"မြို့သစ်စီမံကိန်း မြေယာလျော်ကြေး၊ မြေလွတ်မြေရိုင်းများကို
စစ်ဆေးမည့် အဖွဲ့နှင့် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းအတွက်
ဒဏ်ငွေများ"
၁။ "ရန်ကုန်မြို့သစ် စီမံကိန်းဖော်ဆောင်မည့် မြေယာ
လျော်ကြေးနှင့်ပတ်သက်၍ လက်ခံသဘောတူပါက
ရက်ပေါင်း ၃၀ အတွင်း သဘောတူလက်မှတ်ရေးထိုးရမည်
ဖြစ်ပြီး သတ်မှတ်ရက်ထက်ကျော်လွန်ပါက မြေသိမ်းဆည်း
ခြင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ"
ရန်ကုန်မြို့သစ် စီမံကိန်းဖော်ဆောင်မည့် မြေယာလျော်ကြေး
နှင့်ပတ်သက်ပြီး လက်ခံသဘောတူပါက ရက် ၃၀ အတွင်း
လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်ကျော်လွန်
ပါက မြေသိမ်းဆည်းခြင်းကိစ္စများကို ဆက်လက်ဆောင်ရွက်
မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေလျော်ကြေးပေးအပ်
မှုသည် လယ်မြေ တစ် ဧကလျှင် အခြားနည်း အသုံးပြုခွင့်
ရရှိပြီး မြေရာခိုင်နှုန်း ၂၀ ကို မြေယာလျော်ကြေး အဖြစ်
သတ်မှတ်အတည်ပြုခဲ့ကြောင်း၊
အခြားနည်းအသုံးပြုခွင့်ရရှိပြီးမြေ ရာခိုင်နှုန်း ၂၀ ပေးလျော်
မှုအား လက်မခံသူအား တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်း
ဖြင့် ပေးလျော်မည်ဖြစ်ကြောင်း၊
သတ်မှတ်မြေ ဧရိယာ အ၀န်းအ၀ိုင်းအား မြေသိမ်းခြင်း
လုပ်ငန်းကို ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။
မြေလျော်ကြေးပေးမှုနှင့်ပတ်သက်ပြီး ပိုင်ဆိုင်သူမှ သဘောတူ
လက်ခံပါက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဖွဲ့စည်းတာဝန်
ပေးထားသော သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာမြေနေရာ
ချထားရေးအဖွဲ့ထံတွင် ကြော်ငြာသည့် ၂၀၁၈ မတ် ၆ ရက်မှ
စပြီး ဧပြီ ၅ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း လာရောက်
သဘောတူညီမှု လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်း၊
သတ်မှတ်နေ့ရက်ထက် ကျော်လွန်ပါက မြေသိမ်းဆည်းခြင်း
ကိစ္စရပ်အ၀၀ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက်
- တွံတေးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ အုပ်စု ကွင်းပေါင်း
၄၅ ကွင်း၊ ဦးပိုင်ပေါင်း ၃၆၁၆၊ ဧရိယာ ၁၆၇၈၉ဧကနှင့်
- ဆိပ်ကြီးခနောင်တိုမြို့နယ်မှ သခင်ဘသောင်းရပ်ကွက်၊
ခနောင်တိုတောင်ကွင်း၊ ကွင်းအမှတ် ၁၉၀၊ ဦးပိုင် ၁၅ ခု၊
မြေဧရိယာ ၈၇ ဧကအား ရန်ကုန်မြို့ သစ်စီမံကိန်းဧရိယာ
အဖြစ် မြေသိမ်းရန် ကြော်ငြာထားပြီးဖြစ်ကြောင်း
သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင်
အနောက်တောင်မြို့သစ် စီမံကိန်း ကြည့်မြင်တိုင် တစ်ဖက်
ကမ်းမှ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင်မှစပြီးမြို့နယ်
သုံးမြို့နယ်နှင့် စပြီး အကောင်အထည်ဖော်မည်ဖြစ်ပြီး
၆၄ ဘီလျံကို ယခုမြို့သစ်စီမံကိန်းတွင် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရက ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း
သိရသည်။
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်သည့်အခါတွင်
အဓိကအားဖြင့်အများပိုင်ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအောက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊
တစ်ဖက်က ပါဝင်သည့် ၁၉၉၆ ခုနှစ်တွင် စဖွဲ့ခဲ့သည့်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်
၃၀၀၀ကျော် ရှိသည့် မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အသင်း(MCEA) ၏ စီးပွားရေး လုပ်ငန်း MCDP
(Myanmar Construction Development Public
Co.,Ltd) ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
MCDP နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့
ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ
(Myanmar Metropolitan Public Co.,Ltd) ထပ်မံဖွဲ့စည်း
ခဲ့ကြောင်း၊
၂၀၁၇ခုနှစ် မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စတင်ဖွဲ့စည်းခဲ့ကာ ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း၊
MCDB ကတော့ ၄၉ ရာခိုင်နှုန်းပါကြောင်း ဒုတိယအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး
တတိယနေ့တွင် ရှင်းလင်း ဆွေးနွေးခဲ့သည်။
(ဆန်းထူးအောင်)
*****
၂။ "လုပ်ပိုင်ခွင့်ရယူထားတဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေကို
စစ်ဆေးမယ့် အထူးအဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်း"
နေပြည်တော်ကောင်စီနယ်မြေအတွင်းက မြေလွတ်၊ မြေလပ်နဲ့
မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့်ရယူထားပြီး အမှန်တကယ် လုပ်ငန်း
အကောင်အထည်ဖော်မှု မရှိတာတွေကို ပြန်လည်သိမ်းယူနိုင်ဖို့
အတွက် စုံစမ်းစစ်ဆေးမယ့် အထူးအဖွဲ့ ၂ ဖွဲ့ကို မြေလွတ်၊
မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပြီးခဲ့တဲ့
ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
လုပ်ပိုင်ခွင့်ရယူထားသူတွေထဲမှာ တစ်ချိန်က အစိုးရတာဝန်
ရှိသူတွေများတဲ့အတွက် ဌာနဆိုင်ရာတွေအနေနဲ့ ၀င်ရောက်
စစ်ဆေးဖို့မှာ အကန့်အသတ်ရှိတာကြောင့် လွှတ်တော်
ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းလိုက်တာ
ဖြစ်တယ်လို့ ဥတ္တရခရိုင် ကွင်းဆင်းစစ်ဆေးရေး အထူးအဖွဲ့မှာ
ပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးမောင်မောင်ဆွေ က ပြောပါတယ်။
"လုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိတာ များပေမယ့်လည်း
သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေကပဲ စစ်ဆေးတဲ့ အခါမှာ
ကိန်းဂဏန်းမှားယွင်းမှုဆိုတာ အကြီးအကျယ်ကို
ဖြစ်နေတယ်လေ၊
နောက် ဌာနဆိုင်ရာတွေ အနေနဲ့လည်း လုပ်ပိုင်ခွင့်ရယူထား
တဲ့သူတွေက တစ်ချိန်တုန်းက တာဝန်ရှိတဲ့သူတွေ များတဲ့
အခါကျတော့ သူတို့အနေနဲ့လည်း ၀င်ရောက်စစ်ဆေးဖို့
ကျတော့ အကန့်အသတ်လည်းရှိတယ်၊
အဲဒါကြောင့် နိုင်ငံတော်က ကြီးမှူးပြီးတော့ မြေလွတ်၊
မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရယူထားပြီးတော့ ဥပဒေအတိုင်း
၎ နှစ်အတွင်းမှာ အကောင်အထည် ဖော်ထားခြင်း ရှိ/မရှိ ကို
စစ်ရမယ်၊ အကောင်အထည်ဖော်ထားခြင်းမရှိဘူးဆို
အဲကောင်တွေကို ပြန်သိမ်းရမယ် ဆိုတဲ့ မူဝါဒအရ
လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ အဖွဲ့တွေကို
ဖွဲ့လိုက်တာပါ"
ဒက္ခိဏခရိုင်နဲ့ ဥတ္တရခရိုင် ဆိုပြီး အထူးအဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်း
ပေးလိုက်တာဖြစ်ပြီး အဲဒီအဖွဲ့တွေမှာ လယ်ယာမြေ စီမံ
ခန့်ခွဲရေးနဲ့ စာရင်းအင်း၊ အထွေထွေအုပ်ချုပ်ရေး၊ စိုက်ပျိုးရေး
နဲ့ သစ်တော စတဲ့ခရိုင်ဦးစီးဌာန တာဝန်ရှိသူတွေနဲ့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ပါတယ်။
အဲဒီလို အထူးအဖွဲ့တွေကို နေပြည်တော်အပြင် တစ်နိုင်ငံလုံး
က သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက်
ဖွဲ့စည်းပြီး မြေလွတ် မြေလပ် မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့်
ရယူထားတဲ့ စီမံကိန်းတွေကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့
ဦးမောင်မောင်ဆွေ က ပြောပါတယ်။
အထူးအဖွဲ့တွေအနေနဲ့ ကွင်းဆင်းစစ်ဆေးပြီးရင် စစ်ဆေး
တွေ့ရှိချက်တွေကို ဓါတ်ပုံမှတ်တမ်း အထောက်အထားတွေနဲ့
အတူ နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်း
များ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ကို ပြန်လည် တင်ပြရမှာ လည်း
ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြေလွတ် မြေလပ်
မြေရိုင်းဧက သောင်းနဲ့ချီရှိပြီး ငှားရမ်းလုပ်ပိုင်ခွင့် ရယူထားတဲ့
လုပ်ငန်းရှင် အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။
မြေလွတ် မြေလပ် မြေရိုင်းတွေကို ငှားရမ်းလုပ်ပိုင်ခွင့်မှာ
ပါရှိတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအရ ၄ နှစ် ကြာတဲ့
အထိ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိရင်
၂၀၁၂ ခုနှစ် မြေလွတ် မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေနဲ့အညီ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ်
စိုက်ပျိုးမယ့်သူတွေကို လုပ်ပိုင်ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။
*****
၃။ "စည်းကမ်းမဲ့ အိမ်ဆောက်သူများထံမှ ကျပ်သိန်း
သုံးသောင်းခွဲခန့် ဒဏ်ငွေရ"
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းမဲ့
အဆောက်အအုံ ဆောက်လုပ်သူများထံမှ ဒဏ်ငွေ ကျပ်သိန်း
သုံးသောင်းခွဲခန့်ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်
သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ
အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
- ခွင့်ပြုချက်မဲ့တည်ဆောက်ခြင်း၊
- ခွင့်ပြုထားသည်ထက် ကျော်လွန်တည်ဆောက်ခြင်းနှင့်
- ခွင့်ပြုမိန့်မကျမီ ကြိုတင် ဆောက်လုပ်ခြင်းများအတွက်
ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊
၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လဆန်းပိုင်းအထိ
ဒဏ်ငွေ ကျပ်သိန်း ၃၄,၀၀၀ ကျော်ရရှိခဲ့ကြောင်း
၎င်းက ပြောဆိုသည်။
“ခွင့်ပြုချက်မဲ့ ဆောက်တာနဲ့ပတ်သက်လို့ ပြည်သူတွေကို
အကြံပြုချင်တာက ဌာနနဲ့အဆက်အသွယ်လုပ်ပါ။
စနစ်ကျတဲ့ အိမ်တွေဖြစ်အောင်လို့ပါ”ဟု အဆိုပါ
အကြီးတန်းအရာရှိက ရှင်းပြသည်။
မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ်
အဆောက်အအုံ ၄၅၀၀ မှ ၆၀၀၀ အကြား ဆောက်လုပ်ခွင့်
ပေးလျက်ရှိရာ ခွင့်ပြုထားသည့်ထက် အထပ်ပိုဆောက်ပါက
တစ်ပေပတ်လည် ကျပ် ၁၅,၀၀၀၊ ခွင့်ပြုမိန့်မကျမီ
တည်ဆောက်ပါက တစ်ပေပတ်လည်လျှင် ကျပ် ၁၅,၀၀၀
နှုန်းဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက
ဒဏ်ရိုက်အရေးယူနေခြင်းဖြစ်သည်။
“ဒဏ်ကြေးက တစ်ပေပတ်လည်ကို ၁၅,၀၀၀ ဆိုတာ
ကတော့ များပါတယ်ဗျာ။
ဒီအခွန်ထမ်းရတာကလည်း မလွယ်ပါဘူး။
ချမ်းသာလို့ ဆောက်တဲ့သူနဲ့ နေစရာမရှိလို့ ဆောက်တဲ့သူ
ဆိုပြီးရှိတာပေါ့။ ဒဏ်ကြေးကို လျှော့စေချင်တယ်။
နောက်ကို ၄ ပေ၊ ရှေ့ကို ၅ ပေ၊ ဘေးကို ၃ ပေချန်ပြီးတော့
ဆောက်ရမယ်ဆိုတာကလည်း မလွယ်ဘူး။
မြေကဒီလောက်ရှားနေတော့ တချို့နေရာတွေမှာ
လွယ်ပေမယ့် တချို့နေရာတွေကျတော့ မလွယ်ဘူး”ဟု
မန္တလေးတိုင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာအနေနှင့် ရရှိလာသည့်
ဝင်ငွေများဖြင့် လမ်းဖောက်ခြင်း၊ တံတာဆောက်ခြင်း၊
ရေမြောင်းများပြုလုပ်ခြင်း လုပ်ငန်းများတွင် ခွဲဝေသုံးစွဲ
ရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။
credit - Eleven Media Group / RFA Burmese
& The Voice
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment