Wednesday, February 10, 2016

“စရန်ငွေအရှုံးခံသွားသော ကန်ထရိုက်လုပ်ငန်းအချို့နှင့် ကန်ထရိုက်တာများ စည်းကမ်းဖောက်ပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဆို”


“စရန်ငွေအရှုံးခံသွားသော ကန်ထရိုက်လုပ်ငန်းအချို့နှင့်
ကန်ထရိုက်တာများ စည်းကမ်းဖောက်ပါက
လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဆို”


၁။ "စည်းကမ်းဖောက်သည့် ကန်ထရိုက်တာနှင့်အင်ဂျင်နီယာ
များကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟုဆို"

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်
ရာ၌ လုပ်ငန်းခွင်ကိုစနစ်တကျ မကြီးကြပ်ဘဲ စည်းကမ်း
ဖောက်ဖျက်မှုများရှိနေသော လိုင်စင်ရ ကန်ထရိုက်တာနှင့်
အင်ဂျင်နီယာများကို လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

အရေးယူမည့်အပိုင်းနှင့် စည်းကမ်း ဖောက်ဖျက်နေသည့်
အချက်အလက်များပါဝင်သည့် အသိပေးကြေညာချက်ကို
ရန်ကုန် မြို့တော်စည်ပင်က ဇန်န၀ါရီ နောက်ဆုံးပတ်တွင်
သတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင်
- အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရန် ခွင့်ပြုချက်
မကျမီ စီမံကိန်းဒီဇိုင်းကို မြေပြင်သို့ သွားရောက်ကြည့်ရှုခြင်း
မရှိဘဲ ရေးဆွဲ ခြင်း၊
- ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ
များကို အခကြေးငွေယူ၍ လက်မှတ်ထိုးခြင်း၊
- ဆောက်လုပ်ခွင့်ရရှိပါကလည်း လုပ်ငန်းခွင်ကို စနစ်တကျ
မကြီးကြပ်ဘဲ စည်းကမ်း ဖောက်ဖျက်မှုနှင့် ပုံစံကွဲလွဲမှုများ
ဖြစ်ပေါ်နေသောကြောင့် အရေးယူခြင်း၊လိုင်စင်ပိတ်သိမ်းခြင်း
များကို ယခင်ကထက် ပိုမိုကြပ် မတ်တော့မည်ဖြစ်ကြောင်း
အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ
သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ကန်ထရိုက်တာ နှင့်အင်ဂျင်နီယာများ အနေဖြင့်
မိမိတာဝန်ယူကိုင်တွယ်သည့်စီမံကိန်းဒီဇိုင်းကို ကိုယ်တိုင်သွား
ရောက်ကြည့်ရှုကြပ်မတ်ခြင်းအပါအ၀င် စည်ပင်ကထုတ်ပြန်
ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိ၊မရှိ
စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်သည်ဟုပြောကြားခဲ့သည်။

‘‘အဓိကကတော့ ငွေယူပြီး လက်မှတ်ထိုးပေးလိုက်တာ
အမည်ခံသဘောမျိုးပေါ့။စီမံကိန်းက ဘယ်နားမှာရှိမှန်းတောင်
မသိဘဲ လုပ်စားနေတာတွေလည်းရှိတယ်’’ဟု နာမည်ရ
ဆောက်လုပ် ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

ယခင်က အရေးယူခံရသည့် ကန်ထရိုက်တာနှင့်အင်ဂျင်နီယာ
များမှ ၎င်းတို့၏ ပြစ်မှုပြစ်ဒဏ်ကို ပြန်လည်စဉ်းစားပေးရန်
အသနားခံ တင်ပြထားခြင်းများကိုလက်ခံစဉ်းစားပေးမည်
မဟုတ်ဟုလည်းထုတ်ပြန်ချက်ကဆိုသည်။

အဆောက်အအုံ တည်ဆောက်စဉ် စည်းကမ်းချိုးဖောက်မှုဖြင့်
လိုင်စင်ရအင်ဂျင်နီယာ စုစုပေါင်း ၄၈၀ ကျော်ကို
၂၀၁၄ နှင့် ၂၀၁၅ (၂)နှစ်အတွင်း အရေးယူထားကြောင်း
အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန၏ စာရင်းများတွင်
ဖော်ပြထားသည်။

(မိုးညို)

***

၂။ "ကန်ထရိုက်လုပ်ငန်းအချို့ စရန်ငွေအရှုံးခံ၍ ဆောက်လုပ်မှု
ရပ်ဆိုင်း"

အိမ်ခြံမြေဈေးကွက်ငြိမ်သက်နေမှုနှင့်အတူ တခြမ်းပေးတခြမ်းယူ
ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ရန်သဘောတူစာချုပ်ချုပ်ဆိုမှု
များကို ကန်ထရိုက်များမှ စရန်ငွေများအရှုံးခံ၍ ရပ်ဆိုင်းမှုများ
ရှိလာကြောင်း စုံစမ်းသိရသည်။

သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း
မြို့နယ်များတွင်ဆောက်လုပ်မှုများခဲ့သည့် တခြမ်းပေးတခြမ်းယူ
ကန်ထရိုက်ဆောက်လုပ်မှုများသည် အိမ်ခြံမြေဈေးကွက်
ငြိမ်သက်နေချိန်၌ မူလသဘောတူညီခဲ့သည့် စရန်ငွေများ
အရှုံးခံကာ ဆောက်လုပ်မှုများ ရပ်ဆိုင်းခြင်းများ
ရှိလာသည်ဟု သိရသည်။

''ပထမ ကျွန်မတို့အိမ်ကို ခြောက်ထပ်ဆောက်မယ်၊တခြမ်းရမယ်၊
ပြောင်းရွှေ့စရိတ်က သိန်း ၆၀၀ ဆိုပြီး စရန်ငွေ သိန်း ၁၀၀
ပေးတယ်။ဒါနဲ့ နေလာလိုက်တာ တနှစ်လောက်ကျော်သွားတော့
ဘာမှ မထူးလို့ ကန်ထရိုက်နဲ့ စကားပြောတော့ ပေးထားတဲ့
စရန်သိန်း ၁၀၀ အရှုံးခံတယ်။ ဆက်ပြီးမဆောက်တော့ဘူး
လို့ပြော တယ်'' ဟု တောင်ဥက္ကလာပမြို့နယ်နေ မနွယ်နီက
၎င်းကြုံတွေ့ခဲ့ရသည်ကိုပြော သည်။

ကန်ထရိုက်စနစ်တွင် နေရာအချက် အချာကျမှုနှင့်
အကျယ်အ၀န်းပမာဏပေါ် မူတည်၍ ပြောင်းရွှေ့နေထိုင်ရန်
စရိတ် အဖြစ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်းထောင် ဂဏန်း
ဝန်းကျင်အထိ ပေးလေ့ရှိကြောင်း သိရသည်။

''မြို့နယ်တခုကို ကန်ထရိုက်တွေ က စ၀င်တဲ့အချိန် သူတို့
လုပ်ကွက်တွေ ချဲ့တဲ့အနေနဲ့ အများစုကိုလိုက်ပြီး
စရန်ပေး ထား စာချုပ်ချုပ်ထားတယ်။ လေး၊ ငါးလုံး လောက်
ဆောက်ကြည့်တယ်။ အခြေ အနေမကောင်းရင် အဲဒီစရန်ငွေ
အရှုံးခံလိုက် တယ်။ ထပ်ပြီး မရင်းတော့ဘူး။ ဈေးကွက် က
ငြိမ်နေတော့ ဆောက်ပြီးလို့ အရောင်း အ၀ယ်မရှိခဲ့ရင်
ငွေအိပ်ကာ မလည်ပတ် တော့ဘူး။ ဒါကြောင့်
ဆက်မလုပ်ကြတာ များတယ်''ဟု အိမ်ခြံမြေကျွမ်းကျင်သူ
တဦးက သုံးသပ်ပြသည်။

ကန်ထရိုက်စနစ် တိုက်ခန်းများ ရောင်းဝယ်မှုသည်
အမြင့်ပိုင်းဈေးနှုန်း တရပ်သို့ ရောက်ရှိခဲ့ရာမှ အရောင်းအ၀ယ်
ငြိမ်သက်ခဲ့ကြောင်း သိရသည်။ ဈေးကွက်ငြိမ်သက်မှုနှင့်အတူ
ဆောက်ပြီးတိုက်ခန်း များ အရောင်းမထွက်ခြင်း၊
ငွေလည်ပတ်မှု မရှိခြင်းများကြောင့် ဆောက်လုပ်ရန်လျာထား
သည့်နေရာများအား အရှုံးခံကာ ရပ်ဆိုင်းခဲ့ကြခြင်း
ဖြစ်ကြောင်း သိရသည်။

''တချို့ကျတော့ ပြောင်းရွှေ့စရိတ် တွေ အများကြီးပေးတယ်။
သိန်း ၃၀၀၊ ၆၀၀ လိုမျိုး။ ဒါပေမဲ့ စရန်ပေးတော့ သိန်း ၂၀
လောက်ပဲပေးတယ်။ အိမ်ရှင်ကို ပြောင်းရွှေ့စရိတ်အများကြီး
ပေးပြီး မက်လုံး ပေးလိုက်တဲ့သဘော။ ဈေးကွက်ငြိမ်သွား
တော့ ဆက်မဆောက်တာတို့ အချိန်ဆွဲ ထားတာတို့
လုပ်ကြရော။ ကျွန်တော်တို့ လမ်းထဲမှာလည်း အဲဒီလိုမျိုး
သုံးလုံး လောက်ရှိတယ်။ အိမ်ရှင်က စာချုပ်စချုပ် တဲ့အချိန်
သေချာမချုပ်ခဲ့တာလည်းရှိ တယ်။ ဒီတော့ ပိုက်ဆံမရှိတဲ့
အိမ်ရှင်တွေကျတော့ မဆောက်ဖြစ်ရင် သုံးဆလျော်ရမှာလေ။
ဒီအတိုင်းပဲ နေနေရတယ်။ ကန်ထရိုက်တွေရဲ့ ဈေးကွက်ဦး
ယူထားမှု ကြောင့် ကြားထဲကအိမ်ရှင်တွေ နစ်နာ တယ်''ဟု
သင်္ဃန်းကျွန်းမြို့နယ်နေ ကိုကျော်အောင်က ပြောသည်။

ကန်ထရိုက်များမှ စရန်ငွေအရှုံးခံ နောက်ဆုတ်မှုများရှိ
သကဲ့သို့ ဆောက်လုပ် ရန် ထပ်မံညှိနှိုင်းလာသည့်
ကန်ထရိုက် များလည်းရှိကြောင်း သိရသည်။

လိုင်စင်ရကန်ထရိုက်တာများအနေ ဖြင့် ဥပဒေနှင့် ညီညွတ်မှု
မရှိဘဲ ဆောက် လုပ်မှုကြောင့် သက်ဆိုင်ရာက ရာသက်ပန်
လိုင်စင်ပိတ်သိမ်း၍ Black List ရေးသွင်း ခြင်း၊
ရာသက်ပန်ပိတ်သိမ်းခြင်း၊ ၃ နှစ် လုပ်ကိုင်ခွင့် ရုပ်သိမ်းခြင်း
စသည် အရေး ယူမှုပြုလုပ်ခဲ့ကြောင်းနှင့် ၂၀၁၄ ခုနှစ်အ တွင်း
လုပ်ငန်းပေါင်း ၁၁၉ ခုနှင့် ၂၀၁၅ ခုနှစ်အတွင်း လုပ်ငန်းပေါင်း
၁၆၂ ခုကို အရေးယူခဲ့ကြောင်း သိရသည်။

(မင်းဗညား)

credit - 7day daily & စောင့်ကြည့် သတင်းဂျာနယ်

No comments:

Post a Comment