Friday, August 14, 2015
"ပြည်ထောင်စု လမ်းမကြီးများ အပါအဝင် အမြန်လမ်းမကြီးများအား GMS နိုင်ငံများ လမ်းအဆင့်အတန်းနှင့်အညီ သတ်မှတ်ဆောင်ရွက်မည်"
"ပြည်ထောင်စု လမ်းမကြီးများ အပါအဝင် အမြန်လမ်းမကြီးများအား
GMS နိုင်ငံများ လမ်းအဆင့်အတန်းနှင့်အညီ သတ်မှတ်ဆောင်ရွက်မည်"
မြန်မာနိုင်ငံ အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးများ အပါအဝင်
အမြန်လမ်းမကြီးများအား အာဆီယံနိုင်ငံများ၊
GMS နိုင်ငံ များ၏ လမ်းအဆင့် အတန်းနှင့်အညီ
အဆင့်မြှင့်တင် သတ်မှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် World Road Association အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး
အာဆီယံ နိုင်ငံများနည်းတူ လမ်းအဆင့် အတန်းများ
ပြည့်မီရန် ဆောင်ရွက်လျက်ရှိရာ
- အမြန်လမ်းမကြီးများ (လေးလမ်းသွားနှင့် အထက်)ကို
လမ်းနယ် နိမိတ် အကျယ်ပေ ၄ဝဝ ( ၁၂၂ မီတာ) အထိ
လည်းကောင်း၊
- အထူးသတ်မှတ်လမ်းများ (Special Ring Roads)
(လေးလမ်းသွားနှင့်အထက်) ကို
ပေ ၃ဝဝ( ၉၁ ဒသမ ၄၄ မီတာ) အထိ လည်းကောင်း၊
- နိုင်ငံတကာ ဆက်သွယ်ရေး လမ်းမကြီး
(လေးလမ်းသွားနှင့် အထက်)ကို ပေ ၂၃ဝ အထိ လည်းကောင်း၊
- ပြည်ထောင်စု လမ်းမကြီး (လေးလမ်းသွားအထိ)ကို
ပေ ၁၅ဝ အထိ လည်းကောင်း၊
- တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကို ဆက်သွယ်မည့်လမ်း
(နှစ်လမ်းသွားမှ လေးလမ်းသွားအထိ) ကို ပေ ၁၅ဝ အထိ
လည်းကောင်း
အသီးသီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင်
- ခရိုင်နှင့် မြို့နယ်တို့ကို ဆက်သွယ်သည့်လမ်းများ
(နှစ်လမ်းသွား)ကို ပေ ၁၅ဝ အထိ လည်းကောင်း၊
- မြို့နယ်နှင့် ကျေးရွာတို့ကို ဆက်သွယ်သည့်လမ်း
(တစ်လမ်းသွား) ကို ပေ ၁ဝဝ အထိလည်းကောင်း
သတ်မှတ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊
အထက်ပါ သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်များ အတွင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ
ကျူးကျော် ဆောက်လုပ်မှု တစ်ရပ်ရပ်အား တွေ့ရှိပါက
ကျူးလွန်သူအား အမြန်လမ်းမကြီး ဥပဒေနှင့်
လမ်းမကြီးများ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း၊
ယခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လမ်းများအား
အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေရန်
စီမံကိန်းများဖြင့် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အလားတူ
*** မူလပေ ၁ဝဝ အကျယ်ရှိ မြို့တွင်းနှင့် ကျေးရွာတွင်း
လမ်းများအတွက် မူလတည်ရှိသော မြို့၊ ရွာ လမ်းမဘေးမှ
အိမ်ခြံဝင်းများအား အရေးယူခြင်း မပြုဘဲ
လမ်းမကြီးများ ဥပဒေပြင်ဆင်ချက် ဥပဒေ အသစ်အား
ပြင်ဆင် ထုတ်ပြန်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နောက်ပိုင်းတွင်
ကျူးကျော်ဆောက်လုပ် နေထိုင်သော အဆောက်အအုံ များကိုသာ
လမ်းမကြီးများ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း၊***
မြန်မာနိုင်ငံ အတွင်းရှိ လမ်းများအား နိုင်ငံတကာ နည်းတူဖြစ်လာစေရန်
နိုင်ငံတော်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်
ပုဂ္ဂလိကပူးပေါင်းမှု ဖြင့် လုပ်ကိုင်ဆောင် ရွက် ပေးလျက်ရှိကြောင်း
သိရသည်။
credit - မြန်မာ သတင်းများ စုစည်းမှု
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment