“အနာဂတ် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းနှင့်
မြို့မြေအသုံးချမှု ဆိုင်ရာ ဆက်စပ် သတင်းများ”
၁။ "ရန်ကုန်မြို့၌ စံမမီ အိမ်ရာနှင့် အဆောက်အအုံများ
တွင် နေထိုင်နေသူဦးရေမှာ ရန်ကုန်မြို့ လူဦးရေ၏
ရာခိုင်နှုန်း ၃၀ ကျော် ရှိနေဟုဆို"
ရန်ကုန်မြို့၌ စံမမီ အိမ်ရာများနှင့် အဆောက်အအုံများ
တွင် နေထိုင်နေသူ ဦးရေမှာ ရန်ကုန်မြို့ လူဦးရေ၏
ရာခိုင်နှုန်း ၃၀ ကျော် ရှိနေကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်၂၀၁၄ခုနှစ်က ပြည်လုံးကျွတ်
ကောက်ယူသော သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်း
ဒေသကြီးအတွင်း လူဦးရေ ခုနစ်သန်းကျော်
(၇၃၅၅၀၇၅ ဦး) နေထိုင်ပြီး ရန်ကုန်မြို့တော်တွင်
ငါးသန်းကျော် နေထိုင်ကာ အလုပ်အကိုင်
အခွင့်အလမ်းကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့
အခြေချ နေထိုင်သူများမှာလည်း တဖြည်းဖြည်း
မြင့်တက်လာနေကြောင်း သိရသည်။
“ရန်ကုန်မြို့မှာ စံမမီ အိမ်ရာနဲ့ နေထိုင်တာဟာ
ရာခိုင်နှုန်း ၃၀ ထက်ကျော်တယ်လို့ ပြောကြတယ်။
စံမမီဆိုတာ Slam ကိုပြောတာ။
Squarter ကတော့ အိမ်မဲ့ရာမဲ့ပေါ့။ သူများမြေပေါ်မှာ
ကျူးကျော်ပြီးနေတယ်။ အစိုးရ မြေပေါ်မှာ ဌာနဆိုင်ရာ
မြေပေါ်မှာ ကျူးကျော်ပြီးတော့နေတာ။ ရန်ကုန်မြို့လယ်
ကောင်မှာလည်း Slam တွေရှိတာပဲ။ ကျွန်မတို့ကတော့
အဲဒီစံမမီတာတွေ Slam Upgrating ပေါ့နော်။
လုပ်ရမယ့် ဆိုတဲ့အချက်ကတော့ One of the Strategy
တစ်ခုပေါ့” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက
“ဒါ့အပြင် စုပေါင်းပိုင် အဆောက်အအုံတို့၊ ဘာတို့ကို
အသိအမှတ် ပြုပြီးတော့ ဒါကို စုပေါင်းလည်းပိုင်တယ်။
စုပေါင်းပြီးတော့လည်း ထိန်းသိမ်းရမယ်ဆိုတာ။
အခုကျတော့ ထိန်းသိမ်းရမယ့်ဟာတွေ ပျက်ကွက်လာ
တော့ တဖြည်းဖြည်းနဲ့ ယိုယွင်းလာတာပေါ့။
နောက်ကန်ထရိုက် တိုက်တွေလည်း ရှိတာပေါ့။
အဲဒါကိုလည်း ပြုပြင်ထိန်းသိမ်းပြီး လိုက်နာရမယ့်
ဟာတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တိုးပွားလာသည့် လူဦးရေ
အတွက် အိမ်ရာလိုအပ်ချက်လည်း မြင့်တက်လျက်ရှိ
သည်။ သို့သော် လိုအပ်ချက်ကို ပြည့်မီအောင်
ထုတ်လုပ်နိုင်ရေးအတွက် တန်ဖိုးနည်း အိမ်ရာများ၊
တန်ဖိုးသင့် အိမ်ရာများ ဖော်ထုတ်လျက် ရှိသော်လည်း
လူတိုင်းလက်လှမ်းမီ ၀ယ်ယူနိုင်သည့် ဈေးနှုန်းများ
မဟုတ်ခဲ့ပေ။
ရန်ကုန်မြို့ မြို့သစ်မြို့နယ်အချို့တွင် လူနေထူထပ်လာ
သော်လည်း တောင်ဒဂုံ၊ ဒဂုံအရှေ့ စသည့်မြို့နယ်များ
တွင် လူနေကျဲပါးနေသေးကာ မြေကွက်လွတ်များစွာ
ရှိနေသေးကြောင်း သိရသည်။
ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာများ
ဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးနေကြောင်း
သိရသည်။ သို့သော်လည်း မြို့နယ်အချို့တွင်မူ
အကြောင်းအမျိုးမျိုးကြောင့် အဆင့်ဆင့် ၀ယ်ယူထားရာမှ
ပုဂ္ဂလိက လက်ထဲသို့ ရောက်ရှိနေကာ
အသုံးမချရသေးသည့် မြေကွက်အများအပြား ရှိနေသည်
ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။
အဆိုပါ မြေကွက်လွတ် နေရာများတွင် အစိုးရနှင့်
ပုဂ္ဂလိက ပူးပေါင်း၍ အိမ်ရာများ အကောင်အထည်
ဖော်ကာ အခြေခံလူတန်းစားများ ၀ယ်ယူနိုင်သည့်
ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန် လိုအပ်ချက် ရှိနေကြောင်း
အိမ်ခြံမြေကျွမ်းကျင်သူများက ဆိုသည်။
(နီလာ)
***
၂။ "မြို့မြေအသုံးချမှုဇုန် မူကြမ်းကို အထပ်မြင့် လျှော့ချခြင်း
နှင့် လူဦးရေ သိပ်သည်းဆ အချိုး အစားသတ်မှတ်ရန်
ပြင်ဆင်ရေးဆွဲသွားမည်"
ရေးဆွဲထားပြီးဖြစ်သည့် မြို့ပြမြေအသုံးချမှု ဇုန်ဥပဒေကြမ်း
တွင် မြို့နယ်ပေါင်း ၁၈ မြို့ နယ်တွင်အထပ်လျှော့ချခြင်းနှင့်
လူဦးရေသိပ်သည်းဆ အချိုးအစားကို ပြန်လည်ပြင် ဆင်
သတ်မှတ်ကာလာမည့်အစိုးရသစ်လက်ထက်တွင်
အပြီးသတ်အတည်ပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်
မြေစီမံခန့်ခွဲမှုဌာနမှ မြို့ပြစီမံကိန်းပညာရှင်
ဒေါက်တာတိုးအောင်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲ
လျက်ရှိသည့် မြို့နယ်ပေါင်း၃၃ မြို့နယ်အနက် မြို့တွင်း
ခြောက် မြို့နယ်နှင့် ဆက်စပ်မြို့နယ်ပေါင်း ၁၂ မြို့ နယ်၊
စုစုပေါင်းမြို့နယ် ၁၈ မြို့နယ်အတွက် မြေအသုံးချမှုဇုန်
ဥပဒေအကြမ်းကို ရေးဆွဲထားခဲ့ပြီး ဖြစ်သော်လည်း
ပြည်သူများ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း
နေဆဲ ဖြစ်သည့်အတွက် လက်ရှိအစိုးရသက်တမ်းကာလ
အတွင်း အပြီးသတ် အတည်ပြုနိုင်ရန် အခက်အခဲများ
ဖြစ်ပေါ် လျက်ရှိသည်။
"အခုအချိန်က အပြောင်းအလဲကာလ ဖြစ်လို့ ဘာမှလုပ်လို့
မရဘူး၊ နောက်အစိုးရလက်ထက်ကျမှသာ အတည်ပြုဖို့
လုပ်ရ မယ်၊ မြို့နယ် ၁၈ မြို့နယ်တော့ ဆွဲထားပြီးပါပြီ၊
ကျန်တဲ့ မြို့နယ်တွေအတွက်လည်း လုပ်နေဆဲဖြစ်ပေမယ့်
၁၈ မြို့နယ်ကို အသေးစိတ် ပြန်လုပ်နေရပါတယ်၊
တချို့နေရာတွေမှာတော့ အထပ်မြင့်တွေ၊ သိပ်သည်းမှုတွေ
ကိုပြန်လျှော့ရတာတွေရှိတယ်"ဟု
ဒေါက်တာတိုးအောင်ကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန် မြို့တော်စည်ပင်
သာယာရေးကော်မတီအပါအ၀င် မြို့ပြစီမံကိန်းပညာရှင်များ
နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ် ငန်းရှင်များ
အသင်းတို့ပူးပေါင်းကာ ၂၀၁၂ ခုနှစ်မှ စတင်ရေးဆွဲခဲ့သည့်
မြို့ပြမြေအသုံး ချမှုဇုန် ဥပဒေမူကြမ်းတွင်ရန်ကုန်မြို့တော်
ကို ဇုန်ပေါင်း ၁၀ ဇုန်အထိ သတ်မှတ် ထားပြီး၊ ဥပဒေအဖြစ်
အတည်ပြုပြီးပါကအဆောက်အအုံများကို သတ်မှတ်
စည်း ကမ်းချက်များနှင့်အညီ ဆောက်လုပ်ရ မည်ဖြစ်သည်။
"ကျွန်တော်တို့အသင်းကိုတော့ ဘာမှလာမပြောသေးပါဘူး၊
အားလုံးပါဝင်ရေးဆွဲထားတဲ့အတွက်ညှိနှိုင်းပြီးမှ လုပ်လို့
အဆင်ပြေမှာပါ ၊ ရေးလိုက်ဆွဲလိုက် ပြန်ညှိလိုက်နဲ့
အချိန်တွေတော့ ကြာနေပါပြီ၊ အထပ်လျှော့ လိုက်ရင်
လူဦးရေ သိပ်သည်းမှုလည်း ကျ သွားမယ်"ဟု
မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ
အသင်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး
ဦးကျော်ကျော်စိုးကပြောသည်။
မူကြမ်းရေးဆွဲထားသည့် ဇုန်သတ်မှတ် ချက်မူကြမ်းတွင်
ပါဝင်သည့် အချက်အချို့ ကိုမြန်မာနိုင်ငံဆောက်လုပ်ရေး
ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် အချို့သော
အဖွဲ့အစည်းများမှပြင်ဆင်လိုကြောင်း တင်ပြလာမှုများ
ရှိနေသော်လည်း အထပ် သတ်မှတ်ချက်၊ သိပ်သည်းဆ
သတ်မှတ် ချက်များနှင့် ပတ်သက်ပြီး စည်ပင်သာယာရေး
ကော်မတီဘက်မှ မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များ အသင်းသို့ လာရောက် ဆက်သွယ်မှု
မရှိသေးကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့ကြီးမှ ပြဋ္ဌာန်းထား သည့် မြို့ပြအိမ်ရာ
ဆိုင်ရာ အဆိုပြုချက်များအရ
- မြိုဧရိယာ၏၃၀ နှင့် ၃၅ ရာခိုင်နှုန်းကို အထပ်မြင့်
အဆောက်အအုံများနှင့် လူနေ အိမ်များအတွက်
အသုံးပြုရန်နှင့်
- အများ ပြည်သူများအပန်းဖြေ အသုံးပြုနိုင်ရန်
မြေ အကျယ် အ၀န်း၏စုစုပေါင်း ၁၅ ရာခိုင်နှုန်း မှ
၂၀ ရာခိုင်နှုန်းအထိ ထားရှိရန်ဆိုသော် လည်း
မြို့များ၏ဖွဲ့စည်းတည်ဆောက်ပုံ အနေအထား၊
အကျယ်အ၀န်း၊ လူဦးရေအချိုးအဆအလိုက်မြို့ပြမြေ
အသုံးချဇုန် များကို ရေးဆွဲရာတွင် အများက လက်ခံနိုင်
သည့် ပုံသဏ္ဌာန်များနှင့်ကုလသမဂ္ဂမှတင်ပြလာသည့်
အဆိုပြုချက်များနှင့် အနီးစပ်ဆုံး တူညီနိုင်သည့်
အနေအထား တစ်ခုဖြစ် အောင်သာ ပြုစုရေးဆွဲလျက်
ရှိသည်ဟု ဒေါက်တာတိုးအောင်က ပြောသည်။
(ဇေယျာလင်း)
***
၃။ "JICA နှင့် အကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအရ
ခုံးကျော်တံတားများ ပြန်ဖျက်ရမည်ဖြစ်၍ ထပ်မဆောက်ရန်
ကန့်ကွက်"
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(JICA) နှင့် ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး
စီမံကိန်း အကောင်အထည်ဖော်ပါက ရန်ကုန်မြို့တွင်းရှိ
ခုံးကျော်တံတားများကို ပြန်ဖျက်ရမည် ဖြစ်သောကြောင့်
ခုံးကျော်တံတားများ ထပ်မဆောက်ရန် ကန့်ကွက်ရခြင်း
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
မတ်လ ၂၄ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီး အစိုးရ၏
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဒေသန္တရ စီမံကိန်း
ဥပဒေကြမ်းတွင် ပါဝင်သည့် ခုံးကျော်တံတားနှစ်စင်း
ထပ်မံဆောက်လုပ်မည့် ကိစ္စကို ပြန်လည်သုံးသပ်သင့
်ကြောင်း ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
JICA ၏ စီမံကိန်းအရ ရန်ကုန်မြို့တွင်း နှစ်ထပ်လမ်းများ
ဖောက်လုပ်အကောင်အထည်ဖော်ပါက လက်ရှိ
ဆောက်လုပ်ထားသော ခုံးကျော်တံတားများအပြင်
လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့်
ခုံးကျော်တံတားများကိုပါ ပြန်ဖျက်ရမည် ဖြစ်သည့်အတွက်
ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် ကန့်ကွက်ရခြင်း
ဖြစ်သည်ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးတင်နိုင်ဦးက ဆိုသည်။
“လောလောဆယ်မှာတော့ အရေးပေါ် မလိုအပ်ဘူး၊
ဒီနေရာမှာသုံးမယ့် ဘတ်ဂျက်ကို တခြားဘက်မှာ
ဖွံ့ဖြိုးရေးမှာ ပြန်လှည့်သုံးဖို့ အစီရင်ခံစာ တင်ပြခဲ့တယ်”
ဟု ၎င်းက ရှင်းပြသည်။
- ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို
JICA မှ ပညာရှင်များနှင့် ပူးပေါင်းပြီး ၂၀၁၂ သြဂုတ်လက
စတင်ရေးဆွဲခဲ့ကာ
- ၂၀၄၀ ပြည့်နှစ်အထိ ရည်ရွယ်ရေးဆွဲထားကြောင်း
- မြို့ပြဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သည့်
လမ်းတံတား၊ လျှပ်စစ်မီး၊ အိမ်ရာ၊ အမှိုက်၊ မိလ္လာနှင့်
မြို့သစ်စီမံကိန်းများ ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ထံမှ သိရသည်။
လာမည့်ဘဏ္ဍာနှစ်တွင် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ
လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရန်
ငွေကျပ် ၁၅,၇၅၀ သန်းနှင့် မြောက်ဥက္ကာပလမ်းဆုံတွင်
တည်ဆောက်ရန် ငွေကျပ် ၁၆,၄၅၀ သန်း
လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏
ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း ဆောက်လုပ်ရေးကဏ္ဍ
မျှော်မှန်းချက်တွင် ဖော်ပြထားသည်။
(ပွင့်ဇင်မော်ဟိန်း)
credit - Eleven Media Group / The Myanmar Times
& The Voice Weekly
No comments:
Post a Comment