Sunday, March 4, 2018

“ဂဏန်း ၈ လုံးအထိ တိုးမြှင့်လိုက်သော တစ်ထောင်တန်”

“ဂဏန်း ၈ လုံးအထိ တိုးမြှင့်လိုက်သော တစ်ထောင်တန်”

၁။ "ဂဏန်း ၈ လုံး ပါ တစ်ထောင်တန်တွေ ထွက်ရှိလာ"

အမှတ်စဉ် ဂဏန်း ၇ လုံးကနေ ၈လုံး အထိ
နံပါတ်စဉ် တိုးမြှင့်ထားတဲ့ တစ်ထောင်တန် ငွေစက္ကူတွေ
ငွေကြေးဈေးကွက်ထဲကို ဖြန့်ချိထားတယ်လို့
ဗဟိုဘဏ်က ပြောပါတယ်။

ဗဟိုဘဏ်ကနေ အသစ်ရိုက်နှိပ်ထုတ်ဝေထားတဲ့
ဒီငွေစက္ကူသစ်တွေဟာ အခုလ အစောပိုင်းကတည်းက
ငွေကြေးဈေးကွက်ထဲကို ဘဏ်တွေကနေ တဆင့်
ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အရင်ထုတ်ဝေခဲ့တဲ့ ဟောင်းနွမ်းပျက်စီး
နေတဲ့ ငွေစက္ကူတွေကို ဖျက်ဆီးပြီး အစားထိုး အသစ်ပြန်
ရိုက်နှိပ်တာ ဖြစ်သလို လိုအပ်တဲ့ လှည့်လည် သုံးစွဲငွေ၊
ဘတ်ဂျက်လိုငွေအပေါ် မူတည်လို့ အခုလို ဂဏန်း ၈လုံး
အထိ တိုးမြှင့်ထားတဲ့ တစ်ထောင်တန် အသစ်တွေ
ထုတ်ဝေရတာ ဖြစ်တယ်လို့ ဗဟိုဘဏ် ငွေကြေး လုပ်ငန်း
စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး ဦးကျော်ရန်နိုင်က
ပြောပါတယ်။

ဟောင်းနွမ်းစုတ်ပြတ်တဲ့ ငွေစက္ကူတွေကို လုံးဝဖျက်ဆီး
လိုက်ပြီး အဲ့ဒီဂဏန်းတွေကိုလည်း ပြန်မသုံးတော့တဲ့
အတွက် အစားထိုးထုတ်မယ့် ငွေစက္ကူတွေရဲ့ ဂဏန်း
နံပါတ်စဉ်တွေဟာ ပိုမြင့်လာပြီး အခုလို ဂဏန်း ၇ လုံးကနေ
၈ လုံးဖြစ်လာရတာပါလို့ ဗဟိုဘဏ်ဖက်က ရှင်းပြပါတယ်။

စီးပွားရေးပညာရှင်လည်းဖြစ် စီးပွားရေး တက္ကသိုလ်
ပါမောက္ခဟောင်းလည်းဖြစ်တဲ့ ဒေါ်ရီရီမြင့်ကတော့
ဒီလို ငွေစက္ကူအသစ်တွေ ထပ်ရိုက်တာက ငွေကြေး
ဖောင်းပွမှုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ
နိုင်တယ် ဆိုပြီးတော့ သုံးသပ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဂဏန်း ၆ လုံးပါ ငွေစက္ကူတွေကို ရိုက်နှိပ်
ခဲ့ပြီး ဒီကမှ ဂဏန်း ၇ လုံး အခု ဂဏန်း ၈ လုံးအထိ တိုးမြှင့်ပြီး
ရိုက်နှိပ်ထုတ်ဝေလာတာ ဖြစ်ပါတယ်။

အခု အသစ်ထွက်ရှိလာတယ်ဆိုပေမယ့် ရှိနေဆဲ
ဂဏန်း ၇ လုံးနဲ့ တစ်ထောင်တန် ငွေစက္ကူတွေကိုလည်း
ပြန်သိမ်းမှာမဟုတ်သလို ဒီငွေစက္ကူတွေကိုလည်း
ဆက်သုံးခွင့်ပြုထားပါတယ်။

ဒါပေမယ့်တော့ အခုလို ဂဏန်း ရှစ်လုံးတိုးပါတဲ့ ငွေစက္ကူ
ဘယ်လောက်ထုတ်မယ် ဆိုတာကိုတော့ တိတိကျကျ
မပြောနိုင်ဘူးလို့ ဗဟိုဘဏ်က ပြောပါတယ်။

လောလောဆယ်မှာ ငွေစက္ကူတွေကို ဗဟိုဘဏ်ရဲ့ တင်ပြချက်
အပေါ်မူတည်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနနဲ့
တပ်မတော် ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတဲ့ ဝါဇီစက်ရုံကနေ
ရိုက်နှိပ်ထုတ်ဝေနေတာပါ။

ဗဟိုဘဏ်အနေနဲ့ကတော့ နှစ်စဉ်ငွေစက္ကူအဟောင်းတွေကို
ပုံမှန်ဖျက်သိမ်းပြီး အစားထိုးရိုက်နှိပ်ထုတ်ဝေတာကို စနစ်တကျ
လုပ်နေတယ်လို့ ပြောပါတယ်။

အခု တစ်ထောင်တန်တွေအပြင် နောက်ပိုင်းမှာလည်း
တစ်ထောင်တန်အောက် ငွေစက္ကူအသေးတွေနဲ့ ၅ ထောင်
တစ်သောင်းတန် ငွေစက္ကူကြီးတွေကိုပါ ဂဏန်း ရှစ်လုံးအထိ
တိုးမြှင့်ထုတ်ဝေလာဖို့ တွေ ရှိနိုင်တယ်လို့ ဗဟိုဘဏ် ငွေကြေး
လုပ်ငန်းစီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူး
ဦးကျော်ရန်နိုင်က ပြောပါတယ်။

*****

၂။ "ငွေစက္ကူနံပါတ် ဂဏန်းခုနစ်လုံးမှ ရှစ်လုံးသို့ အမှတ်စဉ်
တိုးမြှင့်ရိုက်နှိပ်ခြင်းမှာ စနစ်တကျလုပ်ဆောင်ခြင်းဖြစ်ကြောင်း
ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်ပြောဆို"

ငွေစက္ကူများကိုရိုက်နှိပ်ထုတ်ဝေသည့် ဝါဇီစက်ရုံသည်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တပ်မတော်၏ကွပ်ကဲမှု
အောက်တွင် ရှိပြီး ငွေစက္ကူများကို ဗဟိုဘဏ်၏ စည်းမျဉ်း
စည်းကမ်းနှင့်အညီ ရိုက်နှိပ်နေသည့်အတွက် ငွေစက္ကူဂဏန်း
ခုနစ်လုံးမှ ရှစ်လုံးဖြစ်လာခြင်းမှာ စနစ်တကျလုပ်ဆောင်
နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက မြန်မာတိုင်းမ်
နေ့စဉ်သို့ ဖေဖော်ဝါရီ ၁၉ ရက်၌ ပြောဆိုသည်။

မှတ်ပုံတင်ပြီး
။။။။။။။။။။။။။။။

"ဝါဇီသည် ဘဏ္ဍာအခွန်ရဲ့လက်အောက် မှာရှိသလို
တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာလည်း ရှိတယ်။
လုပ်လို့မရပါဘူး။ ကျွန်တော်တို့ ဆီမှာ ဂဏန်းစီးရီး အလိုက်
မှတ်ပုံတင်ထားပြီး ဖြစ်တယ်။
ကိုယ်ရိုက်ချင်သလို၊ ကြိုက်သလို ရိုက်နှိပ်လို့ မရတာဖြစ်တဲ့
အတွက် ဂဏန်း ခုနစ်လုံး၊ ရှစ်လုံးက ပြဿနာ မဟုတ်ကြောင်း
တင်ပြလိုပါတယ်"ဟု ၎င်းက ပြောဆိုသည်။

စည်းကမ်းအတိုင်း
။။။။။။။။။။။။။။။။။။။။။

ကျပ် ၁၀ဝ၀ တန် ငွေစက္ကူများကို ဂဏန်း ခုနစ်လုံးမှ ရှစ်လုံးသို့
တိုးမြှင့်ထုတ်လုပ်ကာ ဖြန့်ချိခဲ့သည့်အတွက် ပြင်ပတွင်
ကောလာဟလ သတင်းများထွက်ပေါ်လျက်ရှိပြီး ဗဟိုဘဏ်၏
လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ အတိုင်း
ငွေစက္ကူဟောင်းများကို ဖျက်သိမ်း ကာ စနစ်တကျရိုက်နှိပ်
ထုတ်ဝေလျက်ရှိပြီး အမှတ်စဉ်အရေအတွက်အတိုင်းသာ
ရိုက်နှိပ် ထုတ်ဝေခြင်းဖြစ်သည်။

ထို့အပြင် ဟောင်းနွမ်း စုတ်ပြဲနေသည့် ငွေစက္ကူဟောင်းများကို
ဖျက်သိမ်းမှုများ ပုံမှန်ပြုလုပ်လျက်ရှိသည့်အတွက် အမှတ်စဉ်
နံပါတ်အသစ်များကို ရိုက်နှိပ် ထုတ်ဝေခြင်း ဖြစ်သည်။

မှတ်တမ်းတင်
။။။။။။။။။။။။။။။။

"အဟောင်းတွေဖျက်တဲ့ငွေစက္ကူက ဂဏန်းကို ပြန်မသုံးဘူး။
ဥပမာ- ဂဏန်း ၁၀ဝ ကို ဖျက်ထားရင် အဲဒီဂဏန်း ၁၀ဝ ကို
ပြန်မရိုက် ဘူး။
ဟောင်းသွားလို့ဖျက်တဲ့ ငွေစက္ကူတွေက အများကြီး။
ဖျက်ပြီးသားဂဏန်းကို ပြန်မယူဘူး။
ငွေစက္ကူဂဏန်းက ရှစ်လုံးလည်း ဖြစ်မယ်၊
ကိုယ်တို့မရှိတော့ရင် ကိုးလုံး၊ ၁၀ လုံးလည်း ဖြစ်နိုင်တယ်။
အဟောင်းကို ဖျက်ဆီးပြီး အသစ်ကိုပြန်မှာတယ်။
ကိုယ်တို့ ရိုက်ချင်တဲ့ ဂဏန်း၊ ပေးချင်တဲ့ဂဏန်း
ပေးလို့မရဘူး။
၂၂-၁၂-၂၀၁၇ ကတည်းက ရှစ်လုံးဂဏန်းတွေ
ကိုယ်တို့ဆီကို ဝင်နေပြီးသားပါ။
AB 1001 ကနေပြီးတော့ XY 5 အဆုံးနဲ့ နောက်က သုည
ခုနစ်လုံး အကုန်ဝင်သွားပြီးသား။
ပိုက်ဆံအဟောင်းတွေကိုဖျက်ပြီး အဲဒီရဲ့ တန်ဖိုးအစားပဲ
ပြန်ထုတ်တာပါ။
ကျပ် ၁၀ဝ၀ တန်တွေ နွမ်းသွားလို့ ဗဟိုဘဏ်ကိုရောက်လာရင်
အားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။
၁၀ဝ၀ တန်ဆို သန့်သန့်လေးကို မရှိတော့လို့ ရဲရဲတင်းတင်းကို
ဖျက်ပစ်တယ်။ မသုံးဘူး။ ဖျက်သွားလား၊
ပျက်သွားလား မသိနိုင်ဘူး။
ဂဏန်း နံပါတ် AB ကနေ XY အထိ သုံးထား ပြီးပြီ။
မှတ်ပုံတင်ထားပြီးသား။
အပြင်မှာ ကောလာဟလ ပြောနေသလို ကိုယ်တို့ဆီမှာ
ကြိုက်တဲ့ ဂဏန်းယူလာခဲ့ ကိုယ်ကတော့ အစစ်ခံရဲတယ်။
ပြန်ပြောရဲတယ်။
စီးရီးအလိုက်ကို မှတ်ပုံတင်ရတယ်။ ပြီးမှ လက်ခံရတယ်။
စာချုပ်တွေနဲ့ လုပ်ရတယ်။ စာချုပ်ထဲမှာ ဂဏန်းနံပါတ်
၁ ကနေ ဂဏန်းနံပါတ် ၁၀ဝ၀ အထိကို ရွက်ရေ
ဘယ်လောက်ဆိုပြီး လုပ်ထား ရတယ်။
ငွေရေးကြေးရေးဖြစ်လို့ စနစ်တကျ ထားရသလို နံပါတ်တွေကို
မှတ်တမ်းတင်ရတယ်။ စာချုပ်နဲ့ထားရတယ်။
ဂဏန်းနံပါတ် စီးရီးတွေကို ကိုယ်တို့ကနေတစ်ဆင့်
ဗဟိုဘဏ်ထဲထည့်၊ မှတ်တမ်းတင်ပြီးမှ ပြန်ထုတ် ပေးရတာ
ဖြစ်တယ်။
ကျပ် ၁၀ဝ၀ တန်အဟောင်းတွေများလို့ ဖျက်တာပါ"ဟု ၎င်းက
ဆက်လက် ပြောဆိုသည်။

လုပ်ထုံးလုပ်နည်း
။။။။။။။။။။။။။။။။။။။။

ထို့အပြင် ကျပ် ၁၀ဝ၀ တန် ငွေစက္ကူများ သာမက အခြားသော
ငွေစက္ကူများပါ ဟောင်း နွမ်းစုတ်ပြဲပြီး ဗဟိုဘဏ်သို့ အများ
ပြည်သူ လာရောက်အပ်နှံပါက ဖျက်ဆီးပြီး စီးရီးနံပါတ် အသစ်
များဖြင့် ထုတ်ဝေသည့်စနစ်မှာ ငွေရေး ကြေးရေး ဆိုင်ရာ
လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

လည်ပတ်
။။။။။။။။။။။။

မြန်မာနိုင်ငံအတွင်း လည်ပတ်နေသည့် ငွေကြေးပမာဏမှာ
ဘီလီယံ ၂၇,ဝ၀ဝ ကျော် ရှိပြီး
ဘီလီယံ ၂၂,ဝ၀ဝ ကျော်မှာ ဘဏ်များ တွင်
Fixed and Saving Account များ ဖြစ်ကြောင်း သိရသည်။

(ရာဇာအောင်)

credit - BBC Burmese & The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment