Thursday, February 25, 2016
“ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုအတွက် ဖော်ဆောင်မည့်/ဖော်ဆောင်ဆဲ စီမံကိန်း သတင်းများ”
“ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုအတွက် ဖော်ဆောင်မည့်/ဖော်ဆောင်ဆဲ
စီမံကိန်း သတင်းများ”
၁။ "ကိုရီးယားနိုင်ငံပိုင် ကော်ပိုရေးရှင်းနှင့် ချိတ်ဆက်
ဆောင်ရွက်မည့် စီးပွားရေးဇုန်စီမံကိန်းသစ်အား
ရန်ကုန်မြို့တွင် လာမည့်နှစ်အတွင်း စတင်နိုင်ဖွယ်ရှိ"
ကိုရီးယားနိုင်ငံပိုင် မြေနှင့်အိမ်ရာစီမံကိန်းကော်ပိုရေးရှင်းနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေး ဌာနတို့ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက် မည့်
စီးပွားရေးဇုန်စီမံကိန်းတစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင် ခွင့်ပြုချက် ရရှိပါကလာမည့်နှစ်အတွင်း
စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း
နှစ်ဖက်ဌာနမှ တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်မြို့ရှိ အစိုးရပိုင် မြေဧက ၆၀၀ ပေါ်တွင်တည်ဆောက်ရန်
လျာထားသည့်အဆိုပါစီမံကိန်းသည် ခန့်မှန်းတန်ဖိုး
အမေရိကန် ဒေါ်လာ သန်း ၁၂၀ နီးပါးအကုန်အကျခံ
တည်ဆောက်သွားမည်ဖြစ်ပြီး သီလ၀ါနှင့် မင်္ဂလာဒုံ
စီးပွားရေးဇုန်များကို စံနမူနာယူတည်ဆောက်သွားမည်ဖြစ်ကာ
ရှယ်ယာအချိုး အစားကိုလည်း ၎င်းတို့နှင့်ပုံစံတူအချိုးအစား
အတိုင်းခွဲယူမည်ဖြစ်ကြောင်း
Korea Land and Housing Coporation မှ
မစ္စတာ Jae-dong Lim ကပြောသည်။
"ဇန်န၀ါရီ ၁၄ ရက်မှာပဲ အစိုးရအဖွဲ့နဲ့ စီးပွားရေးကော်မတီတွေက
ကျွန်တော်တို့ ၂၀၁၅ ခုနှစ်၊အောက်တိုဘာလအတွင်းက
တင်ပြခဲ့တဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီ ဆိုတဲ့
သတင်းကောင်းကြားရပါပြီ" ဟု ၎င်းက ပြောသည်။
ကိုရီးယား -မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ
စီးပွားရေးဇုန်ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းသည်
ရန်ကုန်မြို့နှင့် ကီလိုမီတာ ၄၀ အကွာတွင် ဆောက်လုပ်သွားမည်
ဖြစ်ပြီး ပြည်တွင်း ဖြန့်ဖြူးမည့်ထုတ်ကုန်များကို ဦးစားပေး
ထုတ်လုပ်မည့် စီးပွားရေးဇုန်အမျိုးအစားမျိုးဖြစ်ကြောင်း
မစ္စတာ Lim က ပြောသည်။
"သီလ၀ါကတော့ ပြည်ပကို တင်ပို့တဲ့ကုန် ပစ္စည်းထုတ်လုပ်မှု
တွေကို ဦးစားပေးတယ်။ကျွန်တော်တို့စီမံကိန်းကတော့
ကုန်းတွင်းပိုင်း မှာလုပ်တာမျိုးဖြစ်တဲ့အတွက် ပြည်တွင်းကို
ဖြန့်မယ့် ကုန်ပစ္စည်းထုတ်လုပ်မှုပိုင်း၊ ဆောက် လုပ်ရေးသုံး
ပစ္စည်းထုတ်လုပ်မှု၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုနဲ့
တခြားအလှကုန်ထုတ် လုပ်မှုပိုင်းဆိုင်ရာတွေကို ထားရှိမှာ
ဖြစ်ပါတယ်" ဟု၎င်းက ပြောသည်။
Korea Land and Housing Coporation ၏ပထမဆုံးသော
ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အဆိုပါစီမံကိန်းကို စိတ်ဝင်စားသည့်
ကိုရီးယား ရင်နှီးမြှုပ်နှံသူအများအပြားရှိနေပြီးခွင့်ပြုချက်
ရရှိပါက ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက် ရန်
ရည်မှန်းထားကြောင်းနှင့်သုံးနှစ်အတွင်း လုပ်ငန်း
စတင်လည်ပတ်မည်ဟုလည်း မစ္စတာ Lim က ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ပြည်သူ့ ဆက်ဆံရေးဆိုင်ရာ
ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက
"အစိုးရချင်းလုပ်ဆောင်သည့် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံ
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရန်ရည်ရွယ်ထား
ကြောင်း" ပြောသည်။
" စိတ်ဝင်စားတဲ့အကျိုးတူပူးပေါင်းရင်းနှီး မြှုပ်နှံသူတွေကို
မကြာခင်မီဖိတ်ခေါ်သွား မှာဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။
(စုဖြိုးဝင်း)
***
၂။ "အပြည်ပြည်ဆိုင်ရာ ဒုတိယစီးပွားရေးဇုန် စီမံကိန်း
စဖော်နေပြီ"
ကန်ဒေါ်လာ သန်း ၃၅၀ ကျော်အကုန်ခံမည့် ရန်ကုန်မြို့
အပြည်ပြည်ဆိုင်ရာ ဒုတိယစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်
ကို စတင်နေပြီဖြစ်သည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်း
ထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင်ကော်မတီပိုင်
၃၆ ဒဿမ ၅၅၁ ဧကကျယ်မြေကွက်ပေါ်၌
First Myanmar Construction ကုမ္ပဏီ က အကောင်အထည်
ဖော်နေခြင်းဖြစ်သည်။
စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုညွှန်ကြားမှုဖြင့်
ဖေဖော်ဝါရီ ပထမပတ်မှ စတင်နေခြင်းဖြစ်ပြီး စီမံကိန်းကာလ
၅ နှစ် ကြာမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံပိုင်သတင်းစာ၌
ဖော်ပြသည်။
လက်ရှိ မင်းဓမ္မလမ်း MCC ခန်းမထက် ခြောက်ဆပိုကြီးသော
MCC ခန်းမကြီး တည်ဆောက်ရန်အတွက် မြေညှိ၊ မြေတူး၊
မြေထိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဟုဆိုသည်။
စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းကို မြန်မာ၊ ကိုရီးယားနှင့်
ဂျပန်နိုင်ငံများမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကြ မည်
ဖြစ်ပြီး ဟိုတယ်ကြီးများ၊ ကုမ္ပဏီရုံးခန်းများ၊ စီးပွားရေးလုပ်ငန်း
ရုံးများ၊ ဈေးဝယ်စင်တာများသာမက စီမံကိန်းတစ်ခုလုံး
အတွက် ကားအစီးရေ ၅၀၀၀ ရပ်နားနိုင်သော
မြေအောက်သုံးထပ်ကားပါကင် တစ်ခုလည်း ပါဝင်မည်ဟု
သိရသည်။
စီမံကိန်းဆောင်ရွက်နေသည့် ယင်းရန်ကုန်မြို့တော် စည်ပင်
ကော်မတီပိုင်မြေတွင် ယခင်က ပန်းဥယာဉ်ပြခန်းများရှိခဲ့ပြီး
စီမံကိန်းကြောင့် သာကေတနှင့် မြောက်ဥက္ကလာဘက်များသို့
ရွှေ့ပြောင်းသွားခဲ့ကြရခြင်းဖြစ်သည်။
***
၃။ "ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုဖော်ဆောင်မည့်အဆောက်အအုံများ
ဆောက်လုပ်လျက်ရှိ"
ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုဖော်ဆောင်မည့်အဆောက်အအုံများ
ဆောက်လုပ်လျက်ရှိစီးပွားရေး မြို့တော်ဖြစ်သော
ရန်ကုန်မြို့သည် လူနေထူထပ် များပြားပြီး အများပြည်သူ
နေထိုင်ရန် အိမ်ရာအဆောက်အအုံများ များစွာ လိုအပ်လျက်
ရှိသည်။
မြို့တော် ရန်ကုန်အတွင်း တည်ဆောက်ဆဲ တည်ဆောက်ပြီး
အဆောက် အအုံ များစွာရှိသော်လည်း ပြည်သူများ နေထိုင်ရန်
အဆောက် အအုံများစွာ လိုအပ်နေဆဲဖြစ်သည်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်
ကျွန်းတောလမ်း နှင့် ဟံသာဝတီ လမ်းကြားတွင်
Times City Project တည်ဆောက်ခြင်းလုပ်ငန်းများ
လုပ်ဆောင်နေကြောင်း သိရသည်။
မြေဧရိယာ အကျယ် ကိုးဧကပေါ်၌ တည် ဆောက်နေပြီး
စီမံကိန်းအပိုင်း သုံးပိုင်း ခွဲခြား လုပ်ဆောင်နေကြောင်း
သိရသည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းအတွင်း
- အထပ်ငါးထပ်ရှိ စီးပွားရေးဆိုင်ရာ အဆောက်အအုံ နှစ်လုံး၊
- ၂၆ ထပ်ရှိ ဟိုတယ်တစ်လုံး၊
- အထပ် ၂ဝ ရှိ ရုံး အဆောက် အအုံတစ်လုံး၊
- ကွန်ဒို အဆောက်အအုံ ခြောက်လုံး ပါဝင်ကြောင်း သိ
ရသည်။
အဆောက်အအုံများကို ၂ဝ၁၃ ခုနှစ် မေလတွင် စတင်
ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ပြီးစီး နိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူနေအိမ်ခန်းများ၊ ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ၊ စီးပွားဖြစ်
အသုံးပြုနိုင်သော နေရာ များ ပါဝင်ကြောင်း အကြမ်းဖျင်း
သိရသည်။
အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး
ကော်မတီ နှင့် Crown Advanced Constru- ction Co.,Ltd.
တို့ အကျိုးတူ ပူး ပေါင်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း
သိရသည်။
credit - The Myanmar Times / မဇ္ဈိမသတင်းဌာန &
MOI Webportal Myanmar (Government Website)
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment