Wednesday, August 5, 2015

"အမေးများသော အိမ်ခြံမြေ မေးခွန်းနှင့် အဖြေများ အပိုင်း (၁)"


"အမေးများသော အိမ်ခြံမြေ
မေးခွန်းနှင့် အဖြေများ အပိုင်း (၁)"


Q ။ ။ ပါမစ်နဲ့ ဝယ်ထားတဲ့ ခြံကို ဂရန် ပြန်လျှောက်နိုင်ပါသလား?

A ။ ။ ဂရန်ပြန်လျှောက်လို.ရပါတယ်၊
မြို့တော်စည်ပင်ကို သွားလိုက်ပါ။ လုပ်ပုံကိုင်ပုံအဆင့်ဆင့်ကို
ဘုတ်တွေ ထောင် ပြီးရှင်းပြထားပါတယ်။
ရှေ့နေနဲ့ဆောင်ရွက်မယ်ဆို ၅ သိန်းဝန်းကျင်နဲ့ အချိန်ကာလအားဖြင့်
၈ လ မှ ၁နှစ် ကြာမြင့်တက်ပါတယ်။ အဓိက လိုအပ်ချက်ကတော့
ပါမစ် မူရင်း အပြည့်အစုံ ရှိရင်ရပါပြီ။

*****
Q ။ ။ မြေပုံမြေရာဇဝင်ကို ဘယ်အခါလိုအပ်ပါသလဲ?

A ။ ။ တိုက်သစ်အိမ်သစ်ဆောက်ရင်၊
အကြီးစားပြင်ရင်၊ မှတ်ပုံတင်စာချုပ်ချုပ်ရင်၊ အဝီစိတွင်းတူးရင်၊
မြေကွက်ခွဲချင်ရင် ၊ ခြံစည်းရိုးကာချင်ရင်၊
မှတ်တမ်းထားချင်ရင် မြေပုံမြေရာဇဝင် လိုပါတယ်။

*****
Q ။ ။ လ/န ဆိုတာဘာကိုဆိုလိုတာလဲ?

A ။ ။ လယ်ယာမြေဥပဒေဟောင်းရဲ. အတိုကောက်နာမည်ပါ။
လ/န ၃၉ ဆိုတာကလယ်ယာမြေကနေ
မြို.မြေ (လူနေမြေ) အဖြစ် မြေအမျိုးအစား
ပြောင်းလဲသတ်မှတ်နိုင်တဲ့ ပုဒ်မပါ။

*****
Q ။ ။ အမွေပေး၊ မေတ္တာဖြင့်ပေး၊ လှူဒါန်းခြင်းတို.တွင်
အခွန်တော်ပေးဆောင်ရန် လိုပါသလား?

A ။ ။ အခွန်ပေးဆောင်ရန်မလိုပါ။

*****
Q ။ ။ အပျောက်တိုက်ခန်းဝယ်တဲ့စာချုပ် မှတ်ပုံတင်လို.ရပါသလား?

A ။ ။ ဥပဒေအရတော့ မှတ်ပုံတင်စာချုပ် မလုပ်လဲဖြစ်တယ်။
သို.သော် စုပေါင်းမြေပိုင်ဆိုင်မှုရရှိ ထားသည့်၊
အပျောက်တိုက်ခန်းပိုင်ရှင်များနှင့် ကွန်ဒိုပိုင်ရှင်များကတော့
မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းပြုလုပ်ထားသင့်
ပါတယ်။

*****
Q ။ ။ အိမ်ခြံမြေစာချုပ်တွေကို
မပျောက်မပျက်ရအောင်ဘယ်လိုလုပ်ရမလဲ?

A ။ ။ သိန်းပေါင်းထောင်/ သောင်းတန်တဲ့ အိမ်ခြံမြေစာချုပ်ဆိုတာက
တစ်စောင်ထဲပါ။
အဲဒီစာချုပ်တစ်စောင်ကိုနှစ်တွေ ဆယ်/ရာ ချီပြီး မပျောက်ပျက်အောင်
သိမ်းကြရပါတယ်။
မပျောက်မပျက်တင်မကပါဘူး၊ အတု၊ အပွားတွေမပေါ်မလာအောင်လဲ
သတိထားကြရပါတယ်။
ဒါကြောင့် စာချုပ်စာမ်းတွေကို မပျောက်မပျက်ပါဘူးလို.
အာမခံနိုင်တဲ့အစိုးရရုံးတစ်ရုံးရှိပါတယ်။
“စာချုပ်စာတမ်းမှတ်ပုံတင်ရုံး” လို.ခေါ်ပါတယ်။
နှစ်ပေါင်းရာချီပြီးသိမ်းဆည်းပေးထားပါတယ်။

*****
Q ။ ။ ဥယျာဉ်ခြံမြေကို SP/GP ပေးလို.ရပါသလား?

A ။ ။ ဥယျာဉ်ခြံမြေ ၊ ပါမစ်မြေ၊ စလစ်မြေ တွေကို SP/GP ပေးလို.
မရပါဘူး ။
ဂရန်မြေ ၊ ပုံစံ (၇)
ကျထားသော လယ်မြေ/ လယ်ယာမြေတွေကို
SP/GP ပေးလို.ရပါတယ်။

*****
Q ။ ။ ဂရန် လျှောက်ထားတဲ့ ပါမစ်မြေက
အမှုအခင်းတစ်စုံတစ်ရာရှိနေမယ် ၊
ကန်.ကွက်စာတင်သွင်းထားမယ်ဆိုရင် ဂရန်ကျနိုင်မလား?

A ။ ။ ဂရန်မကျနိုင်ပါဘူး။

*****
Q ။ ။ ပါမစ်မြေအကြောင်းသိချင်ပါတယ်။

A ။ ။ လယ်မြေ ၊ ယာမြေ ၊ ရွာမြေက စလို. ဘာမြေမျိုးပဲ ဖြစ်ပါစေ
နိုင်ငံတော်ရဲ. မြေယာဥပဒေ တစ်ခုခုရဲ. လုပ်ပိုင်ခွင့်အရ
“လူနေမြေ(မြို.မြေ)” အဖြစ်ကို ပြောင်းလဲခွင့်လည်းရှိပြီး
ဖြစ်ရမယ် ၊
ဂရန်ကိုလည်း မလျှောက်ထားကြရသေးတဲ့မြေ အားလုံးကို
“ပါမစ်မြေ” လို. ခေါ်ပါတယ်။

*****
Q ။ ။ ပုံစံ (၁၀၅) အကြောင်းပြည့်ပြည့်စုံစုံသိချင်ပါတယ်။

A ။ ။ ပုံစံ (၁၀၅ ) ဆိုသည်မှာ
ကျေးရွာမြေစာရင်းဦးစီဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့
မြေတို.ရဲ.အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့
ပုံစံစာရွက်သာ ဖြစ်ပါတယ်။
- တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို.နယ် ၊ကျေးရွာအုပ်စု၊
- ကွင်းအမှတ်၊ ကွင်းအမည် ၊
- ဦးပိုင်အမှတ်၊
- မြေကွက်အမှတ်၊
- ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊
- မြေအမျိုးအစား၊ အကျယ်အဝန်းနှင့်
ရေးကူးပေးသည့် အကြောင်းအရာ များဖေါ်ပြပေးထားပါတယ်။

*****
Q ။ ။ ခြံပြေစာတွေမှာဦးပိုင်အမှတ်Nနဲ့စရင်/Nပါရင်ဘာဖြစ်လို့
ပုံစံ (၇)စာအုပ်မထွက်တာလဲခင်ဗျာ။
N ပါတဲ့ခြံတွေကိုပိုင်ဆိုင်မှုလုပ်ပိုင်ခွင့်ရအောင်ဘယ်လို
လုပ်ဆောင်လို့ရပါသလဲခင်ဗျာ။

A ။ ။ ခြံပြေစာတွေရဲ.ဦးပိုင်အမှတ်မှာ N ပါရင်
"မမြဲဦးပိုင်" လို. အဓိပ္ဗာယ်ရပါတယ်။
လက်ရှိဥပဒေအရ
မမြဲဦးပိုင် မြေကွက်တွေကို ပုံစံ(၇) လျှောက်ထားခြင်းကိုခွင့်မပြုပါဘူး ။
သို.ပေမယ်လည်း ပိုင်ဆိုင်မှုခိုင်မာအောင်
မမြဲဦးပိုင် မြေကွက်မှာ ၄- ၅ နှစ်လောက်ဆက်တိုက်
စိုက်ပျိုးလုပ်ကိုင်မယ်ဆိုရင် "မြဲဦးပိုင်"
လျှောက်လို.ရတယ်လို. သိရပါတယ် ။
ခြံကွက်အတွင်း နှစ်ရှည်ပင်များ စိုက်ပျိုးထားသင့်ပါတယ် ၊
ခြံကို ခြံစည်းရိုးခတ်ထားနိုင်ရင် ပိုကောင်းပါတယ် ။
"မြဲဦးပိုင်" ကျပြီးမှ ကျန်တာတွေကိုဆက်လျှောက်လို.
အဆင်ပြေပါလိမ့်မယ်။
မြဲဦးပိုင်လျှောက်မယ်ဆိုရင် ...
အခွန်ဆောင်ထားတဲ့ မြေခွန်ပြေစာနဲ.
ရပ်ကျေးလယ်ရာမြေ စီမံခန်.ခွဲမှုအဖွဲ.ထံကို မြဲဦးပိုင်ရအောင်
လျှောက်ပါ ။
စီစစ်လို. ဥပဒေနဲ.ညီညွတ်ရင် မြဲဦးပိုင်
ချပေးပါတယ်။

*****
Q ။ ။ ဘယ်လိုစာချုပ်တွေကို မှတ်ပုံတင်ဖို.လိုသလဲ။

A ။ ။ “မရွှေ.” ပစ္စည်း အိမ်ခြံမြေနဲ.ပတ်သက်ပြီး
- အရောင်းအဝယ် စာချုပ်ချုပ်တဲ့အခါ
- ပေးကမ်းခြင်း စာချုပ်ချုပ်တဲ့အခါ
- စွန်.လွှတ်/ လက်ခံစာချုပ်ချုပ်တဲ့အခါ
- စာချုပ်အမှားပြင်ဆင် ချုပ်ဆိုတဲ့အခါ
- ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်တဲ့အခါတွေမှာ
မှတ်ပုံတင်ဖို.လိုပါတယ်။
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို သွားရောက်မှတ်ပုံတင်ခြင်း
ပြုလုပ်မှသာ တရားဝင်ပါတယ်။

credit - Winningland

1 comment: