“သပွတ်အူလိုက်နေသော ဆောက်လုပ်ရေးလောက
သတင်းများ”
၁။ "အရောင်းအဝယ်ပေါ်မူတည်ပြီး မြေရှင်နဲ့ ကန်ထရိုက်ကြား
အပေးအယူကွာခြားလာ"
သည်နောက်ပိုင်း အကျိုးတူကန်ထရိုက်ဆောက်လုပ်မှုတွေမရှိ
သလောက်နည်းသွားပေမဲ့ တချို့ဆောက်လုပ်နေသေးတဲ့
အဆောက်အအုံတွေမှာတော့ မြေရှင်နဲ့ ကန်ထရိုက်တာတွေ
ကြားမှာ အရောင်းအဝယ်ပေါ်မူတည်ပြီး အပေးအယူတွေ
လုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးတင်အောင်က
"ကန်ထရိုက်တွေပေါ်မူတည်တယ်၊ အပေးအယူပေါ်
မူတည်တယ်၊ စည်ပင်ဥပဒေတွေကလဲ အမျိုးမျိုးပြောင်းနေတာ
ကြောင့် ဒါတွေနဲ့ ဆက်စပ်ပြီး ကန်ထရိုက်လဲအေးတယ်လို့
ပြောလို့ရတယ်၊ ဥပဒေတွေကပြောင်းနေတော့ ဆောက်ရတဲ့
သူတွေလဲ အရင်ကပြောထားတဲ့ မလုပ်နိုင်တော့တာတွေ
လျှော့လိုက်ရတာတွေရှိလာတယ်။ စာချုပ်လုပ်ကတည်းက
ပြောင်းလဲမှုရှိလာတဲ့ ဥပဒေအတိုင်းတွေထည့်သွင်းပြီး
လုပ်လာကြတယ်" လို့ပြောပါတယ်။
လက်ရှိဆောက်လုပ်ထားတာတွေနဲ့ ဆောက်လုပ်နေဆဲ
အဆောက်အအုံတွေက အရင်ကတည်းက သဘောတူထားပြီး
ဆောက်လုပ်နေတာတွေများပါတယ်။ အကျိုးတူတည်ဆောက်
မယ်ဆိုရင် သည်နောက်ပိုင်းမှာ အရောင်းအဝယ်ပေါ်မူတည်ကြ
သလိုအရောင်းမသွက်တော့တာကြောင့်လည်း တည်ဆောက်ဖို့
နည်းသွားကြတယ်။ ဆောက်လုပ်နေတဲ့သူတွေကလည်း
အရင်ကလို ပြောင်းရွှေ့စရိတ်တောင်းတာတွေကိုလည်း
ညှိနှိုင်းပြီးပြုလုပ်ကြတယ်။ ကန်ထရိုက်အပေါ်မူတည်ပြီး
တစ်ယောက်နဲ့တစ်ယောက်အပေးအယူ ကွာသွားတယ်လို့
သိရပါတယ်။
အရင်ကတည်းကတည်ဆောက်နေတဲ့ကန်ထရိုက်တချို့တွေမှာ
ပြီးစီးအောင်မတည်ဆောက်ပေးလို့ ကန့်သတ်ထားတဲ့ အချိန်
အတွင်းမပြီးလို့ဆိုပြီး သတိပေးကြေညာချက်တွေထည့်တာ၊
ကန်ထရိုက်ကပြီးစီးအောင် မတည်ဆောက်ပေးတာကြောင့်
့ကြားညပ်နေရတဲ့ ဝယ်ထားသူနဲ့မြေရှင် တွေလည်းရှိတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့နဲ့ အကျိုးဆောင်တချို့ဆီက
သိရပါ တယ်။
အထက်တန်းရှေ့နေ ဦးနိုင်လင်းက
"ကန်ထရိုက်ကတစ်နှစ်အတွင်း အပြီးဆောက်ပေးမယ်ဆိုတဲ့
အချက်နဲ့ သဘောတူစာချုပ်ထဲမှာထည့်ချုပ်ခဲ့ကြတယ်၊
လက်တွေ့မှာမပြီးဘူး၊မြေရှင်က အချိန်ထပ် တိုးပေးတယ်၊
ဒါလဲမပြီးတဲ့အပြင် စာချုပ်မှာပါတဲ့အချက်တွေကို မလိုက်နာလို့
အမှုလာအပ်တယ်၊ နောက်တော့ မြေရှင်ကစာချုပ်အတိုင်း
မြေကွက်ပြန်သိမ်းလိုက်တော့ ဝယ်သူတွေပါ ဒုက္ခရောက်ကုန်
ကြတယ်" လို့ သူဖြေရှင်းပေးခဲ့ရတဲ့ အဖြစ်ကိုပြောပြပါတယ်။
ကန်ထရိုက်တွေကအဆောက် အအုံကို ပြီးစီးအောင်
မဆောက်တာ၊ ကြိုပွိုင့်နဲ့ဝယ်ထားသူတွေက တရားစွဲဆိုတာ
တွေစတဲ့ ပြဿနာတွေရှိလာတယ်။ ဒါတွေအပြင်သည်နောက်ပိုင်း
ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးကန့်သတ်ချက်များ
လာတာကြောင့် အရင်လို အကျိုးတူဆောက်လုပ်ဖို့
ကန်ထရိုက်အပေါ်မူတည် ပြီးတစ်ယောက်နဲ့တစ်ယောက်
အပေးအယူ ကွာသွားတာ ဖြစ်တယ်လို့သိရတယ်။
ကန့်သတ်ချက်တွေများလာတဲ့ပေါ်မူတည်ပြီး ဈေးကွက်ကလည်း
အရင်နဲ့အခုကွာခြားသွားတယ်လို့သိတယ်။
သည်လိုမျိုးဖြစ်လာတဲ့အတွက် အိမ်ရှင်တွေကလည်း
စိတ်ဝင်စားမှုမရှိကြတော့သလို ကန်ထရိုက်တွေကလည်း
အရောင်းအဝယ်ပေါ်မူတည်ပြီး အရောင်းမသွက်တဲ့အတွက်
ကန်ထရိုက်ယူဖို့ လက်တွန့် လာကြတယ်လို့သိရပါတယ်။
(အေးမွန်)
***
၂။ "လျော်ကြေးများ၊ အစားထိုးပေးရတဲ့နေရာများနဲ့
ဆောက်လုပ်ရေးအခက်အခဲများ"
ဆောက်လုပ်ရေးလုပ်ငန်းအများစု သတ်မှတ်ထားတဲ့ကာလ
အတွင်း လုပ်ငန်းမပြီးစီးတဲ့အခြေအနေတွေကြောင့်
နေရာအစားထိုး ပြန်ပေးရတာနဲ့ နေ့အလိုက် လျော်ကြေး
ပေးရတာတွေ ဈေးကွက်ထဲမှာဖြစ်ပေါ်နေပါတယ်။
သည်လိုဖြစ်ပေါ်ရတဲ့အခြေအနေအများစုကတော့ ယခင်အစိုးရ
လက်ထက်ကခွင့်ပြုထားပြီး အခုနောက်ပိုင်းမှဆောက်လုပ်မှုနဲ့
ပတ်သက်တဲ့အထပ်မြင့်ကန့်သတ်ချက် ဒီဇိုင်းပြန်လည်စစ်ဆေးမှု
စတာတွေကြောင့်ရှိသလို ကန်ထရိုက်ပေးဆောက်လုပ်တဲ့
ပုတ်ပြတ်လုပ်ငန်းတွေမှာလည်း သတ်မှတ်ချက်နဲ့မညီလို့
ပြန်လည်ဆောက်လုပ်ရတာတွေရှိနေတာကြောင့် ဖြစ်ပါတယ်။
"ဆောက်လုပ်ရေးလုပ်ငန်းကြီးအများစုက ပြီးစီးမယ့်ကာလကို
ကြိုတင်သတ်မှတ်ပြီး ကြိုပွိုင့်တွေရောင်းထားတယ်၊
တချို့စီးပွားရေးလုပ်ငန်းတွေက ဝယ်ထားတဲ့အခါ အကြောင်း
အမျိုးမျိုးကြောင့် မပြီးရင် နေ့အလိုက်လျော်ကြေးပေးရတာတွေ
ရှိသလို နေရာအစားထိုးပြန်ရှာပေးရတာ တွေရှိတယ်" လို့
ယူကေဆောက်လုပ်ရေးလုပ်ငန်းက မန်နေဂျာကိုထက်က
ပြောပါတယ်။
သတ်မှတ်ချိန်
--------------
ဆောက်လုပ်ရေးအများစုရဲ့အဓိက ပြဿနာကတော့
သတ်မှတ်အချိန်အတွင်း မပြီးစီးရင်ဝယ်ယူထားတဲ့ဝယ်လက်
တွေကိုစာချုပ်အရလျော်ကြေးပေးရတာတွေရှိသလိုတချို့
ဝယ်ယူထားသူတွေကို ငွေပြန်အမ်းရတာမျိုးတွေအထိရှိပါတယ်။
သည်လိုသတ်မှတ်ကြတဲ့စာချုပ်အများစု ကတော့ ပြည်တွင်းက
ဝယ်ယူသူတွေထက် ပြည်ပက လာရောက်ဝယ်ယူကြတဲ့
စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူတွေနဲ့ အဓိက ဖြစ်ပေါ်ရတဲ့
ပြဿနာ ဖြစ်ပါတယ်။
‘ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အမြင့်ပေသတ်မှတ်ချက်
တွေကို ဖြစ်နိုင်ရင် မြို့နယ်အလိုက်လမ်းအလိုက် သတ်မှတ်ထား
တဲ့နှုန်းထားမူပိုင်တွေ လိုချင်တယ်၊အခုဟာက ဒီဇိုင်းအားလုံး
ရေးဆွဲပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဘက်က pass (ခွင့်ပြု) ရင်
တောင် စည်ပင်က ပြန်စစ်ပြီး ပြန်ပြင်ခိုင်းရင် အကုန် အစက
ပြန်ရေးဆွဲတော့ ကုန်ကျစရိတ်အပိုင်းတွေပါ ပြန်တွက်ရတာ
တွေက လုပ်ငန်းဘက်မှာ ခက်ခဲစေတယ်˘လို့
စီးပွားရေးပညာရှင် ဒေါ်မိုးမိုးကပြောပါတယ်။
ဒါ့အပြင် အစိုးရအသစ်ရဲ့မူဝါဒအ ပြောင်းအလဲကိစ္စတွေ
ကြောင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဆောက်လုပ်မှု
ပြန်လည်စစ်ဆေးတာတွေကြောင့်သုံးလလောက်စောင့်ဆိုင်း
ရတာတွေနဲ့အထပ်အကန့်အသတ်ပြန်လည်ပြုပြင်ရတာတွေ
လည်းရှိပါတယ်။
ပုတ်ပြတ်ကန်ထရိုက်
----------------------
ကန်ထရိုက်လုပ်ငန်းတွေ ဈေးကွက်ငြိမ်နေတာကြောင့်
ငွေကြေးအင်အားနည်းတဲ့လုပ်ငန်းအများစုက ပုတ်ပြတ်စနစ်နဲ့
မြေရှင်ကိုယ်တိုင်ဆောက်လုပ်တဲ့အထပ်မြင့်တွေကို
ဆောက်လုပ်လာကြပါတယ်။
သည်လိုဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ ပြီးစီးမယ့်ရက်နဲ့
အချိန်ကို ကန်ထရိုက်ဘက်က သတ်မှတ်ရတာဖြစ်ပေမဲ့
ဆောက်လုပ်တဲ့အလုပ်သမားအသုံးပြုမှု အပိုင်းမှာ
အဆင်မပြေရင် သတ်မှတ်ရက်ထက် နောက်ကျတဲ့လုပ်ငန်းတွေ
အတွက် တစ်ရက်ကို စာချုပ်ပါလျော်ကြေးငွေအတိုင်း
ကန်ထရိုက်ဘက်က ပေးဆောင်ရတာတွေရှိပါတယ်။
“ဒီလိုလုပ်ရပ်တွေကျတော့ ကန်ထရိုက်ဘက်က ခိုင်းတဲ့
အလုပ်သမားပေါ် မူတည်တယ်၊ အချို့က နေ့စားအလုပ်သမား
တွေကို စောင့်ကြည့်ဖို့ အခက်အခဲဖြစ်ရင် ပုတ်ပြတ်ခေါ်ပြီး
ခိုင်းကြတယ်၊ အဲဒီမှာ ပုတ်ပြတ်သမားက ပုံစံလွှဲဆောက်တဲ့အခါ
ပြန်အစကလုပ်ရတော့ အချိန်တွေကကြာပြီး မပြီးဘဲ
ကိုယ်ဘက်က နောက်ကျကြေးပေးရတာ”လို့
အံ့ထူးဆောက်လုပ်ရေးက ကိုမင်းမင်းက ပြောပါတယ်။
ဒါ့အပြင် အကျိုးတူစနစ်နဲ့ ဆောက်လုပ်ကြတဲ့ကန်ထရိုက်
လုပ်ငန်းတွေမှာလည်း မြေရှင်ကို နေထိုင်စရိတ်ထုတ်ပေးတဲ့
ကိစ္စမှာလည်း ငွေကြေးအင်အားနဲ့ ဈေးကွက်ကြောင့်
အချိန် ကြန့် ကြာတဲ့ အပိုင်းမှာ မြေရှင်ကို ငှားရမ်းခပေးရတဲ့
စရိတ်တွေ အပိုထပ်ကုန်ကြရပါတယ်။ တချို့ လုပ်ငန်းတွေမှာဆို
အချိန် သုံးနှစ်လောက် အထိ ဆောက်လုပ်မှုမပြီးစီးတာကြောင့်
တခြားနေထိုင်စရိတ်ငွေနဲ့ အစိုးရဝန်ကြီးဌာနတွေကို
ဆောက်လုပ်မှုလျော်ကြေးပေးရတာမျိုးတွေ ရှိပါတယ်။
‘အိမ်တစ်လုံးကို ပြန်ဖြိုပြီး ကန်ထရိုက်ပေးတော့မယ်ဆိုရင်
မြေရှင်ကို ရွှေ့ ပြောင်းစရိတ်ပေးရတယ်၊ လုပ်ငန်းမပြီးမချင်း
ပေးရတာဆိုတော့အချိန်ကြာရင် ကြာသလို စရိတ်ထောင်း
တယ်' လို့ ကိုမင်း မင်းကပဲ ပြောပါတယ်။
နေရာအစားထိုး
----------------
သတ်မှတ်ချိန်အတွင်းမပြီးစီးလို့ နေရာအစားထိုးပေးရတဲ့
လုပ်ငန်းတွေကတော့ ရုံးခန်းနေရာတွေနဲ့ စီးပွားရေးလုပ်ငန်းရုံး
တွေကို အဓိကပြန်လည်အစားထိုး ပေးရတာတွေဖြစ်ပါတယ်။
အများစုကတော့ နာမည်ကြီးမြို့ထဲကအဆင့်မြင့်အိမ်ရာတွေမှာ
ဖြစ်တဲ့ပြဿနာဖြစ်ပြီး ဝယ်ယူသူနဲ့ နှစ်ရှည်ငှားရမ်းသူက
လက်ခံနိုင်တဲ့ အခန်းနေရာကို ပြန်လည်ပေးရတဲ့ကိစ္စ
ဖြစ်ပါတယ်။
သည်လိုပြန်လည်နေရာပေးရတဲ့လုပ်ငန်းတွေက နိုင်ငံခြားက
လာရောက်ရင်းနှီး မြှုပ်နှံတဲ့ကုမဏီကြီးတွေဖြစ်ပြီး
စတင်ဖွင့်လှစ်မယ့်အချိန်ကို အစိုးရဆီ ကြိုတင်အကြောင်းကြား
ထားတဲ့လုပ်ငန်းတွေ များပါတယ်။ နေရာအစားထိုးပေးတဲ့ကိစ္စမှာ
ဆောက်လုပ်ရေးလုပ်ငန်းဘက်ကပိုင်ဆိုင်တဲ့
တခြားဆောက်လုပ်ရေးတစ်ခုက အခန်းတွေကို ပြန်လည်ပေးရ
တာတွေရှိသလို ဝယ်ယူသူဘက်ကတောင်းဆိုတဲ့နေရာကို
ပြန်လည်ငှားရမ်းပေးရတာတွေလည်း ရှိပါတယ်။
သည်လိုသတ်မှတ်ချိန်အတွင်း မပြီးစီးတဲ့လုပ်ငန်းတွေကတော့
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အဓိကဖြစ်ပြီး အစိုးရသစ်နဲ့
အစိုးရအဟောင်း အကူးအပြောင်း ကာလမှာ ဆောက်လုပ်ရင်း
မပြီးစီးဘဲကျန် ခဲ့တဲ့လုပ်ငန်းတွေများပါတယ်။
တချို့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ ကြိုတင်ရောင်းချမှု
တွေသာ ၈၀ ရာခိုင်နှုန်း လောက်ပြီးစီးပေမဲ့ တည်ဆောက်ရေး
လုပ်ငန်းတွေမှာတော့ လက်ရှိအချိန်အထိ basement
လုပ်ငန်းတွေလောက်သာ စတင်သေးတဲ့လုပ်ငန်းတွေ
များပြားနေတယ်လို့ သိရပါတယ်။
(ပြည့်ဖြိုးမြင့်မွန်)
***
၃။ "ဆောက်လုပ်ရေးလောက အခက်အခဲများ ပူးပေါင်းဖြေရှင်းရန်
ရန်ကုန်အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများအသင်း
ဖွဲ့စည်းရန် စီစဉ်"
ဆောက်လုပ်ရေးလောက၏ လက်ရှိကြုံတွေ့နေရသော
အခက်အခဲများကို ပူးပေါင်းဖြေ ရှင်းနိုင်ရန် လုပ်ငန်းရှင်များ
စုစည်း၍ ရန်ကုန်မြို့ အခြေစိုက် လိုင်စင်ရကန်ထရိုက်တာများ
အသင်းဟူ၍ ဖွဲ့စည်းတည်ထောင်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
လက်ရှိ ဆောက်လုပ်ရေး လောကတွင် ကြုံတွေ့နေရသော
အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ အခြေစိုက်လိုင်စင်ရ
ကန်ထရိုက်တာများ အသင်း ဖွဲ့စည်းနိုင်ရန် သြဂုတ် ၃၁ ရက်တွင်
အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အား
လုပ်ဆောင်မည့် MKT ဆောက်လုပ်ရေးလုပ်ငန်းရှင်
ဦးမျိုးမြင့်က ဆိုသည်။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသူ
မည်သူမဆို ပါဝင်တက်ရောက်နိုင်ပြီး အသင်းဖွဲ့စည်းရေးနှင့်
ပတ်သက်၍ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း လုံခြုံစနစ်ကျပြီး
အရည်အသွေးပြည့်ဝသော အဆောက်အအုံများ ထွက်ပေါ်
လာရေးနှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ လိုအပ်သည့် စည်းမျဉ်း
ဥပဒေများကို အစိုးရအဖွဲ့သို့ အကြံပြုနိုင်ရန် ယခုအသင်းကို
ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်က ဆိုသည်။
‘‘အဓိကကတော့ကျွန်တော်တို့လောကမှာ ကြုံတွေ့နေရတဲ့
အခက်အခဲတွေကို ပူးပေါင်းဖြေ ရှင်းနိုင်အောင်ပါ’’ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန်မှ အထပ်မြင့်အဆောက်
အအုံများကို ကော်မတီတစ်ရပ်ဖွဲ့ ကာ အထပ်မြင့် စီမံကိန်း
၁၀၀ ကျော်အား စစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့်
ဆောက်လုပ်ရေး လောကအတွင်း ကြီးမားသော
ဂယက်ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်
အစိုးရအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လိုင်စင်ရ
ကန်ထရိုက်တာများအ သင်းကို ရည်ရွယ်ဖွဲ့စည်းလိုက်ခြင်း
ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးကိုယ်စားပြု လွှမ်းခြုံသည့်
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်း ရှင်များအသင်းမှာလည်း
တရားဝင်အသင်းအဖြစ် ရပ်တည်လျက် ရှိသည်။
(မိုးညို)
credit - Kumudra Journal & 7day Daily
No comments:
Post a Comment