ယင်းပထမအအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
သက်တမ်း ၂၀၁၅ ခုနှစ် ဇွန်လတွင်ပြုလုပ်သော ရန်ကုန်တိုင်း
လွှတ်တော် အစည်းအဝေး၌ ကြည့်မြင်တိုင်မြို့နယ်အမှတ်(၂)
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကရန်ကုန်မြို့သစ်
စီမံကိန်း အမြန်အကောင် အထည်ဖော်ရေးအဆိုကို
တင်သွင်းပြီး လွှတ်တော်ကအတည်ပြုခဲ့ သည်။

ယင်းအတည်ပြုချက်နှင့်ပတ်သက်ပြီး လက်ရှိရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်မှု
အခြေအနေကို ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ လွှတ် တော်၌
လျှစ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က ရှင်းလင်းခဲ့ရာ မူလ ချုပ်ဆိုခဲ့သောကုမ္ပဏီ
သုံးခုကိုခေါ်ယူညှိနှိုင်းမှုအရ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့သစ်မှ ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်၊
ရန်ကုန်မြို့သစ်တည်ဆောက်ရေးလုပ်ငန်းစဉ်ကော်မတီ ကို
တာဝန်ပေးထားပြီး အနောက်တောင်မြို့သစ်စီမံကိန်းအဖြစ်
ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဖော်ဆောင်မည်ဟုသာ
ရှင်းလင်းထားကြောင်း သိရသည်။

(YM)

*****

၂။ "ဟံသာဝတီလေဆိပ်ဆောက်ရန် အစိုးရက ဦးစားပေး"

လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော ပို့ဆောင်ရေး
မဟာစီမံချက်၏ လေကြောင်း ပို့ဆောင်ရေးအပိုင်းတွင်
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဆောက်လုပ်ရေး
စီမံကိန်းသည် ပင်မဦးစားပေးဖြစ်ပြီး ယခုအစိုးရသက်တမ်း
အတွင်း ထိုစီမံကိန်းတစ်ခုတည်းကိုသာ တစိုက်မတ်မတ်
ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားလိုက်သည်။

မူဘောင်သဘောတူညီချက်ကို တင်ဒါအောင်မြင်ထားသည့်
ကုမ္ပဏီများနှင့် ရေးထိုးပြီးဖြစ်သလို လုပ်ပိုင်ခွင့် ဆိုင်ရာ
သဘောတူညီမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဒုတိယဝန်ကြီး ဦးဆောင်ဆွေးနွေးနေပြီး ယခုနှစ်ကုန်တွင်
ပြီးပြတ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်/ဆက်သွယ်ဝန်ကြီး ဌာန
အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

''စီမံကိန်းဟာ နောက်ငါးနှစ်အတွင်းမှာ ပြီးရမှာ ဖြစ်တယ်။
ရန်ကုန်ကွင်းရဲ့အနေအထားအရဆိုရင် ဟံသာဝတီကွင်းက
နောက်ငါးနှစ်မှာ ပြီးဖို့လိုနေပြီလို့ ဝန်ကြီးဌာန အနေနဲ့ရော
လေကြောင်းဦးစီးအနေနဲ့ရော ဒီလိုပဲတွက်ချက်သုံးသပ်
ဆုံးဖြတ်ထားတယ်။
နောက်ပြီးတော့ ဂျပန်က တရားဝင်ဖွံ့ဖြိုးရေးချေးငွေကိုလည်း
အစိုးရက ချေးတဲ့အလုပ်ကို လုပ်ပေးရမယ်။
ဆပ်တာတော့ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက ဆပ်မယ်။
ဒါကြောင့် ကျန်တဲ့ဆွေးနွေးမှုအပိုင်းတွေ အများကြီးကျန်
သေးတယ်''ဟု ၎င်းက ပြောသည်။

လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်
၂ ဒသမ ၇ သန်းကိုသာ လက်ခံနိုင်ကာ ၂ဝ၁၃ ခုနှစ်အတွင်းက
ခရီးသည်သုံးသန်းကျော်အထိ ဝင်ရောက်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုးချဲ့ရန် မြေနေရာ
ကန့်သတ်ချက်များရှိပြီး တိုးတက်များပြားလာသော လေကြောင်း
ခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်း/တက်ရန်
မလုံလောက်တော့သည့်အတွက် ရန်ကုန်အနီး တစ်ဝိုက်တွင်
လေဆိပ်သစ်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ကျေးရွာအနီးရှိ ၉,၆၉ဝ ဧက
ကျယ်ဝန်းသော ဂျပန်ခေတ်က လေယာဉ်ကွင်းဟောင်းကို
ရွေးချယ်ထားပြီး တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းကို ကိုင်တွယ်
ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းထားသည်။

အခြားတစ်ဖက်တွင်မူ ရန်ကုန်မြို့နှင့် လေယာဉ်ကွင်းသစ်ကြား
ခရီးလမ်း အကွာအဝေးကများနေသဖြင့် အခက်အခဲကလည်း
ရှိနေသည်။

''ဟံသာဝတီလေဆိပ်ကို ရန်ကုန်လေဆိပ်နဲ့ ကားလမ်းသို့မဟုတ်
ရထားလမ်းနဲ့ချိတ်ဆက်ဖို့ရာ ပုဂ္ဂလိကရင်းနှီး ထည့်ဝင်မှုတွေ
လိုအပ်တယ်။
ရန်ကုန်လေဆိပ်နဲ့ချိတ်ဆက်ဖို့ လမ်းတွေမရှိရင် အဲဒီလေဆိပ်သစ်
ဟာ အသုံးဝင်မှာမဟုတ်ဘူး'' ဟု ဦးဝင်းခန့်က ပြောသည်။

ပြည်တွင်းလေယာဉ်ကွင်းများအနက် အလားအလာရှိသော
လေယာဉ်ကွင်း သုံးကွင်းဖြစ်သည့် မော်လမြိုင်၊ ကော့သောင်းနှင့်
ဟဲဟိုးကွင်းများကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံ
(PPP model) ဖြင့် လုပ်ဆောင်ရန်ရည်ရွယ်ထားသော်လည်း
လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချမှတ်ထားသော
စည်းမျဉ်း ဥပဒေများက အတည်တကျမရှိသေးသဖြင့် စိန်ခေါ်မှုများ
ရှိနေကြောင်း ဦးဝင်းခန့်က ပြောသည်။

(စုဖြိုးဝင်း)

credit - Democracy Today & The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment