Sunday, April 3, 2016

“အိမ်ခြံမြေဈေးကွက်အပေါ် သူတို့အတွေးနှင့် သူတို့အမြင်များ”

“အိမ်ခြံမြေဈေးကွက်အပေါ် သူတို့အတွေးနှင့်
သူတို့အမြင်များ”


၁။ "တိုက်ခန်း၊ မြေနှင့် မော်တော်ကားဈေးများ
တဖြည်းဖြည်း ကျဆင်းလာဖွယ်ရှိ"

တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်ဖြစ်ပေါ်နေသော
ဈေးကွက် ဈေးနှုန်း အပြောင်းအလဲများအား လေ့လာ
စစ်တမ်းကောက်ယူခဲ့ပါသည်။

သို့သော်
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ
စာမျက်နှာ(၆)ရှိ ''ယုံကြည်စရာမဲ့ ဈေးကွက်''
ဒေါ်လာဈေးအကျ ဆောင်းပါးနှင့်
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စာမျက်နှာ(၁၁)တွင်
ပါရှိသော ''ဒလမြေဈေးအရောင်းအဝယ် အေး''
ဆောင်းပါးကို ဖတ်ရှုရသည်။

- အိမ်၊ ခြံ၊ မြေများမှာ အရောင်းအဝယ် မဖြစ်ဘဲ
အေးနေကြောင်း၊
- ယခင်က စီမံကိန်းတစ်ခုခုလုပ်မည်ဟု သတင်းထွက်လာ
ပါက ယင်းစီမံကိန်းပြုလုပ်မည့်နေရာနှင့်နီးစပ်သောနေရာ
များမှ အိမ်၊ ခြံ၊ မြေများမှာ အဆမတန် ဈေးတက်သွားပြီး
အရောင်းအဝယ်ဖြစ်ကြသည်။
- ယခုအခါ မျှော်မှန်းသလို ဈေးများ အဆမတန်မတက်
သည့်အပြင် ဝယ်ယူမည့်သူများလည်းမရှိ ဖြစ်နေသည်ကို
ကြေးမုံသတင်းစာ၌ ဆောင်းပါးများအဖြစ်
ရေးသားဖော်ပြ လာသည်ကို ဖတ်ရှုခဲ့ရပါသည်။

ယင်းဆောင်းပါးများအား ဖတ်ရှုရပြီး ကျွန်တော်လေ့လာ
တွေ့ရှိရသော အချက်များအရ ယခုသတင်းဆောင်းပါး
ကိုရေးရန် ဖြစ်ပေါ်လာခဲ့ရပါသည်။

ဈေးနှုန်းအတက်အကျဖြစ်လာရခြင်းများမှာ
- သဘာဝနိယာမတရားအရ သဘာဝဘေးအန္တရာယ်
ကျရောက် ခြင်းအရလည်းကောင်း၊
- စီးပွားရေး ကျပ်တည်းမှုအရ လည်းကောင်း၊
- စီးပွား ရေးဘောဂဗေဒအရ လည်းကောင်း၊
- ရူပဗေဒနိယာမအရ လည်းကောင်း၊
- မိမိနိုင်ငံနှင့်ဆက်စပ်နေသော နိုင်ငံတကာ၏ စီးပွားရေး၊
နိုင်ငံရေးအခြေအနေများအရလည်းကောင်း၊
- နိုင်ငံရေးအပြောင်းအလဲများအရ လည်းကောင်း၊
- ငွေကြေး ကြွယ်ဝချမ်းသာသူများ၏ မတော်လောဘဖြင့်
ဆောင်ရွက်မှုများအရလည်း ကောင်း၊
- လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသော
ဘေးအန္တရာယ်များ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်
လည်းကောင်း ဈေးနှုန်းများအပြောင်းအလဲ
ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

၁၉၈၈ ခုနှစ်အထိ တိုက်ခန်း၊မြေနှင့် မော်တော်ကားများ၏
ဈေးနှုန်းများမှာ သောင်းဂဏန်းနှင့်သိန်းဂဏန်း တန်ဖိုးများ
သာရှိကြသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ်
မတ်-ဧပြီလခန့်အထိ ဈေးနှုန်းများမှာ ဖော်ပြပါဈေးနှုန်းများ
သာရှိနေကြပြီး ဝင်ဒါမီယာ ကဲ့သို့နေရာတွင်ပင် နှစ်သိန်း၊
သုံးသိန်းကျပ်ဖြင့် ဝယ်ယူ၍ရသော အခြေအနေမှ
တဖြည်းဖြည်းဈေးများမြင့်တက်လာသည်။

ယခင်က အခန်းတစ်ခန်းကို သုံး-လေးသောင်း ဈေးရှိရာမှ
တစ်သိန်း -နှစ်သိန်းအထိ တက်လာပြီး ငါးသိန်း၊ ၁ဝ သိန်း
စသည်ဖြင့် မြင့်တက်လာခဲ့သည်။

ယခုအခါ အခန်းတစ်ခန်း၏ဈေးနှုန်းမှာ သိန်း ၁ဝဝ ကျော်၊
သိန်း ၁ဝဝဝ၊ သိန်းသောင်းချီ၍ ဖြစ်လာကာ မြေဈေး၊
ကားဈေးများမှာလည်း အဆမတန်တက်လာသည်ကို
တွေ့ရှိရသည်။

မြို့သစ်တည်မည်၊ တံတားဆောက်မည်ဟု သတင်း
ရရှိသော နေရာအနီးတစ်ဝိုက်ရှိ မြေ၊ တိုက်ခန်းများမှာ
ပါးစပ်ဈေးဖြစ်နေပြီး အဆမတန်ဈေးများ တက်လျက်ရှိ
နေသည်ကိုတွေ့ရသည်။

ကန်ထရိုက်တိုက်ဆောက်သည့် သူကလည်းများ၊
ဈေးနှုန်းများကလည်းမြင့်၊ သာမန်ပြည်သူနှင့်ဝန်ထမ်း
များကလည်း ဝယ်နိုင်ရန်အခက်ဆိုသလို တိုက်ခန်းနှင့်
မြေကွက်၏တန်ဖိုးများမှာ မတန်တဆ ဈေးခေါ်ချင်
သလိုခေါ်၊ ပြောချင်သလိုပြောနေ၍ အမှန်တကယ်
နေထိုင်ရန် ဝယ်ယူလိုသော သာမန်ပြည်သူများနှင့်
အစိုးရဝန်ထမ်းများအတွက် ဝယ်ယူနေထိုင်ရန်
အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိနေရသည်။

ကန်ထရိုက်များကလည်း လူတိုင်းဝယ်ယူနေထိုင်၍
ရအောင်ဟုဆိုပြီး တန်ဖိုးမျှတ၊ တန်ဖိုးသင့်ဆိုကာ
အမည်နာမများနှင့်ဆောက်ပြီး ရောင်းချသောတိုက်ခန်း
ဈေးနှုန်းများမှာလည်း အနည်းဆုံး သိန်း ၃ဝဝ ကျော်
ဖြစ်နေပြီး တန်ဖိုး နည်းအိမ်ရာဆိုသည်မှာလည်း
ကျပ်သိန်း ၁ဝဝ ကျော်ရှိရာ သာမန်ပြည်သူများမှ
ဝယ်ယူရရှိရန် အလှမ်းကွာလှသည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာဆိုပြီး ရွှေလင်ပန်းတွင်
ဆောက်သည်မှာ ကျပ်သိန်း ၁ဝဝ ကျော်သည့်အပြင်
အခန်းမှာ အလွန်ကျဉ်း၍ ငှက်လှောင်အိမ်ကဲ့သို့ဖြစ်နေ
သည်ကို တွေ့ရှိရသည်။ ကန်ထရိုက်များကလည်း
ဈေးနှုန်းများချပေးလိုသော်လည်း ကုန်ကြမ်းပစ္စည်းများ
မှာ ဈေးမြင့်နေ၍ဖြစ်ကြောင်း ရှင်းလင်းပြောကြားမှု
များအား ကြားသိခဲ့ရသည်။

မိုးပေါ်သို့ ခဲတစ်လုံး သို့မဟုတ် ပစ္စည်းတစ်ခုအား
အားစိုက်ပြီးပစ်တင်လိုက်ပါက အမြင့်ဆုံးသို့ရောက်ပြီး
လျှင် နဂိုမူလ အောက်ခြေသို့ ပြန်ကျလာရသည်မှာ
ရူပဗေဒသဘောအရ၊ သဘာဝနိယာမတရားအရ
ဖြစ်သည်။

ထုတ်လုပ်မှုကနည်းပြီး သုံးစွဲမှု (စားသုံးမှု)က
များနေလျှင် ဈေးနှုန်းများတက်လာမည်ဖြစ်သည်။
ထုတ်လုပ်မှုက များနေပြီး သုံးစွဲနိုင်မှု(စားသုံးမှု)က
နည်းနေလျှင် ဈေးနှုန်းများကျဆင်းလာမည်ဖြစ်ခြင်း
သည် စီးပွားရေးဥပဒေအရ ဖြစ်သည်။

မိမိနိုင်ငံနှင့် နီးစပ်နေသောနိုင်ငံများ၏ စီးပွားရေး
ကျဆင်းမှုများရှိနေပါက မိမိနိုင်ငံ၏ဈေးနှုန်းများလည်း
ကျဆင်းလာမည်ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး
အခြေအနေပေါ်မူတည်ပြီး ဈေးနှုန်းများအတက်အကျ
ဖြစ်ပေါ်စေသည်။

လက်ရှိတာဝန်ယူဆောင်ရွက်နေရသည့် အစိုးရအဖွဲ့
အပေါ်တွင်လည်း မူတည်၍ ဈေးနှုန်းများ အတက်အကျ
ရှိနေသည်။ နိုင်ငံတကာ၏ အကူအညီအထောက်အပံ့များ
ကလည်း ပြည်တွင်းဈေးနှုန်းအတက်အကျ ဖြစ်ပေါ်မှုကို
ဖြစ်ပေါ်စေသည်။

- လက်ရှိအခြေအနေတွင် တိုက်ခန်းပေါင်းများစွာရှိနေပြီး
မော်တော်ယာဉ်များ တင်သွင်းမှုများမှာ အလွန်များပြား
သော်လည်း အသုံးပြုရန် ၀ယ်ယူနိုင်သူမရှိသလောက်
ဖြစ်နေခြင်း၊
- ရွေးကောက်ပွဲပြီးဆုံး၍ ပြည်သူ အများက မဲပေးပြီး
အဖြေသိရသည်နှင့် ဒေါ်လာများ ဈေးကျဆင်းသွားခြင်း၊
- လက်ရှိအစိုးရအဖွဲ့ကလည်း တန်ဖိုးနည်းအိမ်ရာများနှင့်
အငှားအိမ်ရာများ ဆောက်လုပ်မှုကို မြန်မာနိုင်ငံအနှံ့
အပြားတွင် ပြုလုပ်တည်ဆောက်ငှားရမ်း ပေးနေခြင်း၊
- နောက်အစိုးရအဖွဲ့အစည်းပေါ်ပေါက်လာတော့မည်ဟု
သတင်းထွက်ပေါ်လာသည်နှင့် မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့မှုပြုလုပ်ထားသော အမေရိကန်နိုင်ငံမှ
သက်တမ်းတိုးခြင်းမပြုတော့ကြောင်း
အမိန့်ချမှတ်လာခြင်း၊
- မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်စပ်နေသော
တရုတ် နိုင်ငံတွင် စီးပွားရေးများကျဆင်းနေခြင်း၊
- ဒုတိယသမ္မတလောင်းအမည်စာရင်းတင်သွင်း
လိုက်ပြီဆိုသော သတင်း ထွက်လာသည်နှင့်
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အထောက်အပံ့
များစွာပေးမည်ဟု ထုတ်ဖော်ပြောကြားလာခြင်း၊
- တိုင်းဒေသကြီး မြို့တော်များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း
(Urban Development Planning for Regional Cities)
ကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD) နှင့် ဂျပန်နိုင်ငံတို့ပူးပေါင်း၍
ဆောင်ရွက်လျက်ရှိခြင်း၊
- ၂ဝ၁၆ ခုနှစ် မတ် ၁၁ရက်က ရန်ကုန်မြို့
Park Royal Hotel ၌ ကျင်းပခဲ့သည့် အနာဂတ်
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ
ယူကေ-ဂျပန် (UK-Japan)ဆွေးနွေးပွဲတွင် ဗြိတိန်နိုင်ငံက
မြန်မာ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ
အကူအညီပေးသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ
သံအမတ်က ပြောကြားခဲ့ခြင်း၊
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတနှင့် ဒုတိယ
သမ္မတအဖြစ် ရွေးချယ်မှုရရှိထားခြင်း၊
- လွန်ခဲ့သောနှစ် ၂ဝ ခန့်မှယနေ့အထိ ကန်ထရိုက်တိုက်များ
ဆောက်လုပ်လာ သည်မှာ ကွန်ဒိုနှင့် ရိုးရိုးတိုက်ခန်းများမှာ
နေရာပေါင်းစုံ၌ မိုလိုပေါက်အောင် များပြားလွန်းလှ
သော်လည်း ဝယ်ယူနိုင်သူအလွန်နည်းပါးလှသည့်အပြင်
- အိမ်၊ ခြံမြေဈေး ကစားရန် ဝယ်ယူထားသူများ၌
တိုက်ခန်းများစွာဝယ်ယူထားကြပြီး ပြန်လည်ရောင်းချ၍
မရသဖြင့် ၄င်းတို့ကလည်း ထပ်မံဝယ်ယူရန် အင်အား
လုံးဝမရှိသော အခြေအနေများဖြစ်နေကြသည်။

ယင်းကဲ့သို့ဖြစ်နေသည်မှာ နှစ်ပေါင်းကြာလာသည်နှင့်အမျှ
နေမြင့်လေ အရူးရင့်လေဆိုသကဲ့သို့ ကန်ထရိုက်များနှင့်
ဈေးကစားရန် ဝယ်ယူထားသူများမှ စိုးရိမ်ပူပန်မှုများ
ဖြစ်နေရသော အချိန်ကာလလည်း ဖြစ်သည်။

ထိုသို့ ဖြစ်နေသည့် အချိန်ကာလကြာလာသည်နှင့်အမျှ
နာမည်ကြီး ကန်ထရိုက်တချို့နှင့် ငါးကြင်းဆီနှင့်ငါးကြင်း
ကြော်မည်ဟု ရည်ရွယ်၍ လုပ်ကိုင်နေကြသော
ကန်ထရိုက်များ၊ငွေကြေးချေးငှား၍ လုပ်ကိုင်နေကြသော
ကန်ထရိုက်များမှာ မနိုင်မနင်းဖြစ်နေကြပြီး
လိမ်လည်မှုများရှိလာ၍ တရားစွဲ ဆိုခံနေကြရသော
အချိန်လည်း ဖြစ်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကလည်း ဝယ်ယူရင်းနှီး
မြှုပ်နှံမှုမျိုးကို မလုပ်ကြဘဲ ငှားရမ်းမှုများဖြင့်သာ
လုပ်ကိုင်လျက်ရှိကြ သည်။

ထိုသို့သော အကြောင်းတရားများစွာကြောင့်
မော်တော် ကားကုမ္ပဏီပိုင်ရှင်နှင့် ပွဲစားတချို့၊ တိုက်ခန်း
မြေဝယ်ရောင်းလုပ်သူနှင့် အိမ်ပွဲစားအများစုက ယခုလို
အခြေအနေမျိုးဖြင့် သွားနေမည်ဆိုလျှင် ဈေးနှုန်းများ
အဆမတန်ကျဆင်းလာနိုင်သည်ဟု ညည်းတွားပြောဆို
နေကြသည်ကို ကြားသိခဲ့ရသည်။

ထို့ပြင် သတင်းစာ၊ ဂျာနယ်ပေါင်းစုံ၌ တိုက်ခန်း၊ မြေ၊
မော်တော်ကားများ ရောင်းလိုကြောင်း ကြော်ငြာများမှာ
အလွန်ပင်များလှပြီး တချို့မှာ ဈေးနှုန်းများအား
အရောင်းအဝယ်ဖြစ်အောင် ညှိနှိုင်းပေးပါမည်ဟု
ဖော်ညွှန်း၍ ကြော်ငြာလာသည်ကို တွေ့ရှိနေရသည်။

သို့ပါ၍ ဖော်ပြပါအကြောင်းတရားများကြောင့် တိုက်ခန်း၊
မြေနှင့်၊ မော်တော်ကားများ အဆမတန်ဈေးနှုန်းများ
ကျဆင်းလာဖွယ်ရာရှိနေပါကြောင်း
တင်ပြလိုက်ရပါသည်။

(ပျံလွှား)

***

၂။ "အစိုးရသစ်နှင့် အိမ်ခြံမြေ ဒီလှိုင်းသစ်"

လူတော်တော်များများက အိမ်ဈေးကျသွားလိမ့်မယ်လို့
ထင်နေကြတယ်။ အာဆီယံနိုင်ငံထဲမှာတောင် မြေဈေး
မြင့်တဲ့အထဲမှာပါနေလို့ ထပ်မတက်တော့ပဲ
ပြန်ကျသွားမယ်ခန့်မှန်းကြတယ်။ ပူဖောင်းကြီး
ပေါက်ကွဲတော့မယ်လို့ပြောကြတယ်။

ဈေးကွက်တစ်ခုက တည်ငြိမ်နေဖို့ဒါမှမဟုတ်လှုပ်ခါသွားဖို့
ဆိုတာ သူ့ကို ထိန်းကျောင်းနေတဲ့ ဂေဟစနစ်တွေပေါ်မှာ
မူတည်ပါတယ်။ အစိုးရသစ်အပြောင်းအလဲဖြစ်လာမဲ့
၂၀၁၆ မှာ မြေဈေးကွက်ကို ကြီးမားတဲ့အပြောင်းအလဲ
ဖြစ်မှာတော့ သေချာပါတယ်။

- အစိုးရသစ်ကြောင့် မေလ အတွင်း နိုင်ငံတကာဆန်ရှင်
လွှတ်ပါလိမ့်မယ်။
- နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ အကြီးအကျယ်
မ၀င်လာရင်တောင် infrastructure development,
tourism industry နဲ့ trading ပိုင်းတွေမှာ
သိသိသာသာ FDI တွေ ၀င်လာပါလိမ့်မယ်။

နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ ၀င်လာတိုင်း မြေဈေး
တက်မယ်လို့ အကြမ်းတွက်လို့ရပါတယ်။
ဥပမာ -
၁ ဘီလီယံ ၀င်လာတိုင်း သန်း၃၀၀ လောက်က
မြေကြီးနဲ့ အဆောက်အဦးအတွက် direct or indirect
ဝင်သွားပါတယ်။ အိမ်ယာစီမံကိန်းအသစ်တွေ ဖေါ်နိုင်တဲ့
အင်အားများရင် ကျတယ်ဆိုပေမဲ့ စီးပွါးရေး ဖွံ့ဖြိုးမှုနဲ့
ယှဉ်ရင် ၀ယ်လိုအားကို လုံလောက်အောင်ဖြည့်ပေး
နိုင်မယ်လို့မထင်ပါဘူး။
ဒါကြောင့် တက်နိုင်ပါတယ်။

ရန်ကုန်မြို့နေ အိမ်ထောင်စုအရေအတွက်ရဲ့ ၇၀%က
အိုးပိုင်အိမ်ပိုင်မရှိသေးတာကလည်း ခိုင်မာတဲ့
buyer တွေ အဆင်သင့် စောင့်နေတဲ့ပုံစံဖြစ်တဲ့အတွက်
တက်နိုင်ပါသေးတယ်။ ဘဏ်စနစ်အပြောင်းအလဲ
ပုံစံအားကောင်းလာရင် အဲဒီလူတွေ ၀ယ်အားမြင့်ပြီး
ဈေးတက်မယ်။

အာဆီယံနိုင်ငံတွေထက်မြေဈေး ဒီထက်မကတက်လာနိုင်
ပါ့မလားလို့ တွက်ကြပါတယ်။ ကျွန်တော့ အမြင်က
တက်မှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့
- မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားသည် ကမ္ဘာ့လူဦးရေ
ထက်ဝက်ကျော်နဲ့ ထိစပ်နေတာကတကြောင်း
- ဥရောပနိုင်ငံများနဲ့ အာရှထိပ်သီးနိုင်ငံများသို့
အ၀င်အထွက် gateway ဖြစ်နေတာကတကြောင်း၊
- ရာသီဥတုအနေအထားကတကြောင်းကြောင့်
ထပ်တက်မယ်ဆိုရင်လည်းတက်လို့ရပါသေးတယ်။

နိုင်ငံခြားရင်းနှီးမြှတ်နှံသူများအင်အားကြီးကုမ္ပဏီများ
အနေနဲ့ မြေဈေးမြင့်လို့ မလာနိုင်ဘူးဆိုတာ
အလကားပြောတာပါ။
world known Brand ဖြစ်ဖို့အတွက် အရှုံးအတွက်
မမှုပါ။
ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ပြည်သူပိုင်ပြန်မသိမ်းဘူး။

နိုင်ငံတကာက အရေးတယူဆောင်ရွက်ပေးတဲ့နိုင်ငံ
ဖြစ်ရင် သူတို့အတွက်လုံလောက်ပါပြီ။ ကမ္ဘာမှာ
မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွါးရေး ချဲ့ထွင်ရန်
အကောင်းဆုံး နောက်ဆုံးလက်ကျန်နိုင်ငံဖြစ်နေတယ်
ဆိုတာ မမေ့ရင် မနက်ဖြန်မှာ ရွှေမ၀ယ်ပဲ မြေ၀ယ်ပြီး
wave အသစ်ကိုစောင့်သင့်ပါတယ်လို့
ပြောလိုပါတယ်။

(Zay Thiha)

credit - The Mirror Daily & Zay Thiha

No comments:

Post a Comment