"သတိရှိရမယ့် လက်မှတ်နှင့် လက်ဗွေ"
စာချုပ်ခေါင်းအလွတ်ပေါ်တွင် -
၁။ မလေ့လာ၊
၂။ မဆင်ခြင်၊
၃။ မဝေဖန်၊
၎။ မသုံးသပ်၊
ဘဲလွယ်လွယ်ဆုံးဖြတ်၍
လက်မှတ်၊လက်ဗွေ၊ရေးထိုးခတ်နှိပ်ပေးသူ
များသည်
ပူပန်သောကအထွတ်အထိပ်သို့ရောက်၍
နောက်ဆုံးထောင်ကျ၊ဒုက္ခရောက်၍
ဘဝပါပျက်ရသူများ
ဒီကနေ့
ဒုနဲ့ဒေးဖြစ်ကြရသည့်အတွက်
အများပြည်သူများအနေဖြင့်
မတရားလုပ်သူများအတွက်
အခွင့်အရေးတစ်ရပ်မဖြစ်စေရန်
ဥပဒေဗဟုသုတအနေဖြင့်
အသိပညာပေးတင်ပြလိုက်ပါသည်။
"သိမှတ်ထားရန်"
=========
* လက်ဗွေ၊လက်မှတ်မထိုးမီ
နီးရာဥပဒေပညာရှင်များနှင့်တိုင်ပင်ကြရင်
အမှား နည်းပါလိမ့်မည်။
* သက်သေခံအက်ဥပဒေအရ -
လက်မှတ်၊လက်ဗွေတိုက်ဆိုင်စစ်ဆေး၍
မှန်ကန်နေလျှင်ထိုစာချုပ်ကိုမှန်သည်ဟု
မှတ်ယူဆုံးဖြတ်နိင်သည့်အတွက်
* မမှန်ကြောင်း၊စာချုပ်အလွတ်တွင်သာလက်မှတ်၊
လက်ဗွေနှိပ်ပေးရခြင်း ဖြစ်ကြောင်းသက်သေပြသ၍
ထုချေလျှင်ခိုင်လုံစွာထုချေနိင်မှသာလျှင်
လွတ်မြောက်သက်သာနိင်မည်ဖြစ်ပါသည်။
*** %အားဖြင့်မိမိဘက်မှ၉၀%
အသာစီးမရနိင်ကြောင်း ***
တင်ပြလိုက်ပါသည်။
credit - ဥပဒေ ဗဟုသုတ
Sunday, August 30, 2015
Saturday, August 29, 2015
"ငွေကြေးတန်ဘိုး ကျဆင်းမှု ပြသနာ ဗဟိုဘဏ် ဖြေရှင်းနိုင်မလား?"
"ငွေကြေးတန်ဘိုး ကျဆင်းမှု ပြသနာ
ဗဟိုဘဏ် ဖြေရှင်းနိုင်မလား?"
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ ပြသနာပေါင်းစုံနဲ့
အကြပ်အတည်းတွေ ကြုံတွေ့နေရချိန်
မြွေပူရာ ကင်းမှောင့်ဆိုသလို တစ်ပြိုင်နက်တည်း ဖြစ်လာတဲ့
ပြသနာ တစ်ခုကတော့ ဘဏ်တစ်ချို့ ပြိုလဲတော့မယ် ဆိုပြီး
ပြည်သူတွေက အပ်နှံငွေ ထုတ်ယူနေကြတဲ့ ကိစ္စနဲ့
မြန်မာကျပ်ငွေ တန်ဘိုး အလျင်အမြန် ကျဆင်းလာနေတဲ့
ပြသနာတွေပဲ ဖြစ်ကြပါတယ်။
ဒီ ပြသနာတွေကို တစ်ခုချင်း ကောင်းကောင်းမွန်မွန်
မဖြေရှင်းနိုင်ရင် တိုင်းပြည်အတွက် နိုင်ငံရေး၊ စီးပွားရေး
အထွေထွေ အကြပ်အတည်း အခြေအနေမျိုးအထိ
ဆိုက်ရောက်သွားနိုင်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘဏ်နဲ့ ငွေရေးကြေးရေး ဆိုင်ရာ
ပြသနာတွေက ဘာတွေလဲ၊ ပြသနာ အတိမ်အနက်
ဘယ်လောက် အထိ ရှိနေသလဲ၊ ဒါတွေကို သက်ဆိုင်ရာ
ဗဟိုဘဏ်နဲ့ အစိုးရအဖွဲ့က ကောင်းကောင်းမွန်မွန်
ဖြေရှင်းနိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး
တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လတ်တလော ဖြစ်ပေါ်နေတဲ့
ပြသနာကတော့ ပုဂ္ဂလိက ဘဏ်တစ်ချို့ ပြိုလဲတော့မယ် ဆိုတဲ့
ကောလဟာလတွေ ထွက်ပြီး ငွေအပ်နှံထားသူတွေ
သွားရောက် ထုတ်ယူနေကြတာပါ။
အထူးသဖြင့် မြန်မာနိုင်ငံမှာ ငွေရင်းအတောင့်ဆုံး၊
ဆက်သွယ်သူ ဖေါက်သည် အများဆုံး၊ အောင်မြင်မှု အရဆုံး
ကမ္ဘောဇ ဘဏ်တွေမှာ ဖြစ်ခဲ့တာပါ။
ဒါနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် တာဝန်ရှိသူတွေကရော
ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေကပါ ရှင်းကြလင်းကြပါတယ်။
ကောလဟလ တွေ မမှန်တဲ့အကြောင်း၊ ဗဟိုဘဏ် အနေနဲ့
ဘယ် ပုဂ္ဂလိက ဘဏ် တစ်ခုခုကိုမှ ပိတ်သိမ်းမှာ မဟုတ်တဲ့
အကြောင်း၊ ဘဏ် တစ်ခုခု အခက်အခဲ ပြသနာ ပေါ်လာရင်လည်း
အဲဒီ ဘဏ်တွေဟာ ဗဟိုဘဏ် စည်းမျဉ်းစည်းကမ်းတွေ
အောက်မှာ လည်ပတ်နေတာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်ကနေ
အပြည့်အ၀ ကူညီပေးနိုင်တဲ့ အခြေအနေရှိကြောင်း
သတင်းထုတ်ပြန်ကြပါတယ်။
တကယ်တော့ ပြည်သူတွေဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း
ပြိုလဲခဲ့တဲ့ ပုဂ္ဂလိက ဘဏ်တွေပြသနာကို အခြေခံထား
စဉ်းစားစိုးရိမ်ပြီး ခုလို အပ်နှံငွေတွေ ထုတ်ယူနေကြတာပါ။
ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ အဲဒီလို
ကမ္ဘောဇ ဘဏ်ကနေ ငွေထုတ်ယူခဲ့သူ အများစုဟာ
အစိုးရ မြန်မာ့စီးပွားရေး ဘဏ်တွေမှာ ပြောင်းလဲ အပ်နှံနေကြတဲ့
သတင်းပါ။ ဒီ သတင်းအရ ပြည်သူတွေဟာ ဘဏ်တစ်ခုကနေ
အပ်နှံငွေတွေကို ပြန်ပြီး ထုတ်ယူနေပေမယ့် အခြား
ဘဏ်တစ်ခုခုမှာ ပြန်အပ်တယ် ဆိုတာကြောင့်
ဘဏ်တွေအားလုံးကို ထိန်းကွပ်နေရတဲ့ ဗဟိုဘဏ်အတွက်
ဘာ ပြသနာမှ အထူးအထွေ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
တကယ်လို့ အပ်ငွေ ပြန်ထုတ်တာများလို့
အခြေအနေယိုင်သွားနိုင်တဲ့ ဘဏ်တွေကို ကျောထောက်နောက်ခံ
ပြုပေးဖို့ ငွေကြေး အလုံအလောက် ရှိနေလို့ပဲ ဖြစ်ပါတယ်။
*** ဒီ ပြသနာထက် အရေးကြီးတာ မြန်မာကျပ်ငွေ
မတည်မငြိမ် ဖြစ်နေပြီး တန်ဘိုးလည်း အလျင်အမြန် ကျဆင်းနေတဲ့
ကိစ္စပါ။ ***
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရင်
မြန်မာကျပ်ငွေ တန်ဘိုးဟာ ၁၃၀၀ ၀န်းကျင်နီးပါး အထိ
ကျဆင်းသွားတာ တွေ့နိုင်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာကာစက
တစ်ဒေါ်လာ ကျပ် ၈၀၀ စွန်းစွန်းရှိနေရာကနေ တွက်ရင်
၆၀ ရာခိုင်နှုန်း ကျော်အထိ အလွန်အမင်း စံချိန်တင်
တန်ဘိုးကျသွားတာ ဖြစ်လို့ အတော်လေးကို စိုးရိမ်ဖို့ကောင်းပါတယ်။
အဓိပ္ပါယ်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်
မြန်မာကျပ်ငွေနဲ့ ဘဏ်စာရင်းရှိသူ၊ စုဆောင်းထားသူ၊
ပိုင်ဆိုင်သူတွေရဲ့ ငွေ ၆၀ ရာခိုင်နှုန်းအထိ အသားလွတ်ဆုံးရှုံး
သွားရတယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။
အခုလို မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းတာနဲ့ ပတ်သက်ပြီး
ဗဟိုဘဏ်က ဦးဆက်အောင် အပါအ၀င် တာဝန်ရှိသူတွေက
ရှင်းကြ လင်းကြပါတယ်။
သူတို့ အဆိုအရ ကမ္ဘာမှာကို အမေရိကန် ဒေါ်လာဈေး
မြင့်တက်လာတာ ဖြစ်တဲ့အတွက် အဲဒီ ဒါဏ်ကို မြန်မာနိုင်ငံက
ခံရပြီး မြန်မာကျပ်ငွေ တန်ဘိုးလည်း ကျဆင်းရတာလို့ ဆိုပါတယ်။
တကယ့်တကယ် အဲဒီအဖြေ အပြည့်အ၀ မမှန်ကန်ပါဘူး။
လွန်ခဲ့တဲ့ ၆ လ ၀န်းကျင် ၂၀၁၅ ဖေဖေါ်ဝါရီ ဒုတိယ အပါတ်က
အမေရိကန် တစ်ဒေါ်လာရဲ့ တန်ဘိုးဟာ မြန်မာကျပ်ငွေ ၁၀၃၅ ကျပ်၊
စင်ကာပူ တစ်ဒေါ်လာ ကျပ် ၇၆၀၊
တစ်ယူရို ကျပ် ၁၁၆၀၊ ထိုင်းတစ်ဘတ် ၃၁ကျပ်၊
တရုတ်တစ်ယွမ် ၁၆၅ ကျပ် ၀န်းကျင်စီ ဈေးပေါက်ပါတယ်။
လက်ရှိ သြဂုတ်လ ၂၀ ရက်ပေါက်ဈေးမှာတော့
အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၃၀၀၊
စင်ကာပူ တစ်ဒေါ်လာ ကျပ် ၉၂၀၊ တစ်ယူရို ကျပ် ၁၄၂၀၊
ထိုင်းတစ်ဘတ် ၃၇ကျပ်၊ တရုတ်တစ်ယွမ် ကျပ် ၂၀၀ ၀န်းကျင်
ဈေးပေါက်လာပါတယ်။
အဓိပ္ပါယ်ကတော့ ၆ လအတွင်း မြန်မာကျပ်ငွေ တန်ဘိုးဟာ
ဒေါ်လာနဲ့ နှိုင်းရင် ၂၆ ရာခိုင်နှုန်း၊
စင်ကာပူဒေါ်လာနဲ့ နှိုင်းရင် ၂၁ ရာခိုင်နှုန်း၊
ယူရိုငွေနဲ့ နှိုင်းရင် ၂၂ ရာခိုင်နှုန်း၊
ထိုင်းဘတ်နဲ့ နှိုင်းရင် ၁၉ ရာခိုင်နှုန်း၊
တရုတ်ယွမ်ငွေနဲ့ နှိုင်းရင် ၂၂ ရာခိုင်နှုန်း ကျဆင်းလာတာပါ။
အကြမ်းဖျဉ်းတွက်ရင် မြန်မာကျပ်ငွေ တန်ဘိုးဟာ
ဒေါ်လာနဲ့ နှိုင်းရင် ၂၆ ရာခိုင်နှုန်းဝန်းကျင်၊
အခြားငွေကြေးတွေနဲ့ နှိုင်းရင် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းကျော်
ကျဆင်းသွားခဲ့တာပါ။
ဒါကိုကြည့်ရင် ဦးဆက်အောင်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေ
ရှင်းလင်းချက် အပြည့်အ၀ မမှန်ဘူးဆိုတာ တွေ့နိုင်ပါတယ်။
*** တကယ်တော့ ၆ လအတွင်း မြန်မာကျပ်ငွေ တန်ဘိုး
ဒီလောက်
ကျဆင်းသွားတယ် ဆိုတာ ပမာဏ အလွန်များပါတယ်။
လတ်တလော ပြည်သူတွေ အနေနဲ့ ဘဏ်မှာ
ငွေသွားအပ်ထားရင် တစ်နှစ် ၁၀ ရာခိုင်နှုန်းအောက်ပဲ
အတိုးရပါတယ်။ လက်ရှိ ကျပ်ငွေတန်ဘိုးကျဆင်းမှုကို ကြည့်ရင်
ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဟာ ငွေဖေါင်းပွမှု နှုန်းကို
လိုက်မမီဘူးဆိုတာ ထင်ရှားပါတယ်။ ***
ဒီအတွက်
*** ပြည်သူတွေဟာ သူတို့ ပိုင်ဆိုင်မှုတွေကို တန်ဘိုး
မကျဆင်းအောင် ကာကွယ်ဖို့ အတွက် ကျပ်ငွေကို
စုဆောင်းသိမ်းဆည်းရမယ့် အစား
အခြား ဒေါ်လာ၊ နိုင်ငံခြားငွေကြေး တစ်ခုခု ဒါမှမဟုတ်
ရွှေနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုဘက်ကို ခြေဦးလှည့်မှာကတော့
အသေအချာပါပဲ။ ***
ဒီအခါ ဒေါ်လာ၊ နိုင်ငံခြားငွေ နဲ့ ရွှေဝယ်လိုအားများပြီး
နိုင်ငံခြားငွေ တန်ဘိုးတွေ မြင့်တက်၊ ကျပ်ငွေ တန်ဘိုးတွေကျ
ဆိုတဲ့ အခြေအနေ ၀ဲသြဂ ထဲကို ရောက်သွားမှာလည်း မလွဲပါဘူး။
ပြသနာကိုဆန်းစစ်ကြည့်ရင် ဒေါ်လာနဲ့ နိုင်ငံခြားငွေကြေး
ဈေးနှုန်းမြင့်တက်မှု၊ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းမှုဟာ
ဒီ တစ်ချက်တည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။
- အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ပြမှု၊
- ကုန်သွယ်ရေးမှာ လိုငွေ အကြီးအကျယ် ပြမှုတွေဟာ
ပြသနာရဲ့ အရင်းအမြစ်တွေ ဖြစ်ကြောင်း သမ္မတရဲ့ စီးပွားရေး
အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က တရားဝင်
ထောက်ပြထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းမှုဟာ
ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ပြည်သူတွေ၊
အစိုးရ၀န်ထမ်းတွေရဲ့ နေ့စဉ်နေထိုင်မှု ဘ၀ ကို ရိုက်ခတ်တဲ့
ကြီးမားတဲ့ ပြသနာကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဘဏ်တွေရဲ့ ကောလဟလ ပြသနာကို ဖြေရှင်းဖို့
မခက်ပေမယ့် ကျပ်ငွေတန်ဘိုးကျတဲ့ ပြသနာကြီးဖြေရှင်းဖို့
အတွက်ကတော့ ဖြတ်လမ်းနည်း၊ ဆေးမြီးတို နည်းတော့
မရှိပါဘူး။
ပြသနာ အရေးကြီးရင် အရေးကြီးသလို အစိုးရဟာ
အရေးပေါ် အစည်းအဝေးလိုမျိုး ခေါ်ယူပြီး ဘတ်ဂျက်
လျော့ချ ဖြတ်တောက်တာမျိုး လုပ်ရပါလိမ့်မယ်။
ကုန်သွယ်ရေး လိုငွေပြမှုကို လျော့ချနိုင်မယ့် နည်းလမ်းတွေ
ရှာဖွေ အကောင်အထည် ဖော်ရပါလိမ့်မယ်။
အခြားတစ်ဖက်ကလည်း ကျပ်ငွေ တန်ဘိုး တည်ငြိမ်ရေး
ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးတာမျိုး
လုပ်ရပါလိမ့်မယ်။
ဒေါက်တာဦးမြင့် အကြံပြုသလို ဗဟိုဘဏ်အတွက်
နိုင်ငံခြားသား ပညာရှင်တွေပါတဲ့ အကြံပေး အဖွဲ့ဖွဲ့တာ၊
အရည်အချင်းရှိတဲ့ မြန်မာလူမျိုးကို ဗဟိုဘဏ်ဥက္ကဌ အဖြစ်
ပြောင်းလဲ ခန့်အပ်တာမျိုးတွေ အပါအ၀င် ကျပ်ငွေတန်ဘိုး
တည်ငြိမ်ရေး ကုစားနိုင်မယ့် လုပ်ငန်းအားလုံး အမြန်
အကောင်အထည် ဖော်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
(ဦးစည်သူအောင်မြင်)့
credit - ဗွီအိုအေ (မြန်မာပိုင်း) via THIT HTOO LWIN
စာကြွင်း -
(အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် ငွေကြေးနှင့်ဆိုင်ရာ
သတင်းဆောင်းပါး
ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။)
Friday, August 28, 2015
"မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ လတ်တလောအခြေအနေ"
"မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ လတ်တလောအခြေအနေ"
အိမ်ခြံမြေကဏ္ဍ အပြောင်းအလဲအတွက် အဓိကကျတဲ့
သောချက်များဖြစ်တဲ့ နိုင်ငံတွင်းရှိ
အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းများ၊
နိုင်ငံခြား ရင်းနှီးမြုပ်နှံခြင်းဆိုင်ရာကဏ္ဍ
တိုးတက်ဖွံဖြိုးခြင်းများနှင့်
အိမ်ခြံမြေဥပဒေ စည်းမျဉ်းစည်း ကမ်းဆိုင်ရာသတ်မှတ်ချက်များ
ပိုမိုကောင်းမွန်သောနည်း လမ်းများနှင့်
သက်ဝင်လှုပ်ရှားစပြုလာသောကြောင့်
ယနေ့မြန်မာပြည်ရဲ့ အိမ်ခြံမြေ ကဏ္ဍဟာ အကောင်းဘက်ကို
ဦးတည်လာတယ်လို့ဆိုနိုင်မှာ ဖြစ်ပါတယ်။
"ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုများနှင့်
ဆောက်လုပ်ရေး စီမံကိန်းများ"
ယနေ့ နိုင်ငံတော်မှစီစဉ်ရေးဆွဲထားတဲ့
တိုးချဲ့မြို့သစ်တည် ထောင်ခြင်းနှင့်
တန်ဖိုးနည်း အိမ်ယာ ဆောက်လုပ်ရေးစီမံကိန်းများဟာ
နိုင်ငံရဲ့တိုးတက် လာတဲ့ လူဦးရေတိုးနှုန်းများအတွက်
နေထိုင် ရန်အခက်အခဲပြဿနာအား ဖြေရှင်းရန်ထိရောက်သော
စီမံကိန်းများဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်စဉ်တိုး တက်လာသော
လူဦးရေနှုန်းထားနှင့် ကိုက်ညီသောအိမ်ယာ
လိုအပ်ချက်များ ကိုဖြည့်တင်း နိုင်ရန် နည်းလမ်းကောင်းများ
ဖြစ်ပါတယ်။
ထို့အပြင် ရန်ကုန်မြို့တိုးချဲ့ရေးစီမံကိန်းများအဖြစ်
စီမံကိန်းကြီး (၇) ခုကိုရန်ကုန်မြို့ရဲ့ဆင် ခြေဖုံးမြို့နယ်များတွင်
ဆောင်ရွက်ရန်ဖြစ်ပြီး
ဦးစားပေး (၁) တွင် ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊
ဦးစားပေးအဆင့် (၂) ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်
၂၁၇၁၆ ဧက၊
ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊
ဦးစားပေး (၅) ထန်းတ ပင်မြို့သစ် ၂၄၇၄၈ ဧက၊
ဦးစားပေး (၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
ဦးစားပေး (၇) လှည်းကူး မြို့သစ် ၆၉၃၃ ဧက
စုစုပေါင်း ၁၁၈၇၃၂ ဧက စသဖြင့်အစဉ်လိုက်တိုးချဲ့
လုပ်ဆောင်သွား မည်လည်း ဖြစ်ပါတယ်။
အဆိုပါစီမံကိန်းများက ရန်ကုန်မြို့၏
အနာဂတ်တွင်တိုးတက်ဖြစ်ပေါ်လာမည့် လူဦးရေ
တိုးတက်နှုန်းများအတွက်နေထိုင်ရန်အခက်အခဲ
ပြဿနာများအားဖြေရှင်းရန် ကြီးမားသော
အထောက် အပံ့ဖြစ် စေမည့်စီမံကိန်းများလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဆိုင်ရာရင်းနှီးမြုပ်နှံမှုအတွက်
ကဏ္ဍပေါင်း ၂၉ ခုထိရှိလာတယ်လို့ သတင်း များအရ
သိရ ပြီး
စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း
၂၂၇၇.၇၇၁ သန်းအထိ ရှိခဲ့ပါတယ်။
အဆိုပါပမာဏဟာ ကဏ္ဍ တစ်ခုလုံးရဲ့ ၄ ရာခိုင်နှုန်းပမာဏ
ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ
၂၀၁၅-၂၀၁၆ အစော ပိုင်းကာလ များအထိဆက်လက်
အေးစက်မြဲအေးစက် နေစဲဖြစ်ပေမယ့်
နိုင်ငံခြားရင်း နှီးမြုပ်နှံမှု ပမာ ဏကတော့ ပုံမှန် အတိုင်း
ဆက်လက်ဖြစ်ပေါ်နေခြင်းဟာ အကောင်းဘက်ကိုဦးတည်နေတဲ့
လက္ခဏ ဟုလည်းဆိုနိုင်ပါတယ်။
ထို့အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံကိန်းများဖြစ်တဲ့
ဟောင်အင်ဂယ်လာ (HAGL) ၊
ပိုလို ကလပ် ဆောက်လုပ်ရေး စီမံကိန်းနှင့်
(Rose Hill) စီမံကိန်း စသောဆောက် လုပ်ရေး
စီမံကိန်းများ ဟာ လည်း အနာဂတ်မြန်မာပြည်အိမ်ခြံမြေ
ကဏ္ဍအတွက် အလားအလာကောင်း များဖြစ်ပေါ်စေသော
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများအဖြစ်သုံးသပ်နိုင်
မှာလည်းဖြစ်ပါတယ်။
"ကွန်ဒိုမီနီယံ ဈေးကွက်"
မြန်မာပြည်အတွင်းရှိကွန်ဒိုမီနီယံအဆောက်အဦးအများစု
တည်ရှိရာမြို့ဟာ ရန်ကုန် မြို့ဖြစ်ပါတယ်။
လက်ရှိရန်ကုန်မြို့အတွင်းဆောက်လုပ်ပြီး၊
ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်မည့် စီမံကိန်းအရေအတွက်ဟာ
ဝယ်လိုအားထက်များပြားနေတာရယ်၊
ကွန်ဒိုမီနီယံအဆောက်အ အုံမှုကြမ်း အတည်ပြုနိုင်ခြင်း
မရှိသေးတာရယ်တွေကြောင့်
ဈေးကွက်ငြိမ်သက်နေပါတယ်။
ကွန်ဒိုဈေး ကွက်ငြိမ် သက်ခြင်းက ကွန်ဒိုမီနီယံဥပဒေနှင့်
အတော်လေးပတ်သက်မှုရှိပြီး ဝယ်ယူရန် သုံးစွဲနိုင်မည့်
ငွေကြေး ပမာဏကွာဟချက် ကြီးမားလာခြင်းဟာလည်း
ကွန်ဒိုဈေးကွက်ငြိမ်သက်နေရတဲ့ အကြောင်း အရာ
တစ်ခုလည်းဖြစ်ပါတယ်။
"လမ်းတံတားနှင့် မြို့ပြဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ"
လမ်းတံတားနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များကိုတော့
အထူးသဖြင့်ရန်ကုန်မြို့ ရှိ ဆင်ခြေဖုံး မြို့နယ်များ
ဖွံဖြိုးတိုးတက်ရေးအတွက်အထူးအလေးထား
ဆောင်ရွက်လျှက်ရှိပါတယ်။
အဆိုပါစီမံကိန်းများမှာ
- ဒလနှင့် ဘုန်းကြီးလမ်းတံတားဆောက်လုပ်ရေးစီမံကိန်း၊
- မော်လမြိုင်နှင့် ပုသိမ်အပါအဝင် ရန်ကုန်မြို့တွင်းရှိ
ဆင်ခြေဖုံးမြို့နယ်များတွင် တန်ဖိုးနည်း
အိမ်ယာ စီမံကိန်း (၁၀) ခုဆောက်လုပ်ရန်စီမံကိန်း၊
- မြောက်ဒဂုံမြို့နယ်အတွင်း ငမိုးရိပ်ချောင်းကူးတံတား
(၃) စင်းတည် ဆောက်ရေးစီမံကိန်း၊
- သောက်ရေသန့် လုံလုံလောက်လောက်ဖြန်ချီနိုင်ရန်
ရေးပေး ဝေရေးစီမံကိန်း များတည်ဆောက်ရန်စီမံကိန်းများ
စသည့်စီမံကိန်းများက
အထူးသဖြင့် အခြေခံလူတန်းစားများအတွက်
သတင်းကောင်းများဖြစ်ပါတယ်။
(Lamudi)
credit - house com mm
Thursday, August 27, 2015
“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ” (အပိုင်း - ၂)
“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ” (အပိုင်း - ၂)
"အခန်း(၈)"
======
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့်
အယူခံခြင်း
၂၂။ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍
အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်း ဖွင့်လှစ်၍
စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။
၂၃။
(က) ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲက
ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။
(ခ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့်
ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်
အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊
ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
၂၄။
(က) ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ) အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့က ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ
အယူခံနိုင်သည်။
(ခ) ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့် အမိန့်
သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း
သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
၂၅။
(က) ပုဒ်မ ၂၄၊ ပုဒ်မခွဲ (ခ) အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း သက်ဆိုင်ရာ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်
အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း
သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။
"အခန်း(၉)"
======
နစ်နာကြေးနှင့် လျော်ကြေးများ
၂၆။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ
နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ
သိမ်းယူသည့် လယ်ယာမြေနှင့် ယင်းလယ်ယာမြေပေါ်၌
အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်း
အပါအဝင် မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူ
ဆောင်ရွက်ထားသည့် ကိစ္စရပ်များအတွက် နစ်နာမှု
လုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့်
စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေးနှင့်
စပ်လျဉ်း၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို
ညှိနှိုင်းဆောင်ရွက်ရမည်။
၂၇။ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရ ဗဟိုလယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း၊
လယ်ယာမြေကိုလည်းကောင်း ပြန်လည်ရုပ်သိမ်းခြင်းခံရသူသည်
လျော်ကြေးရထိုက်ခွင့် မရှိစေရ။
"အခန်း(၁ဝ)"
=======
လယ်ယာမြေကို အသုံးချခြင်း
၂၈။ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ
အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန်
လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နိုင်ငံတော်၏
အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှု
မရှိစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး
လယ်မြေတွင် အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးရန် ခွင့်ပြုနိုင်သည်။
(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာ
မြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေတွင်
သီးနှံပြောင်းလဲစိုက်ပျိုးရန်ဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ
စိစစ်ပြီး ခွင့်ပြုနိုင်သည်။
၂၉။ နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ
စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့်
အသုံးပြုရန် သက်ဆိုင်ရာစီမံကိန်း အကောင်အထည်ဖော်မည့်
ဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
သဘောထားမှတ်ချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏
ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။
*** ၃ဝ။ အများပြည်သူအကျိုးငှာ လယ်ယာမြေကို
အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို
အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့်
ခွင့်ပြုနိုင်သည်။
(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ
အဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့်
အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့်
ခွင့်ပြုနိုင်သည်။ ***
၃၁။ ပုဒ်မ ၃ဝ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက်
ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို
သတ်မှတ်သည့်နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်
လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း
မရှိလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်။
"အခန်း(၁၁)"
=======
လယ်ယာမြေကို စီမံခန့်ခွဲခြင်း
၃၂။ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက်
လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သော
ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား
သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးစေရန်
အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း
မပြုတော့ပါက မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသော
ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမည်။
၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့ကသော်လည်းကောင်း၊
ဤကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်သော
အာဏာပိုင်ကသော်လည်းကောင်း အခြားနည်းအမိန့်ဆင့်ဆိုသည်မှ
တစ်ပါး ကျွဲ၊ နွား၊ စားကျက်များနှင့် ရွာဘုံမြေများကို
မပျက်စီးစေဘဲ ဆက်လက်ထားရှိရမည်။
၃၄။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက်
လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်ပေးထားသည့်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်စပ်လျဉ်း၍
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ်
ပြောင်းလဲသတ်မှတ်ပြီး ဤဥပဒေတွင် အကျုံးဝင်စေရမည်။
"အခန်း(၁၂)"
=======
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၃၅။ မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို
ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သော အမိန့်
သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်ကြောင်း
ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး
ခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင်
အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ
ငွေဒဏ်ချမှတ်နိုင်သည်။
၃၆။ ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကို
လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူသည်
ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရလျှင်
ထပ်မံကျူးလွန်သောပြစ်မှုအတွက် ပုဒ်မ ၃၅ ပါ
အများဆုံးထောင်ဒဏ် ချမှတ်ခြင်းခံရမည်။
၃၇။ မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို ပုဒ်မ ၁၄ ပါ
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း
ပစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ
အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင်
ကျပ် ၁ဝ သိန်းအောက် မနည်းသည့် ငွေဒဏ်ကိုလည်း
ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့်
ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
"အခန်း(၁၃)"
=======
အထွေထွေ
၃၈။ တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ
မြင့်မားတိုးတက်စေရေးကို ရှေးရှု၍ ပြဋ္ဌာန်းထားသော
ဥပဒေများအတိုင်း တောင်သူလယ်သမားအဖွဲ့အစည်းကို
ဖွဲ့စည်းနိုင်သည်။
၃၉။ ဤဥပဒေအရ ဖွဲ့စည်းသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်တွင် ပါဝင်သော အဖွဲ့ဝင်များသည် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၂၁ ပါ အဓိပ္ပာယ်အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု
မှတ်ယူရမည်။
၎ဝ။ ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေအရပြုသည့်
နည်းဥပဒေများနှင့်အညီဖြစ်စေ သဘောရိုးဖြင့် ဆောင်ရွက်သည့်
ကိစ္စတစ်ရပ်ရပ်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့်တရားရုံးတွင်မျှ
တရားစွဲဆိုခွင့် မရှိစေရ။
၄၁။ ပုဒ်မ ၃၇ အရ တရားစွဲဆိုသောပြစ်မှုကို
ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။
၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်
ဖော်ဆောင်ရွက်ရာတွင် -
(က) ဝန်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊
စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဦးစီးဌာနတို့သည်
လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်
လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၄၃။ အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(က) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊
(ခ) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ၊
(ဂ) ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမားအခွင့်အရေး
ကာကွယ်သည့်ဥပဒေ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
( ပုံ ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
credit - Aung Soe (Pyay)
Wednesday, August 26, 2015
“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ”
“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ”
လယ်ယာမြေဥပဒေ
(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
"အခန်း(၁)"
======
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ
၁။ ဤဥပဒေကို လယ်ယာမြေဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့်
သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာ တည်ရမည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည်
ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
(က) လယ်ယာမြေ ဆိုသည်မှာ
လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်
စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊
ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်
လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း
သတ်မှတ်သည့် မြေများကို ဆိုသည်။
ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ
လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊
အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ
မပါဝင်။
(ခ) လယ်မြေ ဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊
လူတို့ဖန်တီးသော နည်းလမ်းအရသော်လည်းကောင်း
စိုက်ပျိုးရေရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့်
စပါးသီးနှံ အဓိက စိုက်ပျိုးသောမြေကို ဆိုသည်။
(ဂ) မြေနုကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့နစ်မြုပ်ခဲ့ပြီး
နှစ်စဉ် ရေကြောင်းအနေအထားအရ မြေသားနှင့်
ပုံသဏ္ဌာန်ပြောင်းလဲသည့် ခိုင်မြဲမှုမရှိသောမြေကို ဆိုသည်။
(ဃ) လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုသည်မှာ
နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍
လယ်ယာမြေကို
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ
ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊
စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်
အသုံးချခွင့်ပြုခြင်းကို ဆိုသည်။
သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊
ရေနံနှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ
ထုတ်ယူအသုံးချခွင့် မပါဝင်။
(င) တောင်သူလယ်သမား ဆိုသည်မှာ
အောက်ဖော်ပြပါတစ်ရပ်ရပ်နှင့် ကိုက်ညီသူကိုဆိုသည် -
(၁) မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ်
မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်စလုံးကို
မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
မိမိကိုယ်တိုင်လုပ်ကိုင်သူ
သို့မဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက်လုပ်ကိုင်ခဲ့သူ၊
(၂) ဆိုင်ရာနှစ်တွင် မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း
သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်လုံးကို
မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
လုပ်ငန်းလုပ်ကိုင်ချိန်တစ်လျှောက်လုံး
ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူ၊
(၃) မြေကိုအသုံးပြု၍ ရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်သီးနှံများ
စိုက်ပျိုးထုတ်လုပ်ရန် သို့မဟုတ် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကို
လုပ်ကိုင်ရန်အလို့ငှာ အရင်းအနှီး မတည်စိုက်ထုတ်၍
လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်လုပ်ကိုင်သူ
သို့မဟုတ် ကြီးကြပ်စီမံလုပ်ကိုင်သူ၊
(၄) မြေကိုအသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ
လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ၊
(၅) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့နှင့်
ဆက်နွယ်လျက်ရှိသော ထုတ်လုပ်မှုလုပ်ငန်းအလို့ငှာ
မြေကိုအသုံးပြု၍ ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ
ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူ။
(စ) တောင်သူလယ်သမားအိမ်ထောင်သားစု ဆိုသည်မှာ
သွေးသားတော်စပ်၍ဖြစ်စေ၊ အိမ်ထောင်မှုဖြင့် တော်စပ်၍ဖြစ်စေ၊
အတူတကွနေထိုင်လျက် ၄င်းအိမ်ထောင်သားစုတွင်
အကြီးအကဲဖြစ်သူ တောင်သူလယ်သမားတစ်ဦး၏
မိသားစုဝင်များကို ဆိုသည်။
(ဆ) အိမ်ထောင်သားစုအကြီးအကဲ ဆိုသည်မှာ
အိမ်ထောင်သားစုတစ်စု၏ အကြီးအကဲဖြစ်၍
ထိုအိမ်ထောင်သားစုတွင်
လုပ်ငန်းများကို ခေါင်းဆောင်လုပ်ကိုင်သူကို ဆိုသည်။
(ဇ) အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန်ပြုပြင်ခြင်း
ဆိုသည်မှာ လယ်ယာမြေကို လက်ရှိ လုပ်ပိုင်ခွင့်ရှိသူ၏ သို့မဟုတ်
ထိုလုပ်ပိုင်ခွင့်ရှိသူ၏ လက်ရှိမရမီ ယင်းလယ်ယာမြေကို
အခြားလုပ်ပိုင်ခွင့်ရှိသူများ၏ စရိတ်ဖြင့်သော်လည်းကောင်း၊
လုပ်အားဖြင့်သော်လည်းကောင်း ပြုပြင်ခြင်းကြောင့်
လယ်ယာမြေ၏တန်ဖိုးကို ထာဝစဉ်မြင့်စေသည့် ပြုပြင်ခြင်းကို
ဆိုလိုသည်။ ယင်းစကားရပ်တွင် လယ်ယာလုပ်ကိုင်သူနေထိုင်ရန်
သို့မဟုတ် လယ်ယာလုပ်ငန်းကို အထောက်အပံ့ဖြစ်စေရန်
တည်ဆောက် ပြုလုပ်ထားသော အဆောက်အအုံ၊
ရေထုတ်ရေသွင်းအတွက် လုပ်ဆောင်ထားမှုများ၊ ဆည်မြောင်းများ၊
ကန်များ၊ ရေတွင်းများ၊ ရေကာတာများ၊ လမ်းများနှင့် အခြားသော
ထာဝစဉ် တိုးတက်ကောင်းမွန်စေရန် ပြုလုပ်သည့်
လုပ်ဆောင်မှုများပါဝင်သည်။ သို့ရာတွင် ထွန်ယက်စိုက်ပျိုးရေးအတွက်
မြေရှင်းခြင်း၊ ကန်သင်းပြုလုပ်ခြင်းနှင့် ထာဝစဉ် မတည်မြဲသည့်
တိုးတက်ကောင်းမွန်စေရန် ပြုပြင်သော လုပ်ဆောင်ထားမှုများမပါဝင်။
(ဈ) အုပ်ထိန်းသူ ဆိုသည်မှာ အရွယ်မရောက်သော သူကို
သော်လည်းကောင်း၊ စိတ်ပေါ့သွပ်သူကိုသော်လည်းကောင်း၊
ထိုသူတစ်ဦးဦး၏ ပစ္စည်းကို သို့မဟုတ် ပစ္စည်းနှင့်တကွ
လူကိုသော်လည်းကောင်း၊ အုပ်ထိန်းစောင့်ရှောက်ရေးအတွက်
သက်ဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရှိသည့်
တရားရုံးက ခန့်အပ်သူကို ဆိုသည်။
(ည) တောင်သူလယ်သမားအဖွဲ့အစည်း ဆိုသည်မှာ
ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်
ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော
တောင်သူလယ်သမားအဖွဲ့အစည်းကို ဆိုသည်။
(ဋ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။
(ဌ) ဦးစီးဌာန ဆိုသည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို ဆိုသည်။
"အခန်း(၂)"
======
လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်း
၎။ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ
လျှောက်ထားရမည်။
၅။ မြို့နယ်ဦးစီးဌာနရုံးသည် ပုဒ်မ ၄ အရ
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍
သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သက်ဆိုင်ရာ
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။
၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည်
ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေသော
လယ်ယာမြေများနှင့်စပ်လျဉ်း၍ အောက်ပါလူပုဂ္ဂိုလ် သို့မဟုတ်
အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏
သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင်
သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍
မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ထုတ်ပေးရမည် -
(က) လူပုဂ္ဂိုလ်ဖြစ်ပါက -
(၁) လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော ထိုအိမ်ထောင်စုသည်
တောင်သူလယ်သမား အိမ်ထောင်သားစု သို့မဟုတ်
အိမ်ထောင်သားစုဝင်ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု
အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး
သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ
တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိလက်ငုတ်
လုပ်ကိုင်နေသူ ဖြစ်ရမည်။
(၃) ဤဥပဒေပြဋ္ဌာန်းပြီးနောက် ဤဥပဒေနှင့်ဖြစ်စေ၊
ဤဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ
တရားဝင်အကျိုးခံစားခွင့် ရရှိသူဖြစ်ရမည်။
(၄) အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၅) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ
ဖြစ်ရမည်။
(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊
ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ ဖြစ်ရမည်။
၇။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည်
ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့်
ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် နိုင်ငံတော်က
အခါအားလျော်စွာ ဖော်ထုတ်သော လယ်ယာမြေများနှင့် စပ်လျဉ်း၍
အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့်
မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ
မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်-
(က) လူပုဂ္ဂိုလ်ဖြစ်ပါက-
(၁) လယ်ယာမြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းတွင်
ပါဝင်ဆောင်ရွက်နေသူ ဖြစ်ရမည်။
(၂) အကြောင်းထူးမရှိလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စုတွင် အခြေချနေထိုင်သူ ဖြစ်ရမည်။
(၃) အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၄) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ
ဖြစ်ရမည်။
(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းကို
အမှန်တကယ်လုပ်ကိုင်လိုသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊
အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့
ဖြစ်ရမည်။
၈။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
ဝယ်ယူခြင်း၊ လဲလှယ်ရယူခြင်း သို့မဟုတ် ပေးကမ်းသည်ကို
လက်ခံခြင်းပြုသူအားလည်းကောင်း၊
အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသူအား
လည်းကောင်း၊
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိ၍
စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်စိုက်ပျိုးပြီးနောက်
ဤဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်
လျှောက်ထားသူအားလည်းကောင်း၊
မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ
မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်။
"အခန်း(၃)"
======
လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ
၉။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါ
အခွင့်အရေးများကို ရရှိစေရမည် -
(က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊
ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို
ခံစားပိုင်ခွင့်၊
(ခ) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ
လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ
ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍
အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီ
သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း
မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊
(င) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ကျေးလက်သမဝါယမအသင်း၏
ရင်းနှီးမြှုပ်နှံမှုနှင့်လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်
လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊
(စ) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ်
နိုင်ငံခြားသားပါဝင်သောအဖွဲ့အစည်းနှင့် ပူးပေါင်း၍
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။
၁၀။ ဤဥပဒေ ပုဒ်မ ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ
ပြဋ္ဌာန်းချက်များသည် မြေနုကျွန်းချထားခြင်းနှင့် မသက်ဆိုင်စေရ။
၁၁။ မြေနုကျွန်းချထားရေးကိစ္စရပ်များအတွက် ဤဥပဒေအရပြုသည့်
နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရမည်။
"အခန်း(၄)"
======
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ
၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -
(က) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို
လုပ်ကိုင်ရမည်။
(ခ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော
မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို
ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်သည့်
တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို
ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင်
မှတ်ပုံတင်ရမည်။
(ဃ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့်
လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်
အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ
လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ်
အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။
(စ) သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။
(ဆ) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း
မပြုရ။
(ဇ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ
အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ
ပြောင်းလဲစိုက်ပျိုးခြင်း မပြုရ။
(ဈ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို
လှပ်ထားခြင်း မပြုရ။
(ည) လယ်ယာမြေလုပ်ပိုင်ခွင့် မရမီကာလအတွင်း သို့မဟုတ်
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသော
ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
၁၃။ ဤဥပဒေအာဏာတည်ပြီးသည့်နောက်
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင်
ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင်
ဖြေရှင်းဆောင်ရွက်နိုင်ခွင့် ရှိသည်။
၁၄။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ
လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နိုင်ငံခြားသား
သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှ
ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ်
ပေးကမ်းခြင်း မပြုရ။
"အခန်း(၅)"
======
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း
၁၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
အတွင်းရေးမှူးအဖြစ်လည်းကောင်း၊
သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ
အကြီးအမှူးများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း
ပါဝင်သော ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အခါအားလျော်စွာ
ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၁၆။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် -
( က ) အောက်ပါလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကို
ဖွဲ့စည်းပေးရမည် -
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊
(၂) ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊
(၃) မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊
(၄) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်ကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
"အခန်း(၆)"
======
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၁၇။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ
အောက်ပါအတိုင်းဖြစ်သည် -
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
(ခ) လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊
အသုံးပြုခွင့်ပေးခြင်းနှင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့နှင့်
စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့နှင့် စပ်လျဉ်း၍
ဆောင်ရွက်သည့်ကိစ္စရပ်များကို လမ်းညွှန်ခြင်း၊
ကြီးကြပ်ကွပ်ကဲခြင်း၊
(ဃ) ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ)တို့ပါ စီမံခန့်ခွဲရေး
ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ခြင်းခံရသူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
လည်းကောင်း၊ ပုဒ်မ ၃၁ နှင့် အကျုံးဝင်သော လယ်ယာမြေကို
လည်းကောင်း၊ ပုဒ်မ ၃၇ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၏
လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း ပြန်လည်ရုပ်သိမ်းခြင်း၊
(င) ကျေးလက်ဒေသများနှင့် မြို့ပြဒေသများတွင်
တိုးတက်လျက်ရှိသော လူဦးရေနှင့် တိုးပွားလာသော
အိမ်ထောင်စုများအတွက် အိမ်ရာတည်ဆောက်ရန် လိုအပ်ချက်အရ
လယ်ယာမြေကိုအသုံးပြုရန် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ကျေးလက်နှင့်
မြို့ပြအိမ်ရာ စီမံကိန်းများနှင့်စပ်လျဉ်းသည့်
တင်ပြချက်များကို စိစစ်၍ အတည်ပြုခြင်း၊
(စ) ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊
ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန်နှင့်
အခြား လိုအပ်သော အဆောက်အအုံများအတွက်
လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊
(ဆ) လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ
ခေတ်မီ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင်
လိုအပ်သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများ ထားရှိခြင်း၊
ဆန်စက်များ၊ သီးနှံသိုလှောင်သည့် ဂိုဒေါင်များ၊
လိုအပ်သော ကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အအုံများ
တည်ဆောက်ရာတွင် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်
စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊
(ဇ) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လက်မှုလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့
ကူးပြောင်းနိုင်ရန် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများအတွက်
လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊
(ဈ) မြေနုကျွန်း လုပ်ပိုင်ခွင့်ချထားရေးနှင့်
ယင်းလုပ်ပိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးဆိုင်ရာမူဝါဒများ
ချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ည) ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးရေးလုပ်ငန်းနှင့်
စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဋ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က
အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို
ဆောင်ရွက်ခြင်း။
၁၈။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်
ပေးကမ်းခြင်းကိစ္စရပ်များအတွက် နှစ်ဦးသဘောတူစာချုပ်ကို
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
ရှေ့မှောက်တွင် ချုပ်ဆို၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး၌
မှတ်ပုံတင်ရာတွင် လယ်ယာမြေတန်ဖိုးကို
ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားဖြစ်စေရန်
သင့်လျော်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား
လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။
"အခန်း(၇)"
======
စည်းကမ်းချက်များကိုလိုက်နာရန် ပျက်ကွက်၍ အရေးယူခြင်း
၁၉။ ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊
စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင်
ဝန်ကြီးဌာနက ဤကိစ္စ အလို့ငှာ ခန့်အပ်သည့်
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့်
ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ
စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊
တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကို
ဆောင်ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ
ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
၂ဝ။ ပုဒ်မ ၁၉ ပါ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ယင်းပုဒ်မအရ ချမှတ်သောအမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူက
လိုက်နာခြင်းမရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက
သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။
၂၁။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနက
စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန်
ပျက်ကွက်လျှင် တည်ဆဲဥပဒေများနှင့်အညီ ထိုအခွန်အခများကို
မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း ခံရမည်။
(ဆက်လက်ဖေါ်ပြပါမည်။)
credit - Aung Soe (Pyay)
Sunday, August 23, 2015
"မိုးတွင်းကာလနှင့် သင့်အိမ်"
"မိုးတွင်းကာလနှင့် သင့်အိမ်"
မိုးတွင်းကာလဟာ အခြားကာလများထက်
နေအိမ်များရဲ့ကြံ့ခိုင်မှုကိုပိုမိုခြိမ်းခြောက် နိုင်သော
ကာလဖြစ်ပါတယ်။
သင်ဟာ တိုက်ခန်းများ၊လုံးချင်းအိမ်များတွင်
နေထိုင်သူဖြစ်ပါက
သင့်အိမ် အား ရေရှည်ခိုင်မြဲရန်အတွက်
မိုးတွင်းကာတွင်ဖြစ်ပေါ်တက်သော
အောက်ပါ အကြောင်းအရာတချို့ ကို
အထူးဂရုပြု စေနိုင်ရန်ဖော်ပြပေးလိုက်ပါတယ်။
"မိုးယိုအပေါက်များ"
===========
အဖြစ်အများဆုံး ယိုယွင်းမှုဖြစ်ပြီး
သင့်အိမ်ကို လည်းကြီးမားစွာထိခိုက်နိုင်စေပါတယ်။
တိုက်အိမ်ဖြစ်ဖြစ်သစ်သားအိမ်ဖြစ်ဖြစ်
ရေယိုမိုးယိုနေတာတွေကို မပြုပြင်ပဲရှိနေမယ်ဆိုရင်တော့
အချိန်ကြာလာတာနဲ့အမျှ သင့်အိမ်ကို
ဆွေးမြေ့စေတာ၊ ပွယောင်းလာတာတွေ
ဖြစ်လာစေနိုင်ပါတယ်။
"မိုးကြိုးပစ်ခြင်း"
========
လုံးချင်းနဲ့နေထိုင်တဲ့ သင့်အတွက် မိုးကြိုးအန္တရာယ်က
သင်ရော သင့်အိမ်အတွက်ပါသတိထားဖို့လိုပါတယ်။
ဒါ့ကြောင့် စနစ်ကျတဲ့ မိုးကြိုးလွှဲစနစ်တစ်ခုအသုံးပြုဖို့
လိုပါတယ်။
"ရေပိုက်၊ ရေတံလျှောက်များ ယိုယွင်းနေမှု"
======================
ရေဘုံဘိုင်၊ ရေပိုက် တို့ဟာ
ယခုခေတ်တိုက်ခန်းတွေ၊ လုံးချင်းအိမ်တွေမှာ
မရှိမဖြစ်အ ရေးပါလာတဲ့အရာတွေပါ။
ဒါပေမယ့် ရေယိုနေတဲ့ ရေဘုံပိုင်၊ ရေပိုက်တွေက
လျှံကျ စီးကျနေတဲ့ ရေ တွေဟာ မိုးယိုနေသလိုပဲ
သင့်အိမ်ကို ဆွေးမြေ့စေရုံသာမက
လျှပ်စစ်ပစ္စည်းတွေနဲ့ ထိမိရင်ဓာတ် လိုက် စေတာ၊
သင့်ကို ချော်လဲစေတာတွေဖြစ်နိုင်တာကြောင့်
ပြုပြင်သင့်ပါတယ်။
"အိမ်အနီးရှိ သစ်ကြီးပင်များ"
===============
အကယ်၍သင်ဟာ လုံးချင်းအိမ်မှာ နေထိုင်ပြီး
သစ်ပင်စိုက်ပျိုးရခြင်းကိုနှစ်သက်သူဆိုပါက
သင်၏အိမ်ခြံဝန်းအတွင်းမှာ သစ်ကြီးပင်များ
စိုက်ပျိုးနိုင်သော်ငြားလည်း
သင့်အိမ်ခေါင်မိုးအတွက်တော့ စိတ်ပူစရာဖြစ်ပါတယ်။
မိုးတွင်းကာလနှင့် သစ်ရွက်ကြွေချိန်
သစ်သီးကြွေချိန်များဟာ သင့်အိမ်ခေါင်မိုးရဲ့
ကျန်းမာရေးအတွက်ကောင်းသောအရာများ
မဟုတ်ပါဘူး။
အကြောင်းကတော့ အဆိုပါသစ်ပင်များ မှ
ကြွေကျသောအရွှက်ဟောင်းများနှင့်
သစ်သီးစသည်တို့ဟာ
သင့်အိမ်ခေါင်မိုးပေါ်မှာရေဝပ် စေခြင်း၊
သစ်သီးများကြိမ်ဖန်များစွာကြွေကျခြင်းကြောင့်
အိမ်ခေါင်မိုးများထိခိုက်ပျက်စီးနိုင်ခြင်းနှင့်
သစ်ရွှက်များ ဟောင်းနွမ်းဆွေးမြေ့လာခြင်းကြောင့်
အချို့သောအိမ်ခေါင်များဟာရေယိုလာတက်ခြင်း
စသည်တို့ဖြစ်ပေါ်လာနိုင်တာပါတယ်။
အကယ်၍
သင့်အိမ်ခေါင်များအား ထိုသို့သက်ရောက်စေနိုင်သော
သစ်ကြီးပင်များရှိသည်ဆိုပါက
သင့်အိမ်ခေါင်များအား ဇကာအမိုးများထပ်၍
ကာယံထားသင့်ပါတယ်။
"အိမ်များပျက်စီးနိုင်သောရေတံစပ်မြိတ်"
=====================
ဤအချက်ကတော့ လုံးချင်းအိမ်များတွင်နေထိုင်ပြီး
ခြံစည်းရိုးများကပ်လျှက်ရှိသော အိမ်များ အတွက်
သတိထားစရာအချက်တစ်ချက်ဖြစ်ပါတယ်။
အကယ်၍သင်ဟာ လုံးချင်းအိမ်များ ကပ်လျှက်
ဆောက် လုပ်ထားသောနေရာများတွင်နေထိုင်ပါက
အိမ်နီးနားခြင်းအိမ်များရဲ့ ရေတံစပ်မြိတ်များ မှ
ကျသောရေများ ဟာသင့်အိမ်အား မိုးရေများကြောင့်
ဆွေးမြေ့လာကာအချိန်မတန်မှီ ပျက်စီးယို ယွင်း မှုများ
ဖြစ်ပေါ်စေ နိုင်မှာဖြစ်ပါတယ်။
အဆိုပါပြဿနာကိုတော့
ရေတလျှောက်များ တပ်ဆင်ပြီး
ကာကွယ် နိုင်မှာလည်းဖြစ်ပါတယ်။
(Lamudi)
credit - house com mm
Saturday, August 22, 2015
"သိမှတ်ထားသင့်သော မြေအမျိုးအစားများ"
"သိမှတ်ထားသင့်သော မြေအမျိုးအစားများ"
မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက
- ဘယ်လိုမြေအမျိုးအစားဖြစ်တယ်၊
- ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊
- ကိုယ်ဝယ်မယ့် မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်
နာမည်ပြောင်းလို့ရမရ
ဆိုတာကို မဝယ်ယူခင်မှာ အသေအချာ သိဖို့လိုအပ်ပါတယ်။
မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင်
အမျိုးအစားတွေ၊
အဆင့်အတန်းတွေကိုလည်း သတ်မှတ်ထားတာရှိသလို
လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကလည်း
အများကြီး ကွာဟပါတယ်။
မြေကိုအကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြား ထားတာ ကို
တွေ့ရပါလိမ့်မယ်။
လယ်ယာ ဥယျဉ်မြေ ၊ မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )၊
ဂရန်မြေ၊ ချထားမြေ ( ပါမစ် ) ၊
စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေ
တွေဆိုပြီး အမျိုးအစားခုနှစ်မျိုးခွဲထားပါတယ်။
မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ်
ရောင်းဝယ်လုပ်ကိုင်နေပေမယ့်လည်း
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ( ၁ )
နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ
ပုဒ်မ ၃၇အရ -
နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ
မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်
လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်
ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက် အရ
မြေအားလုံး၏မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး
ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာ
ရှိပြီး မြေအမျိုးအစား အလိုက်
ရောင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း
ကွာဟနိုင်စေသည်။
၁။ လယ်ယာဥယျဉ်မြေ
============
* စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြုခွင့်ရတဲ့
သီးသန့်မြေမျိုးဖြစ်ပြီး
* လယ်ယာမြေ ဥပဒေသစ် အရ
အခြားသူတစ်ဦးတစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်၊
* ယင်းမြေအမျိုးအစားမှ လူနေအိမ်မြေ အဖြစ်
ပြောင်းလဲအသုံးချနိုင်ရန် အတွက် ပုဒ်မ ၃၉ ဖြင့် အကျုံးဝင်
ကပြောင်းနိုင်သော်လည်း
* နိုင်ငံတော်၏ စီမံကိန်းဝင် လုပ်ငန်းကြီးများနှင့်
မြို့သစ်များ ဖော်ထုတ်ခြင်း၊
စက်မှုဇုန်သစ်များ ဖော်ထုတ်ခြင်း အစရှိသည့် ကိစ္စရပ်များမှ
လွဲပြီး
* မြို့မြေ အဖြစ် အလွယ်တကူပြောင်းလဲနိုင်ရန် ခက်ခဲသည့်
မြေအမျိုးအစား ဖြစ်သည်။
* လန -၃၉ ကျပြီးမှသာ ယင်းမြေများကို
အလွယ်တကူ ခွဲစိတ်၊ ရောင်းချပေါင်နှံခွင့် ရှိသည့်
မြေအမျိုးအစား ဖြစ်သည်။
၂။ မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )
=================
* အင်္ဂလိပ်အစိုးရ လက်ထက်တွင်
မြို့ကွက်များကို ဖော်ထုတ်ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး
* အများပြည်သူတို့ကို ရောင်းချခဲ့သည့်
မြေ နှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအရ
လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့်
မြေများဖြစ်သည်။
* အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွှဲပြောင်းနိုင်သည်။
၃။ ဂရန်မြေ (မြေဌားစာချုပ်မြေ)
=================
* နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ်ထားသည့်
မြေဧရိယာအလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀
ကာလ အပိုင်းအခြား အလိုက်
ဌားရမ်းပေးထားသည့် မြေမျိုးဖြစ်ကာ
* ရောင်းဝယ်၊ ပေါင်နှံ၊ခွဲစိတ်၊ လွှဲပြောင်းနိုင်ပြီး
* အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှု
နှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။
၎။ ချထားမြေ (ပါမစ်မြေ)
=============
* မြေဌားစာချုပ် ( ဂရန် ) မရှိသေးသော်လည်း
နိုင်ငံတော်အစိုးရမှတရားဝင်ချထားပေးသော
မြေ အမျိုးအစား ဖြစ်သည်။
* ဥပဒေ သတ်မှတ်ချက်များ အရ
နိုင်ငံတော်မှ တ၇ားဝင်ချထားပေးသူမှ အပ
တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့်
မြေအမျိုးအစားဖြစ်သည်၊
* ပါမစ်ချထားပြီး တစ်နှစ်ပြည့်မြောက်သည့်
အချိန်မှစတင်ကာ
မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ
* တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်းကို
ခွင့်ပြုထားသည်။
၅။ စကွာတာမြေ
=========
* ယနေ့ခေတ်တွင် အလွန်ရှားပါးသည့်
မြေအမျိုးအစားဖြစ်သည်၊
* အင်္ဂလိပ်အစိုးရလက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့်
မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့်နှုန်းထား
တစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထားခဲ့သည့်
မြေအမျိုးအစားဖြစ်သည်၊
* ထို့အပြင်မြေဌားစာချုပ်စည်းကမ်း ဖောက်ဖျတ်သည့်
မြေများနှင့်
ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင်
ဆက်လက်နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊
ယင်းမြေ အဌားချထားခြင်း ခံရသူများ အနေဖြင့်
ယနေ့ခေတ် တွင် ဂရန်မြေ အဖြစ် လျှောက်ထားနိုင်သည်၊
* မြေဌားစာချုပ် ( ဂရန်) ကျပြီးမှသာ
ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။
၆။ ကျုးကျော်မြေ
=========
* မြေဌားစာချုပ်လည်း မရှိသလို၊
သက်ဆိုင်၇ာမှ နေရာချထားပေးခြင်း မရှိဘဲ
အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေ ပေါ်တွင်
ကျုးကျော်နေအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်
သည်။
* အဆိုပါကျုးကျော်မြေများကိုလည်း နိုင်ငံတော်မှ စီစစ်ပြီး
စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက
ဖယ်ရှားခံရပါမည်။
* အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကို
လတ်တလော အသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး
ကျုးဂရန်သတ်မှတ်ကာ မြေဌားခ ထမ်းဆောင်စေခဲ့သော်လည်း
* ယနေ့ခေတ်တွင် အသုံးပြုခြင်း မရှိတော့ပါ၊
* ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။
၇။ သာသနာပိုင်မြေ
===========
* ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊
ဗလီ၊ ဟိန္ဒူဘုရားကျောင်း၊
ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့်
ဘာသာရေး နှင့် ကိုးကွယ် ဝတ်ပြုမှု နှင့်
သက်ဆိုင်သည့် မြေများဖြစ်သည်။
(ကိုချစ်ခင်)
credit - iMyanmar House
Friday, August 21, 2015
"စာချုပ်ပါ သက်သေ"
"စာချုပ်ပါ သက်သေ"
စာချုပ်များ ချုပ်ဆိုကြရာတွင်
အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ်ဖြစ်ပါသည်။
ကတိပြုသူ၊ ကတိရသူများအပြင်
အသိသက်သေများပါ စာချုပ်တွင် ပါဝင်
လက်မှတ်ရေးထိုးကြရပါသည်။
အဆိုပါ အသိသက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏
ကတိပြုချက်၊
သဘောတူညီချက်၊
အာမခံချက်၊
စည်းကမ်းချက် စသည်တို့ကို
အမှန်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။
"အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင်
လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။" ဟူ၍
စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး
နှစ်ဘက်လက်မှတ်ရေးထိုးကာ
အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်
ဖြစ်သော်လည်း
ပြဿနာများပေါ်ပေါက်၍
အသိသက်သေများကို စစ်ဆေးမေးမြန်းသောအခါတွင်မူ
သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို
ပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ
အတော်ပင် ရှားပါးတတ်ပါသည်။
- အချို့က မိမိ ရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ
မိမိလက်မှတ် ဟုတ် မဟုတ်၊
မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါ
ဖြစ်နေတတ်ကြပါသည်။
- အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည်
မှန်သော်လည်း စာချုပ်ပါ အချက်များကို မသိကြောင်း
ပြောပါသည်။
- သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ
ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။
- အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ်
လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း
စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း၊
သက်သေအဖြစ် အကူအညီပေးသည့်အနေဖြင့်
ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။
- မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း
ပြောပါသည်။
စာချုပ်နှင့်ပတ်သက်၍ မသေချာ မရေရာသော
ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါအချက်များနှင့်
ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင်သည်ကို
ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါသည်။
၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။
အဘယ်ကြောင့်ဆိုသော် -
၎င်းတို့အနေဖြင့် လူမှုရေးအရ အကူအညီပေးသည့် သဘောဖြင့်
ပါဝင်လာခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်ပါသည်။
*** စာချုပ်ချုပ်ရာတွင်
- အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ
စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် (သို့မဟုတ်)
ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။
- ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူးတကန့်
အကူအညီတောင်းဖို့ လိုအပ်ပါသည်။
- စာချုပ်ချုပ်ရသည့်ကိစ္စရပ်များကို စာချုပ်မချုပ်မီ
ရှင်းလင်းပြောပြဖို့ လိုအပ်ပါသည်။
- စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကို
အရင်ဖတ်စေခြင်း (သို့မဟုတ်) ဖတ်ပြခြင်းများ ရှိသင့်သည်ဟု
ဆိုရပါမည်။ ***
ကာယကံရှင်များ သဘောတူချုပ်ဆိုသည့် အချက်များကို
သိရှိသဘောပေါက်ပြီးနောက်
လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင်
ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။
ထို့ပြင်
အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးပေးသူအား
ထိုက်သင့်သော ချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု
အကြံပြုလိုပါသည်။
အဘယ်ကြောင့်ဆိုသော်
*** တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ
ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည်
လွန်စွာ တန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။ ***
သို့ဖြစ်ရာ စာချုပ်ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန်
တိတိကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို
ကြုံသလို မလုပ်မိကြဖို့၊
မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။
ဦးကျော်ဇေယျ( ဥပဒေ )
credit - အိမ်ခြံမြေ ဝန်ဆောင်မှုအဖွဲ့
Wednesday, August 19, 2015
"အပျောက်တိုက်ခန်းများ အကြောင်း"
"အပျောက်တိုက်ခန်းများ အကြောင်း"
၁။ အပျောက်တိုက်ခန်း
============
အပျောက်တိုက်ခန်းဆိုသည်မှာ
ယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍
နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်း၊ ဌားရမ်းပိုင်ခွင့်ရှိသော
အိမ်ဌား (Tenant) တစ်ဦးဖြစ်ပါသည်။
၁၉၆၀ ပြည့်နှစ်၊ မြို.ပြဆိုင်ရာဌားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေနှင့် အကျုံးဝင်သဖြင့်
ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့်
ယင်းဥပဒေကို လိုက်နာရပါမည်။
၂။ အပျောက်တိုက်ခန်းအမျိုးအစားများ
=====================
(က) ပုဂ္ဂလိကတိုက်ခန်း
- ပုဂ္ဂလိကပိုင်မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင် ငွေဖြင့်ဖြစ်စေ၊
ကန်ထရိုက်တာနှင့် အခန်းပေး အခန်းယူဆောက်လုပ်သည့်
တိုက်ခန်းများဖြစ်ပြီး၊
- မြေရှင်အား အိမ်လခပေးနေရသောအခန်းများ ဖြစ်ပါသည်။
- အိုးအိမ်မှ ပုဂ္ဂလိကသို. အပြီးအပြတ်ရောင်းချသော
အခန်းများလည်း ပါဝင်ပါသည်။
- ယင်းတိုက်ခန်းများကိုမူ အိမ်လခ တောင်းခံခြင်းမပြုပါ။
(ခ) ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း
- ပြည်သူပိုင် သိမ်းယူသောတိုက်ခန်းများအနက်
နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့်အခန်းများအား
ပြန်လည်စိစစ်၍ မူလပိုင်ရှင်များအား ပြန်လည်လွှဲပြောင်း
ပေးအပ်လိုက်သည့် အခန်းအမျိုးအစားဖြစ်ပါသည်။
(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုက်ခန်း
- တိုက်ခန်းနေထိုင်သူမှ ကြွေးမဆပ်နိုင်သဖြင့်
စည်ပင်က ယာယီထိန်းသိမ်းထားသည့် အခန်းဖြစ်ပြီး၊
- စည်ပင်ကြွေးကို အိမ်ဌား (တိုက်ခန်းအပျောက်ဝယ်သူ)မှ
ပေးဆပ်ရပြီး
- တိုက်ပိုက်ရှင်သို. အိမ်လခပေးရန်မလိုဘဲ
- စည်ပင်ခွန်များကိုသာ ပေးဆောင်နေရသည့်
အခန်းအမျိုးအစားဖြစ်ပါသည်။
(ဃ) ဘာသာရေးပိုင်အခန်းများ
- ဗလီဝကဖ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင်အခန်းများ၊
တရုတ်ဘုံကျောင်းပိုင်အခန်းများအား
အပျောက်စနစ်ဖြင့်ရောင်းချပြီး
- ရရှိသည့်ငွေများ၊ အိမ်လခများကို ဘာသာရေးရန်ပုံငွေအဖြစ်
အသုံးပြုသည့်အခန်းများ ဖြစ်ပါသည်။
- အဆိုပါအခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊
ပိုင်ဆို်င်မှုအမည်ပြောင်းခြင်းများကို သက်ဆို်င်ရာ
ဂေါပကအဖွဲ.လူကြီးများက စီမံခန်.ခွဲကြပါသည်။
(င) ပြည်သူပိုင် (သို.) အစိုးရပိုင်အခန်းများ
1. အိုးအိမ်ခန်း
- နို်င်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့်
ဆောက်လုပ်ပြီး
- ဝန်ထမ်းများအား နေထိုင်ခွင့်အဌားချထားသောအခန်းမျိုး
ဖြစ်သည်။
(ဥပမာ- ဦးဝိစာရအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာ)
- ၎င်းအပြင် ယခင်တိုင်းပြည်သူ.ကောင်စီမှ
ထိန်းသိမ်းထားသော ပြည်သူပိုင်အခန်းများအား
အိုးအိမ်သို. လွှဲအပ်ပေးလို်က်သောအခန်းများ ပါဝင်ပါသည်။
2. ဌာနဆိုင်ရာအခန်းများ
- အစိုးရဌာနဆိုင်ရာ အဖွဲ.အစည်းအသီးသီးတို.မှ
မိမိတို.ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက်
နိုင်ငံတော်မှ စီစဉ်ဆောက်လုပ်ပေးသော
အဆောက်အဦးတိုက်ခန်းများ ဖြစ်ပါသည်။
- ပြည်သူပိုင်အဖြစ် ပြုလုပ်ထားသောအခန်းများ
ပါဝင်ပါသည်။
3. တိုင်းချခန်း
- ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊
တစ်ဖန် တိုင်းပြည်သူ.ကောင်စီသည် တိုင်းအဆင့်စီမံခန်.ခွဲမှု၊
အုပ်ချုပ်မှုအဖွဲ.အစည်းမှ ပုဂ္ဂိုလ်များအား
ချပေးသောအခန်း ဖြစ်ပါသည်။
4. နိုင်ငံခြားပြန်အခန်း
- နိုင်ငံခြားသားပိုင်အခန်းဖြစ်ပြီး မိမိတို.၏နိုင်ငံသို.
အပြီးအပိုင်ပြန်ကြရာတွင် ယင်းအခန်းများကို
နိုင်ငံတော်သို. အပ်နှံခြင်း(သို.) နိုင်ငံတော်မှ သိမ်းယူထားသော
အခန်း ဖြစ်သည်။
5. စည်ပင်ယာယီထိန်းအခန်း
- စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊
ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း ညွှန်ကြားချက်များအား
မလိုက်နာခြင်းတို.ကြောင့် စည်ပင်သာယာရေးကော်မတီမှ
ယာယီထိန်းသိမ်းထားသောအခန်း ဖြစ်ပါသည်။
(စ) အခြားအခန်းများ
- ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ
(မူးယစ်ဆေးဝါး၊ ချဲထီစသည်)
အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ်သိမ်းခြင်းခံရသည့်
အခန်းများ ဖြစ်ပါသည်။
(ဆ) DB တိုက်ခန်းများ
အန္တရယ်ရှိ အဆောက်အဦ DB(Dangerous Building)မှာ
အချိန်မရွေး ပြိုကျနိုင်ပြီး နေထိုင်သူနှင့်
အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကို
ထိခို်က်စေနိုင်သည့် အဆောက်အဦကို ခေါ်ပါသည်။
အန္တရာယ်ရှိအဆောက်အဦကို အိမ်ရှင်ဖြစ်စေ၊ နေထိုင်သူဖြစ်စေ၊
ပတ်ဝန်းကျင်မှဖြစ်စေ မြို.တော်စည်ပင်သာယာရေးကော်မတီသို.
လျှောက်ထားနိုင်ပါသည်။
လျှောက်ထားမှုအပေါ် ရှေးဦးစွာပမဏာမအဖွဲ.ဖြင့်
စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို.)
အကြီးစားပြင်ဆင်ရန်ဆုံးဖြတ်ပါသည်။
ထိုသို.မဟုတ်ဘဲ အန္တရာယ်ရှိ အဆောက်အဦဖြစ်က
အဖွဲ.ဝင်(၁၂)ဦး ပါဝင်သည့် စစ်ဆေးရေးအဖွဲ.ကြီးဖြင့်
ထပ်မံစစ်ဆေး ဆောက်ရွက်ပါသည်။
ထိုအဖွဲ.၏ စစ်ဆေးချက်ကို မြို.တော်စည်ပင်သာယာရေး
ကော်မတီသို. တင်ပြအတည်ပြုချက် ရယူပြီးနောက်
မြို.တော်သတင်းစာ(သို.) အခြားနည်းဖြင့် မြေရှင်မှလာရောက်၍
ပိုင်ဆိုင်မှုတင်ပြရန် အကြောင်းကြားပါသည်။
ပိုင်ဆိုင်မှုမှန်က မြေရှင်မှ မိမိကြိုက်ရာစည်ပင်အသိအမှတ်ပြု
လိုင်စင်ရကန်ထရိုက်တာဖြင့် အန္တရာယ်ရှိအဆောက်အဦးကို
ဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်အဖွဲ.မှ
နေထိုင်သူများအားခေါ်၍ နေရာချထားပေးပြီး
ဆောက်လုပ်စေပါသည်။
အိမ်ရှင်မြေရှင်နှင့် နေထိုင်သူများ စပေါ်ဖြင့်နေသူ (သို.)
အခြားနည်းဖြင့်နေသူများ၏ အခွင့်အရေးမှာ-
1 - နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်းအတိုင်း
ပြန်လည်နေရာချထားပေးပါသည်။
2 - အခန်းရသူများမှ ကန်ထရိုက်တာကို(၃)ရစ်ခွဲ၍
အလိုက်ငွေပေးရပါမည်။ ပျက်ကွက်လျှင် အခန်းရယူသူစာရင်းမှ
ပယ်ဖျက်ပါသည်။
3 - စည်ပင်၏ သတ်မှတ်အခွင့်အရေးမှအပ
အခြားမည်သည့်အခွင့်အရေးမျှ မရရှိပါ။
အန္တရာယ်ရှိအဆောက်အဦးမှ ဖယ်ရှားမပေးသူကို
တည်ဆဲဥပဒေအရ အရေးယူပါသည်။
၃။ နိုင်ငံတော်ပိုင် (ပြည်သူပိုင်/အစိုးရပိုင်) အခန်းများကို
ရောင်းဝယ်လွှဲပြောင်းပိုင်ခွင့် မရှိပါ။
၎။ ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့်
အိုးအိမ်နှင့် ဆောက်လုပ်ရေးကုမ္ဗဏီတို.
အကျိုးတူဆောက်လုပ်ပြီး
ပုဂ္ဂလိကများသို. အပြီးအပိုင် ရောင်းချသည့်တိုက်ခန်းများကို
ပုဂ္ဂလိကအချင်းချင်း ရောင်းပိုင်၊ ဝယ်ပိုင်၊
လွှဲပြောင်းပိုင်ခွင့်ရှိပါသည်။
credit - Winning Land Real Estate
"အိမ်ခြံမြေအကျိုးဆောင်များ ငွေမည်းခ၀ါချမှုနှင့် လွတ်ကင်းစွာ လုပ်ကိုင်ကြရန် သတိပေးထား"
"အိမ်ခြံမြေအကျိုးဆောင်များ ငွေမည်းခ၀ါချမှုနှင့်
လွတ်ကင်းစွာ လုပ်ကိုင်ကြရန် သတိပေးထား"
ငွေမည်းခ၀ါချခြင်းများအတွက် မြေယာများကို
နိုင်ငံခြားသားများနှင့် ၀ယ်ရောင်းများ ဈေးကစားရန်
ရောင်းဝယ်ခြင်းများတွင် အိမ်ခြံမြေအကျိုးဆောင်များ ပါဝင်မှု
မရှိစေရန် သတိပေးမှုနှင့်ပညာပေးမှုများ ပြုလုပ်နေကြောင်း
မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ
ဦးသန်းဦး က ပြောသည်။
"အိမ်ခြံမြေ အကျိုးဆောင်တွေကို ငွေကြေးခ၀ါချမှုနဲ့
ပတ်သက်တဲ့ အရောင်းအ၀ယ်တွေ၊
အဂတိလိုက်စားမှုနဲ့ ဆိုင်တဲ့ အရောင်းအ၀ယ်တွေနဲ့
တတ်နိုင်သမျှ ရှင်းရှင်း လင်းလင်းလက်ရှောင်နေဖို့
သတိပေးနေပါ တယ်။
ဒါတွေက မြေဈေးကွက်လှုပ်ရတဲ့အကြောင်းရင်းတွေ
ထဲက တစ်ခုဖြစ်လို့ပါ" ဟု ၎င်းကပြောသည်။
ငွေမည်းက ငွေဖြူပြုလုပ်ခြင်းများ များပြား လာသည့်အတွက်
ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို
၂၀၁၄ ခုနှစ် ဩဂုတ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး
ကျပ် သန်း ၁၀၀ ထက်ပိုသောအရောင်းအ၀ယ်များရှိပါက
အိမ်ခြံမြေ အကျိုးဆောင်များက ထိုငွေကြေးဆိုင်ရာ အဖွဲ့ကို
တင်ပြရမည်ဖြစ်သည်။
ယခုအချိန်ထိ မြေ၀ယ်ခြင်း၊ ကားဝယ်ခြင်း တို့ဖြင့် ငွေမည်းက
ငွေဖြူပြုလုပ်ခြင်းကို မည်သည့်ငွေကြေးဖြင့် ၀ယ်ယူသည်ဖြစ်စေ
၃၀ ရာခိုင်နှုန်း အခွန်ဆောင်ပါက
တရား ဥပဒေအရ တရားဝင်ဖြစ်နေသေးသည်။
အိမ်ခြံမြေဈေးကွက်အတွင်း
တရားမ၀င် စီးဝင်လည်ပတ်လျက်ရှိသော ငွေမည်းအမြောက်အမြား
ပါဝင်နေသည့် သတင်းများ ကြောင့် နိုင်ငံတကာ ငွေကြေးခ၀ါချမှု
တိုက် ဖျက်ရေးအဖွဲ့၏အစည်းအဝေးများသို့လည်း
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း က
ပါဝင်တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း
ဦးသန်းဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
ထို့ပြင် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်စေရန်
ဈေးကစားသည့်အခြေအနေများတွင်
အိမ်ခြံမြေအကျိုးဆောင်များ ဖြင့်ဖွဲ့စည်းထားသည့်
မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းဝင်များ
ပါဝင်ပတ်သက် ခြင်းမရှိစေရန်
အသင်းဝင်အိမ်ခြံမြေအကျိုး ဆောင်များကို မကြာခဏ
သတိပေးမှုများ အပြင် အသိပညာပေးမှုများကိုပါ
ပြုလုပ်ပေးနေကြောင်း ၎င်းကပြောသည်။
မြေဈေးကစားသည့် ဖြစ်ရပ်များတွင်
နိုင်ငံခြားသားများက ငွေထုတ်ပေးကာ
မြန်မာလူမျိုးအမည်ခံများဖြင့်ဝယ်ယူကြပြီး
အချို့ သောနေရာများတွင် နိုင်ငံခြားသားများကိုယ်တိုင်
လိုက်လံဝယ်ယူဈေးကစားနေကြောင်း သတင်းမီဒီယာများက
ဖော်ပြနေကြသော်လည်း
အရေးယူမှု အားနည်းနေဆဲဖြစ်ကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
" *** အခွန်လျှော့တော့မယ်ဆိုပြီး
သတင်းတွေအမျိုးမျိုးထွက်နေလို့ အခွန်ရုံးမှာကိုယ်တိုင်
သွားမေးကြည့်တော့ မဟုတ်ပါဘူးဆိုပြီး ပြောတယ်။ ***
သတင်းမှားတွေ ဖြစ်မှာစိုးလို့ပါ" ဟု
ဦးသန်းဦးက ပြောသည်။
ယခုကဲ့သို့ အခွန်နှုန်းထား အပြောင်းအလဲ ကြားအချိန်များတွင်
အခွန်ဈေးကစားမှုများရှိနေသေးကြောင်းနှင့်
ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်း
ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
၂၀၁၅ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က
ပြဋ္ဌာန်းခဲ့သည့် အခွန် အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို
ထပ်မံပြဋ္ဌာန်းကာအခွန်အကောက်များကို ထပ်မံလျှော့ချမည့်
အခွန်အကောက်ဥပဒေသစ်ကို ဇူလိုင်လကုန်တွင်
ပြန်လည်ထုတ် ပြန်မည်ဆိုသည့်သတင်းမှာလည်း
ကောလာဟလသတင်းမှားတစ်ခုသာ ဖြစ်ကြောင်း
ဦးသန်းဦးက ပြောသည်။
"သတင်းတွေ အမျိုးမျိုးကြားနေရပေမယ့်လည်း
ဈေးကွက်ကအေးပြီး အ၀ယ်မရှိပြန်ဘူး။
ဝယ်မယ်ဆိုရင်လည်း ဈေးကတော်တော် လေးနှိမ်ပြီးမှ
ဝယ်ချင်ကြတော့ တေ့တေ့ဆိုင်ဆိုင်အရောင်းအ၀ယ်ဖြစ်တာ
မကြား သလောက်ပါဘဲ " ဟု
ဒဂုံမြို့သစ်မြောက်ပိုင်းက အေးရိပ်စံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
ဖွင့်လှစ်ထားသည့် ဒေါ်နီလာကျော် က ပြောသည်။
ထို့ပြင်
*** ဇွန်လဆန်းမှစတင်ခါ မြင့်တက် လာသည့်
အမေရိကန်ဒေါ်လာဈေး၊
ရွှေဈေး များနှင့်အတူကျပ်ဘီလျံပေါင်း ၈,၁၇၇ ဒသမ ၅၁ ကျပ်
အကုန်အကျခံ အကောင်အထည်ဖော်မည့်
မြို့သစ်စီမံကိန်းသတင်းများ ထွက်ပေါ်လာခြင်းများကြောင့်
မြေဈေးကစားသူ များကဈေးကွက်ပြန်လည်နိုးထလာစေရန်
နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားလာခဲ့သော်လည်း
မြေကွက်များကို အ၀ယ်မရှိဘဲ အရောင်းအ၀ယ်
ဆက်လက်အေးစက်လျက်ရှိကြောင်း ***
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"စီမံကိန်းတွေ ရှိနေတာတောင်မြေအရောင်းအ၀ယ်အေးနေလို့
ဝယ်ရောင်းသမားတွေက အိမ်ခြံမြေဈေးတွေတက်လာ
အောင် အတင်းလှုပ်ကြည့်နေပေမယ့်
ဝယ် မယ့်သူ မရှိသေးပါဘူး။ တခြားအကြောင်း
တွေလည်း အများကြီးရှိသေးတယ်" ဟု
တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီဥကဋ္ဌ
ဦးကိုကိုထွေးက ပြောသည်။
*** ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့်
အထွေထွေ ရွေးကောက်ပွဲကြီး အပြီးတွင်
ဖြစ်ပေါ်ပြောင်းလဲလာနိုင် သည့် နိုင်ငံရေး၊
စီးပွားရေးနှင့်ပတ်သက်သည့် ဈေးကွက်ဆိုင်ရာ
အပြောင်းအလဲသစ် များကို မျှော်လင့်ကာ
ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက
ယခု အချိန်တွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ကြဘဲ
ဈေးကွက်စောင့်ကြည့်နေဆဲ အခြေအနေ ဖြစ်သည့်အတွက်
အိမ်ခြံမြေဈေးကွက်အတွင်း
အရောင်းအ၀ယ်အေးစက်နေသည့်အပြင်
ဖော်ပြရန်ခက်ခဲသည့် အကြောင်းရင်းပေါင်းမြောက်မြားစွာလည်း
နောက်ကွယ်တွင် ရှိနေဆဲဖြစ်ခြင်းကြောင်း ***
၎င်းက ပြောသည်။
(ဇေယျာလင်း)
credit - The Myanmar Times
Tuesday, August 18, 2015
"မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာ ရှိနေသော်လည်း မြေယာအသစ်များ ဖော်ထုတ်ရန် အခက်အခဲဖြစ်နေ"
"မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာ ရှိနေသော်လည်း
မြေယာအသစ်များ ဖော်ထုတ်ရန် အခက်အခဲဖြစ်နေ"
မြန်မာနိုင်ငံတွင် ဖော်ထုတ်နိုင်သည့် မြေလွတ်မြေရိုင်းများစွာ
ရှိနေသော်လည်း
မြေကြီးမြေပုံ မမှန်ကန်သည့် ဖြစ်ရပ်များနှင့်
မြေလွတ် မြေရိုင်းများ ရယူထားပြီး အမှန်တကယ်စိုက်ပျိုး ထုတ်လုပ်မှု
မရှိသည့် ဖြစ်ရပ်များကြောင့်
မြေယာအသစ်များ လိုအပ်ပါလျက် ဖော်ထုတ်ရန်
အခက်အခဲများရှိနေကြောင်း သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ
မြေပဒေသာကျွန်း၌ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း
(ရန်ကုန်ရုံး ခွဲ) မှ ကျင်းပသည့် စိုက်ပျိုးရေး ဟောပြောပွဲတွင်
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး
ဦးတင်ထွဋ်ဦးက ပြောကြားသည်။
“မြေယာဖော်ထုတ်တဲ့ အခါမှာ အခုက
ဘယ်လိုဖြစ်နေလဲ ဆိုတော့ Comprehensive Land Law
မရှိသေးဘူး။
အခု ဒုတိယသမ္မတ ဦးဆောင်ပြီးတော့ မြေယာမူဝါဒနဲ့
မြေယာဥပဒေနဲ့ ပတ်သက်ပြီး ရေးဆွဲနေတယ်။
အခုကျွန်တော်တို့က သစ်တောမြေလို့ သစ်တောက ပြောလိုက်တယ်။
စိုက်ပျိုးမြေကို စိုက်ပျိုးရေးက ကိုင်တယ်။
အိမ်ဂရန်တို့ဘာ တို့ကို ပြည်ထဲရေးက ကိုင်တယ်ဆိုတော့၊
ဒါပေမဲ့ မြေပုံပေါ်မှာက သစ်တောမြေ၊ မြေပြင်မှာက မြို့တွေဖြစ်ကုန်ပြီ။
နောက်တစ်ခါ မြေပုံပေါ်မှာတော့ သစ်တောကြိုးဝိုင်းပဲ၊
သစ်ပင် တစ်ပင်မှမရှိဘူး။ အားလုံးယာတွေ ဖြစ်ကုန်ပြီ၊
အဓိက ကျွန်တော်တို့ဆီမှာ မြေကြီးမြေပုံမမှန်ကန်သေးတဲ့ ကိစ္စပဲ။
အဲဒီတော့ မြေယာဖော်ထုတ်ရေးကို လုပ်ပြီဆိုရင်
မြေကြီး မြေပုံမှန်ကန်အောင်လုပ်ပြီးတော့ အမှန်တကယ်
ရသင့်ရထိုက်တဲ့ သူတွေကိုရအောင် ဥပဒေပါအတိုင်းရှိတဲ့
ဥပဒေနဲ့ပဲ အရင်စလုပ်ဖို့လိုတယ်” ဟု
ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ထို့ကြောင့် ၎င်းအနေဖြင့် ယင်းအစီအစဉ်အား ဖြစ်ဖြစ်မြောက်မြောက်
အကောင်အထည်ဖော်ရန် Land Development Corporation
တစ်ခုအား ထူထောင်ရန် အစိုးရ အကြံပြုထားကြောင်းလည်း
သိရသည်။
“တချို့နေရာတွေ ဆိုရင်တော့ ရေကြီးရေနက်ကွင်းတွေမှာ
ရေမ၀င်အောင် တာပတ်ပေးထားတာတို့
ရေနုတ်မြောင်းတူးပေးထားတာတို့ လုပ်ရင်
မြေယာအသစ်တွေ ပေါ်လာနိုင်တဲ့နေရာတွေ အများကြီးရှိပါ တယ်။
အထူးသဖြင့် ကရင်တို့၊ ရခိုင်တို့ ဘက်မှာလည်း ရှိပါတယ်။
အဲဒီလို နေရာတွေမှာဆိုရင်တော့ ပိုရှင်းပါတယ်။
အဲဒီလိုဖော်လိုက်လို့ ပေါ်လာတဲ့မြေကို လိုတဲ့သူ
အနီးအနားက လူကိုပေးလိုက်ပေါ့။
*** အခုကတော့ အရင်ပေးထားတဲ့ သူတွေရဲ့ မြေကို
ပြန်ယူရင်တောင်မှ
အဲဒီမှာ ကျူးကျော်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့က
ဦးစားပေးပြီး ပြန်လုပ်ဖို့လိုတယ်။
ခက်တာက ဒါတွေကို လုပ်စားတဲ့ လူတန်းစားကလည်း ပေါ်လာတယ်။
ဒီမြေကွက်တစ်ခုကို လုပ်တော့မယ်လို့ပြောရင်
မနက်ဖြန်လောက်မှ လုပ်မယ်ကြားရင် ဒီညလိုမျိုးမှာ တဲထိုးပြီး
ငါတို့ဒီနေရာမှာ နေတာပါဆိုပြီး လုပ်တဲ့သူတွေကလည်း ရှိသေးတယ်။
တချို့လည်း မင်းတို့ဒီမြေကို ငါရအောင် လုပ်ပေးမယ်။
ဘယ်လောက်ပိုက်ဆံပေး၊ ငါနဲ့လိုက် ဆန္ဒပြဆိုပြီး
အဲလိုလုပ်စားနေတဲ့ သူတွေကလည်း ရှိသေးတယ်။
ဒီအပေါ်မှာ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတဲ့ကိစ္စ၊
Corruption ကိစ္စတွေကိုတော့ ပြတ်ပြတ်သားသား
လုပ်နိုင်ဖို့တော့လိုတယ်။
အဘက်ဘက်က လုပ်နိုင်ဖို့တော့ လိုပါတယ် *** ” ဟု
၎င်းက ပြောကြားသည်။
“အခုဖြစ်နေတဲ့ မြေယာပြဿနာတွေ အများစုကလည်း
ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မြေကွက်တွေကို ဒစ်ဂျစ်တယ်ပုံစံနဲ့
မသွားနိုင်ဘူး။ လက်နဲ့ဆွဲရတာတွေရှိတယ်။
ဒါတွေကလည်း အငြင်းပွားစရာ ဖြစ်စေတယ်” ဟု
၎င်းကဆိုသည်။
ထို့ကြောင့်
မြေယာအား စနစ်တကျ ဖော်ထုတ်မှု၊ ဈေးကွက်ရရှိမှု၊
ယှဉ်ပြိုင်နိုင်မှု၊ Supply Chain နှင့်
ချိတ်ဆက်လုပ်ဆောင် နိုင်မှုမှာလည်း
လယ်ယာကဏ္ဍ တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း
၎င်းက ပြောကြားသည်။
“စောစောက ကျွန်တော်ပြောသလို မြန်မာပြည်မှာ
မြေတွေရှိပါတယ်။
*** ၁၉၉၁ လောက်မှာ မြေလွတ် မြေလပ်တွေကို ယူကြပါဆိုပြီးတော့
ပေးခဲ့ဖူးတယ်။
အခုချိန်အထိ ကျွန်တော်သိသလောက် ကိန်းဂဏန်းအရ
နှစ်သန်းခွဲလောက်ရှိတယ်။
အဲဒီအထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ မြေယာဖော်ထုတ်ပြီး
စိုက်ပျိုးနိုင်တယ်။
ကျန်တဲ့ရာခိုင်နှုန်း ၉၀ လောက်က ဒီအတိုင်းချည်းပဲ ရှိသေးတယ်။
ဥပမာ-ရာဘာသမား တွေကတော့ တော်တော်များများ
စိုက်ကြတယ်။
ဆီအုန်းသမားလည်း စိုက်သင့်သလောက် စိုက်ကြတယ်။
ဒါပေမဲ့ တခြားသီးနှံတွေမှာတော့ ယူထားတဲ့မြေတွေဟာ
ဘာမှ ပေါ်ပေါ်ထင်ထင် မဖြစ်လာဘူး။
တချို့ လည်း အခုပြန်ပေးလိုက်တာတွေ ရှိတယ်။
၂၀၁၂ ခုနှစ် မြေယာဥပဒေနှစ်ခုမှာ
အထူးသဖြင့် မြေလွတ်မြေလပ် မြေရိုင်းများ ဥပဒေမှာ
အတိအကျ ပါပြီးသား။
ခွင့်ပြုထားသော မြေတွေကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ
ထုတ်ဖော်နိုင်ခြင်း မရှိဘူးဆိုရင် နိုင်ငံတော်မှ
ပြန်လည်ယူပြီးသကဲ့သို့ သတ်မှတ်မည်လို့ပါတယ်။
ဒါက ကျွန်တော်စောစောက ပြောခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုနဲ့
ဆိုင်တယ်။ ဒါကို Enforce လုပ်ဖို့ပဲရှိတယ်။ ဥပဒေက ရှိပြီးသား။
ကာလဆိုတာကလည်း လေးနှစ်အတွင်း ဖော်ရမယ်လို့ပါတယ်။
တကယ်သာ ဥပဒေအရ ဘာညာလုပ်မယ်ဆိုရင်
မစိုက်ဘဲ ချန်ထားတဲ့ဟာတွေကို
ပြန်ယူဖို့ပဲ ရှိတော့တယ် *** ” ဟု
ဦးတင်ထွဋ်ဦးက ပြောကြားသည်။
(အငယ်ထွေး၊ နီလာ)
credit - Eleven Media Group
Monday, August 17, 2015
"ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ"
"ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား
သတိထားစရာများ"
"နည်း(၂)မျိုး"
=======
အဆောက်အဦးများကို ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့သည်
အောက်ပါနည်း(၂)မျိုးဖြင့် ဆောင်ရွက်တတ်ကြပါသည်။
၁။မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ
အခန်းပေးအခန်းယူဆောက်လုပ်ခြင်း။
၂။မြေပိုင်ရှင်ကမိမိပိုင်မြေပေါ်တွင်မိမိပိုင်အဆောက်အဦးအား
မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအားငှားရမ်းဆောင်ရွက်ခြင်း၊
(တနည်းအားဖြင့်)
P.A.E စနစ်(Per Area Estimation )
အဆောက်အဦး၏တစ်ယူနစ်ဧရိယာခန့်မှန်းတွက်ချက်ပြီး
စိစစ်လက်ခံသည့်စနစ်တို့ဖြစ်ပါသည်။
"ခံစားခွင့်များ"
========
* မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ
အခန်းပေးအခန်းယူဆောက်လုပ်ကြရာတွင်
အဆောက်အဦးတစ်လုံးအတွက်ကုန်ကျစရိတ်ကို
ကန်ထရိုက်တာကအကုန်အကျခံဆောက်လုပ်ရပြီး
မိမိခံစားပိုင်ခွင့်ရသည့်အခန်းများကို
- ကြိုတင်အရစ်ကျရောင်းချခြင်း၊
- အခန်းဆောက်လုပ်ပြီးမှရောင်းချခြင်းများဖြစ်ပါသည်။
* P.A.E စနစ်မှာထိုသို့မဟုတ်ပါ၊မြေပိုင်ရှင်မှ
မိမိပိုင်မြေပေါ်တွင်
မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအား အဆောက်အဦး၏
တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးကို
ကန်ထရိုက်တာမှတွက်ချက်၍အဆောက်အဦးတစ်ခုလုံး
အပြီးအစီးငွေကျပ်မည်၍မည်မျှကုန်ကျမည်၊
ရယူမည်ဆိုသည်ကိုမြေပိုင်ရှင်ဘက်မှလက်ခံပြီး
- အဆောက်ဦးဆောက်လုပ်ခွင့်ပါမစ်ရ၍
စတင်မြေတူးသည့်နေ့တွင်
%မည်၍မည်မျှကိုလည်းကောင်း၊
- ပထမထပ်ကြမ်းခင်းပြီးလျှင်
%မည်၍မည်မျှကိုလည်းကောင်း၊
- အဆောက်အဦးအမိုးမိုးပြီးလျှင်
%မည်၍မည်မျှကိုလည်းကောင်း၊
- အဆောက်အဦးအားသတ်မှတ်စံချိန်စံညွှန်း၊
သတ်မှတ်ခွင့်ပြုသည့်ပုံစံအတိုင်း
အဆောက်အဦးပြီးဆုံးကြောင်း
သက်သေခံလက်မှတ်
(ဘီစီစီ)(Building complicate Certificate )
ရလျှင်%မည်၍မည်မျှကို
မြေပိုင်ရှင်ကကန်ထရိုက်တာအား
ငွေပေးချေရသည့်စံနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်း
ဖြစ်ပါသည်။
ကန်ထရိုက်တာအနေဖြင့်အဆောက်အဦးနှင့်
ပတ်သက်၍ခံစားခွင့်မရှိပါ။
"သတိပြုစရာများ"
==========
* အခန်းပေးအခန်းယူစနစ်ဖြင့်ဆောက်လုပ်ရာတွင်
ကန်ထရိုက်တာများသည်ကြိုတင်ငွေပေးချေမှုစနစ်ဖြင့်
မိမိရပိုင်ခွင့်ရှိသည့်တိုက်ခန်းများအားလုံးကိုဖြစ်စေ၊
အားလုံးနီးပါးကိုဖြစ်စေ၊ရောင်းချနေပြီဆိုလျှင်
မြေပိုင်ရှင်များဘက်မှစာချုပ်များတွင်
အသိအမှတ်ပြုလက်မှတ်
မထိုးပေးရန်သတိပြုဘို့အထူးလိုအပ်ပါသည်။
*** ကန်ထရိုက်တာအနေဖြင့်အရောင်းစာချုပ်၊
စရန်ပေးစာချုပ်တို့ချုပ်ပေး၍အတိုးဖြင့်ငွေချေးယူတတ်ခြင်း၊
အမှန်ရောင်းချလျှင်လည်းရပိုင်ခွင့်ဆက်လက်မကျန်ရှိ၍
အဆောက်အဦးအားပဋိညာဉ်ပါအတိုင်းပြီးဆုံးအောင်
မဆောင်ရွက်ဘဲရှောင်တိန်းထွက်ပြေးနိင်ပါသည်။
မြေပိုင်ရှင်အနေဖြင့်လက်မှတ်ရေးထိုးပေးမိလျှင်
ကန်ထရိုက်တာထံမှအခန်းကြိုဝယ်သူများမှ
ကန်ထရိုက်တာနှင့်အတူပူးတွဲတရားစွဲဆိုခြင်းခံရမည်
ဖြစ်ပါသည်။***
* ထို့အပြင်ကန်ထရိုက်တာသည်အခန်းတစ်ခန်းတည်းကို
နှစ်ဦးသို့မဟုတ်သုံး/လေးဦးတို့ကိုဆင့်ကဲဆင့်ကဲ
ရောင်းချတတ်၍မြေပိုင်ရှင်အနေဖြင့်
ကန်ထရိုက်တာအားအားနာမှု၊ယုံကြည်မှုတို့ဖြင့်
လက်မှတ်ထိုးပေးမိပါကကန်ထရိုက်တာ၏အရှုပ်ထဲ
ကိုယ်ပါ "ပဲလှော်ကြားဆားညပ်တတ်ပါသည်"။
*** သက်ဆိုင်ရာYCDC မှဆောက်လုပ်ခွင့်ပါမစ်ကျပြီးနောက်
အဆောက်အဦးမဆောက်သေးဘဲအခန်းများကိုကြိုတင်၍
အောက်ဈေးဖြင့်ရောင်းချနေသည့်ကန်ထရိုက်တာများဆိုလျှင်
သတိနှင့်ကြပ်မှတ်သင့်ပါသည်။
ထွက်ပြေးတိန်းရှောင်နိင်ပါသည်။ ***
တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ
လိုင်စင်အငှားဖြင့်ဆောက်လုပ်သည့်ကန်ထရိုက်တာများလည်း
ရှိပါသည်။
ထိုသို့
*** လိုင်စင်အငှားနှင့်ဆောက်မည့်ကန်ထရိုက်တာနှင့်ဆိုလျှင်
လိုင်စင်ပိုင်ရှင်ကန်ထရိုက်တာကိုပါစာချုပ်တွင်
ထည့်သွင်းချုပ်ဆိုထားရန်လိုအပ်ပါသည်။***
*** PAE စနစ်ဖြင့်ဆောက်လုပ်သောမြေပိုင်ရှင်များအဖို့
လိုင်စင်ရအင်ဂျင်နီယာတစ်ဦးနှင့်စံချိန်စံညွှန်းများကို
အမြဲမပြတ်စစ်ဆေးသင့်ပါသည်။***
* ကန်ထရိုက်တာအနေဖြင့်အဆောက်အဦး၏
တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးတွက်ချက်ရယူ
ဆောက်လုပ်ခြင်း၊(တနည်းအားဖြင့်)
ပုတ်ပြတ်စနစ် ဖြစ်ခြင်း၊(တစ်နည်းအားဖြင့်)
မြန်မာအခေါ်တန်စား၊ပေစားစနစ်ဖြစ်သည့်အတွက်
ကန်ထရိုက်တာတို့အနေဖြင့်မိမိတို့အတွက်
ပိုမိုအကျိုးအမြတ်ရစေရန်အဆောက်အဦးတွင်
အသုံးပြုမည့်ပစ္စည်းများ၏အရည်အသွေးအပေါ်ခို၍
ဆောက်လုပ်တတ်ကြပါသည်။
(မကြာခဏကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား
အထက်ပါအချက်များအပေါ်သတိမထားမိကြဘဲ
အမှုများဖြစ်ပွားတတ်သောကြောင့်
ဆောင်ရန်၊ရှောင်ရန်တင်ပြရခြင်းဖြစ်ပါသည်။)
credit - ဥပဒေ ဗဟုသုတ
Sunday, August 16, 2015
"ပုံစံ (၁၀၅ )"
"ပုံစံ (၁၀၅ )"
* Passport ဆိုတာ "လူပုံ၊ လူရာဇ၀င်"ကို ခေါ်တာပါ။
လူဓါတ်ပုံလေးလဲ ပါတယ် ၊ လူရာဇ၀င် အတိုချုပ်လေးလည်း
ပါပါတယ်။
မြေပုံ မြေရာဇ၀င်ဆိုတာကလည်း မြေပုံလေးလည်း ပါရမယ်။
မြေရာဇ၀င်လေးလည်း ပါရပါမယ်။
ပုံစံ - (၁၀၅) ဆိုတာက မြေပုံ၊
ပုံစံ - (၁၀၆) က မြေရာဇ၀င်ပါ။
* မြေစာရင်းပုံစံ (၁၀၅) ကို
"လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုနေသော ဦးပိုင်မြေပုံ" လို့
ခေါ်ပါတယ်။ စာတိုခေါ်ရလျှင် "မြေပုံ"ပေါ့။
- အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့
S-22 လို့ခေါ်ပါတယ်။
- ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့
ပုံစံနံပါတ် မပါရှိပါဘူး။
ဒီတော့ မြေပုံ ကလေးပါတဲ့ စာရွက်ကို
မြေပုံလို့ မှတ်လိုက်မယ် ဆိုရင် "သုံးမျိုးလုံး" အကျုံး ၀င်ပါတယ်။
* ပုံစံ - (၁၀၅) မြေပုံစာရွက်မှာ ကြည့်လို့ရတာတွေ
အများကြီးရှိပါတယ်။
အလေ့အကျင့်ဖြစ်အောင် ကြည့်သင့်/မှတ်သင့်ပါတယ်။
- တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊
- ကွင်းအမှတ်၊ ကွင်းအမည်၊
- ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊
- ပိုင်ရှင်အမည်၊
- ပိုင်ဆိုင်မှု၊
- မြေအမျိုးအစား၊ အကျယ်အ၀န်းနှင့်
- ရေးကူးပေးသည့် အကြောင်းအရာ စသည်ဖြင့်
တိကျမှန်ကန်စွာ ရေးသားထားကြ ပါသည်။
* ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့
ပုံစံ တစ်ခုသာ ဖြစ်ပါတယ်။
အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ် ၊
ရွာမြေ ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်
သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ်
အတွင်းမှာ ရှိတဲ့
မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို
ဖော်ပြပေးတဲ့ပုံစံစာရွက်သာ ဖြစ်ပါတယ်။
*** ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ့
ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်လို့မထင်လိုက်ပါနဲ့။
အခု ပုံစံ (၁၀၅) အရ ဝယ်ထားတဲ့မြေက
“လယ်ယာမြေ” ဆိုရင်တော့
“လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်” ရှိမယ် ဆိုရင်
လယ်လုပ်လို့ရမယ်ပေါ့။ ***
* အဆောက်အအုံ ဆောက်ဖို့ ၊
စီးပွားရေးလုပ်ငန်းတစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို့
ဆိုတာကတော့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ဆိုရင်
“သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ” က ခွင့်ပြုမှသာ
ရမှာဖြစ်ပါတယ်။
* အဲဒီလို ခွင့်ပြုလိုက်ပြီဆိုရင် “ဂရန်”ကိုပါ လျှောက်ထားပိုင်ခွင့်
ရရှိတော့တာပေါ့။
တစ်ချိန်တုန်းက
“လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉"
(ယခုအခါ - လ/ယ ၃၀) နဲ့ လုပ်ပိုင်ခွင့် တူပါမယ်။
ref - Kyi Soe (IC)
Saturday, August 15, 2015
"ဆောင်ထားသင့်သော အိမ်တွင်းသုံး ဆောက်လုပ်ရေးပစ္စည်းများ"
"ဆောင်ထားသင့်သော အိမ်တွင်းသုံး ဆောက်လုပ်ရေးပစ္စည်းများ"
ကျွန်တော်တို့နေထိုင်တဲ့ နေအိမ်တိုင်း နေအိမ်တိုင်းမှာ
အိမ်နဲ့ပတ်သက်တဲ့ အိမ်ဆောက် ကိရိယာ
တန်ဆာပလာတွေ ဆောင်ထားကြဖို့ လိုပါတယ်။
အိမ်တွင်းနေအခန်းများ ကျိုးပဲ့ပျက်စီးခြင်းများ၊
အခန်းအသစ်ဖွဲ့ပြင်ဆင်ခြင်းများ၊
အိမ်ခေါင်မိုး၊ အတွင်းပိုင်းအပြင်ပိုင်း၊
ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ အစရှိတဲ့
တစ်အိမ်စာ နေရာအတွက် ပြင်ဆင်ခြင်းများ၊ အလှဆင်ခြင်းများ
ပြုလုပ်မယ်ဆိုရင် အိမ်ဆောက်လုပ်ရေးပစ္စည်း ကိရိယာတွေက
မရှိမဖြစ်လိုအပ်တာကြောင့် အိမ်တိုင်းမှာရှိထားသင့်တဲ့
အိမ်ဆောက် ပစ္စည်းတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။
၁။ Screwdriver - ဝက်အူလှည့်
မရှိမဖြစ်ဆောင်ထားသင့်တဲ့ အရာပါ။
ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံဖြစ်ပြီး အိမ်ဆောက်လုပ်ခြင်းမှာ
များစွာအသုံးတည့်ပါတယ်။
ပစ္စည်းဝယ်ရလွယ်ကူတယ်။ ဈေးလည်းသက်သာတယ်။
သုံးစွဲရလွယ်ကူပြီး တစ်ခါဝယ်ထားရင်
အချိန်နှစ်နဲ့ချီပြီးအသုံးပြုနိုင်ပါတယ်။
၂။ Hammer - တူ
အိမ်နံရံ၊ တိုင်များ၊ သစ်သားများ တစ်ခုနဲ့တစ်ခုခိုင်ခိုင်ခံ့ခံ့
ချိတ်ဆက်နိုင်ဖို့ သံ ချောင်းတွေကို တူနဲ့ရိုက်ထည့်
အသုံးပြုနိုင်ပါတယ်။
ခိုင်ခံ့ပြီးကောင်းမွန်ပြီးအ သုံးတည့်တဲ့
တူတစ်ချောင်းရှိမယ်ဆိုရင် သင့်အိမ်ရဲ့နှစ်ရှည်ခိုင်ခံ့မှုအတွက်
စိုး ရိမ်စရာမလိုတော့ပါဘူး။
၃။ Pliers - ပလယ်ရာ
အိမ်ရိုက်သံတွေနဲ့ ဝါယာကြိုးခွေတွေ
စွဲနှုတ်ရာ၊ ခွေရာတွေမှာ အလွန်အသုံး ဝင်ပါတယ်။
ကြေးနန်းကြိုး၊ သံကြိုးခွေများဖြတ်တောက်ရာမှာလည်း
အသုံး ပြုနိုင်ပါတယ်။
၎။ Crescent wrench - ဂွ
သံချောင်း၊ သစ်သားချောင်းများ၊ တံခါးရွက်များ ခိုင်ခံ့အောင်
ကြပ်ဖို့ဆိုရင် နတ် nuts အလုံးငယ်များခံပြီး ကြပ်ရပါတယ်။
အဲ့ဒီ့အတွက် ဒီ ဂွကိုအသုံးပြု ဖို့လိုပါတယ်။
နက်အရွယ်အစားကိုချိန်ပြီး ဂွရဲ့အကျယ်ကို
ပြောင်းလဲအသုံး ပြုနိုင်ပါတယ်။
စတီး၊ သံထည်၊ အလူမီနီယမ်တို့နဲ့ ပြုလုပ်ထားတာကြောင့်
ကျိုးပျက်စီးမှာကို မပူရပါဘူး။
၅။ Wire cutter - ဝါယာကြိုးဖျက် ကတ်ကြေး
လက်နဲ့ခက်ခက်ခဲခဲ ဖြတ်တောက်ဖို့တောင် မလွယ်ကူတဲ့
ဝါယာကြိုးခွေ၊ မီးကြိုးခွေများကို ဒီဝါယာကြိုးဖျက်ကတ်ကြေးနဲ့
လွယ်ကူစွာပဲ ဖြတ်ယူနိုင် ပါတယ်။
၆။ Power drill - လျှပ်စစ်လွန်းထိုးစက်
အိမ်အုတ်နံရံများ၊ သစ်သားနံရံများမှာ
ပန်းချီကား၊ ခန်းစီလိုက်ကာချပ်များ၊ အဲကွန်းများ၊ ပန်ကာများ၊
အဝတ်ဗီဒို အကန့်များအသေတပ်ဆင်ထားခြင်းတို့ မှာ
အုတ်နံရံတွေကို ဖောက်ထွင်းရာမှာအသုံးပြုနိုင်ပါတယ်။
၇။ Flashlight - ဓာတ်မီး
မီးအလင်းအားကောင်းကောင်း လင်းတဲ့ဓာတ်မီးတစ်လက်က
သင့်အိမ်တစ်ခု လုံးစာထိန်လင်းစေနိုင်ပါတယ်။
လျှပ်စစ်မီးပြတ်တောက်သွားရင်ဖြစ်စေ၊
အရေးပေါ် မီးစက်သွယ်လို့ မရသေးရင်ဖြစ်စေ
နေရောင်ခြည်စွမ်းအင်သုံး၊ ဘက်ထရီ မီးအိမ်၊ မီးချောင်း၊
ဓာတ်မီးတို့ကို အလွယ်တကူအသုံးပြုနိုင်မှာပါ။
၈။ Utility knife - ဘက်စုံသုံးဓါး
အသွားထက်ထက်နဲ့ အရွယ်အစားအကြီးအသေး
ဘက်စုံသုံးဓါးတွေက စက္ကူ၊ သစ်သားပြား၊ ကြိုးခွေနဲ့
အခြားသော ဖြတ်တောက်အသုံးပြုရတဲ့ အရာများကို
လွယ်လင့်တကူဖြတ်တောက်တဲ့ နေရာမှာ များစွာ
အသုံးဝင်ပါတယ်။
၉။ Measuring tape - ပေကြိုး
အရမ်းအသုံးဝင်ပါတယ်။
သင့်အိမ်ခန်း၊ အကျယ်အဝန်း၊ ပရိဘောဂပစ္စည်း များသိုမှီးခြင်း၊
နေရာချထားခြင်း၊ အခန်းများကန့်ခြင်း၊
အကျယ်အဝန်းတိုင်း တာခြင်းတို့အတွက် ၂၅ ပေ ရှိတဲ့
ပေကြိုးခွေနဲ့တိုင်းတာနိုင်ပါတယ်။
လက် တစ်ဝါးစာသာသာရှိတဲ့ အရွယ်အစားကြောင့်
သိမ်းဆည်းမှုကိုလည်း အလွန် လွယ်ကူစေနိုင်ပါတယ်။
၁၀။ Glue gun - ကော်စက်
ဖန်ချပ်များ၊ မှန်ချပ်များ၊ ဖိုက်ဘာပြားများ၊
အလူမီနီယံကော်ပြားများ တစ်ခုနဲ့ တစ်ခုကပ်ရာတွင်
ကြာရှည်စွာမြဲမြံခိုင်ခံ့စေရန် အရည်သွေးမြင့်ကော်များ
အသုံးပြု၍ ကပ်ရပါတယ်။
ကော်စက်မောင်းတံ ညှစ်ဆွဲလိုက်ရုံနဲ့ ကော်များ
လိုအပ်သလိုထွက်လာပြီး ကပ်လိုတဲ့ အရာဝတ္ထုတွေပေါ်
အလွယ်တကူကပ် စေ အသုံးပြုလို့ရနိုင်ပါတယ်။
(iMyanmarHouse Team)
credit - iMyanmarHouse
Friday, August 14, 2015
"ပြည်ထောင်စု လမ်းမကြီးများ အပါအဝင် အမြန်လမ်းမကြီးများအား GMS နိုင်ငံများ လမ်းအဆင့်အတန်းနှင့်အညီ သတ်မှတ်ဆောင်ရွက်မည်"
"ပြည်ထောင်စု လမ်းမကြီးများ အပါအဝင် အမြန်လမ်းမကြီးများအား
GMS နိုင်ငံများ လမ်းအဆင့်အတန်းနှင့်အညီ သတ်မှတ်ဆောင်ရွက်မည်"
မြန်မာနိုင်ငံ အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးများ အပါအဝင်
အမြန်လမ်းမကြီးများအား အာဆီယံနိုင်ငံများ၊
GMS နိုင်ငံ များ၏ လမ်းအဆင့် အတန်းနှင့်အညီ
အဆင့်မြှင့်တင် သတ်မှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် World Road Association အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး
အာဆီယံ နိုင်ငံများနည်းတူ လမ်းအဆင့် အတန်းများ
ပြည့်မီရန် ဆောင်ရွက်လျက်ရှိရာ
- အမြန်လမ်းမကြီးများ (လေးလမ်းသွားနှင့် အထက်)ကို
လမ်းနယ် နိမိတ် အကျယ်ပေ ၄ဝဝ ( ၁၂၂ မီတာ) အထိ
လည်းကောင်း၊
- အထူးသတ်မှတ်လမ်းများ (Special Ring Roads)
(လေးလမ်းသွားနှင့်အထက်) ကို
ပေ ၃ဝဝ( ၉၁ ဒသမ ၄၄ မီတာ) အထိ လည်းကောင်း၊
- နိုင်ငံတကာ ဆက်သွယ်ရေး လမ်းမကြီး
(လေးလမ်းသွားနှင့် အထက်)ကို ပေ ၂၃ဝ အထိ လည်းကောင်း၊
- ပြည်ထောင်စု လမ်းမကြီး (လေးလမ်းသွားအထိ)ကို
ပေ ၁၅ဝ အထိ လည်းကောင်း၊
- တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကို ဆက်သွယ်မည့်လမ်း
(နှစ်လမ်းသွားမှ လေးလမ်းသွားအထိ) ကို ပေ ၁၅ဝ အထိ
လည်းကောင်း
အသီးသီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင်
- ခရိုင်နှင့် မြို့နယ်တို့ကို ဆက်သွယ်သည့်လမ်းများ
(နှစ်လမ်းသွား)ကို ပေ ၁၅ဝ အထိ လည်းကောင်း၊
- မြို့နယ်နှင့် ကျေးရွာတို့ကို ဆက်သွယ်သည့်လမ်း
(တစ်လမ်းသွား) ကို ပေ ၁ဝဝ အထိလည်းကောင်း
သတ်မှတ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊
အထက်ပါ သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်များ အတွင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ
ကျူးကျော် ဆောက်လုပ်မှု တစ်ရပ်ရပ်အား တွေ့ရှိပါက
ကျူးလွန်သူအား အမြန်လမ်းမကြီး ဥပဒေနှင့်
လမ်းမကြီးများ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း၊
ယခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လမ်းများအား
အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေရန်
စီမံကိန်းများဖြင့် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အလားတူ
*** မူလပေ ၁ဝဝ အကျယ်ရှိ မြို့တွင်းနှင့် ကျေးရွာတွင်း
လမ်းများအတွက် မူလတည်ရှိသော မြို့၊ ရွာ လမ်းမဘေးမှ
အိမ်ခြံဝင်းများအား အရေးယူခြင်း မပြုဘဲ
လမ်းမကြီးများ ဥပဒေပြင်ဆင်ချက် ဥပဒေ အသစ်အား
ပြင်ဆင် ထုတ်ပြန်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နောက်ပိုင်းတွင်
ကျူးကျော်ဆောက်လုပ် နေထိုင်သော အဆောက်အအုံ များကိုသာ
လမ်းမကြီးများ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း၊***
မြန်မာနိုင်ငံ အတွင်းရှိ လမ်းများအား နိုင်ငံတကာ နည်းတူဖြစ်လာစေရန်
နိုင်ငံတော်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်
ပုဂ္ဂလိကပူးပေါင်းမှု ဖြင့် လုပ်ကိုင်ဆောင် ရွက် ပေးလျက်ရှိကြောင်း
သိရသည်။
credit - မြန်မာ သတင်းများ စုစည်းမှု
Wednesday, August 12, 2015
"တိုက်ခန်း အရောင်းအ၀ယ်ပြုရာ၌ သတိပြုစရာများ"
"တိုက်ခန်း အရောင်းအ၀ယ်ပြုရာ၌ သတိပြုစရာများ"
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း
တိုက်ခန်းများ ၀ယ်ယူရာ၌ တိုက်ခန်းဝယ်ယူသူများအနေဖြင့်
ဝယ်ယူသည့်အခါ၌ စာချုပ်စာတန်းများတွင်
လက်မှတ်ရေးထိုးခြင်းထက် ပိုင်ဆိုင်မှုအထောက်အထားများအား
သေချာစိစစ်ဝယ်ယူသင့်ကြောင်း
အိမ်ခြံမြေ ဥပဒေပညာရှင်များက ထောက်ပြ ပြောဆိုသည်။
"အရေးကြီးအချက်အနေဖြင့်"
- ဆက်စပ်စာချုပ်မှန်ကန်မှု
- (BCC)ကျပြီး မိတ္တူရှိမရှိ၊
- မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးခြင်း ရှိမရှိ စစ်ဆေး သင့်ပြီး
- လက်ရှိပိုင်ရှင်ထံတွင် BCC စာရွက်ရမရှိပါက
မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူ ကူးယူထားသင့်သည်ဟု
အိမ်ခြံမြေ ဥပဒေရှင်များက ထောက်ပြကြသည်။
"တိုက်ခန်း အရောင်းအ၀ယ်ပြုလုပ်ရာတွင်
မရှိမဖြစ် လိုအပ်သည့် စာရွက်စာတမ်းများအနေဖြင့်"
(၁) ဆက်စပ် စာချုပ်၊
(၂) BCC (လူနေထိုင်ခွင့်) စာရွက်၊
(၃) မြေရှင်လက်မှတ်၊
(၄) ရေမီတာ၊ မီးမီတာ စာရွက် စသည့် စာရွက်စာတမ်းများ
လိုအပ်ပြီး အဆိုပါစာရွက်များ ပါဝင်ပါက
ပိုင်ဆိုင်မှု သေချာကြောင်း တိုက်ခန်းအရောင်းအ၀ယ်လုပ်သူများက
ထောက်ပြကြသည်။
“ ဟိုတစ်လောက ဗဟန်းဘက်မှာ လူငယ်လင်မယား
အိမ်ဝယ်တာ ဦးကို ခေါ်သွားတယ်၊ တော်သေးတာပေါ့၊
အဲဒီလူငယ် လေးတွေက အိမ်အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီး
ဥပဒေတွေ၊ ဘာတွေလိုအပ်တယ်ဆိုတာ ဘာမှ နားမလည်ဘူး၊
လိမ်တဲ့သူနဲ့ တွေ့ရင် ဘာမှ လုပ်နေစရာမလိုဘူး၊
သူတို့ကို အသာလေး လိမ်သွားလို့ရတယ်၊
ဒါကြောင့် တိုက်ခန်း အရောင်းအ၀ယ် လုပ်မယ်ဆိုရင်
အထူးသတိထားသင့်တယ်” ဟု
အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ
ဦးကျော်စွာထက်က ပြောသည်။
"စာချုပ်ချုပ်ဆိုရာတွင်လည်း"
- အရောင်းအ၀ယ်ပြုလုပ်သည့် အခန်း၏
တိုက်အမှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့န့ယ်၊
- အကျယ်အ၀န်းကို တိကျစွာ စစ်ဆေးရန် လိုအပ်ကြောင်း၊
- အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့)
လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့)
ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်သည့်အပြင်
- မြေပိုင်ရှင်ထံ၌ လက်ရှိ ရောင်းချသူမှ မြေလခပေးသွင်းပြီး
နာမည်ပေါက်ရရှိထားမှုကိုလည်း စစ်ဆေးရန် လိုအပ်ကြောင်း
သိရသည်။
“ တိုက်ခန်းမှ မဟုတ်ပါဘူး၊
ဘယ်ဟာပဲ ဖြစ်ဖြစ် ရန်ကုန်မှာ ၀ယ်မယ်ဆိုရင်
ဒါတွေကို သိဖို့ လိုအပ်တယ်၊
မဟုတ်လို့ တစ်ခုခု ပြဿနာ ဖြစ်လာရင် ရှင်းစရာတွေ
ဖြစ်လာမယ်၊
ကျွန်မကတော့ နားမလည်တဲ့သူတွေ အရောင်းအ၀ယ်ဆိုရင်
ကူညီပေးပါတယ်၊
ဒါပေမယ့် တစ်ချို့ပွဲစားတွေကျတော့ ကိုယ်တိုင်လည်း
နားမလည်တော့ ရှင်းမပြကြဘူး၊ အဲဒီမှာ အမွေဆိုင်တို့ ဘာတို့ဆိုရင်
ဥပဒေအရ ရင်ဆိုင်ရင် ရှုံးနိုင်တယ်” ဟု
အိမ်ခြံမြေ ပွဲစား တစ်ဦးဖြစ်သူ မဇင်လေးက ပြောသည်။
လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း
တိုက်ခန်းအရောင်းအ၀ယ်များ တွင်ကျယ်လာပြီး
မြို့နယ်အချက်အချာ ကျမှုအပေါ် မူတည်ပြီး ဈေးနှုန်း
အမျိုးမျိုးရှိကြောင်း၊
အနိမ့်ဆုံး သိန်း ၇၀ ၀န်းကျင် ရှိကြောင်း
ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။
“တစ်ချို့ တိုက်ခန်းဝယ်သူတွေဆိုရင်
တိုက်ခန်းအရောင်းအ၀ယ်တွေနဲ့ ပတ်သက်ပြီး
ဆက်စပ်စာချုပ်လေးတစ်ခုကိုင်ထားရုံနဲ့
မိမိပိုင်ဆိုင်တဲ့ အထောက်အထားပြည့်စုံပြီလို့
ထင်မှတ်ထား ကြပါတယ်၊
မိမိပြန်ရောင်းတဲ့အခါ ၀ယ်တဲ့ ဟိုဘက်က ၀ယ်သူ တွေက
စေ့စပ်သေချာတဲ့သူဆိုရင် ကိုယ်ပြန်ရောင်းတဲ့ အချိန်
အခက်အခဲတွေ တွေ့နိုင်လို့ အကြံပြုတင်ပြခြင်း
ဖြစ်ပါတယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ
ဦးမြင့်ထွန်း က ပြောသည်။
credit - Myanmar Chronicle
"စာရွက်စာတမ်းအတု အများအပြားပေါ်ထွက်လာသည့်အတွက် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ရာတွင်ဂရုစိုက်ရန်လို"
"စာရွက်စာတမ်းအတု အများအပြားပေါ်ထွက်လာသည့်အတွက်
အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ရာတွင်ဂရုစိုက်ရန်လို"
နည်းပညာမြင့်မားလာခြင်းနှင့်အတူ
ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းအတုများကို အစစ် နီးပါး
ခွဲခြားမရအောင် ပြုလုပ်လာကြသည့်အပြင်
အိမ်ခြံမြေအရောင်းအ၀ယ်အေးနေသည့် ယခုလို
အချိန်မျိုးတွင်ဝယ်ရောင်းများ၊ မြေကွက်ပိုင်ရှင်များက
၎င်းတို့၏ ပိုင်ဆိုင်မှု များကို ငွေလှည့်သုံးသည့်ဖြစ်ရပ်များ
ဈေးကွက်အတွင်း အများအပြားတွေ့မြင်နေရသည့်အတွက်
အရောင်းအ၀ယ်များပြုလုပ်ရာတွင် ပိုင်ဆိုင်မှုမှန်၊ မမှန်နှင့်
အရှုပ်အရှင်း ရှိ၊ မရှိကို ဦးစွာစိစစ်ပြီးမှ ၀ယ်ယူသင့်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း တာဝန်ရှိသူများက
ပြောသည်။
"တချို့မြေကွက်တွေဆို ဂရန်က နှစ်ခု၊ သုံးခုလောက်တွေ့ရသလို
မြေချပါမစ်တွေ၊ စလစ်တွေဆိုရင်လည်း မြေကွက်တစ်ခုအတွက်ကို
ငါးစောင်၊ ခြောက်စောင်လောက် တွေ့ဖူးတယ်"ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း(ဗဟို)
အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
*** အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များ ကို
စလစ်၊ မြေငှားစာချုပ်(ဂရန်)နှင့် မြေချပါမစ်များဖြင့်
အရောင်းအ၀ယ်ပြုလုပ်နေကြခြင်းကြောင့်
ဝယ်သူအများစုသည်
စာရွက်စာတမ်း အထောက်အထားများ မှန်၊ မမှန်ကို
စိစစ်ဝယ်ယူမှု အားနည်းသည့်အတွက်
မသမာ သူများ၊ မြေရှင်အချို့နှင့်ဝယ်ရောင်းအချို့မှ
ယင်းအားနည်းချက်ကို အခွင့်ကောင်းယူကာ
မြေကွက် တစ်ကွက်ကို ၀ယ်ယူသူနှစ်ဦး သို့မဟုတ်
ထို့ထက်ပိုပြီးရောင်းချခဲ့သည့် ဖြစ်စဉ်များကြောင့်
တရားရုံးများတွင် မြေကွက်များကို လက်ရောက်ရရှိလိုမှုဖြင့်
ဦးတိုက်လျှောက်ထားမှုများ အများအပြားတွေ့မြင်လာရသည့်
အတွက် လိမ်လည်ရောင်းချမှုများ ကို အမှုဖွင့်ကာ
တရားစွဲဆိုခဲ့ရသည့် ဖြစ်စဉ်များကိုလည်း
တွေ့မြင်လာရကြောင်း ***
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"တချို့စာရွက်စာတမ်းတွေကအတုနဲ့ အစစ်ခွဲဖို့ခက်တယ်။
မြေပိုင်ဆိုင်မှု မှန်၊ မမှန် ကို သွားစစ်ပြီးမှ ငွေချေရင်တော့
ဒီပြဿနာ မဖြစ်ပါဘူး။
အခုနောက်ပိုင်း အရောင်းအ၀ယ် အေးတော့ ပိုင်ရှင်တွေက
ပေါင်ထားတာများတယ်။
တစ်ဖက်ကလည်း ပေါင်ထားပြီးဖြစ် သလို
တစ်ဖက်မှာလည်း ငွေလိုလို့ရောင်းချင်တဲ့အတွက်
အခုလို ဂရန်အတုတွေ၊ ပါမစ်အတု တွေ
ဇာတ်လမ်းဖြစ်လာတယ်" ဟု အေးရိပ်စံ
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝင်းထိန်က ပြောသည်။
*** မြို့ကွက်အသစ်များ ဖော်ထုတ်ပြီး အများ ပြည်သူကို
မြေနေရာများချပေးရာတွင် အိုးအိမ်ဦးစီးဌာနက
မိသားစုဓာတ်ပုံပါ မြေချပါမစ် များဖြင့် ချထားပေးခဲ့ပြီး
ပါမစ်စည်းကမ်းအရ ထိုမြေချပါမစ်များကို
တရားဝင်ပြန်လည် ရောင်းချခွင့်မရှိဘဲ
ယင်းမြေကွက်အတွင်း နေအိမ်ဆောက်လုပ်ရန်အတွက်သာ
အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးထားခြင်းဖြစ်ပြီး
ဈေးကွက်အတွင်း မြေချပါမစ်များကို အရပ်စာချုပ်များဖြင့် ချုပ်ဆို
အရောင်းအ၀ယ် ပြုလုပ်လာနေခြင်းများ သည်လည်း
တရားဝင်မှုမရှိသည့်အပြင် အိုးအိမ်ဦးစီးဌာနက ထုတ်ပေး
သည့်မြေကွက် များ အမည်ပေါက်မှန်၊ မမှန်ကိုလည်း
စိစစ် ပေးလျက်ရှိကြောင်း ***
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူများက
ပြောသည်။
"ကျွန်တော်တို့က မြေစီမံခန့်ခွဲမှုတွေကိုမလုပ်တော့ပေမယ့်
ကျွန်တော်တို့ထုတ်ပေးထားတဲ့ ပိုင်ဆိုင်မှုအထောက်အထား
မှန်၊ မမှန်ကိုတော့ စစ်ပေးနေပါတယ်"ဟု
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးထွန်းမြင့်အောင်က ပြောသည်။
ရန်ကုန်မြို့ရှိ အဆောက်အအုံများ၊ မြေကွက်များ၊ မြို့သစ်များရှိ
ပိုင်ဆိုင်မှုဆိုင်ရာ အထောက် အထားများကို ၁၉၉၆ ခုနှစ်မှစ၍
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီထံ
လွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်း အချို့သော အိမ်ရာစီမံကိန်းများနှင့်
စက်မှုဇုန်များကို အိုးအိမ်ဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိပြီး
လွှဲပြောင်းနေဆဲကာလဖြစ်ကြောင်း
၎င်းက ပြောသည်။
ထို့ပြင်
*** ၀ယ်ယူမည့်မြေကွက်များ၏ ပိုင်ဆိုင်မှု အထောက်အထား
မှန်၊ မမှန်ကိုလည်း
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြေရာ ဌာနတွင်
စိစစ်နိုင်ပြီး အချိန်တစ်ပတ်ခန့်အတွင်း ပြန်လည်
အကြောင်းကြားပေးလျက်ရှိသည်။ ***
မြေရာနှင့် အိမ်ပိုင်ဆိုင်မှုဆိုင်ရာစာချုပ် စာတမ်းများကို
အတုပြုလုပ်ခြင်းများ များပြား လာသည့်အတွက်
ထိုပိုင်ဆိုင်မှုစာချုပ်များကိုအပေါင်အဖြစ်ထားကာ
ငွေကြေးထုတ် ချေးပေးသော ဘဏ်များမှာလည်း
စာချုပ်အတုများဖြင့်ငွေကြေးချေးငှားပြီး အလိမ်ခံ ရမည်ကို
စိုးရိမ်ပူပန်လာရကြောင်း ဘဏ် လုပ်ငန်းရှင်များကပြော
သည်။
"ဂရန်အတုတွေနဲ့ ဘဏ်မှာ ပိုက်ဆံ လာချေးတာမျိုးက
အရင်ကတည်းက ရှိပါတယ်။
ဒါပေမဲ့ အခု ဂရန်အတုတွေများနေတော့ ပိုပြီးတော့
သတိထားနေရတယ်။ ဂရန် အတု၊ အစစ်ခွဲဖို့
သေချာစိစစ်မှုတွေကိုလည်း ပြုလုပ်နေရတယ်"ဟု
သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ
ဦးဖေမြင့်က ပြောသည်။
"ဘဏ်မှာ အိမ်၊ မြေတွေရဲ့ဂရန်ကို အပေါင် အနေနဲ့ထားပြီး
ပိုက်ဆံချေးပေးတော့မယ်ဆိုရင်
အဲဒီဂရန်ကို အတုလား၊ အစစ်လား ခွဲခြားသိဖို့
ဘဏ်ကနေ ရှေ့နေကိုထပ်ငှားပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ
သွားစစ်ဆေးပါတယ်။
ရှေ့နေငှားခနဲ့ စည်ပင်ကစစ်ဆေးခကိုတော့
ဘဏ်ကနေအကုန်ခံရတာပေါ့။
ဒါပေမဲ့ အဲဒီလိုမစစ်ဆေး ရင် စာချုပ်အတုတွေကိုသာ
အပေါင်ခံမိရင်ဘဏ်ကရှုံးမှာပေါ့"ဟု ၎င်းကပြောသည်။
စာချုပ်အတုနှင့် ငွေချေးပြီး အလိမ်ခံရ သည့် သတင်းများ
ကို မကြာခဏ ကြားရတတ် သော်လည်း စီဘီဘဏ်သည်
ဂရန်စာချုပ်အတုနှင့် ပိုက်ဆံချေးပြီးအလိမ်ခံရခြင်းကို
ယခုအချိန်ထိ မတွေ့ကြုံရသေးကြောင်း ဦးဖေမြင့်က
ပြောသည်။
"စာချုပ်တစ်ခုတည်းကို အတုသုံးလေးခု လုပ်ပြီး
ဘဏ်တွေအားလုံးနီးပါးခန့်မှာ ချေးငွေယူတာမျိုးတွေ ရှိတယ်။
စာချုပ်အစစ်တစ်ခု ကို လက်ထဲမှာ ကိုင်ထားပြီး
အတုတွေလုပ်ပြီးဘဏ်တွေကို စာချုပ်အတုပြပြီး
ချေးတာမျိုး တွေလည်း တွေ့ရတယ်။
တချို့လူတွေကျ သူတို့ဝယ်ထားတဲ့အိမ်တွေ၊ မြေတွေက
စာချုပ် အတုနဲ့ လိမ်ရောင်းခံထားရတယ်ဆိုတာ သူတို့
ကိုယ်တိုင်မသိဘဲ ငွေလာချေးတဲ့သူမျိုး တွေလည်းရှိတယ်"ဟု
၎င်းက ပြောသည်။
(ဇေယျာလင်း, တင်ရတနာထွန်း)
credit - Myanmar Times
Subscribe to:
Posts (Atom)