Sunday, April 3, 2016

“ရန်ကုန် စတော့အိတ်ချိန်း အကြောင်း တစေ့တစောင်း နှင့် စတော့ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကွက် ကျဆင်းလာနိုင်ဟုဆို”

“ရန်ကုန် စတော့အိတ်ချိန်း အကြောင်း တစေ့တစောင်း
နှင့် စတော့ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကွက်
ကျဆင်းလာနိုင်ဟုဆို”


၁။ "ရန်ကုန်စတော့အိတ်ချိန်း စတင်လည်ပတ်မှု"

"ရန်ကုန်စတော့အိတ်ချိန်းရဲ့သမိုင်း"

၁၉၉၅- ၁၉၉၆ ခုနှစ် ဘဏ္ဍာနှစ်က အစပြုခဲ့တဲ့ စီမံကိန်း
တစ်ခုဟာ နှစ်ပေါင်း ၂၀ ခန့်အကြာ ၂၀၁၅ -၂၀၁၆ ခုနှစ်
ဘဏ္ဍာနှစ်မှာ အိပ်မက်စီမံကိန်း အဖြစ်ကနေ လုပ်ငန်း
လည်ပတ်မှု မပြုနိုင်သေးသော ရန်ကုန်စတော့အိတ်ချိန်း
အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှာ
နိုးထလာခဲ့ပါတယ်။

ရန်ကုန်စတော့ အိတ်ချိန်းမှာဆိုရင် ရှယ်ယာ
ရောင်းချမယ့် ကုမ္ပဏီတွေအဖြစ်
First Myanmar Investment,
First Private Bank၊ Myanmar Citizen Bank,
Myanmar Thilawa SEZ Holdings public Co,Ltd၊
Great HOR KHAN Public Co.Ltde
JY Myanmar Agribusiness Public Corporation
(MAPCO) တို့ ဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းဟာ လွယ်လင့်တကူ ပေါ်ထွက်
မလာနိုင်ဘဲ အနှစ် ၂၀ ကျော် ကြာခဲ့သော်လည်း လက်ရှိ
ဖွင့်လှစ်ချိန်အထိ
- နည်းဥပဒေများ အားနည်းမှု၊
- စတော့အိတ်ချိန်းမှာ ပါဝင်မယ့် ကုမ္ပဏီတွေရဲ့
ရှယ်ယာတွေ စတင်ရောင်းချရန် အသင့်မဖြစ်သေးမှု၊
- စတော့အိတ်ချိန်းကို ကြီးကြပ်မယ့် မြန်မာ့ငွေချေး
သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု
ကော်မရှင်ဟာ အစိုးရက ခန့်အပ်ထားသူတွေသာ
ပါဝင်နေမှု၊
- အများပိုင် ကုမ္ပဏီများ၏ ဥပဒေနှင့်မညီသော ရှယ်ယာ
ရောင်းချမှုများကို ထိန်းကျောင်းအရေးယူနိုင်မှု
အားနည်းနေမှုစတဲ့ ဝေဖန်မှုတွေနဲ့
- ငွေမည်းခ၀ါချမှုတွေ ကြုံလာနိုင်တဲ့ အနေအထား
ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းကို ဂျပန်-မြန်မာဖက်စပ်
တည်ထောင်ခဲ့တာဖြစ်ပြီး ခွင့်ပြုမတည် ရင်းနှီးငွေဟာ
ကျပ်ဘီလျံ ၁၀၀ ဆိုပေမယ့် ထည့်ဝင်ရင်းနှီးငွေက
ကျပ် ၃၂ ဘီလျံသာ ဖြစ်ပါတယ်။

ဒီ့အတွက် ရန်ကုန် စတော့အိတ်ချိန်းကို
မြန်မာနိုင်ငံဘက်က မြန်မာ့စီးပွားရေးဘဏ်က အစုရှယ်ယာ
၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research
နဲ့ Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းနဲ့
ပူးပေါင်းဖွဲ့စည်းခဲ့တာပါ။ ဒီနေရာမှာလည်း ဝေဖန်မှုက
ဆက်ရှိခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့စီးပွားရေးဘဏ်ဟာ
အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု ခံနေရတဲ့
နိုင်ငံပိုင်ဘဏ်ဖြစ်လို့ ရန်ကုန် စတော့အိတ်ချိန်းဟာ
အလိုအလျောက်ကိုပဲ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး
ပိတ်ဆို့မှု ခံလိုက်ရလို့ပါ။

"ရှယ်ယာစရောင်းတဲ့ FMI နဲ့ ဈေးအမြင့်နဲ့ ၀ယ်ထားတဲ့
ရှယ်ယာရှင်တွေ အရှုံးပေါ်မှာလား"

ရန်ကုန်စတော့အိတ်ချိန်းရဲ့ ရှယ်ယာ အရောင်းအ၀ယ်ကို
ရုံးဖွင့်ရက်တွေမှာ နေ့စဉ်နံနက် ၁၁ နာရီ တစ်ကြိမ် ၊
မွန်းလွဲ ၁ နာရီတစ်ကြိမ်နဲ့ နှစ်ကြိမ်သာ ရောင်းချမှာ
ဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာ စတင်ရောင်းချတဲ့
FMI ကုမ္ပဏီဟာ လက်ရှိမှာ  အစုရှယ်ယာရှင်ပေါင်း
၆၇၀၀ ကျော်ရှိပြီး ဈေးကွက်မတည်ငွေဟာ
ကျပ်သန်း ၇၂၇,၈၈၀ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်မှာ ပထမဆုံး
စတော့ရှယ်ယာ ရောင်းချခွင့်ရ FMI ကုမ္ပဏီဟာ စတင်
ရောင်းချတဲ့နေ့မှာ ရှယ်ယာတစ်စုကို ကျပ် ၂၆၀၀၀ နဲ့
ဈေးဖွင့်ခဲ့ပြီး အမှန်တကယ် ရောင်းချရာမှာတော့ 
ကျပ် သုံးသောင်း တစ်ထောင်နဲ့ ရှယ်ယာ အစုပေါင်း
တစ်သိန်းတစ်သောင်းကျော် ငွေပမာဏအားဖြင့်
ကျပ်သုံး ဘီလျံကျော်နဲ့ မတ် ၂၅ ရက်မှာ အရောင်းအ၀ယ်
ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်ဆို မတ် ၂၅ ရက် မတိုင်မီမှာ FMI ရဲ့ ရှယ်ယာ
တစ်စုဟာ ကျပ်လေးသောင်းဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး
တကယ်အဖွင့် ဈေးမှာတော့ ကျပ် ၂၆၀၀၀ ကျော်ရှိပြီး
တကယ်ရောင်းချရမှုမှာတော့ ကျပ် ၃၁၀၀၀ သာဖြစ်တဲ့
အတွက် စတော့အိတ်ချိန်းမှာ အမြတ်များများ
ရမယ်ထင်ပြီး ကြိုဝယ်ထားသူတွေ အတွက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။

တစ်ဆက်တည်းမှာပဲ FMI ကုမ္ပဏီရဲ့ ရှယ်ယာတွေ
ရောင်းချအပြီး ဧပြီလမှာစပြီးရောင်းချမှာကတော့ သီလ၀ါ
ရှယ်ယာတွေပါ။ ဒီနေရာမှာ မြတ်မယ်ထင်ပြီး သီလ၀ါ
ရှယ်ယာဝယ်ယူလိုသူတွေ အနေနဲ့ သတိပြုသင့်တာက
ကျပ်တစ်သောင်းနဲ့ ရောင်းခဲ့တဲ့ သီလ၀ါရှယ်ယာတွေဟာ
အခုဆို ရှယ်ယာတစ်စုကို ကျပ် ၉၀,၀၀၀ ၀န်းကျင်
ပေါက်ဈေး ရှိနေတာပါ။ ဒီလို ကျပ် ၉၀,၀၀၀ ၀န်းကျင်
ပေါက်ဈေးရှိနေပေမယ့် ရန်ကုန်စတော့ အိတ်ချိန်းမှာ
သီလ၀ါရှယ်ယာတွေ တင်ရောင်းရင်တော့ ကျပ် ၉၀၀၀၀
ဝန်းကျင်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မြတ်မယ်
အထင်နဲ့ ရှယ်ယာတွေ ၀ယ်သူတွေကတော့
သတိပြုဖို့လိုမှာ ဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းကို ကြီးကြပ်မယ့် မြန်မာ့ငွေချေး
သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု
ကော်မရှင် အနေနဲ့လည်း အစုရှယ်ယာဈေး ဆွဲတင်ချင်လို့
ကုမ္ပဏီ အချင်းချင်းအကြား ၀ယ်ယူမှုတွေနဲ့
ငွေမည်းခ၀ါချမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို
စနစ်တကျ လုပ်ဆောင်ဖို့ လိုမှာဖြစ်ပါတယ်။

(ဖြိုးဝေ)

(ဆောင်းပါးရှင် ဖြိုးဝေ ၏ “ရန်ကုန်စတော့အိတ်ချိန်း စတင်
လည်ပတ်မှုနဲ့ နိုင်ငံတော်ပိုင်မြေ၊ အဆောက်အအုံ ငှားရမ်းခ
တွေ နည်းပါးနေတာကို ပြန်သုံးသပ်ရမယ့် NLD အစိုးရ”
ဆောင်းပါးမှ “ရန်ကုန်စတော့အိတ်ချိန်း စတင်လည်ပတ်မှု”
အပိုင်းကိုသာ ထုတ်နှုတ် ဖေါ်ပြထားခြင်းဖြစ်ပါသည်။)

***

၂။ "စတော့အိတ်ချိန်းပေါ်လာ၍အိမ်ခြံမြေဈေးကွက်
ကျဆင်းလာမည်"

မြန်မာနိုင်ငံ၌ စတော့ရှယ် ယာဈေးကွက်ကြီး
ပေါ်ပေါက်လာ သဖြင့် အိမ်ခြံမြေဈေးကွက် ကျဆင်း
လာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

''စတော့အိတ်ချိန်းက စဖွင့်တဲ့ နေ့မှာပဲ ရှယ်ယာပေါင်း
၁၁ဝ,ဝဝဝ ကျော် ရောင်းရတယ်ဆိုတော့ အတော်လေး
အားရစရာ ကောင်း ပါတယ်။ အဲဒီနေ့မှာပဲ စတော့
အိတ် ချိန်းအတွင်း စီးဝင်သွားတဲ့ ငွေကျပ် ၃ ဒသမ ၅
ဘီလီယံရှိပါတယ်။ ဒီလို စတော့အိတ်ချိန်းအတွင်း
ပထမနေ့ မှာပဲ ဘီလီယံနဲ့ချီပြီး စီးဝင်လာ တယ်ဆိုတော့
နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်လည်း ကျဆင်း
သွားနိုင်ပါတယ်။ စတော့အိတ်ချိန်း ရဲ့ အဓိက
ရည်ရွယ်ချက်ကလည်း ဒီကိစ္စတွေပါဝင်ပါတယ်။
စတော့ အိတ်ချိန်းက ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက်
ကျပ်တည်းမနေ တော့ဘဲ ရင်းနှီးမြှုပ်နှံဖို့ နေရာ တစ်ခုကို
ဖန်တီးပေးလိုက်တာပါ'' ဟု
ဒေါက်တာ မောင်မောင်သိမ်းက ဆူးလေရှန်ဂရီလာ
ဟိုတယ်၌ ကျင်းပ သော အခမ်းအနားတစ်ခုတွင်
ပြောကြားသည်။

မြန်မာနိုင်ငံ၌ လွန်ခဲ့သော အနှစ် ၂ဝ ကျော်ကတည်းက
ရှယ်ယာအရောင်းအဝယ်များ ရှိခဲ့သော်လည်း
တရားဝင်Regulated Market မှာ စတော့အိတ်ချိန်း
ဖွင့်လှစ်ပြီးနောက် ပေါ်ပေါက် လာခဲ့သည်။

မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ
၉ ရက်က ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို မတ် ၂၅ ရက် က
စတင်၍ တရားဝင်လိုင်စင်ရListed ကုမ္ပဏီတစ်ခုဖြစ်
သည့် FMI က ရှယ်ယာများ စတင်ထုတ်ရောင်းခဲ့သည်။

ဧပြီလကုန်ပိုင်းတွင် Listed ကုမ္ပဏီတစ်ခုဖြစ်သည့်
သီလဝါ ကုမ္ပဏီကလည်း ရှယ်ယာများစတင်ထုတ်ရောင်း
သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက်
Listedကုမ္ပဏီခြောက်ခုအထိ တစ်ခုပြီး တစ်ခု
ရှယ်ယာများထုတ်ရောင်း သွားရန် စီစဉ်လျက်ရှိသည်။

ရှယ်ယာရောင်းဝယ်ပြုလုပ်လို သူများအနေဖြင့်
စတော့အိတ်ချိန်း သို့ တိုက်ရိုက်လာရောက်စရာ မလိုဘဲ
Securities ကုမ္ပဏီများသို့ သွားရောက်ကာ ရှယ်ယာ
အရောင်း အဝယ်များ ပြုလုပ်ကြရသည်။
ယခုအခါ စတော့အိတ်ချိန်းအတွက်Securities ကုမ္ပဏီ
၁ဝခု အား လုပ် ပိုင်ခွင့်ပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ငွေကြေးရင်း နှီးမြှုပ်နှံလိုသူများအနေဖြင့်
အိမ်ခြံ မြေအပြင် ရွှေနှင့်ဒေါ်လာတို့အပေါ် တွင်လည်း
ရင်းနှီးမြှုပ်နှံလေ့ရှိကြ သည်။ ယခင်က ကားဈေးကွက်တွင်
ရင်းနှီးမြှုပ်နှံကြသည်။ ကားတင်သွင်းသည့် မူဝါဒပြောင်းပြီး
ကားဈေးများ ကျဆင်းလာကာ အိမ်ခြံမြေ ဈေးကွက်သို့
ပြောင်း၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာကြသည်။

ယခုအခါ စတော့အိတ်ချိန်းမှာ ငွေကြေးရင်းနှီး မြှုပ်နှံ
လုပ်ကိုင်လိုသူများအတွက် နေရာသစ်တစ်ခုအဖြစ်
ပေါ်ပေါက် လာပြီဖြစ်၍ အိမ်ခြံမြေဈေးကွက်မှာ ကျဆင်း
လာနိုင်ကြောင်း ပညာရှင် များက သုံးသပ်လျက်ရှိသည်။

(မြင့်မောင်စိုး)

***

၃။ "စတော့ရှယ်ယာ ကျပ်သိန်းတစ်ရာကျော် ၀ယ်လျှင်
သံသယဖြစ်ဖွယ် အရောင်းအ၀ယ်ဟု သတ်မှတ်"

ရန်ကုန်စတော့အိတ်ချိန်း ၌ ရှယ်ယာဝယ်ယူရာတွင်
ကျပ် သိန်းတစ်ရာကျော်လျှင် သံသယ ဖြစ်ဖွယ်အရောင်း
အ၀ယ်အဖြစ် သတ်မှတ်ကြောင်း ငွေချေးသက် သေခံ
လက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်ဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ထို့ကြောင့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများက
အဆိုပါလုပ်ငန်းကြီးကြပ်မှုကော်မရှင်သို့ အကြောင်း
ကြားရမည့် ငွေကြေးခ၀ါချမှု သံသယဖြစ်ဖွယ်
လေးချက်တွင် ကျပ်သိန်းတစ်ရာနှင့်အထက် ၀ယ်ယူမှုကို
ထည့်သွင်းခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

‘‘ဒီအချက်က စတော့အိတ် ချိန်းမှာ သိန်း တစ်ရာအထက်
ဝယ်လို့မရဘူးလို့ သတ်မှတ်တာမဟုတ်ဘူး။ ငွေကြေး
ခ၀ါချမှုအ တွက် သံသယရှိတယ်လို့ ဆိုရ မယ်။
ဘဏ်တွေမှာဆို ဒီနှုန်းထက် ပိုမြင့်ပါတယ်’’ ဟု
ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

- ကျပ်သိန်း ၁၀၀ နှင့်အထက် ရောင်းဝယ်မှုများအပြင်
- အမည်ပျက် (back list) စာရင်းဝင်သူများနှင့်သံသယ
ရှိသူများ၏ရောင်းဝယ်မှု၊
- ကျပ်သိန်း ၁၀၀ထက်နည်းသော်လည်း ငွေကြေးပမာဏ
ပုံမှန်သုံးပြု အရောင်းအ၀ယ်ပြုလုပ်သူများက ငွေကြေး
အများအပြား အသုံးပြု၍ ရောင်းဝယ်ခြင်းနှင့်
- ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသို့ ငွေလက်ခံရန်
တွန်းပေးသည့် ပုဂ္ဂိုလ်များက ရောင်းဝယ်မှုတို့ကို ငွေကြေး
ခ၀ါချမှုနှင့် ပတ် သက်၍ သံသယဖြစ်ဖွယ် ရောင်း ၀ယ်မှုများ
အဖြစ် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး
ကော်မရှင်က သတ်မှတ်ထားသည်။

အဆိုပါဥပဒေနှင့် နည်းဥပ ဒေများသည် ကျူးလွန်သူ
မည်သူ့ ကိုမဆို အရေးယူရန်သာ အရေး ကြီးပြီး ထိုမှသာ
ရန်ကုန်စတော့ အိတ်ချိန်းဆက်လက်ရှင်သန်နိုင်ရေး
အထောက်အကူပြုမည်ဖြစ် ကြောင်း စတော့အိတ်ချိန်း
အတွေ့အကြုံရှိ Thura Swiss အမှု ဆောင် အရာရှိချုပ်
ဒေါက်တာ အောင်သူက ပြောသည်။

‘‘ဥပဒေချိုးဖောက်မှုတွေကို အရေးယူရင် ဒီအပေါ်ယုံကြည်မှု
ရှိလာမယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

ငွေကြေးခ၀ါချမှုနှင့် ပတ် သက်၍ လုပ်ငန်းကော်မရှင်၏
သတ်မှတ်ချက်အပြင် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ
များ၏ ကိုယ်ပိုင်သတ်မှတ်ချက် များပါဝင်မည်ဖြစ်သည်။

အဆိုပါ သက်သေခံလက်မှတ်ကုမ္ပဏီများသည် ချေးငွေ
သက်သေခံ လက်မှတ်စာရင်း ဖွင့်ခြင်းနှင့်ရှယ်ယာ
အရောင်းအ၀ယ်အမှာစာတို့တွင် ငွေချေးခ၀ါချမှု
လုပ်ငန်းများ စောင့်ကြည့်ရမည်ဖြစ်သည်။

ငွေကြေးခ၀ါချမှုဥပဒေအရ ငွေကြေးခ၀ါချမှုဆိုင်ရာ ပြစ်မှု
တစ်ခုခု ကျူးလွန်သူကို ကျပ်သန်း ငါးရာအထိ ငွေဒဏ်
ချမှတ်နိုင်ပြီး ငွေဒဏ် မဆောင်ပါက ထောင် ဒဏ်
ခုနစ်နှစ်ထိ ချမှတ်နိုင်သည်။

သတင်းပေးပို့ရာတွင်လည်း မှား ယွင်းသော
အချက်အလက်များ ဖော်ပြခြင်းနှင့် အချက်အလက် များ
ဖုံးကွယ်ထားပါက ကျပ်သန်း သုံးရာအထိ ဒဏ်ရိုက်နိုင်
သည်ဟု ဆိုထားသည်။

(ထွန်းထွန်းမင်း)

credit - Eleven Media Group / Myanmaalinn
& 7day Daily

No comments:

Post a Comment