Thursday, August 6, 2015
"လယ်ယာမြေဝယ်မည်ဆိုလျှင်"
"လယ်ယာမြေဝယ်မည်ဆိုလျှင်"
ဒီကနေ့ လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲဝယ်ဝယ်
အဆင့် (၁၀) ဆင့်ရှိပါတယ်။
ဆရာ ဥယျာဉ်ခြံမြေတစ်ကွက်ဝယ်တာ
အဆင့် (၁၀)ဆင့်တောင်လိုသလား၊ ကျွန်တော်ဘကြီးတွေ
ဝယ်ကြရောင်းကြတာတော့ အရပ်စာချုပ် တစ်စောင်ပါပဲ
ဆရာရယ်။
ကျွန်တော်ကတော့ ယုံချင်လဲယုံ၊ မယုံလဲပုံပြင်မှတ်ကြပါ၊
ကျွန်တော်ကတော့ (၁၀)ဆင့်ကိုစနစ်တကျသင်မှာပါ၊
ခင်ဗျာတို.က “ဟုတ်ပါပြီဗျာ” လို. (၁၀)ခါပြောဖို.သာ ပြင်ထားပါ။
@ (၁) ပုံစံ(၇) မြေစာရင်းရုံးမှာအရင်စစ်
ဥပမာ - ဦးဖြူဆိုတဲ့သူပိုင်တဲ့ ဥယျာဉ်ခြံမြေတစ်ကွက်ကို
ရောင်းချင်တယ်၊
ပုံစံ(၇)လဲပြတယ်၊ မိတ္တူလဲ ပေးလိုက်သေးတယ်၊
လယ်ယာမြေ ၅ ဒသမ ၅ ဧကတဲ့၊ ရှင်းလိုက်တာဆိုပြီး ဝယ်ခဲ့တယ်။
စရန်ပေးပြီးသုံးရက်လောက်ကြာမှ
မြေစာရင်းရုံးမှာ မေးစမ်းကြည့်တော့ -
ဦးဖြူအမည်ပေါက်တော့ မှန်ပါတယ်။ ဦးဖြူဆုံးသွားတာကြောင့်
သားကြီး ကိုနီက သူပိုင်တယ်ဆိုပြီး လိုက်ရောင်းနေတာ၊
သားအငယ်နဲ. သမီးတို.က မြေစာရင်းရုံးမှာ
ကန်.ကွက်ထားကြတယ်တဲ့ဗျာ။
ပြီးတော့အကျယ်အဝန်းကလဲ ၅ ဒသမ ၅ ဧကမဟုတ်ဘူး၊
၅ ဒသမ ၀ ဧကတဲ့ ဒီမြေကွက်က နည်းနည်းရှုတ်နေပါတယ်ဗျာလို.
သိလိုက်ရတယ်။
ကဲစရန်ကလဲ တန်ဖိုးရဲ. ၁/၄ လောက်ချလိုက်ပြီးပြီးတဲ့၊
ဘယ်လိုလုပ်ကြမလဲဗျာ။
ကျွန်တော် ပြောသလို
“ပုံစံ(၇)မြေစာရင်းရုံး မှာအရင်စစ်” ဆိုတာလေးကိုမလုပ်ခဲ့ရင်
ပြသနာဖြစ်လာမှ ရှင်းရတာခက်ပါတယ်။
မြေစာရင်းရုံုံးက OK (သို.) Clear (သို.)
ဝယ်လို.ရပါတယ်ဆိုတဲ့အဖြေကို ပုံစံစာရွက်နဲ.ပြန်ဖြေမှာလေဗျာ။
ဒီလောက်စနစ်ကောင်းတွေရှိနေတဲ့အချိန်မှာ
ဘာကြောင့် “အမှား” ကို ရအောင် ယူကြမှာတုံး
“ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်” ပေါ့ဗျာ။
@ (၂) အော်ပုံစံ (၇)မြင်မှ စရန်ချ
စရန်ချမည့်နေ.လဲရောက်ရော၊
ပုံစံ(၇)(လယ်ယာမြေလုပ်ပိုင်ကိုင်ခွင့်ပြုလက်မှတ်) က
ဓာတ် ပုံမိတ္တူ (Photo Stat) ပဲပြပြီးစရန်လက်ခံရင် ငွေမချေပါနဲ.၊
မူရင်းပုံစံ(၇)၊ (အော်ပုံစုံ) ကို မမြင်ရဘူးဆိုရင် အဲဒီမူရင်းပုံစံ(၇)ကို
ပေါင်းထားတာလည်းဖြစ်နိုင်သလို၊
ရောင်းထားတာလည်း ဖြစ်နိုင်ပါတယ်ဗျာ။
(အခု - ပိုင်ရှင်တွေဆိုတာက၊ ရွာမှာနေကြတာမဟုတ်ဘူးနော်၊
အရောင်း အဝယ်လုပ်ခါနီးမှ “ပရာဒို” ကြီးနဲ. မြေကွက်ရှိရာ
အရပ်ကိုရောက်လာတာ၊ မြို.ကြီးပေါ်မှာနေကြတာများ ပါတယ်ဗျာ။)
@ (၃) ရပ်/ကျေးဥက္ကဌကို အသိပေးပါတော့။
အဲဒီလိုအစစအဆင်ပြေလို. ဥယျာဉ်ခြံမြေအတွက် စရန်ချပြီးပြီးဆိုရင်
ရပ်/ကျေးဥက္ကဌကို အသိပေးပါတော့(အဝင်အထွက် လုပ်ပါတော့)
ရပ်/ကျေးဥက္ကဌဆီကနေ သတင်းတွေအများကြီးရနိုင်ပါတယ်။
ဆရာ ရပ်/ကျေးဥက္ကဌကို စရန်ပေးပြီးမှ အသိပေးတာထက်
စောစောကမေးပြီးဝယ်ကြပြုကြရင် မကောင်းပါလားဆရာရယ် လို.
သင်တန်းသားတစ်ဦးကပြောလာပါတယ်။
ခင်ဗျားပြောတာဟုတ်သင့်သလောက်တော့ဟုတ်ပါတယ်၊
ဒါပေမဲ့ “ခင်ဗျားမိန်းကလေးတစ်ယောက်ကို
တကယ်ကြိုက်ပြီဆိုရင် သူ.မိဘညီအစ်ကို မောင်နှမတွေအားလုံးကို
အသိပေးပြီးမှ ချစ်ခွင့်ပန်မှာလား။
ရည်းစားစကားပြော၊ ကြိုက်ကြပြေလည်ကြပြီးမှ
မိဘနဲ. အသိုင်းအဝိုင်းတွေကို အသိပေးသင့်တယ်လေ။
မဟုတ်လို.တော့ “လွဲပြန်ပြီးတစ်ခါ” ပဲပေါ့။
ကျွန်တော်က လက်တွေ.မို.သင်နေတာပါ။
တကယ်လို.များ သက်ဆိုင်ရာ လူကြီးကို အသိပေးပြီးမှ
မြေဝယ်တယ်ဆိုရင်
အဲဒီလူကြီးရဲ.သမက်က “မြေပွဲစား”၊
သားက “မြေဝယ်ရောင်း”၊
ညီဝမ်းကွဲတို.က "ပွဲစားတို.ရဲ.သတင်းပေး၊"
အိုဗျာ အစုံအစုံ ဖြစ်နိုင်စရာရှိလို.
“ဒီတစ်ဆင့်ကိုတော့ စွန်စားရပါတယ်၊ မဟုတ်ရင်
ခင်ဗျားကို
“အခြားမြေကွက်” က ပိုကောင်းတယ်လို. အဖျက်တွေပေါ်လာမှာပါ။
(ကိုယ်တွေ.ပါခင်ဗျာ)
ရပ်/ကျေးဥက္ကဌ ဆိုတာက ရှေ.ဆက်ကြရမယ့် အဆင့်ဆင့်တွေမှာ
ပတ်သက်ရအုံးမှာမို. ချန်ထားလို.မရပါဘူးခင်ဗျာ။
အဆင့်(၃) ရောက်ရင် အသိသာပေးလိုက်ပါတော့။
ခင်ဗျားတို. လယ်ယာမြေကို “အခြားနည်းသုံးခွင့်”
လျှောက်ကြမယ်ဆိုရင် ရပ်ကျေးဥက္ကဌက စပြီးထောက်ခံမှ
ရမယ်ဆိုတာကိုလဲ သတိရှိကြပါ။
@ (၄) မြေစာရင်းပုံစံ (၁၀၅)
စရန်ကပေးပြီးပြီလို. ငွေပြေပေးဖို.လည်းလိုပါတယ်။
ငွေပြေမပေးခင်မှာ မူလ “လယ်ယာမြေ” ပိုင်ရှင်
“ရောင်းသူ” က မြေစာရင်းပုံစံ(၁၀၅)ကို
မြို.နယ်မြေစာရင်းဦးစီးဌာနကနေ အဆင်သင့်တောင်း
ထားပြီးဖြစ်နေရပါမယ်။
ပုံစံ(၁၀၅)ဆိုတိုင်း မပြီးပါဘူးနော်။
အဲဒီ(၁၀၅)ပုံစံရဲ. ရေးကူးပေးသည့် အကြောင်းအရာဆိုတဲ့
အကွက်မှာ “အရောင်းအဝယ် ပြုလုပ်ရန်အတွက်သာဆိုတဲ့
မှတ်ချက်ပါရပါမယ်။ ဒါမှသာ မြို.နယ်မြေစာရင်းရုံးမှာ
အရောင်းအဝယ်စာချုပ်ရေးသားချုပ်ဆိုလို.ရမှာပါ၊
အဲဒါ လျှို့ ဝှက်ချက်ပါပဲ၊
အခြားသောကိစ္စ၊ အခြားသောအကြောင်းအရာတွေနဲ.
ထုတ်ယူထားတဲ့ မြေစာရင်းပုံစံ (၁၀၅) ကို
အရောင်းအဝယ်ချုပ်ဆိုတဲ့နေရာမှာ သုံးလို.မရပါဘူးခင်ဗျာ။
သေချာမသိရင်(၂)ခါ(၃)ခါပြန်ပြီး အလုပ်ရှုပ်ကြရပါတယ်၊
ကျွန်တော်ဒီကနေ.သင်ထားတဲ့မှတ်စုကိုကိုင်ပြီး
တစ်ချက်ချင်းသာရွေ.သွားကြပါ။ အားလုံးဟာလွယ်ပါတယ်၊
ပျော်စရာကြီးပါ။
တကယ်တော့ မြေစာရင်းပုံစံ (၁၀၅) အကြောင်းပြောပြရင်း
သူ.ရဲ.အစ်ကိုတော် မြေစာရင်းပုံစံ (၁၀၆) ဆိုတာလည်းရှိသေးတယ်။
ပုံစံ(၁၀၆)ဆိုတာက “လယ်ယာမြေ” ရဲ.မြေရာဇဝင်ဖြစ်နေပါတယ်။
ကျွန်တော်သိသလောက်တော့ ပုံစံ(၁၀၆) ကို အသုံးပြုကြတာ
နည်းပါတယ်။ (ဒါပေမဲ့ သိထားရုံတော့ ပြောရမှာပါ။)
ပုံစံ(၁၀၆) ကို “မြေရာဇဝင်(သို.)ဦးပိုင်တစ်ခု၏ရာဇဝင်” လို.
ခေါ်ပါတယ်။
@ (၅) အထူးကိုယ်စားလှယ်လွှဲစာ
ငွေကျေ/ငွေပြေပေးချေတဲ့နေ.မှာ ဒုတိယအရေးတကြီးရရှိဖို.ကတော့
မူလအမည်ပေါက်သူကလွှဲအပ်ပေးမယ့် SP ပါပဲ။
အထူးကိုယ်စားလှယ်လွှဲစာလို.ခေါ်ပါတယ်။
ဒါပေမဲ့ SP လို.ပိုပြီးသိကြပါတယ်။
သင်တန်းသားတစ်ယောက်ကဖြည့်ပြီး မေးလာပြန်ပါတယ်။
SP ကဘာလုပ်ဖို.တုန်းဆရာရဲ.တဲ့။
ဘာလုပ်ဖို.တုန်းလို.တော့ မပြောပါနဲ.ဗျာ။
နယ်ဘက်မှာ “လယ်ယာမြေ” ရောင်းချတဲ့သူတွေရဲ.အများစုက
ရောင်းရငွေ၊ ငွေပြေငွေကျေရရင် မြို.ပေါ်တတ်သွားကြ
တိုက်ခန်းဌားနေ ကားတစ်စီးဝယ်စီးကြတာ များပါတယ်ဗျာ။
မြို.နယ်မြေစာရင်းရုံးမှာ တကယ်စာချုပ်ချုပ်ကြတယ်ဆိုတဲ့ နေ.မှာ
လယ်ပိုင်ရှင်ကို ဘယ်လိုက်ရှာရမှန်းမသိလို. အခက်ကြုံကြတဲ့သူတွေ
အများကြီးပါဗျာ၊
အဲဒီအချိန်ကျတော့ လက်မှတ်လာထိုးပေးရမယ့်
မူရင်းအမည်ပေါက်မြေပိုင်ရှင်က
ဟိုကိစ္စ၊ ဒီကိစ္စအမျိုးမျိုး အကြောင်းပြကြပါလေ ရောဗျာ။
ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ - ၅၅ မှာတော့
မူလမြေပိုင်ရှင်မှာ တာဝန်ရှိတယ်လို.ဖော်ပြထားပါတယ်၊
ဒါပေမဲ့ လက်တွေ.မှာ ဟိုရှောင် ၊ ဒီရှောင် လုပ်တတ်ကြတယ်။
ငွေ ၄သိန်း ၊ ၅သိန်း ထပ်တောင်းတတ်ကြတယ်။
ဒါကြောင့် ငွေပြေမချေခင်မှာရောင်းချတဲ့ မူလမြေပိုင်ရှင်က
လက်မှတ်ရေးထိုးပေးထားတဲ့ SP ကိုလဲ
သက်ဆိုင်ရာမြိုနယ် မြေစာရင်းရုံးမှာ မှတ်ပုံတင်ပြီးသား
ဖြစ်နေရပါမယ်။
@ (၆) ပုံစံ (၇) နဲ.ဆက်စပ်သည့် မူရင်းစာရွက်စာတမ်းများ
ငွေပြေငွေကျေပေးချေတဲ့နေမှာ ဝယ်သူရယူရမည့်
အရေးကြီးတစ်ခုကတော့ ပုံစံ(၇)မူရင်းနှင့်
အခြား အဆက်အစပ်ရှိတဲ့မူရင်း စာရွက်တွေဖြစ်ပါတယ်။
တစ်ချို. “လယ်ယာမြေ” တွေက ပိုင်ဆိုင်မူနဲ.ပတ်သက်ပြီး
ရှေ.တစ်ဆင့်မှာ ပိုင်ဆိုင်သူဖြစ်လာရတဲ့
အကြောင်းရင်းတွေက မတူကြပါဘူး။
အချို.တွေမှာက တရားရုံးအနိုင်ဒီဂရီ၊
တချို.တွေမှာက သူများထံကဝယ်ယူထားခဲ့တဲ့ဆက်စပ်စာချုပ်၊
အချို.မြေတွေမှာတော့ ကျမ်းကျိန်လွှာကြောင့်
ပိုင်ရှင်အမည်ပေါက် ဖြစ်လာကြတာကစလို.ပေါ့ဗျာ။
ဆက်စပ်မှုတွေမှာ အမျိုးမျိုးရှိတတ်ပါတယ်၊
တစ်မျိုးမျိုးရှိခဲ့ရင် အဲဒီဆက်စပ်မှုတွေရဲ.
မူရင်းစာရွက်စာတမ်းတွေကိုလည်း ငွေပြေချေတဲ့နေ.မှာ
တစ်ခါတည်း တစ်ပါးတည်းတောင်းယူရပါမှာ ဖြစ်ပါတယ်။
(ငွေပြေချေတဲ့နေ.မှာ တောင်းမထားခဲ့ရင် နောင်ဘယ်တော့မှ
တောင်းလို.ရတော့မှာ မဟုတ်ပါဘူး)
@ (၇) “လယ်ယာမြေ” ကွက်ကိုလည်း လက်ရောက်ရယူပါ
တချို.လယ်ယာမြေဝယ်ယူသူတွေက ငွေပြေချေတဲ့အချိန်မှာ
ကျန်တာတွေအကုန်စနစ်ကျပြီး မြေကွက်ကို
စနစ်တကျ လက်ရောက်ရယူဖို. မေ့နေတတ်ကြပါတယ်၊
(၁၀)ရက်ကြာမှသွားကြည့်တတ်ကြတယ်။
တကယ်လို. ကျူးကျော်တဲတစ်လုံး အခိုင်အမာ ရှိနေပြီးတဲ့ဗျာ၊
ဘယ်လိုလုပ်ကြမလဲ။ ရိုက်ပုတ်ပြီးနှင်ထုတ်မှာလား၊
ရိုက်မှုက သက်သက်ဖြစ်မှာပါ။ မီးရှို.မှာလား၊ ဆွဲဖျက်မှာလား။
(ကိုယ့်မှာ လုပ်ပိုင်ခွင့်မရှိပါဘူးဗျာ)
ဒီတော့ ငွေပြေချေတဲ့နေ.မှာ မူလပိုင်ရှင်က
“ဒါကတော့ နောင်ကြီးတို.ကိုလွှဲပေးရမယ့်မြေပါဗျာ” ဆိုပြီး
ဟိုဘက်အစွန်း၊ ဒီဘက်အစွန်း၊
ကိုယ်တတ်သလောက်၊ မှတ်သလောက်၊ လက်လှမ်းမီသလောက်၊
စစ်ဆေးမေးမြန်းပြီးပေးတဲ့သူကပေးလို.၊
လက်ခံတဲ့သူကလည်း လက်ခံလို့ လုပ်ကြရပါတယ်။
(လက်ရောက်ရယူတယ်လို. ခေါ်ပါတယ်)
တကယ်လို. ဒီလိုလက်ရောက်ရယူရမှကို အားနာလို.၊
အကြောင်းကြောင်းကြောင့် မလုပ်မိခဲ့ကြရင်
နောက်နောင်မှသိရတဲ့ ကိစ္စတွေကို ဖြေရှင်းရတာမလွယ်ပါဘူးဗျာ။
ဒီတော့ငွေပြေငွေကျေချေတဲ့နေ.မှာ
(၄) ၁၀၅၊ (၅) SP၊ (၆) ပုံစံမူရင်း၊ (၇) လယ်ယာကွက်တို.(၄)မျိုးကို
လက်ရောက်ရယူဖို. မမေ့ကြပါနဲ.၊
နောင်မှဆိုတဲ့စကားကို မသုံးကြပါနဲ.ဗျာ။
@ (၈) တန်ဖိုးလျော့ချုပ်တဲ့စာချုပ်ကတစ်စောင်
ပြောတော့သာ “လယ်ယာမြေ” ဝယ်တာ
တစ်ဧကတန်းဖိုးက သိန်းရာကျော်တယ်၊
ဆယ်ဧကကိုသိန်းထောင်ကျော်တယ်၊
တန်ဖိုးရဲ. ၅% ကတံဆိပ်ခေါင်းခွန်ကပ်မှသာ မြို.နယ်မြေစာရင်းမှာ
စာချုပ်ချုပ်ရမှာမို.
နည်းနည်းတော့ သက်သာချင်ကြတာပေါ့။
ဒီတော့တကယ်ဝယ်တဲ့တန်းဖိုးထက် နည်းတဲ့တန်ဖိုးနဲ.
“လျော့ချုပ်တဲ့စာချုပ်” တစ်စောင်လုပ်ကြရပါတယ်။
ဆရာ စာချုပ်ကိုအရောင်း/အဝယ် တန်ဖိုးလျော့ချုပ်ကြရင်
အပြစ်ရှိတယ်မဟုတ်လားဆရာ။
ရှိတာပေါ့ဗျာ။
အပြစ်ပေးမယ်သာဆိုရင်
စာချုပ်စာတမ်းအတုပြုလုပ်မှု( ပြစ်မှု-၁၉၃) ရယ်၊
မြေဝယ်ယူရာမှာ မမှန်မကန် ပြုလုပ်တဲ့အတွက်
“မရွေ.၊ လွှဲပြောင်းကန်.သတ်-၁၃” အရရယ်၊
စွဲချက်တွေအများကြီးရှိနိုင်ပါတယ်။
ဒါပေမဲ့လည်း လိမ်မှန်းသိလျက်နဲ. ခွင့်လွှတ်ထားတာ
“တန်ဖိုးလျော့စာချုပ်” တစ်ခုပဲရှိတယ်လို. ပြောလို.ရပါတယ်၊
ဒါကလဲ ကာလတန်ဖိုးစိစစ်ရေးအဖွဲ./ ရာဖြတ်ရှိနေလို.
ဒီအဖွဲ.ကိုကျော်ပြီး လိမ်လို.မရမှန်းသိလို.နေမှာပါ။
တန်ဖိုးလျော့ချုပ်ပြီး ရာဖြတ်တင်လို. ပြသနာဖြစ်တယ်ဆိုတာ
ကျွန်တော်တော့ တစ်ခါမှမကြားဖူးပါဘူး။
ဒါပေမဲ့ ရာဖြတ်ကဆုံးဖြတ်ခဲ့တဲ့ တန်ဖိုးနဲ.သာ
တံဆိပ်ခေါင်းခွန်/အမြတ်တော်ခွန်တို.ဆောင်ကြရင် ပြီးတာပါပဲ။
ဒါတွေထားပါဦးတော့ အဲဒီလျော့ချုပ်တဲ့စာချုပ်ကလည်း
မလုပ်လို.မရပါဘူးခင်ဗျား၊ သက်ဆိုင်ရာရာဖြတ်
က စံနှုန်းတွေနဲ. ပြန်ပြင်ပေးမှာပါ။
@ (၉) တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေး
မြို.နယ်မြေစာရင်းဦးစီးဌာနမှာ စာချုပ်ကြီးချုပ်ဆိုဖို.၊
အခွန်တော်တံဆိပ်ခေါင်းတွေဝယ်ရပါ့မယ်၊
“ရာဖြတ်”က ကန်.သတ်ပေးလိုက်တဲ့ တန်ဖိုးနှင့်သာ ဝယ်ယူဖို.
မြို.နယ်မြေစာရင်းက စီစဉ်ပေးမှာပါ။
အဲဒီရာဖြတ်က ဖြတ်ပေးတဲ့မြေတန်ဖိုးရဲ. ၀.၂ % နဲ.တွက်ပြီး
“စာချုပ်စာတမ်မှတ်ပုံတင်ကြေး”ရယ်လို.လဲ ပေးဆောင်
ရပါသေးတယ်၊ ဒီတန်ဖိုးကိုတော့ တံဆိပ်ခေါင်း(သို.) ဖြတ်ပိုင်းစာရွက်နဲ.
ပေးသွင်းကြရပါတယ်။
အဲဒီလိုအခွန်တော်တံဆိပ်ခေါင်းတွေနဲ. မှတ်ပုံတင်ကြေးတွေ
ပေးဆောင်ပြီးမှ မြို.နယ်မြေစာရင်းဦးစီးဌာနမှာ
“လယ်ယာမြေ” အရောင်းအဝယ်စာချုပ်ချုပ်ဆိုလို.ရတော့မှာပါ။
“SP” သာယူမထားခဲ့လျှင် လက်မှတ်ရေးထိုးဖို.
အမည်ပေါက်မြေပိုင်ရှင်လိုအပ်သွားနိုင်ပါတယ်။
@ (၁၀) အမည်ပြောင်းလို.ရပါပြီ
ရှေ.မှာဆရာပြောတဲ့ အဆင့်(၉)ဆင့်ပြီးသွားမှသာ
မြို.နယ်မြေစာရင်းဦးစီးဌာနမှာဝယ်သူရဲ.နာမည်ပေါက်
လျှောက်လို.ရပါတယ်။
ပထမဆုံး “လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားရန်အတွက်”
ပုံစံ(၁၀၅)ကို ဝယ်သူနာမည်နဲ.ထုတ်ယူရပါတယ်။
ပုံစံ(၁၀၅)ရပြီးမှ ပုံစံ(၇)မှာ နာမည်သစ်၊ ပိုင်ရှင်သစ်နဲ.ပြန်ပြီး
လျှောက်ထားထုတ်ယူရပါတယ်၊
ရှေ.ကအဆင့်ဆင့်ပြည်စုံခဲ့ရင် အမည်ပြောင်းတဲ့ကိစ္စက
မြို.နယ်မြေစာရင်းရုံးမှာတင်ပြီးပါတယ်၊
ဒါပေမဲ့ ဆရာပြောခဲ့သလို ဒီကိစ္စမှာ
ရပ်/ကျေးဥက္ကဌလက်မှတ်ကတော့ လိုလာပြန်ပါပြီ။
Kyi Soe (I.C)
credit - winning land
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment