Thursday, August 6, 2015

"မြေဂရန်နှင့် မြေချပါမစ်တို့ကို အတုနှင့်အစစ် စိစစ်ပေးနိုင်သည့် သီးသန့်ကောင်တာများ ဖွင့်လှစ်ရန် လိုအပ်"


"မြေဂရန်နှင့် မြေချပါမစ်တို့ကို အတုနှင့်အစစ်
စိစစ်ပေးနိုင်သည့် သီးသန့်ကောင်တာများ ဖွင့်လှစ်ရန် လိုအပ်"


အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ရာတွင်
မြေချပါမစ်အတုများ၊
မြေငှားစာချုပ် အတု (ဂရန်) များကို အများအပြား တွေ့ရှိလာရသဖြင့်
သက်ဆိုင်ရာ ဌာနများအနေဖြင့် သီးသန့်ကောင် တာများ ဖွင့်လှစ်ကာ
အတု/အစစ် စစ်ဆေးပေးနိုင်ရန် လိုအပ်လာပြီး ဖြစ်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ သိရသည်။
"ဂရန်တွေက ခွဲမရအောင် တူတာတွေ တွေ့လာရတဲ့အပြင်
မြေကွက်တစ်ခုအတွက် ဂရန်က နှစ်စောင်၊ သုံးစောင်လောက်၊
ပါမစ် ဆိုရင် ငါးစောင်၊ ခြောက်စောင် လောက်အထိ တွေ့လာရတယ်။
ခွဲမရအောင်လည်း တူလို့ ဘယ် စာရွက်က အစစ်လည်း
ဘယ်စာရွက် က အတုလည်းဆိုတာတောင် ပြောရ ခက်တယ်”ဟု
မြန်မာနိုင်ငံ အိမ်ခြံ မြေ ဝန်ဆောင်မှုအသင်းမှ
ပြောရေး ဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး
ဒေါ်မို့မို့အောင်က ပြောသည်။

အချို့သော မြေငှားစာချုပ် အတု များမှာ အစစ်နီးပါးအထိ တူညီမှု
ရှိသည့်အပြင် အရပ်စာချုပ်များဖြင့် အရောင်းအဝယ် ပြုလုပ်ကာ
နာမည် ပြောင်း လျှောက်ထားရန်အတွက် စာချုပ်စာတမ်း ရုံးများတွင်
မှတ်ပုံ တင်ပြုလုပ်ပြီး၍ အမည်ပေါက် ပြန်လည်ထွက်ရှိလာသည့်
အဆင့် အထိပင် မြေချပါမစ်အတု၊ မြေငှား ဂရန်အတုများမှာ
အစစ်များနီးပါး ကဲ့သို့ပင် တူညီမှုရှိကြသည်။

"ဂရန်အတု၊ မြေချပါမစ်အတု တွေ များလာပြီး အစစ်နီးပါး
တူလာ တဲ့အတွက် ဝယ်တဲ့သူတွေက ဂရန် မြေချပါမစ်ကို
ထုတ်ပေးခဲ့တဲ့ အဖွဲ့ အစည်းတွေမှာ ပြန်စစ်ပြီးမှ ဝယ်ကြ ပါ။
အိုးအိမ်ကထုတ်ပေးရင် အိုးအိမ်၊
စည်ပင်ကထုတ်ပေးရင် စည်ပင်မှာ ပြန်သွားစစ်ပြီးမှ
ဝယ်စေချင်တယ်။ စစ်ဆေးခပေးပြီး စစ်စေချင်ပါတယ်” ဟု
၎င်းက ပြောသည်။

မြေငှားစာချုပ် (ဂရန်) များ၊ မြေ ချပါမစ်များကို
စည်ပင်သာယာရေး အဖွဲ့အစည်းများနှင့်
မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာနတို့မှ တာဝန်ယူထားသည့်
နေရာဒေသ အသီးသီးအလိုက် ထုတ် ပေးထားခြင်းဖြစ်ပြီး
ယခုကဲ့သို့ မြေ ငှားစာချုပ်နှင့် မြေချပါမစ် အတုများ
အမြောက်အမြားတွေ့ရှိလာရသဖြင့်
အပြိုင်အဆိုင် တရားစွဲဆိုမှုများ၊ ရှုပ်ထွေးမှုများ အမြောက်အမြား
တွေ့ရှိလာနေရသည်။

"ဂရန်အတုတွေ၊ မြေချပါမစ် အတုတွေနဲ့ အရောင်းအဝယ်
လုပ် ကြတယ်။ နောက်ပိုင်ရှင် တစ် ယောက်က ထပ်ပေါ်လာပြီး
သူ့ဟာ အစစ်၊ ငါ့ဟာအစစ်ဆိုပြီး ပြဿနာ တွေအများကြီး
တက်တာ နောက်ဆုံး တရားရုံးမှာ နှစ်နဲ့ချီကြာအောင်
အမှု တွေဖြစ်ကြတယ်။ လိမ်ရောင်းခဲ့တဲ့ လူကို ပြန်ရှာတွေတာ
ရှိသလို မတွေ့တော့တာလည်း ရှိတယ်။
အတုကို ဝယ်မိတဲ့ သူကတော့ အရှုံး ပဲ”ဟု
ဝါရင့်တရားလွှတ်တော် ရှေ့နေဦးအေးမင်းက ပြောသည်။

ရန်ကုန်မြို့တော်ရှိ အိမ်ရာများ နှင့် မြေချပါမစ်များနှင့်
သက်ဆိုင် သည့် အထောက်အထားများကို ယခင်က
အိုးအိမ်ဦးစီးဌာနမှ ကိုင် တွယ်လုပ်ကိုင်ခဲ့သော်လည်း
ယခု အခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့
အထောက်အထားများအား လွှဲပြောင်းပေးအပ်နေဆဲဖြစ်ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ အခွင့်အာဏာဖြင့်
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီသို့
လွှဲပြောင်းနေခြင်းဖြစ်သဖြင့် အချို့သော မြေကွက်များ၏
နောက် ကြောင်း ရာဇဝင်၊ ပိုင်ဆိုင်မှုဆိုင်ရာ တို့ကို
စုံစမ်းမေးမြန်းရာ၌ အချိန် များစွာ ရယူရသည့်အတွက်
ရောင်းဝယ် ရာတွင် ပိုင်ဆိုင်မှု အထောက်အထား မှန်မမှန်ကို
တိကျသည့် အချိန်ကာလ တစ်ခုအတွင်း စုံစမ်းသူများထံ
ပြန် လည်ပြောကြားရန် အခက်အခဲများ ရှိနေသည်။

"ကျွန်တော်တို့က မြေစီမံခန့်ခွဲ မှုတွေကို မလုပ်တော့ပါဘူး။
တချို့ မြေကွက်တွေနဲ့ ပတ်သက်ပြီးတော့ အထောက်အထားတွေ
လိုလာလို့ ပြန်ရှာပေးဖို့ စည်ပင်ဘက်က မေတ္တာ ရပ်ခံစာ
ပို့လာခဲ့ရင်လည်း ပြန်ရှာပြီး အတည်ပြုပေးပါတယ်။
လွှဲပြောင်း နေဆဲ ကာလဖြစ်တဲ့အတွက်လည်း
အထောက်အထားတွေကို အမြန် ရှာတွေ့တာရှိသလို
အချိန်ယူ ရှာရ တာလည်း ရှိပါတယ်။
ကျွန်တော်တို့ ဘက်က အတည်ပြုနိုင်ရင်လည်း
အမြန်ဆုံး အတည်ပြုအကြောင်း ပြန်ပေးနေပါတယ်”ဟု
ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊
မြို့ပြအိမ်ရာဌာန ခွဲမှ ဦးထွန်းမြင့်အောင်က ပြောသည်။

(ဇေယျာလင်း)
credit -  Trade Time Journal

No comments:

Post a Comment