Wednesday, March 1, 2017

“မြေကွက်စံနှုန်း၊ ဘဏ်အတိုးနှုန်း၊ ငွေလဲနှုန်း တို့နှင့် ဆိုင်ရာသတင်းများ”

“မြေကွက်စံနှုန်း၊ ဘဏ်အတိုးနှုန်း၊ ငွေလဲနှုန်း
တို့နှင့် ဆိုင်ရာသတင်းများ”


၁။ "ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေကွက်စံနှုန်း
စည်းကြပ်ရန် သတ်မှတ်မှု အမြင့်ဆုံးအဖြစ် ပြည်လမ်းနှင့်
ကမ္ဘာအေး ဘုရားလမ်းများတွင် တစ်စတုရန်းပေ
ကျပ်လေးသိန်း သတ်မှတ်ထားပြီး စက်မှုဇုန်များတွင်
ရွှေလင်ပန်း စက်မှုဇုန်၌ တစ်ဧက ကျပ်သိန်း ၂၁၀၀ ဖြင့်
အမြင့်ဆုံးသတ်မှတ်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ စည်းကြပ်နှစ်အတွက်
ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အခွန်စည်းကြပ်ရန်
သတ်မှတ်ပေးသည့် မြေကွက်စံနှုန်းများတွင် သတ်မှတ်မှု
အမြင့်ဆုံးအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း၊
ကမ္ဘာအေးစေတီလမ်းများ တစ်လျှောက်တွင် တစ်စတုရန်းပေ
ကျပ်လေးသိန်း သတ်မှတ်ထားပြီး စက်မှုဇုန်များတွင်မူ
ရွှေလင်ပန်းစက်မှုဇုန်၌ တစ်ဧက ကျပ်သိန်း ၂၁၀၀ ဖြင့်
အမြင့်ဆုံး သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ
ဦးစီးဌာန၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ
ထုတ်ပြန်ထားမှုအရ သိရသည်။

- ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းနှင့် ကိုယ့်မင်းကိုယ်ချင်း
လမ်း၊ မရမ်းကုန်းမြို့နယ် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊
စမ်းချောင်း၊ လှိုင်၊ ကမာရွတ်မြို့နယ်များ၏ ပြည်လမ်းများတွင်
တစ်စတုရန်းပေ ကျပ်လေးသိန်းအဖြစ် အမြင့်ဆုံး စည်းကြပ်
ရန် သတ်မှတ်ထားပြီး
- မြို့တွင်းမြို့နယ်များဖြစ်သည့် ပန်းဘဲတန်း၊ လမ်းမတော်၊
လသာ၊ ပုဇွန်တောင်၊ ကျောက်တံတား စသည့်မြို့နယ်များတွင်
မူ အမြင့်ဆုံးအဖြစ် တစ်စတုရန်းပေ ကျပ် သုံးသိန်းနှင့်
ကျပ် ၂၅၀၀၀၀ အကြား သတ်မှတ်ထားပြီး
- အနိမ့်ဆုံးနှုန်းတွင် လမ်းကျဉ်းများကို တစ်စတုရန်းပေ
အတွက် ကျပ် ၁၇၅၀၀၀ စည်းကြပ်ရန် သတ်မှတ်ထားသည်။

တစ်စတုရန်းပေအတွက် စည်းကြပ်ရန် အမြင့်ဆုံး
သတ်မှတ်နှုန်းများအဖြစ်
- ဒဂုံမြို့နယ်တွင် ပြည်လမ်း၌ ကျပ်လေးသိန်းမှ စတင်ကာ
ပြည်လမ်းအတွင်းတွင်မူ ကျပ် ၁၈၀၀၀၀ သာ သတ်မှတ်ထား
သည်။
- ဦးဝိစာရလမ်း၊ န၀ဒေးလမ်း၊ ယောမင်းကြီးလမ်းစသည့်
နေရာများတွင် တစ်စတုရန်းပေအတွက် ကျပ် ၃၃၀၀၀၀
သတ်မှတ်ထားကာ ကျန်လမ်းအချို့ကိုမူ ကျပ် ၂၅၀၀၀၀
စည်းကြပ်ရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

- မရမ်းကုန်းမြို့နယ်တွင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း
များကို တစ်စတုရန်းပေ ကျပ်လေးသိန်း၊
- အင်းလျားရိပ်သာ၊ ကန်ရိပ်သာလမ်းများတွင်
ကျပ် ၂၅၀၀၀၀၊
- မေခ၊ မလိခ၊ မင်းဓမ္မ စသည့်လမ်းများတွင် တစ်စတုရန်းပေ
ကျပ်နှစ်သိန်း စည်းကြပ်ရန် သတ်မှတ်ထားကာ
- စမ်းချောင်းမြို့နယ်တွင်မူ ပြည်လမ်း ကျပ်လေးသိန်း၊
- ဟံသာဝတီလမ်းနှင့် ဗဟိုလမ်း ကျပ်နှစ်သိန်း၊
- စမ်းချောင်းလမ်းနှင့် မင်္ဂလာလမ်းများအတွက် ကျပ်တစ်သိန်း
သတ်မှတ်ပေးထားကြောင်း သိရသည်။

မြို့ပြင်မြို့နယ်များဖြစ်သည့်
- မင်္ဂလာဒုံမြို့နယ်တွင် ပြည်လမ်းနှင့် အောက်မင်္ဂလာဒုံ
လမ်းမကြီးအတွက် တစ်စတုရန်းပေ ကျပ်တစ်သိန်း
သတ်မှတ်ထားပြီး
- အနိမ့်ဆုံးအဖြစ် ထောက်ကြန့်လမ်းကျဉ်းများကို
တစ်စတုရန်းပေ ကျပ် ၈၀၀၀ သတ်မှတ်ထားသည်။

- မြောက်ဥက္ကလာပမြို့နယ်တွင် သုဓမ္မာလမ်းကို ကျပ်တစ်သိန်း
အဖြစ် အမြင့်ဆုံး သတ်မှတ်ပေးထားပြီး
- လမ်းကျဉ်းများတွင် အနိမ့်ဆုံးအဖြစ် ကျပ် ၁၈၀၀၀ အထိ
သတ်မှတ်ထားသည်။

- တောင်ဥက္ကလာပမြို့နယ်တွင် ဝေဇယန္တာလမ်းကို
တစ်စတုရန်းပေ ကျပ်နှစ်သိန်းခွဲ သတ်မှတ်ပြီး
- စစ်ကိုင်း၊ တကောင်းသည့် လမ်းများကို အနိမ့်ဆုံးအဖြစ်
တစ်စတုရန်းပေ ကျပ် ၆၀၀၀၀၊
- လုံးချင်းအိမ်ယာများ ကျပ် ၁၁၀၀၀၀နှင့်
- ကျန်ရပ်ကွက် အတွင်းလမ်းများကို တစ်စတုရန်းပေ
ကျပ် ၄၅၀၀၀ သတ်မှတ်ပေးထားသည်။

စက်မှုဇုန်များတွင်
- ရွှေပေါက္ကံနှင့် ရန်ကုန်စက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၁၃၀၀၊
- လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ငွေပင်လယ်
(မွေးမြူရေးဇုန်) များကို တစ်ဧက ကျပ်သိန်း ၁၉၀၀
- ရွှေလင်ပန်းစက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၂၁၀၀၊
- ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ သာဓုကန်စသည့် ဇုန်များကို
တစ်ဧက ကျပ်သိန်း ၁၂၀၀၊
- မင်္ဂလာဒုံ ရန်ကုန်စက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၁၃၀၀၊
- အရှေ့ဒဂုံရှိ စက်မှုဇုန်များကို တစ်ဧက ကျပ်သိန်း ၁၂၀၀ နှင့်
- အတွင်းပိုင်းများအတွက် တစ်ကွက် ကျပ်သိန်း ၂၀၀၊
- တောင်ဒဂုံ စက်မှုဇုန်တွင် လမ်းမတစ်ဧက ကျပ်သိန်း ၁၂၀၀ နှင့်
- လမ်းအတွင်းပိုင်း တစ်ဧက ကျပ်သိန်း ၁၀၀၀ သတ်မှတ်ကာ
- သီလ၀ါ စက်မှုဇုန်အတွက် တစ်ဧကကျပ် သိန်း ၈၅၀
သတ်မှတ်ထားကြောင်း သိရသည်။
                              
(ဖြိုးဝေ)

***

၂။ "ပြည်တွင်းဘဏ် အတိုးနှုန်းလျှော့ရန် မသေချာသေးဟု
ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော"

ပြည်တွင်းဘဏ်အတိုးနှုန်းလျှော့ချခြင်းကို ငွေကြေး ဖောင်းပွ
မှုနှုန်းနှင့် နှိုင်းယှဉ်ချိန်ဆပြီး လျှော့ချသင့်မှသာ လျှော့ချမည်ဟု
ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဒေါက်တာဆက်အောင်က ပြောသည်။

နိုင်ငံတကာတွင် ဘဏ်အတိုးနှုန်းကို ပြည်တွင်းငွေကြေး
ဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပြီး သတ်မှတ်လေ့ရှိကာ မြန်မာနိုင်ငံ
တွင် ဘဏ်အတိုးနှုန်းသည်
- အပ်ငွေအပေါ်တွင် ၈ ဒသမ ၅ရာခိုင် နှုန်းအနည်းဆုံးပေးရန်
သတ်မှတ်ပြီး
- ချေးငွေအပေါ်တွင် အတိုး ၁၃ ရာခိုင်နှုန်းပေးရန် ဗဟိုဘဏ်က
သတ်မှတ်ထားသည်။

ဘဏ်အတိုးနှုန်းလျှော့ချရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့
နှင့် တိုင်ပင်ဆောင်ရွက်နေပြီး ငွေကြေးဖောင်းပွမှုနှုန်းနှင့်
ချိန်ညှိ ပြီးဆောင်ရွက်မည်ဟု ဒေါက်တာဆက်အောင်က
သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား သည်။

ပြည်တွင်းဘဏ်အတိုးနှုန်းတွင် ချေးငွေအပေါ် ၁၃ရာခိုင်နှုန်း
သတ်မှတ်ထားရာ လျှော့ချရန်စီစဉ်နေကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက
ဖေဖော်ဝါရီ ၁၈ရက်တွင် မြန်မာနိုင်ငံ ကုန်စည်စက်မှု
အသင်းချုပ်၌ ပြုလုပ်သော တွေ့ဆုံပွဲတွင်
ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၆ နှစ်ကုန် အထိ
၈ဒသမ၉ရာခိုင်နှုန်းရှိနေသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့
စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။

ငွေကြေး ဖောင်းပွမှုနှင့် ပြည်တွင်းဘဏ်အတိုးနှုန်းကို
ချိတ်ဆက်ရာတွင်အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့်
တိုက်ရိုက်ချိတ်ဆက်နေသည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူ
အချို့ က ပြောသည်။

ပြည်ပနိုင်ငံများတွင် ဘဏ် အတိုးနှုန်းသည် ငွေကြေးဖောင်းပွ
မှု၏ အထက်၌ရှိပြီး မြန်မာနိုင်ငံ တွင် လက်ရှိဘဏ်အတိုးနှုန်း
သည် ငွေကြေးဖောင်းပွမှုအောက် ရောက်ရှိနေကာ ထပ်မံ
ျေလျှာ့ချရ မည်ဆိုပါက စီးပွားရေးနှင့် သက် ဆိုင်သည့်
အကျပ်အတည်းများကို ထိန်းသိမ်းရန် ကြိုဆင်ပြင်ဆင်ထား
သင့်သည်ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး
ဦသန်းလွင် ကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှု
နှေးကွေးနေပြီး ငွေကြေးဖောင်းပွမှုများနေချိန်၌
ဘဏ်အတိုးနှုန်း လျှော့ချခြင်းသည် နိုင်ငံခြားငွေကြေး
ဈေးကွက်၊ အိမ်မြေဈေးကွက်နှင့် ရွှေဈေးကွက်တို့၌
ကမောက်ကမဖြစ်လာမည်ကို စိုးရိမ် ရသည်ဟု
စီးပွားရေးပညာရှင် ဦးလှမောင်ကပြောသည်။

(ပြည်သိမ်း)

***

၃။ "ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း
မဟုတ်ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့်
နှုန်းထားဖြင့် သတ်မှတ်တော့မည်"

ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း
မဟုတ်တော့ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်
သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်ဖြစ်ကြောင်း
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“Reference Exchange Rate ကို အခုလောလောဆယ်မှာ
Auction နဲ့ သွားနေပါတယ်။
Auction နဲ့ သွားရတဲ့ အကြောင်းရင်းကလည်း ပထမဦးဆုံး
အစိုးရ Rate ခြောက်ကျပ်နဲ့ အပြင်မှာဖြစ်နေတဲ့နှုန်းက
ကွာနေတဲ့အတွက် ပထမဦးဆုံးအနေနဲ့ အစိုးရ
Exchange Rate ကို ဖျောက်တဲ့ Multiple Exchange Rate
ကို IMF ရဲ့ နည်းပညာ အကူအညီနဲ့ သွားခဲ့တာ ဖြစ်ပါတယ်။
အခုချိန်မှာ Inter Bank Market Rate ကို သွားဖို့အတွက်
အဆင့်သင့် ဖြစ်နေပါပြီ။ IMF ကလည်း နောက်ဆုံးအဆင့်
နည်းပညာ အကူအညီ ပေးနေပါတယ်” ဟု
ဦးဆက်အောင်က ပြောကြားသည်။

Inter Bank System ဆိုသည်မှာ Interbank တွင် သွားနေ
သည့် Transaction များအားလုံးကို Electronic Paltform မှ
ယူပြီး InterBank တွင် အမှန်တကယ် ဖြစ်နေသည့်နှုန်းကို
ဗဟိုဘဏ်အနေဖြင့် တင်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်က
သတ်မှတ်သည့်နှုန်း မဟုတ်တော့ဘဲ ဘဏ်အချင်းချင်း
အမှန်တကယ် ရောင်းဝယ်သည့်
InterBank Transaction Rate များ ဖြစ်သွားမည်ဟု
၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အဓိက ငွေကြေးမူဝါဒများ
အဖြစ် သီးသန့်ငွေလိုအပ်ချက်၊ အတိုးနှုန်းမူဝါဒနှင့် ငွေကြေး
ဈေးကွက်တွင် ငွေချေးစာချုပ်များကို ရောင်းဝယ်ခြင်း
နိုင်ငံခြားငွေလဲလှယ်နှုန်းအတွက် Exchange Rate တွက်ချက်
သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၏ နိုင်ငံခြားငွေ
ရောင်းဝယ်လိုခြင်းများအတွက် နေ့စဉ် Auction ဆောင်ရွက်၍
ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏
နိုင်ငံခြားသုံးသီးသန့်ငွေ (Foreingn Exchange Reserve)
အား စီမံခန့်ခွဲခြင်း စသောနည်းလမ်းများ အသုံးပြုကာ
ဈေးကွက် စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် ငွေရေးကြေးရေး
ကဏ္ဍနှင့် ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့်
မြန်မာကျပ်ငွေတန်ဖိုး ခိုင်ခံ့တည်မြဲစေရန်
ဆောင်ရွက်နေကြောင်း သိရသည်။

credit - Eleven Media Group & 7day Daily

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment