“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ခြံမြေ ကဏ္ဍ”
၁။ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သုံးလကျော်အတွင်း
ကန်ဒေါ်လာ သုံးဘီလီယံကျော် ရှိ"
ဒီချုပ်အစိုးရသက်တမ်း ဒုတိယနှစ် သုံးလကျော်တွင်
ပြည်တွင်းသို့နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုဝင်ရောက်သည့်
ပမာဏ ကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိကြောင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် က
သတင်းထုတ်ပြန်သည်။
ယခု ဘဏ္ဍာနှစ်တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု
ပမာဏ ကန်ဒေါ်လာ ခြောက်ဘီလီယံ ၀င်ရောက်မည်ဟု
မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က ခန့်မှန်းထား
သော်လည်း ဧပြီမှ ဇူလိုင် ၁၀ ရက်အထိ သုံးလကျော်
အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မူလခန့်မှန်းထားသည်
ထက် ထက်ဝက် ကျော်ရရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောသည်။
‘‘တိုင်းနဲ့ ပြည်နယ်တွေက ခွင့်ပြုမယ့်ဟာတွေရော အားလုံး
ပေါင်းလိုက်မယ်ဆိုရင် ဒီနှစ်က ရင်းနှီးမြှုပ်နှံမှု အလားအလာ
အများကြီး ကောင်းပါတယ်’’ ဟု ဦးဆန်းမြင့်က ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ပင် မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှု ပမာဏကလည်း သုံးလကျော် အတွင်း
ကျပ် ၈၃၉ ဘီလီယံကျော် ရှိသည်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့စီးပွားရေး
တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး နည်းပညာရရှိရေး၊
အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် အရေးကြီး
သည်ဟု စီးပွားရေးပညာရှင်အချို့က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံသို့ ၀င်ရောက်နေသည့် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး
နိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ဇူလိုင်အတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင်
အလုပ်အကိုင်အခွင့်အလမ်း ၇,၁၀၀ ကျော် ဖန်တီး
ပေးနိုင်သည်ဟု သိရသည်။
(ပြည်သိမ်း)
*****
၂။ "အိမ်ခြံမြေကဏ္ဍတွင် စင်ကာပူအများဆုံး ရင်းနှီးမြှုပ်နှံထား"
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် စင်ကာပူနိုင်ငံက အများဆုံး
ဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။
‘‘စင်ကာပူနဲ့ အပြိုင် ထပ်ပြီး တခြားဥရောပနိုင်ငံတွေကလည်း
ဝင်လာဖို့ တာစူနေတာတွေရှိတယ်’’ဟု ဦးအောင်နိုင်ဦးက
Myanmar Property Award ဆုပေးပွဲ၌ ထည့်သွင်း
ပြောကြားခဲ့သည်။
၂၀၁၆-၁၇ တွင်အိမ်ခြံမြေ ဈေးကွက်ကျဆင်းနေသော်လည်း
လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများသည် မလျော့နည်းဘဲ
စင်ကာပူနိုင်ငံက ဦးဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဝက်ဘ်ဆိုက်
ဖြစ်သော www DICA com တွင်စင်ကာပူနိုင်ငံ က
မြန်မာနိုင်ငံ၌ ကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံခန့်
ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားသည်။
အိမ်ခြံမြေကဏ္ဍတွင် စင်ကာပူ နိုင်ငံ က အဆောက်အအုံ
စီမံကိန်းများ၌ ဝင်ရောက်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများဖြင့်
အများဆုံးပြု လုပ်ပြီး ဒုတိယ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံ
အဖြစ် ဟောင်ကောင်၊ ထို့နောက်တွင် ဂျပန်၊ ဗြိတိန်၊
ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့က အစဉ်လိုက်
ရပ်တည်နေသည်။
၂၀၁၇ တွင်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ပိုမိုအကောင်
အထည်ဖော်လာနိုင်ဖွယ်ရှိနေပြီး အဆင့်မြင့်အိမ်ရာဈေးကွက်၊
ရုံးခန်း နေရာရောင်း၊ဝယ်၊ ငှားဈေးကွက်များ မကြာမီ
တဖြည်းဖြည်း တိုးတက်လာနိုင်ကြောင်း
Myanmar Property Award ဆုပေးပွဲကိုစီစဉ်သူ
Co-founder ဘရော့လေ က သုံးသပ်သည်။
၎င်းကရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်း၏ သက်ရောက်မှု
အဖြစ် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်
အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားလိုမှုနှုန်း မြင့်မားလာနိုင်
ကြောင်း ပြောသည်။
‘‘အထူးသဖြင့်စက်မှုဇုန်ဘက်ခြမ်းတွေမှာ အိမ်ခြံမြေ
လုပ်ငန်း တွေမှာပိုပြီးအားကောင်းလာနိုင် ပါတယ်’’ ဟု
၎င်းကဆိုသည်။
၂၀၁၇ တွင်အိမ်ခြံမြေကဏ္ဍ အပေါ် ပိုမိုရင်းနှီးမြှုပ်နှံမှုများပြား
လာပြီး ဈေးကွက်အလားအလာ ကောင်းမွန်ရန် အခြေအနေ
များရှိကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ
များက ပြောသည်။
(မိုးညို)
*****
"၂၀၁၇-၂၀၁၈ ဇူလိုင်လအထိ ရင်းနှီးမြှုပ်နှံမှုမှာ အိမ်ခြံမြေ
ဒုတိယအများဆုံး"
ယခုဘဏ္ဍနှစ် ၂၀၁၇-၂၀၁၈ ဇူလိုင်လလယ် အထိ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ
သုံးဘီလျံကျော်ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်က သိရပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ခွင့်ပြုပေးခဲ့မှုမှာ ဇူလိုင်လလယ်အထိ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၃ခု၊
ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၂၇၆၈.၅၂၅သန်း
ဖြစ်ပြီး တိုးမြှင့်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်
ဒေါ်လာ ၂၉၈၉.၈၁၃ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ
- စင်ကာပူက အမေရိကန်ဒေါ်လာာ ၁၀၉၁.၇၁ သန်း၊
- တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၃၀ သန်းကျော်၊
- နယ်သာလန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၁၈.၁၀၇ သန်း
ဖြစ်ပြီး
- အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍက စက်မှုလုပ်ငန်းဖြစ်ပြီး
- ဒုတိယအများဆုံးက အိမ်ရာ အဆောက်အုံလုပ်ငန်း၊
- တတိယအများဆုံးကဝန်ဆောင်မှုလုပ်ငန်း ဖြစ်တယ်လို့
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တာဝန်ရှိသူတစ်ဦး က
"ဒီ ဘဏ္ဍာနှစ်ရဲ့ သုံးလကျော်ကာလမှာကိုပဲ ရင်းနှီးမြှုပ်နှံမှု
ပမာဏအမေရိကန်ဒေါ်လာ သုံးဘီလျံ
(ယခု ဘဏ္ဍာနှစ်အတွက်) ခြောက်ဘီလျံဖြစ်ပေမဲ့
အခုမှသုံးလတာ ကာလရှိသေးတယ်ဆိုတော့
လျာထားချက်ကို ကျော်လွန်ပြီး အလားလာကောင်းနိုင်မယ်
လို့ ယူဆပါတယ်" လို့ ပြောပါတယ်။
credit - 7day Daily & The Modern
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment