Sunday, July 26, 2015

"မြေဝယ်ယူရာတွင် စိစစ်ရမည့်အချက်များ"


"မြေဝယ်ယူရာတွင် စိစစ်ရမည့်အချက်များ"

1. မြေကွက်တည်နေရာနှင့် အလားအလာ

2. မြေအမျိုးအစား

3. မြေကွက်တန်ဖိုးဈေးနှူန်း
(ဆိုဈေးနှင့် အလျှော့အတင်း အခြေအနေ)

4. မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံနှင့် တိုက်ဆိုင်စစ်ဆေး၍
အမှန်အကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

5. အမည်ပေါက်ပိုင်ရှင် ကိုယ်တိုင်ရောင်းချခြင်း
ဟုတ်မဟုတ်

6. ပိုင်ဆိုင်မှုအဆင့်ဆင့်နှင့် သက်ဆိုင်သည့်
စာချုပ်များ ၊စာရွက် ၊စာတမ်းများ အပြည့်အစုံ ရှိမရှိ

7. ရောင်းသူသည် အမှန်တယ် ပိုင်ဆိုင်ခွင့် ၊
ရောင်းချခွင့် ရှိသူ ဟုတ်မဟုတ်

8. လိုအပ်ပါက လင်နှင့်မယား နှစ်ဦးစလုံးမှ
လက်မှတ်ရေးထိုး ပေးနိုင်ခြင်း ရှိမရှိ

9. လိုအပ်ပါက ဝယ်ယူမည့်အကြောင်းကို သတင်းစာတွင်
ကြော်ငြာခြင်းကို လက်ခံ၊မခံ

10. လွှဲပြောင်း ၊ ရောင်းချ ၊ ပေါင်နှံ ၊ စွန်.လွှတ် ၊ လှူဒါန်း ၊
အာမခံ တင်သွင်းထားခြင်း ရှိမရှိ

11. မြေကွက်အမှတ် ၊ အိမ်အမှတ်

12. မြေကွက်မျက်နှာပြုရာအရပ်

13. လမ်းပန်းဆက်သွယ်ရေးနှင့် ကားဝင်ထွက်နိုင်မှု
အခြေအနေ

14. ရေဝပ် ၊ မဝပ် နှင့် ရေဆင်းကောင်းမကောင်း

15. သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်သည့်
အန္တရာယ် ရှိမရှိ
- မြစ်ရေကြီးခြင်း၊ တာကျိုး၍ရေ လျှံခြင်း၊ ထူးကဲဒီရေကြောင့်မြုပ်ခြင်း ၊
မြစ်ရေတိုက်စားခြင်း
- ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ။

16. လျှပ်စစ်မီး ရှိမရှိ

17. ရေရရှိမှု အခြေအနေ

18. အနီးပတ်ဝန်းကျင်အခြေအနေ

19. လမ်းမကြီး ( ခရီးသည်တင် ဘတ်စ်ကားလိုင်း) မှ
မည်မျှ ကွာသည်။

20. မိမိလုပ်ကိုင်မည့် လုပ်ငန်းနှင့် ကိုက်ညီမှု ရှိမရှိ

21. အနီးဆုံးဈေးနှင့် အနီးဆုံးကျောင်းများ

22. သစ်ပင်နှင့် စားပင်များ ပါဝင်မှု

23. ပြန်ရောင်းရန်ဖြစ်ပါက အလွယ်တကူ
ပြန်ရောင်း၍ရနိုင်၊ မရနိုင်

ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)
credit - estate myanmar

No comments:

Post a Comment