Monday, September 12, 2016

“အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူတို့အတွက် လေ့လာစရာ သတင်းများ”

“အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူတို့အတွက် လေ့လာစရာ
သတင်းများ”


၁။ "အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမယ်ဆို မြို့သစ်စီမံကိန်း
ဦးစားပေးသင့်"

ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ ဝယ်သင့်နေတဲ့ အခုလိုဈေးကွက်
အခြေအနေမှာ ဝယ်ယူမယ်ဆိုရင် လူပြောများနေတဲ့ ဦးစားပေး
မြို့သစ်စီမံကိန်းနေရာတွေကို ရွေးချယ်သင့်တယ်လို့
သိရပါ တယ်။

သည်ရက်ပိုင်းတွေမှာ အရောင်းအဝယ်သမားတွေ စိတ်ဝင်စားမှု
တွေ ပြန်ရှိနေတာကြ သဂုတ်လမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်ဆွေးနွေးခဲ့တဲ့ မြို့သစ်စီမံကိန်းတွေပါ။

ဆွေးနွေးပွဲမှာ ဦးစားပေး မြို့သစ်စီမံကိန်းအဖြစ်
- အရှေ့ ဒဂုံမြို့နယ် ပြီးပါက
- သန်လျင်ကုလားဝဲ တံတားအနီး မြေနေရာ၊
- ဒလမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်ကြား မြေနေရာ၊
- ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ မြို့သစ်စီမံကိန်းတွေကို
ပြောကြားခဲ့ကြတာပါ။

ရန်ကုန်မြို့သစ်စီမံကိန်းကို အရှေ့ဒဂုံ မြို့နယ် လေးထောင့်ကန်
အနီးရှိ လယ်မြေ ဧက ၁၇,ဝ၀ဝ ကျော်မှာ အ ကောင်အထည်
ဖော်ဖို့   မြို့ပြစီမံကိန်းပညာရှင်တွေက ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ကို အကြံပြုထားတယ်လို့ သိရပါ တယ်။

လက်ရှိမှာ ရည်ရွယ်ထားတဲ့နေရာတွေရှိ မြေဈေးနှုန်းတွေနဲ့
ဈေးကွက်အခြေအနေက ဝယ်ချင်သူတွေအတွက် သင့်တင့်
နေတဲ့ ဈေးတွေဖြစ်နေတာကြောင့်ပါ။

အောင်မြင့်မိုရ်အကျိုးဆောင်မှ ဦးဇော်မြင့်က
"ဈေးကွက်အရတော့ ခုချိန် ဘယ်သူကမှ ရဲရဲတင်းတင်းဝယ်ဖို့
မရဲသေးတဲ့အချိန်ပါ၊ အပြောင်းအလဲတွေများနေတော့
ကြောက်ကြတယ်၊ ရင်းနှီးမြှုပ်နှံဖို့ဆိုတာရေတိုရေရှည်ခွဲပြီး
ရင်းနှီးမှ အဆင်ပြေနိုင်မယ်၊ ရေရှည်ရင်းနှီးထားချင်သူတွေ
ဆိုရင်တော့ စီမံကိန်းထဲမှာပါတဲ့နေရာတွေက အကောင်းဆုံးပါပဲ၊
ဖွံ့ဖြိုးဖို့ စောင့်ရမှာ အ ချိန်ကြာတယ်ဆိုပေမဲ့ ရေရှည်အတွက်
တော့ ဝယ်ထားသင့်တယ်” လို့ ပြောပါ တယ်။

အိမ်ခြံမြေဈေးက လက်ရှိမှာ အဝယ်ဈေးကွက်ပျောက်နေပြီး
ဈေးတွေကလည်း ခေါ်ဈေးမမြင့်တော့ဘဲ ညှိနှိုင်းဈေးတွေနဲ့
ရောင်းကြတာတွေရှိနေတာပါ။ အကျိုးဆောင်အများစုက
ဝယ်ချင်သူတွေအတွက် ဝယ်လို့ကောင်းတဲ့အချိန် ဖြစ်တယ်လို့
ပြောကြပါတယ်။

ဒဂုံအရှေ့ပိုင်းရှိ လေးထောင့်ကန်အနီး  လယ်မြေဧက ၁၇,ဝ၀ဝ
ကျော်ကို စီမံကိန်း ပြုလုပ်ဖို့ တင်ပြထားမှုတွေကြောင့်
အနီးအနားရှိ တချို့မြေကွက်တွေ အရောင်းအဝယ် ပြန်ရှိ
လာတယ်လို့ သိရတယ်။ ဝယ်ရောင်းသမားတွေပြန်စိတ်ဝင်စားပြီး
ဈေးကွက် ပြန်ဆင်းကြတာကြောင့်လို့ အကျိုးဆောင်တချို့က
ပြောပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က
“အရင်ကလို မဝယ်ရဲကြတာက မြေတွေ အကြာကြီးပိုက်မိကြမှာ
စိုးကြလို့ပါ၊ စီမံကိန်းတွေရှိတဲ့နေရာတွေထဲမှာ ဒလဘက်ကိုပိုပြီး
စိတ်ဝင်စားမှုရှိနေကြတယ်၊ တခြားနေရာတွေက ဖွံ့ဖြိုးမှုရှိလာဖို့
အချိန်အတော်ကြာ စောင့်ရမှာကြောင့် မဝံ့မရဲဖြစ်နေကြတာ”လို့
ပြောပါတယ်။

ဩဂုတ် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ပုလဲခန်းမမှာပြုလုပ်တဲ့ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး
လွှတ်တော်ဥက္ကဋ္ဌ ၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ၊
မြို့ပြစီမံကိန်းကျွမ်းကျင်ပညာရှင်တွေ၊စီးပွားရေးလုပ်ငန်းရှင်တွေ
ပါဝင်တဲ့ဆွေးနွေးပွဲမှာ မြို့ပြစီမံကိန်း ပညာရှင်တွေက တင်ပြခဲ့တာ
ဖြစ်တယ်လို့သိရပါတယ်။

(အေးမွန်)

***

၂။ "ဒဂုံမြို့သစ်မြို့နယ်များအတွင်း မြေကွက်ဝယ်လိုများ များပြား"

အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်ပါးနေသော်လည်း
တန်ဖိုးသင့် မြေကွက်ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ဈေးနှုန်းသင့်
မြေကွက်များ ရှာဖွေဝယ်လိုသူများ များပြားလျက်ရှိနေကြောင်း
Property com mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်း
သိရှိရပါသည်။

ဒဂုံမြို့သစ်မြို့နယ်များအတွင်း အိမ်တိုင်ရာရောက် ငွေပေးချေမှု
များဖြင့်မြေကွက်ရှာဖွေမှုများပြုလုပ်လျက် ရှိနေကြကာ
ဈေးကောင်း၊ နေရာကောင်းမြေကွက်များနှင့် လမ်းပန်း
ဆက်သွယ်ရေး အခြေအနေအရ ဈေးအသင့်အတင့် ဖြစ်ထွန်းမှု
ရှိသော မြေကွက်များအား ၀ယ်လိုသူများ ရှိကြကြောင်း ဒေသခံ
အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်သူတစ်ဦးမှ
ပြောကြားချက်အရ သိရသည်။

“မြေကွက်ဝယ်ချင်တဲ့သူတွေ များပါတယ် တော်တော်များများက
ဈေးကွက်အခြေအနေကို နားစွင့်နေကြတာပဲ၊
ဈေးကွက်အခြေအနေက တိုက်ခန်းလုံးချင်းရော မြေကွက်ပါ
အရောင်းအ၀ယ် အေးနေသေးတော့ မြေကွက်တွေလည်း
ဈေးလျော့လာတာတွေ တွေ့ရတယ်၊ ရင်းနှီးမြှုပ်နှံ ၀ယ်ယူထား
သူတွေကတော့ ဈေးလျော့ချင်တာ မဟုတ်ပေမယ့် အခုက
မူလ ၀ယ်ဈေးကို မပေးချင်တဲ့ ၀ယ်လက်တွေကလည်း ရှိတယ်၊
ဒါကြောင့် ငွေပြန်ဖော်ချင်တဲ့ သူတချို့ကတော့ ၀ယ်ရင်းပြန်ရရင်
တောင် တော်ပြီဆိုတဲ့ သဘောနဲ့ ရောင်းတာတွေရော
မူလ၀ယ်ရင်းဈေးနီးနီးနဲ့ ပြန်ထုတ်တာတွေရော ရှိလာတယ်၊
ဒဂုံမြို့သစ် အရှေ့ပိုင်းဘက်တွေ အရင်ဝယ်ထားပြီးသူတစ်ချို့
ဆိုရင် ဈေးပြန်လှုပ်လာမယ့်အခြေအနေကိုစောင့်နေသူတွေ
လည်း များတယ်၊ လောလောဆယ် အခြေအနေမှာတော့
ဒဂုံမြို့သစ် အရှေ့ပိုင်း ပတ်ဝန်းကျင်နဲ့လေးထောင့်ကန်ဘက်
တွေမြေကွက်လာလာကြည့်ကြတာတွေရှိနေပါတယ်၊
အစိုးရကဒီဘက်တွေမှာမြှိုသစ်စီမံကိန်းအတွက် ညှိုနှိုင်းတိုင်ပင်
နေတာမျိုးတွေ ရှိနေတာကလည်းဈေးကွက်အခြေအနေ
ကောင်းလာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တစ်ခု ရှိနေတာပေါ့၊
အရောင်းအ၀ယ်တွေကတော့ဒဂုံမြို့သစ်အရှေ့ပိုင်းဘက်ကို
မြေကွက်ရှာသူတွေ ရှိတယ်၊ တချို့ဆို အခုလိုဈေးကျနေတဲ့
အခြေအနေမှာ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ပိုပြီး ၀ယ်ကြတာတွေ
တွေ့ရပါတယ်” ဟု မြေကွက်များ ၀ယ်ယူထားသူ
ဒေသခံတစ်ဦးက  လတ်တလော ဈေးကွက် ဖြစ်တည်မှု
အခြေအနေများအားProperty com mm သတင်းမီဒီယာ
အဖွဲ့သို့ ပြောကြားသည်။

သြဂုတ်လအတွင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏
ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီမှ ရန်ကုန်မြို့သစ်
စီမံကိန်းများအတွက် တွေ့ဆုံဆွေးနွေးမှုများအတွင်း
မြို့သစ်တည်ဆောက်ရန် အကောင်းဆုံးမြေနေရာတစ်ခုအဖြစ်
မြေဧက ၁၇၀၀၀ အကျယ်အ၀န်းရှိသည့် ဒဂုံမြို့သစ် အရှေ့ပိုင်း
မြို့နယ် လေးထောင့်ကန်ကျေးရွာပတ်ဝန်းကျင်ဒေသအား
လုပ်ဆောင်သင့်ကြောင်း မြို့ပြပညာရှင်များမှအကြံပြုပြောကြား
ခဲ့ပြီး အတည်ပြုချက်မရရှိသေးပဲ လွှတ်တော်သို့ တင်ပြရန်
စီစဉ်ထားသည့် အခြေအနေရှိနေသည်။

***

၃။ "မြစ်ကူးတံတားစီမံကိန်းတွေရှိနေတဲ့ သန်လျင်နဲ့ဒလ
ဘယ်မှာရင်းနှီးမြှုပ်နှံမလဲ?"

မြစ်ကူးတံတားစီမံကိန်းတွေပြုလုပ်ဖို့ရှိတဲ့ သန်လျင်နဲ့ဒလ
မြေဈေးကွက်မှာ ဘယ်နေရာကပိုပြီးရင်းနှီးမြှုပ်နှံသင့်လဲဆိုတာ
ဝေခွဲခက်စေတယ်လို့ ဝယ်ရောင်းသမားတချို့ကပြောပါတယ်။

သန်လျင်-သာကေတမြစ်ကူးတံတားနဲ့ ရန်ကုန်-ဒလမြစ်ကူး
တံတားစီမံကိန်းတွေကြောင့် သန်လျင်နဲ့ ဒလဘက်
မြေဈေးကွက်ပြန်ကောင်းလာနိုင်တယ်လို့သုံးသပ်ထား
ကြတာပါ ။

မြေဈေးနှုန်းတွေကလည်းမူလတန်ဖိုးထက်မြင့်တက်ပြီးသား
နေရာတွေရှိပြီးစီးပွားရေးသမားတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေ
ဝယ်ယူထားကြတာများပါတယ်။

တံတားတွေပြီးစီးရင်ပိုပြီးဖွ့ံ့ဖြိုးလာမယ့်နေရာတွေဖြစ်တာ
ကြောင့်ဘယ်နေရာကပိုပြီးရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာ
ကိုတော့ ဝေခွဲရခက်နေကြတယ်လို့သိရပါတယ် ။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက
"သန်လျင်တံတားပြီးရင် ရင်းနှီးမြှုပ်နှံထားသူတွေအတွက်
တော့အဆင်ပိုပြေလာနိုင်ပါတယ် ၊အထောက်အပံ့ဖြစ်လာနိုင်
ပါတယ် ၊ဈေးကွက်ထူးထူးခြားခြားပြောင်းလဲတာမျိုးတော့
မရှိနိုင်ဘူး။သန်လျင်ဘက်မှာက နေမယ့်သူတွေနဲ့သီလဝါ
စက်မှုဇုန်ကြောင်စီးပွားရေးသမားတွေအတွက်ပဲအလုပ်
ဖြစ်နိုင်မယ်" လို့ပြောပါတယ် ။

သန်လျင်နဲ့သာကေတမြစ်ကူးတံတားစီမံကိန်းကလျာထားရုံပဲ
ရှိသေးတာပါ ။မြေဈေးတန်ဖိုးတွေအရသန်လျင်ဘက်က
ဈေးအမြင့်မှာရှိပြီးဒလကတော့သန်လျင်ထက်နည်းပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေနဲ့ဝယ်ရောင်းသမားတွေ
တံတားစီမံကိန်းတွေရှိနေပေမဲ့ဈေးကွက်လှုပ်ခတ်မှုမရှိဘဲ
မြေပိုက်မိနေမှာစိုးရိမ်နေကြတာဖြစ်ပါတယ် ။

အကျိုးဆောင်ဦးကျော်စွာက
"အခုလိုဈေးကွက်အခြေအနေမှာစဉ်းစားပြီးအချိန်ယူမှတော်ရုံ
ကျမယ် ၊ဈေးကွက်ကတော့နှစ်ခုစလုံးမှာ အရင်ကတည်းက
သူ့နေရာနဲ့သူရှိနေတာကြောင့်ဝယ်တဲ့သူရဲ့ဆုံးဖြတ်ချက်ပေါ်
မူတည်တယ်" လို့ပြောပါတယ် ။

သန်လျင်ဘက်ကတော့ ဈေးကွက်ရှိပြီးသားဖြစ်တဲ့အပြင်
လက်ရှိမှာလည်းတံတားကူးလမ်းကျပ်တည်းမှုပြသနာကလွဲပြီး
အဆင်ပြေနေတဲ့နေရာဖြစ်တယ်။

ဒလကတော့ရေအခက်အခဲတွေ့ပြီးလက်ရှိမှာလည်း
ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့နေရာဖြစ်ပါတယ်လို့သိရပါတယ်။

credit - Kumudra Journal / Property Media Team
& The Modern

No comments:

Post a Comment