Wednesday, August 5, 2015
"အထပ်မြင့်ဆောက်လျှင် တစ်ဖက်စီတွင် မြေအပိုသုံးပေ ချန်ရန် ပြောင်းလဲသတ်မှတ်"
"အထပ်မြင့်ဆောက်လျှင် တစ်ဖက်စီတွင် မြေအပိုသုံးပေ ချန်ရန်
ပြောင်းလဲသတ်မှတ်"
အထပ်မြင့်အဆောက် အအုံများ တည်ဆောက်ရာတွင်
တစ်ဖက်စီ၌ မြေအပို တစ်ပေ ချန်ရန်သတ်မှတ်ထားရာမှ
ယခု အခါသုံးပေစီချန်ရန် ဇူလိုင် ၂၂ ရက်တွင် သတ်မှတ်လိုက်ကြောင်း
ရန်ကုန်မြို့တော်စည်ပင် အင် ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ
သတင်းရရှိသည်။
* ဘေးတစ်ဖက်တစ်ချက်စီ တွင် သုံးပေစီချန်ရမည်ဖြစ်၍
စုစု ပေါင်းခြောက်ပေအထိ မြေချန် တည်ဆောက်ရမည်ဟု
ယာ/အုံ ဌာနက သတင်းထုတ်ပြန်ထား သည်။
အဆိုပါအစီအစဉ်မှာ မြို့တွင်း ခြောက်မြို့နယ်မှလွဲ၍
ကျန် မြို့ နယ်အားလုံး အကျုံးဝင်မည် ဖြစ်ပြီး
အထပ်မြင့်အဆောက်အ အုံများ လုပ်ငန်းခွင်ဘေးအန္တရာယ်
ကင်းရှင်းစေရန်နှင့် အဆောက် အအုံများ တည်ဆောက်စဉ်
တစ်ဖက်နေအိမ်သို့ လုပ်ငန်းခွင် သုံး ပစ္စည်းများကျရောက်ပါကပိုမို
ဝေးကွာစေရန် ယခုကဲ့သို့လုပ် ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
* ပေ ၄၀×၆၀ မြေကွက်များ တွင် အဓိကမြေအပိုချန်ရမည်ဖြစ်ပြီး
လမ်းမတန်းများနှင့် လုံးချင်း အိမ်များတည်ဆောက်ခြင်းကိုမူ
ယခင်သတ်မှတ်ချက်များအ တိုင်း ရှေ့မျက်နှာစာ ၁၂ ပေခွာ၍
တည်ဆောက်ရမည်ဖြစ်သည်။
‘‘ရန်ကုန်ကတိုက်ခန်းတွေ က အရင်တုန်းက ဒီလိုမသတ်မှတ် ခဲ့တော့
လေ၀င်လေထွက်တွေ ပိတ်ပြီး လူနေမှုစနစ်က တော် တော်လေး
အားနည်းခဲ့ပြီး အဆင့် အတန်းနိမ့်တဲ့တိုက်ခန်းတွေပဲ
ထွက်ပေါ်လာခဲ့တယ်’’ဟု မြို့ပြ စီမံကိန်းပညာရှင်
ဒေါက်တာ ကျော်လတ်ကသုံးသပ်သည်။
ယင်းကဲ့သို့ သတ်မှတ်လိုက် ခြင်းကြောင့်
ပေ ၄၀×၆၀ တိုက် ခန်းများအနေဖြင့် ရင်ခွဲတည် ဆောက်ပါက
မြေပိုချန်ရမည်ဖြစ် ၍ အခန်း၏မူလကတည်ဆောက်
ရောင်းချနေသည့်ပေထက် လျော့ ကျသွားနိုင်သည်ဟု
စမ်းချောင်း မြို့နယ်မှ ဆောက်လုပ်ရေးလုပ် ငန်းရှင်ဦးမြင့်ဇော်စိုးက
သုံးသပ် သည်။
မြေအပိုချန်၍ တည်ဆောက် ခြင်းက မြေငလျင်ဒဏ်များဖြစ် ပေါ်ပါက
ယခင်ကကဲ့သို့ တိုက် တစ်လုံးနှင့်တစ်လုံး စောင်းသွား သည်ကို
အငြင်းပွားစရာမလိုဘဲ မြင်ကွင်းကိုကြည့်၍ပင် ပေါ်လွင် နေပြီး
နေထိုင်သူများအတွက်လေ ၀င်၊လေထွက်ကောင်းမွန်ကာ
အ ဆင့်မြင့်လူနေမှုစနစ်တစ်ခုဖြစ် လာနိုင်ကြောင်း ၎င်းကဆိုသည်။
မြေချန်တည်ဆောက်မှုပေ တိုးမြှင့်လိုက်ခြင်းကြောင့်
အခန်း အတွင်းပေကျဉ်းသွားနိုင်ပြီး
ယခင် ကကဲ့သို့ ဈေးကောင်းမရနိုင်မည် ကို
ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့က ပူပန်နေကြသည်။
(မိုးညို)
credit - 7day daily
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment