“ဟံသာဝတီ နောက်ဆက်တွဲ သတင်းများ”
၁။ "ဟံသာဝတီလေဆိပ် စီမံကိန်း တင်ဒါအောင်ကုမ္ပဏီ
နှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ဆွေးနွေးမည်"
ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရေးအတွက်
လုပ်ကိုင်ခွင့်ရထားသော တင်ဒါ အောင်မြင်ထားသည့်
ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ညှိနှိုင်း
ဆွေးနွေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး
ညွန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးရဲထွဋ်အောင်က ပြောကြားသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် တင်ဒါအောင်မြင်
ထားသော ဂျပန်နိုင်ငံမှ JGC-Yangnam-Changi
Airport International Consortium နှင့် သဘောတူညီ
ထားချက်အရ စာချုပ်သက်တမ်း ၂ နှစ်သာရှိရာ ဇန်နဝါရီလ
၁၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သဖြင့်
ယင်းမတိုင်မီ နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးရန်
ပြင်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
“ဆွေးနွေးဖို့ကိစ္စကို အီးမေးလ်နဲ့ အပြန်အလှန် ပြောထား
တာတွေ ရှိတယ်။
မူဘောင်သဘောတူညီချက်အရ ၂ နှစ်ပြည့်ရင် စာချုပ်
သက်တမ်းက ပျက်ပြယ်မှာပါ။
မပျက်ပြယ်ခင်မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်။
ဒီတစ်ခါ ဆွေးနွေးတာက နောက်ဆုံးအကြိမ် ဆွေးနွေးဖို့ပါ”
ဟု ဦးရဲထွဋ်အောင်က ရှင်းပြသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းသည် အမေရိကန်ဒေါ်လာ
၁ဒသမ၈ဘီလီယံခန့် ကုန်ကျမည်ဖြစ်ရာ လက်ရှိတွင်
တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီအနေနှင့် ဂျပန်အစိုးရ
ထံမှ ပုဂ္ဂလိကချေးငွေရရှိရန် ဆွေးနွေးလျက်ရှိသည်။
ယင်းစီမံကိန်းအတွက်
၂၀၁၂ ခုနှစ်ကစ၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့်
ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်သော PPP စနစ်
ကို အခြေခံသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊
စီမံကိန်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှနေ၍
အစိုးရချင်းချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်
ရရှိရန် သဘောတူထားပြီး ဖြစ်ကြောင်း လေကြောင်း
ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
နိုင်ငံ့စီးပွားရေး အခြေအနေ၊ ခရီးသည်များနှင့် ပြေးဆွဲနေ
သော လေကြောင်းလိုင်းအရေအတွက်များအရ ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဆင့်မြှင့်တင်ထားပြီး
ဖြစ်သည့်အတွက် လက်ရှိကာလများအတွင်း ဟံသာဝတီ
လေဆိပ်စီမံကိန်းကို အရေးတကြီး ဆောင်ရွက်ရန်မလို
သေးကြောင်း ပြည်တွင်းပြည်ပ ပြေးဆွဲနေသော
လေကြောင်းလိုင်းတစ်ခု၏ တာဝန်ရှိသူက
မှတ်ချက်ပြုသည်။
ဟံသာဝတီလေဆိပ်စီမံကိန်း ပြီးစီးပါက ပထမအဆင့်
အနေနှင့် လေဆိပ်အတွင်း ခရီးသည် ၁၂ သန်းခန့် နားနေ
နိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်ပြီးစီးပါက ခရီးသည်
သန်း ၂၀ ခန့်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း
ဦးရဲထွဋ်အောင်က ထပ်လောင်းပြောဆိုသည်။
လက်ရှိတွင်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
အဆင့်မြှင့်တင်မှုများကို အဆင့်လိုက်ဆောင်ရွက်နေသော်
လည်း အနာဂတ်တွင် တိုးပွားလာမည့် ခရီးသည်ပမာဏ
အတွက် အပြည်ပြည်ဆိုင်ရာ အဓိကလေဆိပ်ကြီး အဖြစ်
ဟံသာဝတီလေဆိပ်ကို တည်ဆောက်ရန် စီစဉ်ရခြင်း
ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာနထံမှ သိရသည်။
*****
၂။ "ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် ကျူးကျော်
တစ်ထောင်ကျော်ကို လျော်ကြေးပေး ဖယ်ရှားမည်"
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အနီးမှာ တည်ဆောက်မယ့်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ဧရိယာ
ထဲမှာရှိနေတဲ့ ကျူးကျော်နေအိမ် ၁ ထောင်ကျော်ကို
လျော်ကြေးပေး ဖယ်ရှားကာ မြေနေရာပြန်ပေးဖို့ ပဲခူးတိုင်း
အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ တိုင်းလွှတ်တော်
ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။
လေယာဉ်ကွင်းရဲ့ မြောက်ဘက်ပိုင်းက မြေ ၂၈ ဧကပေါ်မှာ
ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့
ပဲခူးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်ရွှေက
ပြောပါတယ်။
"ကျနော် သိတာကတော့ ဟံသာဝတီလေဆိပ်နဲ့ပတ်သက်
လို့ ကျူးကျော်တွေကို စာရင်းကောက်ပြီးပြီ ခင်ဗျ၊
တိုင်းဒေသကြီးအစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာလောက်က
စာရင်းကောက်ထားပြီးပြီ၊ အားလုံး ၁ ထောင်ကျော်
ရှိပါတယ်၊
ကျူးကျော်တွေကို ပြန်ပြီး နေရာချပေးဖို့အတွက်
လေယာဉ်ကွင်းရဲ့ မြောက်ဘက်နားမှာ မြေ ၂၈ ဧက
ရှိပါတယ်၊
အဲဒီထဲမှာ နေရာချပေးဖို့ လုပ်နေပါတယ်၊
လုပ်ပြီးတာနဲ့ သူတို့ကိုတစ်ခါတည်း နေရာလည်းချမယ်၊
ထိုက်သင့်တဲ့လျော်ကြေး၊ နစ်နာကြေးလည်း
သူတို့ပေးပါလိမ့်မယ်"
အဲဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ လာရောက်ကာ တိုင်းဒေသကြီး အစိုးရ
အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းအတွက် တိုင်းအစိုးရအဖွဲ့က ကျူးကျော်တွေကို
ရှင်းလင်းတာ၊ လေယာဉ်ကွင်းပတ်လမ်းလုပ်တာနဲ့ ခြံစည်းရိုး
ခတ်တာတွေ လုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့လည်း
ဦးညွှန့်ရွှေက ပြောပါတယ်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းဧရိယာ
ဖြစ်တဲ့ မြေဧက ၉ ထောင်ကျော်ထဲမှာ ရှိနေတဲ့ ကျူးကျော်
တွေကို ဖယ်ရှားဖို့အတွက် လျော်ကြေးငွေတွေကို ဘယ်လို
နှုန်းထားတွေနဲ့ ပေးအပ်သွားမလဲဆိုတာတော့
မသိရသေးဘူးလို့လည်း ပြောပါတယ်။
အဲဒီ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို
အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ အကုန်ခံ တည်ဆောက်
မယ့် ပြည်ပကုမ္ပဏီတွေက ဂျပန်နိုင်ငံက JGC Corporation,
စင်ကာပူနိုင်ငံက Yongnam Holdings Ltd နဲ့ Changi
Airports International တို့ ဖြစ်ကြပါတယ်။
အဲဒီလေဆိပ်ကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးလေဆိပ်
ဖြစ်လာမှာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ အပြီးသတ်
ဆောက်လုပ်မှာဖြစ်ပါတယ်။ တစ်နှစ်ကို ခရီးသည် ၁၂ သန်း
အဝင်အထွက်ရှိမှာလည်း ဖြစ်ပါတယ်။
*****
၃။ "ရန်ကုန်နှင့်ပဲခူး ကားလမ်းသစ် ဖောက်ရန် စီစဉ်"
ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့
ဆက်သွယ်မည့် လမ်းသစ်ဖောက်လုပ်ရန် တိုင်းဒေသကြီး
အစိုးရ အဖွဲ့နှစ်ဖွဲ့ ကနဦးသဘောတူထားပြီး ဆောက်လုပ်ရန်
ပြင်ဆင်နေကြောင်း ပဲခူးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
လမ်းမကြီး ထပ်ဖောက်ရန်အတွက် ကုန်ကျမည့် ငွေကြေး
ပမာဏနှင့် အကောင်အထည်ဖော်မည့် ကာလကို နှစ်ဖက်
အစိုးရအဖွဲ့ ညှိနှိုင်းဆဲဖြစ်ကြောင်း၊ စီမံကိန်းကို
လမ်းအူကြောင်း မြေပုံရေးဆွဲပြီးပါက တိုင်းဒေသကြီး
လွှတ်တော်ထံ တင်ပြကာ အတည်ပြုချက် တောင်းခံ
သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏
ပြောရေးဆိုခွင့်ရသူ ဖြစ်သော သယံဇာတ၊သစ်တောနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ
က ပြောကြားသည်။
ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမတွင် လမ်းသစ်ဖောက်မည့်
စီမံကိန်းနှင့်ပတ်သက်၍ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် နှစ်ဖက်
အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့သည်။
အဆိုပါ လမ်းသစ်စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး
သီလဝါဆိပ်ကမ်းနှင့် ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းများကို အကျိုးဖြစ်ထွန်း
စေရန် ရည်ရွယ်ထားကြောင်း၊
လမ်းဖောက်လုပ်ရာတွင် ပဲခူးမြစ်ကူးတံတား တစ်ခုကိုလည်း
ထပ်မံ အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှစ်ဖက်
တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့
သူများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း သီလဝါ
ဆိပ်ကမ်းကတစ်ဆင့် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်ကနေ
ပဲခူး ကဝလမ်း ချိတ်ဆက်မိပါက ကုန်စည်စီးဆင်းမှု ပိုမို
မြန်ဆန်လာမည် ဖြစ်ကြောင်းကို ထည့်သွင်းပြောကြား
ခဲ့ကြာင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦး က
ဆိုသည်။
အဆိုပါ လမ်းသစ်စီမံကိန်းကို ဆောက်လုပ်ရေးဦးစီးဌာန
(မြို့ပြ) က တင်သွင်းထားသည့် လျာထားစီမံကိန်းသုံးခု
တင်ပြထားပြီး တံတားသစ်တစ်စင်းကို တံတားဦးစီးဌာန
တည်ဆောက်ရေးအဖွဲ့ (၃) တံတား အထူးအဖွဲ့ (၁၀) မှ
တည်ဆောက်မည်ဖြစ်ကြောင်း၊
ယင်းတည်ဆောက်မှုကို ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီး
စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်တို့က ပူးပေါင်းအကောင်အထည်
ဖော်ဆောင်မည် ဖြစ်ကြောင်း ပဲခူးအစိုးရအဖွဲ့ထံမှ
သိရသည်။
“စီမံကိန်း အကောင်အထည် ဖော်ဆောင်မယ့်အဖွဲ့ကို ဖွဲ့ဖို့
ပြင်ဆင်နေပါတယ်၊
ကနဦး တွေ့ဆုံမှုတွေလည်း လုပ်နေဆဲပါ”ဟု စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ပြောကြားသည်။
ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းကို ရန်ကုန်-မန္တလေး လမ်းဟောင်း
နှင့် အမြန်လမ်းအပြင်
ပဲခူး - သနပ်ပင် - ခရမ်း - သုံးခွလမ်းဖြင့် ဆက်သွယ်
ထားကြောင်း၊
ယခု လမ်းသစ်စီမံကိန်း အကောင်အထည် ဖော်ပါက
လေးခုမြောက် လမ်းမ ဖြစ်လာမည့်အပြင် တိုင်းဒေသကြီး
နှစ်ခုအကြား ကုန်စည်စီးဆင်းမှု ပိုမြန်လာနိုင်ကြောင်း
ပဲခူးဒေသခံများထံမှ သိရသည်။
credit - The Voice Myanmar & RFA Burmese
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment