Wednesday, February 10, 2016

“အိမ်ခြံမြေ ဆိုင်ရာအခွန်၊ ဟံသာဝတီ လေဆိပ်စီမံကိန်းနှင့် ကျူးတို့အတွက် မြေနေရာရှာနေပြီ ဆိုသော သတင်းများ”


“အိမ်ခြံမြေ ဆိုင်ရာအခွန်၊ ဟံသာဝတီ လေဆိပ်စီမံကိန်းနှင့်
ကျူးတို့အတွက် မြေနေရာရှာနေပြီ ဆိုသော သတင်းများ”


၁။ "ဝင်ငွေရလမ်းဖော်ပြနိုင်ပါက အိမ်ခြံမြေ ဝယ်ယူရာတွင်
အခွန်ဆောင်ရန် မလိုတော့"

အစိုးရသစ်လက်ထက် ၂၀၁၆ ဧပြီ ၁ ရက်တွင် စတင်
အသက်ဝင်မည့် ပြည်ထောင်စုအ ခွန်အကောက်ဥပဒေအရ
ဝင်ငွေရလမ်းဖော်ပြနိုင်ပါက အိမ်ခြံမြေ၊ ကားများ ဝယ်ယူ
ရာတွင် အခွန် ပေးဆောင်စရာမလိုကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်
ဥပဒေတွင် နိုင်ငံသားမည်သူမဆို အခြေခံပစ္စည်းတစ်ရပ်ရပ်ကို
ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်
ထပ်မံတိုး ချဲ့ခြင်းတို့အတွက် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း
မရှိပါက ပြည် ထောင်စုအခွန်အကောက်ဥပဒေ တွင်
- တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊
- ကျပ် သိန်း ၃၀၀မှ ကျပ်သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,၀၀၀ မှ အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်
ရမည်ဟု ပါရှိ သည်။

ထိုနှုန်းထားများသည် အိမ်ခြံမြေ၊တိုက်ခန်း၊ကား စသည်တို့ ကို
ဝယ်ယူရာတွင် ဝယ်ယူသူက မည်သည့်လုပ်ငန်းမှ ဝင်ငွေ
ရရှိကြောင်း တိတိကျကျမတင်ပြနိုင်လျှင် ပေးဆောင်ရမည့်
နှုန်းထား ဖြစ်သည်။ မိမိဝင်ငွေနှင့်ပတ်သက်၍ တိတိကျကျ
တင်ပြနိုင်ပါက အဆိုပါအခွန်နှုန်းထားကို ပေးဆောင်စရာ
မလိုကြောင်း ပြည် တွင်းအခွန်ဦးစီးဌာနမှ လက် ထောက်
ညွှန်ကြားရေးမှူးက ရှင်း ပြသည်။

‘‘ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြည်သူကို အသိပေးသင့်တယ်။
အပြင်မှာ ပြည်သူတွေက စိုးရိမ် နေကြတယ်’’ဟု မြန်မာနိုင်ငံ
ကုန် သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌတစ်ဦးက
ပြောသည်။

ယခင် ၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စုအခွန်အကောက်
ဥပဒေတွင် ဝင်ငွေရလမ်းဖဖော်ပြ နိုင်ပါက
အိမ်ခြံမြေ၊ တိုက်ခန်း၊ ကားများ ဝယ်ယူလျှင် တစ်ကျပ်မှ
ကျပ်သိန်း ၃၀၀ အထိ ၃ ရာခိုင် နှုန်းသာ ကောက်ခံသည်။
ထိုသို့ နှုန်းထားသတ်မှတ်ရခြင်းသည် အစိုးရဝင်ငွေရရှိရန်
ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု
လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

သို့သော် လစာဝင်ငွေမှ ကောက်ခံသော ဝင်ငွေခွန်
နှုန်းထားသည် တစ်ကျပ်မှကျပ်သိန်း ၃၀၀ ကြားကို
၂၀ ရာခိုင်နှုန်းရှိနေသဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်သော
ငွေများအပေါ်တွင် အခွန် ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသင့်
ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က
လွှတ်တော်တွင် အကြံပြုသည်။ အကြံပြုချက်အတိုင်းပင်
ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက် တာလင်းအောင်က ဥပဒေ အတည်ပြုနိုင်ရန်
ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသဖြင့် လွှတ်တော်
ကလည်း အတည်ပြုခဲ့ သည်။

ထိုသို့ နှုန်းထားမြှင့်တင်မှုကြောင့် အိမ်ခြံမြေဝယ်ယူမှုတွင်
အရောင်းအဝယ်ပိုအေးပြီး အခွန်ငွေရရှိမှု ပိုမိုလျော့နည်းနိုင်
ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက် သည် အရောင်းအဝယ်များအေး
နေပြီး ဈေးနှုန်းများ ကျဆင်းလာ နေကြောင်း မဏ္ဍိုင်အိမ်ခြံမြေ
အ ကျိုးဆောင် ဦးသန်းဦးက ဆိုသည်။

အိမ်ခြံမြေဈေးကွက်တွင် အစိုးရက နှစ်စဉ်သတ်မှတ်သော
ဝင်ငွေခွန်နှုန်းထားသည် အကျိုးသက်ရောက်မှုများ
ရှိခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်း၌ တရုတ်နိုင်ငံ က
တရားမဝင်ငွေစီးဝင်မှု ထိန်း ချုပ်ခြင်း၊
မြန်မာနိုင်ငံမှလည်း ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေးအနေဖြင့်
ကျပ်သိန်း ၁,၀၀၀ အထက် ဝယ်ယူမှုများ
အပေါ် အစိုးရ၏စောင့်ကြည့်မှုများကြောင့် အိမ်ခြံမြေဈေးကွက်
အရောင်းအဝယ် အေးလာကြောင်း အကျိုးဆောင် များက
ပြောကြားသည်။

(ပြည်သိမ်း၊ မိုးညို)

***

၂။ "ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို
ယခုနှစ်ကုန်တွင် စတင်တည်ဆောက်မည်"

မြန်မာနိုင်ငံ၏အကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်
လာမည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို
ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဆိုသည်။

လေဆိပ်တည်ဆောက်ရေးလုပ်ငန်းတွင် သုံးစွဲမည့်ငွေကြေး
ဆိုင်ရာများ၊ နည်းပညာများ၊ လုပ်ငန်းတည်ဆောက်ရေး
ဆိုင်ရာများနှင့် စီမံကိန်းအတွက် နှစ် ၃၀ မြေငှားရမ်းမှုများ
ထပ်မံလုပ်ဆောင်နိုင်ရန်
ပထမအဆင့် သဘောတူချက်ဖြစ်သော
မူဘောင်သဘောတူညီချက် (Framework Agreement)
ရေးထိုးထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် တင်ဒါအောင်မြင်ထားသော
Yongnam-Changi-JGC Consortium ကုမ္ပဏီတို့၏ အဆိုပါ
သဘောတူ လတ်မှတ်ရေးထိုးပွဲကို ယနေ့ ( ဇန်နဝါရီ ၃၀ ရက်)
ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

"ဆောက်လုပ်ရေးဆိုင်ရာ Agreement ကို ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်(MIC)တင်ပြီးတာနဲ့ တည်ဆောက်ရေး
လုပ်ငန်းတွေကို ၂၀၁၇ မှ စလုပ်နိုင်မယ်"ဟု ဦးကျော်စိုးက
ပြောကြားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းလုပ်ဆောင်ရန်
Yongnam-Changi-JGC Consortium ကုမ္ပဏီက မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥပဒေအရ HIA Myanmar
(Hanthawaddy International Airport) ကုမ္ပဏီအမည်ဖြင့်
မှတ်ပုံတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ
သိရသည်။

***

၃။ "ကျူးကျော်များ နေရာချရန် မြေနေရာရှာနေကြောင်း
ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဆို"

နေအိမ်များဖယ်ရှားခံထားရသော ကျူးကျော်များအားနေရာ
ချထားပေးရန် မြေနေရာရှာဖွေနေကြောင်း ရန်ကုန်တိုင်း
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ဖယ်ရှားခံရသော ကျူးကျော်များအား မြေနေရာချထားပေးရန်
ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ မြို့ရွာနှင့်
အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေနေရာလွတ်များရှာဖွေ
နေကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြော ကြားသည်။

‘‘လောလောဆယ်တော့ မြေ ရှာခိုင်းထားတုန်းပဲရှိသေးတယ်။
အပိုင်ပေးမှာမဟုတ်ဘူး။ အပိုင် တောင်းလို့တော့မရဘူး။
ကျွန်တော်တို့က ကျူးကျော်တွေကိုစာရင်းကောက်ထားပါတယ်။
အဲဒီ စာရင်းကို မူတည်ပြီးမှ ရတဲ့မြေကွက်ပေါ်ကို ကြည့်ပြီး
အကွက် လေးရိုက်ပြီးတော့ အငှားအနေနဲ့ ချပေးမှာပါ။
ရောင်းလို့တော့ မရဘူး။ နေလို့တော့ရတယ်’’ဟု
ဗိုလ်မှူးကြီး တင်အောင်ထွန်းက 7Day Daily သတင်းစာ
အားပြောသည်။

ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အစိုးရစီမံကိန်းနယ်မြေများတွင်
နှစ်ပေါင်း ၂၀ခန့်ကြာ နေထိုင်ခဲ့သည်ဆိုသော ကျူးကျော်
အိမ်ခြေနှစ်ရာကျော်ကို ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာနက ဇန်န၀ါရီ ၂၃ရက်တွင် အင်အားသုံးဖယ်ရှားခဲ့ခြင်းဖြင့်
ယခုနှစ်အတွင်း ကျူးကျော်ရှင်းလင်းမှုကို ပြန်လည်စတင်ခဲ့သည်။

ယင်းနောက် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ နေရာသုံးခုမှ
ကျူးကျော်အိမ်ထောင်စု လေးရာကျော်ကို အင်အားသုံး
ဖယ်ရှားခဲ့သည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ဘေးရှိ ဘောလုံးကွင်း
ဧရိယာအတွင်း ကျူးကျော်နေထိုင်နေသောနေအိမ်များကိုလည်း
ဇန်န၀ါရီ ၂၉ရက် နောက်ဆုံးဖယ်ရှားပေးရန် မြို့ရွာ နှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေးစာထုတ်ပြန်ထားသည်။

‘‘ဘယ်နေရာကို ချပေးမလဲ ဆိုတာတော့ တိတိကျကျ မသိရ
သေးဘူး။ ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့၊ အိုးအိမ်တို့၊
စည်ပင် တို့ပဲသိမယ်။ ဘယ်နေရာမှာ မြေ ကွက်လပ်ရှိတယ်
ဆိုတာသူတို့ပဲ သိမယ်’’ဟု ဗိုလ်မှူးကြီးတင် အောင်ထွန်း
ပြောသည်။

ကျူးကျော်ရှင်းလင်းမှုမှာ နောက်အစိုးရအတွက် ကူညီ
ဆောင်ရွက်ပေးသည့်လုပ်ရပ်ဟု ထင်မြင်နိုင်စရာအခြေအနေရှိ
သော်လည်း စီမံကိန်းရှိသည့်နေ ရာများမှ ကျူးကျော်များကို
ဦးစား ပေးရှင်းလင်းခြင်း၏ နောက်ကွယ် တွင် စေတနာမှန်မှု
ရှိ၊မရှိစဉ်းစား စရာဖြစ်နေသည်ဟုလည်းတက် ကြွလှုပ်ရှားသူ
အချို့က သုံးသပ် ပြောကြားသည်။

‘‘သူတို့ကို ကယ်ဆယ်ရေးလို အခန်းတွေမှာ ခိုလှုံခွင့်ပေးဖို့
လို တယ်။ အစားထိုးနေလို့ရအောင် တာဝန်ယူပေးဖို့လည်း
လိုတယ်။ အဲဒီနည်းနဲ့ ပြဿနာကိုဖြေရှင်း လိုက်ရင် ပြည်သူ
လူထုရဲ့ မျက် ရည်တွေလျော့နည်းလာမှာဖြစ်ပါ တယ်။ ဒါကို
ဖြေရှင်းတဲ့နေရာမှာ ဥပဒေကိုလည်း ကြည့်ပါ။
ကရုဏာစာနာမှုကိုလည်း ကြည့်ပါ။ ပြည်သူလူထုကလည်း
စားဝတ် နေရေးအခက်အခဲဖြစ်နေတဲ့အခါ မှာ သူတို့တွေကို
တတ်နိုင်သမျှ ၀ိုင်းဝန်းကြည့်ဖို့လိုတယ်။ ပြည်သူ ကရော၊
အစိုးရရော မှန်မှန်ကန် ကန်ကိုင်တွယ်နိုင်ရန် ကျူးကျော်
ပြဿနာအဖြေကို ရလိမ့်မယ်လို့ ထင်တယ်’’ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က
ကျူးကျော်အရေးဖြေရှင်းရာတွင် ဆောင်ရွက်သင့်သည့်
လုပ်ငန်းစဉ် အပေါ် အကြံပြုသည်။

(ငြိမ်းချမ်း)

credit - 7day daily & The Voice Weekly

No comments:

Post a Comment